တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းတွင် လွဲမှားမှု အချို့ဖြစ်ပေါ်ခဲ့ခြင်းမှာ ဆာဗာစနစ် ချို့ယွင်းမှုကြောင့် ဟုဆို

317

ချယ်ရီ (NP News) - ဩဂုတ် ၅
တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းတွင် လွဲမှားမှုအချို့ ဖြစ်ပေါ်ခဲ့ခြင်းမှာ ဆာဗာစနစ် ချို့ယွင်းမှုကြောင့် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၂၇) ရက်က တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ထုတ်ပြန်ကြေညာခဲ့ပြီးနောက် အမှတ်စာရင်းများ ထုတ်ယူရာတွင် နေပြည်တော်စာစစ်ဌာနမှ အောင်မြင်သူ ကျောင်းသူ၊ ကျောင်းသားအချို့ ၏ အမှတ်စာရင်းတွင် သင်္ချာဘာသာရပ်၌ အောင်မှတ်ထက် လျှော့နည်းနေသည်ကို တွေ့ခဲ့ကြရခြင်းဖြစ်သည်။
ဆာဗာစနစ် အချက်အလက်များကို စိစစ်နေပြီး လုပ်ငန်းပြီးဆုံးပါက အမှတ်စာရင်းများကို တိကျမှန်ကန်စွာ ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ (၂၀၂၅) ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းကို လျင်မြန်ချောမွေ့စွာ ထုတ်ပြန် နိုင်ရန်လုပ်ဆောင်ခဲ့ပြီး ပြီးခဲ့သည့် ဇူလိုင်လ (၃၀)ရက်၊ နံနက် (၈) နာရီအချိန်၌ စတင်ထုတ်ပေခဲ့ပြီးနောက် နံနက် (၈)နာရီ (၄၅)မိနစ်အချိန်ခန့်တွင် အမှတ်စာရင်း ထုတ်ပေးမှုစနစ်၏ ဆာဗာချို့ယွင်းမှုကြောင့် နေပြည်တော် စာစစ်ဌာနများအတွင်း အမှတ်စာရင်း မှားယွင်းမှု အနည်းငယ်ဖြစ်ပေါ်ခဲ့ကြောင်း ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်ကြောင့် အမှတ်စာရင်းထုတ်ပေးမှုလုပ်ငန်းများကို ခေတ္တရပ်ဆိုင်း၍ လိုအပ်သည့် စစ်ဆေးပြင်ဆင်မှု များ ဆောင်ရွက်ခဲ့ပြီး မှားယွင်းမှုဖြစ်ပေါ်ခဲ့သော အမှတ်စာရင်းများကို စိစစ်၍ ပြန်လည်ထုတ်ယူနိုင်ရေးကို ကြေညာ ခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။
လက်ရှိတွင် ဆာဗာစနစ်၌ထည့်သွင်းထားသော အချက်အလက်များကို စိစစ်လျက်ရှိပြီး လုပ်ငန်းများပြီးဆုံးပါက အမှတ်စာရင်းများကို တိကျမှန်ကန်စွာ ဆက်လက်ထုတ်ပြန်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Zawgyi Version:
တကၠသိုလ္ဝင္စာေမးပြဲ အမွတ္စာရင္းတြင္ လြဲမွားမႈ အခ်ိဳ႕ျဖစ္ေပၚခဲ့ျခင္းမွာ ဆာဗာစနစ္ ခ်ိဳ႕ယြင္းမႈေၾကာင့္ ဟုဆို
ခ်ယ္ရီ (NP News) - ဩဂုတ္ ၅
တကၠသိုလ္ဝင္စာေမးပြဲ အမွတ္စာရင္းတြင္ လြဲမွားမႈအခ်ိဳ႕ ျဖစ္ေပၚခဲ့ျခင္းမွာ ဆာဗာစနစ္ ခ်ိဳ႕ယြင္းမႈေၾကာင့္ ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ၿပီးခဲ့သည့္ ဇူလိုင္လ (၂၇) ရက္က တကၠသိုလ္ဝင္စာေမးပြဲေအာင္စာရင္း ထုတ္ျပန္ေၾကညာခဲ့ၿပီးေနာက္ အမွတ္စာရင္းမ်ား ထုတ္ယူရာတြင္ ေနျပည္ေတာ္စာစစ္ဌာနမွ ေအာင္ျမင္သူ ေက်ာင္းသူ၊ ေက်ာင္းသားအခ်ိဳ႕ ၏ အမွတ္စာရင္းတြင္ သခ်ၤာဘာသာရပ္၌ ေအာင္မွတ္ထက္ ေလွ်ာ့နည္းေနသည္ကို ေတြ႕ခဲ့ၾကရျခင္းျဖစ္သည္။
ဆာဗာစနစ္ အခ်က္အလက္မ်ားကို စိစစ္ေနၿပီး လုပ္ငန္းၿပီးဆုံးပါက အမွတ္စာရင္းမ်ားကို တိက်မွန္ကန္စြာ ဆက္လက္ထုတ္ျပန္ေပးသြားမည္ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။
ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမွ (၂၀၂၅) ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ အမွတ္စာရင္းကို လ်င္ျမန္ေခ်ာေမြ႕စြာ ထုတ္ျပန္ ႏိုင္ရန္လုပ္ေဆာင္ခဲ့ၿပီး ၿပီးခဲ့သည့္ ဇူလိုင္လ (၃၀)ရက္၊ နံနက္ (၈) နာရီအခ်ိန္၌ စတင္ထုတ္ေပခဲ့ၿပီးေနာက္ နံနက္ (၈)နာရီ (၄၅)မိနစ္အခ်ိန္ခန႔္တြင္ အမွတ္စာရင္း ထုတ္ေပးမႈစနစ္၏ ဆာဗာခ်ိဳ႕ယြင္းမႈေၾကာင့္ ေနျပည္ေတာ္ စာစစ္ဌာနမ်ားအတြင္း အမွတ္စာရင္း မွားယြင္းမႈ အနည္းငယ္ျဖစ္ေပၚခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အတြင္း ေဖာ္ျပထားသည္။
အဆိုပါျဖစ္စဥ္ေၾကာင့္ အမွတ္စာရင္းထုတ္ေပးမႈလုပ္ငန္းမ်ားကို ေခတၱရပ္ဆိုင္း၍ လိုအပ္သည့္ စစ္ေဆးျပင္ဆင္မႈ မ်ား ေဆာင္႐ြက္ခဲ့ၿပီး မွားယြင္းမႈျဖစ္ေပၚခဲ့ေသာ အမွတ္စာရင္းမ်ားကို စိစစ္၍ ျပန္လည္ထုတ္ယူႏိုင္ေရးကို ေၾကညာ ခဲ့ၿပီးျဖစ္ေၾကာင္း ေဖာ္ျပထားသည္။
လက္ရွိတြင္ ဆာဗာစနစ္၌ထည့္သြင္းထားေသာ အခ်က္အလက္မ်ားကို စိစစ္လ်က္ရွိၿပီး လုပ္ငန္းမ်ားၿပီးဆုံးပါက အမွတ္စာရင္းမ်ားကို တိက်မွန္ကန္စြာ ဆက္လက္ထုတ္ျပန္ႏိုင္ရန္ ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း ပညာေရး ဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။