အိမ်ထောင်စုစာရင်း၊ NRCနှင့် UID နံပါတ်တို့ကို အတုပြုလုပ် အခကြေးငွေကောက်ခံခြင်းနှင့်ပတ်သက်၍ လဝကမှ အသိပေး

 748

ချယ်ရီ (NP News) - ဩဂုတ် ၄
အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (NRC)နှင့် UID နံပါတ်တို့ကို အတုပြုလုပ်ခြင်း၊ အခကြေးငွေကောက်ခံခြင်း၊ Online မှ မဟုတ်မမှန်ဖော်ပြခြင်းများနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အသိပေးကြေညာထားသည်။
နိုင်ငံသားတစ်ဦးအတွက် နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများကို နိုင်ငံတစ်ဝန်း ပန်းခင်းစီမံချက်များဖြင့် ဆောင်ရွက်ထုတ်ပေးလျက်ရှိနေသော်လည်း ယခုတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် UID နံပါတ်တို့ကို အတုအပပြုလုပ်၍ မသိနားမလည်သူများအပေါ် အခွင့်ကောင်းယူကာ အခကြေးငွေရယူကာ ဆောင်ရွက်ပေးနေသူများနှင့် Account ၊ ဖုန်းနံပါတ်အမျိုးမျိုးဖြင့် တရားမဝင်ကြော်ငြာများကို Online မှ မဟုတ်မမှန်ဖော်ပြနေမှုများ စိစစ်တွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။
ထိုကဲ့သို့ ပြုလုပ်ခြင်းသည် ပြစ်မှုမြောက်သည့်အတွက် ထိရောက်သော ပြစ်ဒဏ် ချမှတ်ခံရနိုင်ပြီး လက်ရှိတွင်လည်း အတုအပပြုလုပ်ဆောင်ရွက်သူ၊လက်ဝယ်ကိုင်ဆောင်အသုံးပြုသူများကို တရားစွဲဆိုအမှုဖွင့်၍ ထိရောက်သော ပြစ်ဒဏ်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် လူမှုကွန်ရက်များ၌ တရားမဝင် ကြော်ငြာဖြန့်ဝေလှုံ့ဆော်ဝါဒဖြန့် ဆောင်ရွက်နေမှုများကိုလည်း ဆက်လက်စစ်ဆေးဖော်ထုတ်ကာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် UID လုပ်ငန်းများ နှင့်ပတ်သက်၍ ဆောင်ရွက်လိုပါက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနသက်ဆိုင်ရာမြို့နယ် ဦးစီးမှူးရုံးများသို့ ဆက်သွယ်ဆောင်ရွက်ကြရန်နှင့် ပွဲစားများဖြင့်ဆောင်ရွက်ခြင်း၊ အတုအပကိုင်ဆောင်အသုံးပြုခြင်း မပြုကြရန် လဝက က အသိပေးကြေညာထားသည်။

Zawgyi Version:
အိမ္ေထာင္စုစာရင္း၊ NRCႏွင့္ UID နံပါတ္တို႔ကို အတုျပဳလုပ္ အခေၾကးေငြေကာက္ခံျခင္းႏွင့္ပတ္သက္၍ လဝကမွ အသိေပး
ခ်ယ္ရီ (NP News) - ဩဂုတ္ ၄
အိမ္ေထာင္စုလူဦးေရစာရင္း၊ ႏိုင္ငံသားစိစစ္ေရးကတ္ျပား (NRC)ႏွင့္ UID နံပါတ္တို႔ကို အတုျပဳလုပ္ျခင္း၊ အခေၾကးေငြေကာက္ခံျခင္း၊ Online မွ မဟုတ္မမွန္ေဖာ္ျပျခင္းမ်ားႏွင့္ပတ္သက္၍ ဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန အသိေပးေၾကညာထားသည္။
ႏိုင္ငံသားတစ္ဦးအတြက္ ႏိုင္ငံသားျဖစ္မႈဆိုင္ရာ ကိုင္ေဆာင္ကတ္ျပားတစ္မ်ိဳးမ်ိဳး ရရွိကိုင္ေဆာင္ႏိုင္ေရးအတြက္ ႏိုင္ငံသားစိစစ္ေရးကတ္ျပား၊ အိမ္ေထာင္စုလူဦးေရ စာရင္းႏွင့္ UID နံပါတ္ထုတ္ေပးျခင္းလုပ္ငန္းမ်ားကို ႏိုင္ငံတစ္ဝန္း ပန္းခင္းစီမံခ်က္မ်ားျဖင့္ ေဆာင္႐ြက္ထုတ္ေပးလ်က္ရွိေနေသာ္လည္း ယခုတြင္ ႏိုင္ငံသားစိစစ္ေရးကတ္ျပား၊ အိမ္ေထာင္စုလူဦးေရ စာရင္းႏွင့္ UID နံပါတ္တို႔ကို အတုအပျပဳလုပ္၍ မသိနားမလည္သူမ်ားအေပၚ အခြင့္ေကာင္းယူကာ အခေၾကးေငြရယူကာ ေဆာင္႐ြက္ေပးေနသူမ်ားႏွင့္ Account ၊ ဖုန္းနံပါတ္အမ်ိဳးမ်ိဳးျဖင့္ တရားမဝင္ေၾကာ္ျငာမ်ားကို Online မွ မဟုတ္မမွန္ေဖာ္ျပေနမႈမ်ား စိစစ္ေတြ႕ရွိရေၾကာင္း ထုတ္ျပန္ထားသည္။
ထိုကဲ့သို႔ ျပဳလုပ္ျခင္းသည္ ျပစ္မႈေျမာက္သည့္အတြက္ ထိေရာက္ေသာ ျပစ္ဒဏ္ ခ်မွတ္ခံရႏိုင္ၿပီး လက္ရွိတြင္လည္း အတုအပျပဳလုပ္ေဆာင္႐ြက္သူ၊လက္ဝယ္ကိုင္ေဆာင္အသုံးျပဳသူမ်ားကို တရားစြဲဆိုအမႈဖြင့္၍ ထိေရာက္ေသာ ျပစ္ဒဏ္မ်ား ခ်မွတ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ လူမႈကြန္ရက္မ်ား၌ တရားမဝင္ ေၾကာ္ျငာျဖန႔္ေဝလႈံ႕ေဆာ္ဝါဒျဖန႔္ ေဆာင္႐ြက္ေနမႈမ်ားကိုလည္း ဆက္လက္စစ္ေဆးေဖာ္ထုတ္ကာ ဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ႏိုင္ငံသားစိစစ္ေရးကတ္ျပား၊ အိမ္ေထာင္စုလူဦးေရစာရင္းႏွင့္ UID လုပ္ငန္းမ်ား ႏွင့္ပတ္သက္၍ ေဆာင္႐ြက္လိုပါက လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီး ဌာနသက္ဆိုင္ရာၿမိဳ႕နယ္ ဦးစီးမႉး႐ုံးမ်ားသို႔ ဆက္သြယ္ေဆာင္႐ြက္ၾကရန္ႏွင့္ ပြဲစားမ်ားျဖင့္ေဆာင္႐ြက္ျခင္း၊ အတုအပကိုင္ေဆာင္အသုံးျပဳျခင္း မျပဳၾကရန္ လဝက က အသိေပးေၾကညာထားသည္။

Related news

© 2021. All rights reserved.