ဆလုံတို့နေထိုင်ရာ မြန်မာနိုင်ငံ တောင်ဘက်စွန်းမှ ဂျလန်းကျွန်းတစ်ခုလုံးကို သဘာဝဘေးမဲ့ဇုန်အဖြစ် နိုင်ငံတော်က သတ်မှတ်ထိန်းသိမ်းပေးရန်လို

85

သုတကျော် (NP News) - သြဂုတ် ၅
သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိ ခိုက်မည့်အရေးကို ရင်ဆိုင်နေရသည့် ဆလုံတိုင်းရင်းသားတို့နေထိုင်ရာ မြန်မာနိုင်ငံတောင်ဘက်စွန်းမှ ဂျလန်းကျွန်းတစ်ခုလုံးကို သဘာဝဘေးမဲ့ဇုန်အဖြစ် နိုင်ငံတော်က သတ်မှတ်ထိန်းသိမ်းပေးရန် ဒေသခံ များက လိုလားနေကြသည့်အပြင် ယင်းသို့ သတ်မှတ် ပေးရန်နှင့် စီးပွားရေးအလို့ငှာ လျှောက်ထားသူများ ကိုလည်း ခွင့်မပြုရန်အတွက် တာဝန်ရှိသူများထံ စာ ပေးပို့ထားကြောင်း NP News သို့ပြော ကြားချက်များအရ သိရသည်။
ဂျလန်းကျွန်းသည် ကော့သောင်းမြို့နယ် တွင်တည်ရှိပြီး ဧက(၃၀ဝဝ)ကျော် ကျယ်ဝန်းကာ ပထမ ဂျလန်းကျွန်းဆရာတော် ဦးကုသလဇောတိက ယင်းကျွန်းမှ ဂျလန်းကျေးရွာတွင် ဆလုံတိုင်းရင်း သားများကို သာသနာပြုခြင်းနှင့်လူမှုဘဝ မြင့်မားစေ ရန် ဆောင်ရွက်ပေးခဲ့သည့်အပြင် ကျွန်းသာယာလှပ ရေးကိုလည်း ဦးဆောင်ဦးရွက်ပြုခဲ့ကြောင်း သိရ သည်။ ပထမဆရာတော် ကိုဗစ်ရောဂါဖြင့် ပျံလွန် တော်မူပြီးနောက် လက်ရှိတွင် ဒုတိယဆရာတော် ဦးပညာသီရိက ဆက်လက် ဦးဆောင်မှုပေးနေကြောင်း သိရသည်။ ယင်းကျွန်းတွင် သစ်တောများ၊ ဒီရေတောများ တောရိုင်းတိရစ္ဆာန်များ၊ ရေနေသတ္တဝါ များလည်းရှိနေသည့်အပြင် သာယာ လှပသည့်ကမ်း ခြေများလည်းရှိနေသောကြောင့် နိုင်ငံတော်အတွက် အဖိုးမဖြတ်နိုင်သည့် သယံဇာတစုဝေးရာနေရာတစ်ခုဖြစ်သည်။
" တောရိုင်းတိရစ္ဆာန်ထဲမှာဆိုရင် မျောက် လည်းရှိတယ်၊ တောဝက်လည်း ရှိတယ်၊ တခြားအ ကောင်တွေလည်း အများကြီးပဲ။ ပြီးတော့ အရင်က မှောင်ခိုသမားတွေလက်က လွတ်မြောက်လာတဲ့ နွားတွေကလည်း ကျွန်းမှာနွားရိုင်းအဖြစ်ရှိနေပြီး အကောင်ရေ တော်တော်တိုးလာတယ်။ ဒါပေမဲ့ အမဲ လိုက်သတ်ဖြတ်လို့ သေကုန်တာလည်း များတယ်" ဟု ဒေသခံတစ်ဦးက ဆိုသည်။ ယင်းကျွန်းနှင့်ဆက်စပ်နေရာများတွင် လုပ်ပိုင်ခွင့်ရ လုပ်ငန်းရှင်အချို့က ကနဦးတွင် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ပေးမည်ဟုဆိုကာ ကတိပြုသော်လည်း အမှန်တကယ် လုပ်ငန်းလုပ်သောအခါ ယင်းကိုမျက်ကွယ်ပြု၍ သစ်ပင်များ ခုတ်ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်စေသော အရာများကို လုပ်ဆောင်လာခြင်းတို့ကြောင့် ရေချိုခန်း ခြောက်စပြုလာသည့်အပြင် သစ်တောများနှင့် ဒီရေ တောများ ပြုန်းတီးခြင်း၊ သန္တာကျောက်တန်းများ ပျက် စီးခြင်းတို့ ကြုံတွေ့လာရကြောင်း သိရသည်။
" နိုင်ငံရဲ့ တကယ့်တန်ဖိုးအမြင့်ဆုံးနဲ့ တန် ဖိုးအကြီးမားဆုံး သယံဇာတကျွန်းကြီးလို့ကို ဘုန်း ဘုန်းကတော့ မှတ်ယူတယ်ပေါ့နော်။ အဖိုးဖြတ်လို့ မရတဲ့ကျွန်းကြီး တစ်ကျွန်းလို့ကို ဘုန်းဘုန်းက တင်စားချင်တယ်။ ဒါကြောင့်မို့လို့ ဒီကျွန်းကြီးကို သဘာဝ ဘေးမဲ့ဇုန်အဖြစ် နိုင်ငံတော်က သတ်မှတ်ပြီးတော့ ထိန်းသိမ်းပေးမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့ "ဟု ဒုတိယ ဂျလန်းကျွန်း ဆရာတော် ဦးပညာသီရိက မိန့် ကြားသည်။ ယခုကဲ့သို့ အဖိုးတန်သော ကျွန်းကြီးကို နိုင်ငံတော်ကသိရှိကာ တတ်နိုင်သော နည်းလမ်းများဖြင့် ကာကွယ်ထိန်းသိမ်းပေးမည်ဆိုပါက အဆင်ပြေမည်ဟု မျှော်လင့်ကြောင်းလည်း ဆရာတော်က ထပ်မံမိန့်ကြားသည်။
လက်ရှိ ယင်းကျွန်းအနီးတွင် ပုလဲမွေးမြူ ရေးလုပ်ငန်းတစ်ခုက လုပ်ကွက်တိုးချဲ့ရန် ဆောင်ရွက်မှုများရှိနေရာ ဒေသခံဆလုံတိုင်းရင်းသားတို့ ငါးဖမ်းနေရာ ပျောက်မည့် ဘေးနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ " ဆလုံတွေက လောဘမကြီးဘူး။ သူတို့ က လှေငယ်လေးတွေနဲ့ တစ်နေ့စာ တစ်နေ့ ရှာတာပေါ့။ ကျွန်းပတ်လည်မှာပဲ သူတို့စားမယ့် ငါးတွေကို ရှာတာ။ အခုတော့ ပုလဲလုပ်ငန်းလည်း ရှိနေတော့ သူတို့ငါးရှာရမယ့်နေရာပျောက်လာတဲ့အပြင် ပင်လယ်ထဲမှာ ပုလဲမွေးမြူရေးလုပ်ကွက်ထပ်ပြီး တိုးမယ်ဆိုရင် ဆလုံတိုင်းရင်းသားတွေရဲ့ ရိုးရာလည်းပျောက် သွားမယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။
ဂျလန်းကျွန်းတွင် ကောင်းမြန်မာအောင် ကုမ္ပဏီက ဧက (၁၂ဝဝ)ကို နှစ်ရှည်ဥယျာဉ်သီးနှံစိုက်ပျိုးရန်အတွက် လုပ်ပိုင်ခွင့်လျှောက်ထားနေပြီး ပုလဲမွေးမြူရေး လုပ်ငန်းတစ်ခုကလည်း ပုလဲမွေးမြူထုတ် လုပ်ရေး အခြေပြုစခန်း တည်ဆောက်ရန် (၁၀)ဧကကို လျှောက်ထားကြောင်း သိရသည်။ ယင်းအပြင် အခြားလုပ်ငန်းရှင် တစ်ဦးကလည်း ဆလုံသင်္ချိုင်းအနီးရှိ ဒေသခံများ စိုက်ပျိုးရာ မြေနေရာပါဝင်သည့် (၆ ဒသမ ၉၅)ဧကတွင် အပန်းဖြေစခန်း ဆောက်ရွက်ခွင့်ပြုထားကြောင်းသိရပြီး ယင်းသို့ခွင့်ပြုကြောင်းကို ဒေသခံများမသိရဘဲ အခြားသူက ပြောမှသာသိရ သော အခြေအနေဖြစ်ကြောင်း ဒုတိယဂျလန်းဆရာ တော် ဦးပညာသီရိက မိန့်ကြားသည်။ " စာတွေတော့ တင်ထားတယ်။ အပန်းဖြေစခန်းဆောက်မယ်ဆိုတာ ကို တစ်စောင်သတ်သတ်တင်တယ်။ ဧက(၁၂၀ဝ)နဲ့ ပုလဲမွေးဖို့ အခြေပြုစခန်းဆိုတာကို တွဲတင်လိုက်တယ်။ သူတို့က လျှောက်တာလည်း တွဲလျှောက်တာမို့လို့ တွဲတင်လိုက်တယ်။ အပန်းဖြေစခန်းက ချပေးပြီးသွားပြီ။ ကန့်ကွက်နိုင်ကြောင်းလည်း မကြေညာဘူး။ တိတ်တိတ်ပုန်းရယူသွားတာ။ အရင်က လျှောက်ထား တယ်လို့သိတဲ့အချိန် ဆရာတော်နဲ့ ရွာသူရွာသားတွေ က သွားကန့်ကွက်တော့ တိတ်တိတ် ပုန်းယူသွားတာ။ ဒါကြောင့် ကျွန်းကို နိုင်ငံတော်ကနေ ထိန်းသိမ်းစောင့် ရှောက်ပေးဖို့လည်း စာတင်ထားတာပေါ့" ဟု ဆရာတော်က မိန့်ကြားသည်။
တိုင်ကြားစာများကို တနင်္သာရီတိုင်းဒေသ ကြီး ဝန်ကြီးချုပ်၊ မြို့နယ်မြေစာရင်းဦးစီးဌာန စသည် ဖြင့် သက်ဆိုင်ရာဌာနများသို့ လိပ်မူ တိုင်ကြားထား သည့်အပြင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌထံ ပေးပို့တိုင်ကြားမည် ဖြစ် ကြောင်းလည်း ဆရာတော်က မိန့်ကြားသည်။ ထို့ပြင် ပုလဲမွေးမြူထုတ်လုပ်ရေး အခြေပြုစခန်း ဆောက်ရန် လျှောက်ထားသည့်လုပ်ငန်းသည် ယခင်က ယင်းဒေ သတွင်အခြေပြုပြီးဖြစ်သော်လည်း ကတိအတိုင်းဒေ သဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်းမရှိသည့် အ ပြင် အပန်းဖြေစခန်းဆောင်ရွက်ခွင့်မှာလည်း ဒေသခံများ မသိရသောကြောင့် အဂတိလိုက်စားမှု တိုက် ဖျက်ရေးကော်မရှင်အထိ တိုင်ကြားသွားမည်ဖြစ် ကြောင်း ဆရာတော်က မိန့်ကြားသည်။
ထို့ပြင် ယင်းဒေသရှိ ရေပြင်ငါးဖမ်းလုပ် ငန်းကဏ္ဍမှရေလုပ်သားအချို့သည် ပင်လယ်ပြင်တွင် ကာလရှည် နေထိုင်ရခြင်းနှင့်အတူ အလုပ်လုပ်နိုင်စွမ်း တိုးစေရန်နှင့်ပင်ပန်းမှုသက်သာစေရန် ဘိန်းစာရွက်မှ အစပြုကာ စိတ်ကြွရူးသွပ်ဆေးပြားသုံးစွဲမှုလည်း ရှိ နေရာ ယင်းသည်ဂျလန်းကျွန်းမှ ဒေသခံများအထိ ပျံ့နှံ့ရောက်ရှိလာနေကြောင်းလည်း သိရသည်။

Zawgyi Version:
ဆလုံတို႔ေနထိုင္ရာ ျမန္မာႏိုင္ငံ ေတာင္ဘက္စြန္းမွ ဂ်လန္းကြၽန္းတစ္ခုလုံးကို သဘာဝေဘးမဲ့ဇုန္အျဖစ္ ႏိုင္ငံေတာ္က သတ္မွတ္ထိန္းသိမ္းေပးရန္လို
သုတေက်ာ္ (NP News) - ၾသဂုတ္ ၅
သစ္ေတာႏွင့္ သဘာဝပတ္ဝန္းက်င္ ထိ ခိုက္မည့္အေရးကို ရင္ဆိုင္ေနရသည့္ ဆလုံတိုင္းရင္းသားတို႔ေနထိုင္ရာ ျမန္မာႏိုင္ငံေတာင္ဘက္စြန္းမွ ဂ်လန္းကြၽန္းတစ္ခုလုံးကို သဘာဝေဘးမဲ့ဇုန္အျဖစ္ ႏိုင္ငံေတာ္က သတ္မွတ္ထိန္းသိမ္းေပးရန္ ေဒသခံ မ်ားက လိုလားေနၾကသည့္အျပင္ ယင္းသို႔ သတ္မွတ္ ေပးရန္ႏွင့္ စီးပြားေရးအလို႔ငွာ ေလွ်ာက္ထားသူမ်ား ကိုလည္း ခြင့္မျပဳရန္အတြက္ တာဝန္ရွိသူမ်ားထံ စာ ေပးပို႔ထားေၾကာင္း NP News သို႔ေျပာ ၾကားခ်က္မ်ားအရ သိရသည္။
ဂ်လန္းကြၽန္းသည္ ေကာ့ေသာင္းၿမိဳ႕နယ္ တြင္တည္ရွိၿပီး ဧက(၃၀ဝဝ)ေက်ာ္ က်ယ္ဝန္းကာ ပထမ ဂ်လန္းကြၽန္းဆရာေတာ္ ဦးကုသလေဇာတိက ယင္းကြၽန္းမွ ဂ်လန္းေက်း႐ြာတြင္ ဆလုံတိုင္းရင္း သားမ်ားကို သာသနာျပဳျခင္းႏွင့္လူမႈဘဝ ျမင့္မားေစ ရန္ ေဆာင္႐ြက္ေပးခဲ့သည့္အျပင္ ကြၽန္းသာယာလွပ ေရးကိုလည္း ဦးေဆာင္ဦး႐ြက္ျပဳခဲ့ေၾကာင္း သိရ သည္။ ပထမဆရာေတာ္ ကိုဗစ္ေရာဂါျဖင့္ ပ်ံလြန္ ေတာ္မူၿပီးေနာက္ လက္ရွိတြင္ ဒုတိယဆရာေတာ္ ဦးပညာသီရိက ဆက္လက္ ဦးေဆာင္မႈေပးေနေၾကာင္း သိရသည္။ ယင္းကြၽန္းတြင္ သစ္ေတာမ်ား၊ ဒီေရေတာမ်ား ေတာ႐ိုင္းတိရစာၦန္မ်ား၊ ေရေနသတၱဝါ မ်ားလည္းရွိေနသည့္အျပင္ သာယာ လွပသည့္ကမ္း ေျခမ်ားလည္းရွိေနေသာေၾကာင့္ ႏိုင္ငံေတာ္အတြက္ အဖိုးမျဖတ္ႏိုင္သည့္ သယံဇာတစုေဝးရာေနရာတစ္ခုျဖစ္သည္။
" ေတာ႐ိုင္းတိရစာၦန္ထဲမွာဆိုရင္ ေမ်ာက္ လည္းရွိတယ္၊ ေတာဝက္လည္း ရွိတယ္၊ တျခားအ ေကာင္ေတြလည္း အမ်ားႀကီးပဲ။ ၿပီးေတာ့ အရင္က ေမွာင္ခိုသမားေတြလက္က လြတ္ေျမာက္လာတဲ့ ႏြားေတြကလည္း ကြၽန္းမွာႏြား႐ိုင္းအျဖစ္ရွိေနၿပီး အေကာင္ေရ ေတာ္ေတာ္တိုးလာတယ္။ ဒါေပမဲ့ အမဲ လိုက္သတ္ျဖတ္လို႔ ေသကုန္တာလည္း မ်ားတယ္" ဟု ေဒသခံတစ္ဦးက ဆိုသည္။ ယင္းကြၽန္းႏွင့္ဆက္စပ္ေနရာမ်ားတြင္ လုပ္ပိုင္ခြင့္ရ လုပ္ငန္းရွင္အခ်ိဳ႕က ကနဦးတြင္ ေဒသဖြံ႕ၿဖိဳးေရးေဆာင္႐ြက္ေပးမည္ဟုဆိုကာ ကတိျပဳေသာ္လည္း အမွန္တကယ္ လုပ္ငန္းလုပ္ေသာအခါ ယင္းကိုမ်က္ကြယ္ျပဳ၍ သစ္ပင္မ်ား ခုတ္ျခင္း၊ သဘာဝပတ္ဝန္းက်င္ ထိခိုက္ေစေသာ အရာမ်ားကို လုပ္ေဆာင္လာျခင္းတို႔ေၾကာင့္ ေရခ်ိဳခန္း ေျခာက္စျပဳလာသည့္အျပင္ သစ္ေတာမ်ားႏွင့္ ဒီေရ ေတာမ်ား ျပဳန္းတီးျခင္း၊ သႏၲာေက်ာက္တန္းမ်ား ပ်က္ စီးျခင္းတို႔ ႀကဳံေတြ႕လာရေၾကာင္း သိရသည္။
" ႏိုင္ငံရဲ႕ တကယ့္တန္ဖိုးအျမင့္ဆုံးနဲ႔ တန္ ဖိုးအႀကီးမားဆုံး သယံဇာတကြၽန္းႀကီးလို႔ကို ဘုန္း ဘုန္းကေတာ့ မွတ္ယူတယ္ေပါ့ေနာ္။ အဖိုးျဖတ္လို႔ မရတဲ့ကြၽန္းႀကီး တစ္ကြၽန္းလို႔ကို ဘုန္းဘုန္းက တင္စားခ်င္တယ္။ ဒါေၾကာင့္မို႔လို႔ ဒီကြၽန္းႀကီးကို သဘာဝ ေဘးမဲ့ဇုန္အျဖစ္ ႏိုင္ငံေတာ္က သတ္မွတ္ၿပီးေတာ့ ထိန္းသိမ္းေပးမယ္ဆိုရင္ေတာ့ ပိုေကာင္းတာေပါ့ "ဟု ဒုတိယ ဂ်လန္းကြၽန္း ဆရာေတာ္ ဦးပညာသီရိက မိန႔္ ၾကားသည္။ ယခုကဲ့သို႔ အဖိုးတန္ေသာ ကြၽန္းႀကီးကို ႏိုင္ငံေတာ္ကသိရွိကာ တတ္ႏိုင္ေသာ နည္းလမ္းမ်ားျဖင့္ ကာကြယ္ထိန္းသိမ္းေပးမည္ဆိုပါက အဆင္ေျပမည္ဟု ေမွ်ာ္လင့္ေၾကာင္းလည္း ဆရာေတာ္က ထပ္မံမိန႔္ၾကားသည္။
လက္ရွိ ယင္းကြၽန္းအနီးတြင္ ပုလဲေမြးျမဴ ေရးလုပ္ငန္းတစ္ခုက လုပ္ကြက္တိုးခ်ဲ႕ရန္ ေဆာင္႐ြက္မႈမ်ားရွိေနရာ ေဒသခံဆလုံတိုင္းရင္းသားတို႔ ငါးဖမ္းေနရာ ေပ်ာက္မည့္ ေဘးႏွင့္ ရင္ဆိုင္ေနရေၾကာင္း သိရသည္။ " ဆလုံေတြက ေလာဘမႀကီးဘူး။ သူတို႔ က ေလွငယ္ေလးေတြနဲ႔ တစ္ေန႔စာ တစ္ေန႔ ရွာတာေပါ့။ ကြၽန္းပတ္လည္မွာပဲ သူတို႔စားမယ့္ ငါးေတြကို ရွာတာ။ အခုေတာ့ ပုလဲလုပ္ငန္းလည္း ရွိေနေတာ့ သူတို႔ငါးရွာရမယ့္ေနရာေပ်ာက္လာတဲ့အျပင္ ပင္လယ္ထဲမွာ ပုလဲေမြးျမဴေရးလုပ္ကြက္ထပ္ၿပီး တိုးမယ္ဆိုရင္ ဆလုံတိုင္းရင္းသားေတြရဲ႕ ႐ိုးရာလည္းေပ်ာက္ သြားမယ္" ဟု ေဒသခံတစ္ဦးက ေျပာသည္။
ဂ်လန္းကြၽန္းတြင္ ေကာင္းျမန္မာေအာင္ ကုမၸဏီက ဧက (၁၂ဝဝ)ကို ႏွစ္ရွည္ဥယ်ာဥ္သီးႏွံစိုက္ပ်ိဳးရန္အတြက္ လုပ္ပိုင္ခြင့္ေလွ်ာက္ထားေနၿပီး ပုလဲေမြးျမဴေရး လုပ္ငန္းတစ္ခုကလည္း ပုလဲေမြးျမဴထုတ္ လုပ္ေရး အေျချပဳစခန္း တည္ေဆာက္ရန္ (၁၀)ဧကကို ေလွ်ာက္ထားေၾကာင္း သိရသည္။ ယင္းအျပင္ အျခားလုပ္ငန္းရွင္ တစ္ဦးကလည္း ဆလုံသခ်ႋဳင္းအနီးရွိ ေဒသခံမ်ား စိုက္ပ်ိဳးရာ ေျမေနရာပါဝင္သည့္ (၆ ဒသမ ၉၅)ဧကတြင္ အပန္းေျဖစခန္း ေဆာက္႐ြက္ခြင့္ျပဳထားေၾကာင္းသိရၿပီး ယင္းသို႔ခြင့္ျပဳေၾကာင္းကို ေဒသခံမ်ားမသိရဘဲ အျခားသူက ေျပာမွသာသိရ ေသာ အေျခအေနျဖစ္ေၾကာင္း ဒုတိယဂ်လန္းဆရာ ေတာ္ ဦးပညာသီရိက မိန႔္ၾကားသည္။ " စာေတြေတာ့ တင္ထားတယ္။ အပန္းေျဖစခန္းေဆာက္မယ္ဆိုတာ ကို တစ္ေစာင္သတ္သတ္တင္တယ္။ ဧက(၁၂၀ဝ)နဲ႔ ပုလဲေမြးဖို႔ အေျချပဳစခန္းဆိုတာကို တြဲတင္လိုက္တယ္။ သူတို႔က ေလွ်ာက္တာလည္း တြဲေလွ်ာက္တာမို႔လို႔ တြဲတင္လိုက္တယ္။ အပန္းေျဖစခန္းက ခ်ေပးၿပီးသြားၿပီ။ ကန႔္ကြက္ႏိုင္ေၾကာင္းလည္း မေၾကညာဘူး။ တိတ္တိတ္ပုန္းရယူသြားတာ။ အရင္က ေလွ်ာက္ထား တယ္လို႔သိတဲ့အခ်ိန္ ဆရာေတာ္နဲ႔ ႐ြာသူ႐ြာသားေတြ က သြားကန႔္ကြက္ေတာ့ တိတ္တိတ္ ပုန္းယူသြားတာ။ ဒါေၾကာင့္ ကြၽန္းကို ႏိုင္ငံေတာ္ကေန ထိန္းသိမ္းေစာင့္ ေရွာက္ေပးဖို႔လည္း စာတင္ထားတာေပါ့" ဟု ဆရာေတာ္က မိန႔္ၾကားသည္။
တိုင္ၾကားစာမ်ားကို တနသၤာရီတိုင္းေဒသ ႀကီး ဝန္ႀကီးခ်ဳပ္၊ ၿမိဳ႕နယ္ေျမစာရင္းဦးစီးဌာန စသည္ ျဖင့္ သက္ဆိုင္ရာဌာနမ်ားသို႔ လိပ္မူ တိုင္ၾကားထား သည့္အျပင္ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာ ေရးေကာ္မရွင္ဥကၠ႒ထံ ေပးပို႔တိုင္ၾကားမည္ ျဖစ္ ေၾကာင္းလည္း ဆရာေတာ္က မိန႔္ၾကားသည္။ ထို႔ျပင္ ပုလဲေမြးျမဴထုတ္လုပ္ေရး အေျချပဳစခန္း ေဆာက္ရန္ ေလွ်ာက္ထားသည့္လုပ္ငန္းသည္ ယခင္က ယင္းေဒ သတြင္အေျချပဳၿပီးျဖစ္ေသာ္လည္း ကတိအတိုင္းေဒ သဖြံ႕ၿဖိဳးတိုးတက္ေရးေဆာင္႐ြက္ျခင္းမရွိသည့္ အ ျပင္ အပန္းေျဖစခန္းေဆာင္႐ြက္ခြင့္မွာလည္း ေဒသခံမ်ား မသိရေသာေၾကာင့္ အဂတိလိုက္စားမႈ တိုက္ ဖ်က္ေရးေကာ္မရွင္အထိ တိုင္ၾကားသြားမည္ျဖစ္ ေၾကာင္း ဆရာေတာ္က မိန႔္ၾကားသည္။
ထို႔ျပင္ ယင္းေဒသရွိ ေရျပင္ငါးဖမ္းလုပ္ ငန္းက႑မွေရလုပ္သားအခ်ိဳ႕သည္ ပင္လယ္ျပင္တြင္ ကာလရွည္ ေနထိုင္ရျခင္းႏွင့္အတူ အလုပ္လုပ္ႏိုင္စြမ္း တိုးေစရန္ႏွင့္ပင္ပန္းမႈသက္သာေစရန္ ဘိန္းစာ႐ြက္မွ အစျပဳကာ စိတ္ႂကြ႐ူးသြပ္ေဆးျပားသုံးစြဲမႈလည္း ရွိ ေနရာ ယင္းသည္ဂ်လန္းကြၽန္းမွ ေဒသခံမ်ားအထိ ပ်ံ႕ႏွံ႔ေရာက္ရွိလာေနေၾကာင္းလည္း သိရသည္။