အစ္စရေးက ဂါဇာတစ်ခုလုံးကို သိမ်းပိုက်ဖို့ ဦးတည်လာနေဟုဆို

 185

Pika (NSS) - ဩဂုတ် ၆
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုဟာ ဂါဇာကမ်းမြောင်ဒေသမှာ ထိုးစစ်ဆင်မှုတွေ ချဲ့ထွင်ဖို့နဲ့ ဂါဇာတစ်ခုလုံးကို သိမ်းပိုက်ဖို့ ဦးတည်လာနေတယ်လို့ အစ္စရေးအရာရှိတစ်ဦးရဲ့ပြောကြားချက်ကို ကိုးကားပြီး Channel 12 ရုပ်သံလိုင်းက ရေးသားဖော်ပြခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချဖို့အတွက် နေတန်ရာဟုက ၎င်းရဲ့အစိုးရအဖွဲ့ကို ခေါ်ယူတွေ့ဆုံသွားမယ်လို့ အစ္စရေးမီဒီယာတွေက ရေးသားဖော်ပြခဲ့ပါတယ်။
ဒါ့ပြင် ဂါဇာကမ်းမြောင်ဒေသအပေါ် နောက်ထပ်အင်အားသုံးတာဟာ ရွေးချယ်စရာတစ်ခုဖြစ်လာနိုင်တယ်လို့ အစ္စရေးထိပ်တန်းသတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက အစ္စရေးကို သွားရောက်လည်ပတ်စဉ်အချိန်အတွင်း ဂါဇာမှာစစ်ပွဲကို ထိရောက်စွာ အဆုံးသတ်နိုင်မယ့်အစီအစဉ်တစ်ရပ်အတွက် အစ္စရေးအစိုးရနဲ့ လက်တွဲလုပ်ဆောင်နေတယ်လို့ အမေရိကန် အရှေ့အလယ်ပိုင်းဒေသဆိုင်ရာအထူးသံတမန်စတိဗ်ဝစ်အော့ဖ်က ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ဂါဇာကမ်းမြောင်ဒေသမှာ စစ်ဆင်ရေးတွေချဲ့ထွင်ဖို့နဲ့ ဂါဇာအစိတ်အပိုင်းတွေကိုသိမ်းယူတာတွေအပါအဝင် အကြံညဏ်အများအပြားကို အစ္စရေးအရာရှိတွေက တင်ပြခဲ့တယ်လို့လည်း သိရပါတယ်။ ဂါဇာစစ်ပွဲကို အဆုံးသတ်ဖို့အတွက် နိုင်ငံအများအပြားက အစ္စရေးကို တွန်းအားပေးနေချိန်မှာပဲ အစ္စရေးရဲ့စစ်ဆင်ရေးတွေ ချဲ့ထွင်ဖို့ နဲ့ ဂါဇာတစ်ခုလုံးကို သိမ်းပိုက်ဖို့ အကြောင်းအရာတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

Zawgyi Version:
အစၥေရးက ဂါဇာတစ္ခုလုံးကို သိမ္းပိုက္ဖို႔ ဦးတည္လာေနဟုဆို
Pika (NSS) - ဩဂုတ္ ၆
အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုဟာ ဂါဇာကမ္းေျမာင္ေဒသမွာ ထိုးစစ္ဆင္မႈေတြ ခ်ဲ႕ထြင္ဖို႔နဲ႔ ဂါဇာတစ္ခုလုံးကို သိမ္းပိုက္ဖို႔ ဦးတည္လာေနတယ္လို႔ အစၥေရးအရာရွိတစ္ဦးရဲ႕ေျပာၾကားခ်က္ကို ကိုးကားၿပီး Channel 12 ႐ုပ္သံလိုင္းက ေရးသားေဖာ္ျပခဲ့ပါတယ္။ အဲဒီကိစၥနဲ႔ပတ္သက္ၿပီး ဆုံးျဖတ္ခ်က္ခ်ဖို႔အတြက္ ေနတန္ရာဟုက ၎ရဲ႕အစိုးရအဖြဲ႕ကို ေခၚယူေတြ႕ဆုံသြားမယ္လို႔ အစၥေရးမီဒီယာေတြက ေရးသားေဖာ္ျပခဲ့ပါတယ္။
ဒါ့ျပင္ ဂါဇာကမ္းေျမာင္ေဒသအေပၚ ေနာက္ထပ္အင္အားသုံးတာဟာ ေ႐ြးခ်ယ္စရာတစ္ခုျဖစ္လာႏိုင္တယ္လို႔ အစၥေရးထိပ္တန္းသတင္းရင္းျမစ္တစ္ခုကို ကိုးကားၿပီး ႐ိုက္တာသတင္းဌာနက ေရးသားေဖာ္ျပခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းက အစၥေရးကို သြားေရာက္လည္ပတ္စဥ္အခ်ိန္အတြင္း ဂါဇာမွာစစ္ပြဲကို ထိေရာက္စြာ အဆုံးသတ္ႏိုင္မယ့္အစီအစဥ္တစ္ရပ္အတြက္ အစၥေရးအစိုးရနဲ႔ လက္တြဲလုပ္ေဆာင္ေနတယ္လို႔ အေမရိကန္ အေရွ႕အလယ္ပိုင္းေဒသဆိုင္ရာအထူးသံတမန္စတိဗ္ဝစ္ေအာ့ဖ္က ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ဂါဇာကမ္းေျမာင္ေဒသမွာ စစ္ဆင္ေရးေတြခ်ဲ႕ထြင္ဖို႔နဲ႔ ဂါဇာအစိတ္အပိုင္းေတြကိုသိမ္းယူတာေတြအပါအဝင္ အႀကံညဏ္အမ်ားအျပားကို အစၥေရးအရာရွိေတြက တင္ျပခဲ့တယ္လို႔လည္း သိရပါတယ္။ ဂါဇာစစ္ပြဲကို အဆုံးသတ္ဖို႔အတြက္ ႏိုင္ငံအမ်ားအျပားက အစၥေရးကို တြန္းအားေပးေနခ်ိန္မွာပဲ အစၥေရးရဲ႕စစ္ဆင္ေရးေတြ ခ်ဲ႕ထြင္ဖို႔ နဲ႔ ဂါဇာတစ္ခုလုံးကို သိမ္းပိုက္ဖို႔ အေၾကာင္းအရာေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.