တနင်္သာရီတိုင်းရှိ ကွမ်းသီးနုများ ဈေးကောင်းရသော်လည်း ပြည်တွင်း၊ ပြည်ပ တင်ပို့ရန် အခက်အခဲ များရှိနေ

373

Pearl (NP News) - ဩဂုတ် ၆
တနင်္သာရီတိုင်းရှိကွမ်းသီးနုများ ဈေးကောင်းရသော်လည်း ပြည်တွင်းပြည်ပတင်ပို့ရန် အခက် အခဲများရှိနေကြောင်း ဥယျာဉ်ခြံစိုက်ပျိုးသူတစ်ဦးက NP News သို့ ပြောသည်။ လက်ရှိတွင် လမ်းခရီး အခြေအနေကြောင့် တနင်္သာရီတိုင်းရှိကွမ်းသီးနုများကို ရန်ကုန်တိုင်းဒေသ ကြီးအပါအဝင် အခြားတိုင်း ဒေသကြီးများနှင့်ပြည်နယ်များသို့ တင်ပို့ရောင်းချရာတွင် အခက်အခဲများရှိကြောင်းလည်း သိရသည်။
“အခုက ဂျယ်လီကွမ်းသီးတွေ ရန်ကုန် ဘက်ကိုတင်ဖို့ကလည်း အခက်အခဲရှိတယ်။ ကွမ်းသီးနု၊ ကွမ်းသီးဂျယ်လီတွေက ရန်ကုန်ဘက်ကိုပို့ရင် ကော့သောင်းနဲ့ရန်ကုန်က ကီလိုမီတာ ထောင်ကျော် တယ်။ ထောင်ကျော်တော့ ကုန်က လိုတဲ့ရက်မရဘူး။ ကွမ်းသီးနုရဲ့သဘာဝက (၃၊ ၄၊ ၅)ရက်ထက် ကျော် သွား ရင် ပုံစံအထွက်မလှတော့ဘူး။ ဟိုရောက်ရင် ဈေးနှိမ် ခံရတော့ အဲဒီဘက်ကို ကောင်းကောင်းမကူး ရဲဘူး။ ကူးရင်လည်း အဲကွန်းကားတွေနဲ့တင်မှ အဆင်ပြေမှာ။ ထားဝယ်လောက် ရေးလောက်က ကုန် တွေတော့ သွားနေတာရှိတယ်။ ကော့သောင်း ကဟာတွေတော့ သွားဖို့သိပ်အဆင်မပြေဘူး” ဟု ၎င်းက ပြောသည်။
ထို့ပြင် အဆိုပါ ကွမ်းသီးနုများကို ထိုင်း နိုင်ငံ ၊ ရနောင်းရှိ ကုန်သည်များက အဝယ်လိုက်နေ သော်လည်း နိုင်ငံတော်မှ တရားဝင်ခွင့်ပြုထားသည့် လမ်းကြောင်းမရှိသည့်အတွက် မှောင်ခိုဈေးကွက်မှ တစ်ဆင့် သွားရောက်ရောင်းနေကာ ဈေးနှိမ်ခံရမှုများလည်းရှိကြောင်း သိရသည်။
“ထိုင်းဘက်ပို့တာကျတော့လည်း အဆင်မပြေပြန်ဘူး။ တစ်ကီလိုကို (၂)ဘတ်ကနေ (၆)ဘတ်၊ (၁၀) ဘတ်လောက်အထိ ကောက်ကြတယ်။ တရား ဝင်လည်းသွားရတာမဟုတ်ဘူး။ ကော့သောင်း -ရနောင်း ဆိုရင် ကပ်နေတာ။ အစိုးရက ကုန်စည်ကို တရားဝင်ဈေးကွက်သွားနိုင်အောင် မလုပ်ပေးဘူးဆို တာ မလုပ်ပေးချင်လို့လား မလုပ်နိုင်လို့လားမသိဘူး။ ရနောင်းကိုဝင်တဲ့ကုန်တွေက ခိုးဝင်ရတာ။ ငါးပုစွန် ပင်လယ်ထွက်တွေ ရော်ဘာတွေ ၊ ကွမ်းသီးနုတွေ။ ကွမ်းသီးနုကတော့ ထိုင်းကိုဝင်တယ်ဆိုပေမယ့် ထိုင်း က တိုက်ရိုက်လုပ်တာမဟုတ်ဘူး။ ဗီယက်နမ် အထိသွားတယ်ထင်တယ်။ တခြားကုန်တွေလည်း အများ ကြီးပဲ။ သွားသမျှ မှောင်ခိုတွေချည်းပဲ။ သူတို့ဘက်က တရားဝင်မဟုတ်တောင် တရားဝင် နီးပါး အစိုးရနဲ့ ချိတ်ဆက်ပြီး လုပ်ထားနိုင်တယ်။ မြန်မာဘက်က လုပ်ထားတာ မရှိဘူး။ သွားသမျှ သူခိုးဈေးမှာ ရောင်း သလိုပဲ ရောင်းနေရတယ်။ သူတို့ဆီ ရောက်တော့ သူတို့ဖြတ်တဲ့ဈေးနဲ့ပဲ သွားရတာပေါ့။ သူတို့အနိုင်ကျင့် သလိုခံရတယ်။ ကွမ်းသီးနုက လက်ရှိပေါက်ဈေးအရ တစ်ပိဿာကို (၆၀ဝဝ)ဝန်း ကျင်ရတယ်။ ထိုင်း ဘက်ကတော့ ကီလိုနဲ့ ဘတ်ဈေးနဲ့ သွားတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။ လက်ရှိတွင် ကွမ်းသီး နု တစ်ပိဿာလျှင် (၆၀ဝဝ)ကျပ်ထက်မနည်းရရှိနေကြောင်း သိရသည်။
ထို့ပြင် တနင်္သာရီအတိုင်းမှထွက်ရရှိသည့် ကွမ်းသီးနုများအပြင် ရေထွက်ကုန်များ ၊ ရော်ဘာ များကို နိုင်ငံတော်အနေဖြင့် ထိုင်းနိုင်ငံသို့ တရား ဝင်တင်ပို့နိုင်သည့် လမ်းကြောင်းဖော်ဆောင်ပေး နိုင်ပါက ဈေးကောင်းပိုရနိုင်သည့်အပြင် နိုင်ငံတော် အခွန်လည်း ပိုမိုရရှိနိုင်ကြောင်းလည်း သိရသည်။
“တရားဝင်ပို့လို့ရရင် ဈေးလည်းပိုရမယ်။ နိုင်ငံတော် အခွန်လည်းရမယ်။ ကိုယ့်ပစ္စည်းကိုယ် သွားရောင်းတာ သူခိုးပုံစံနဲ့သွားရောင်းစရာမလို တော့ဘူးပေါ့။ မြန်မာပြည်က လာတာဆိုရင် ထိုင်း ကုန်သည်တွေက ညီတယ်။ သူတို့က ဈေးကွက်ကို သတ်ပြီးသား။ ဒီဘက်ကကုန်သည်တွေအတွက် တော့ သိပ်တော့မဆန်းတော့ဘူးပေါ့လေ။ ဒီဘက်မှာ တာဝန်ကျတဲ့ဝန်ထမ်းတွေကလည်း သိမယ်ထင်ပါ တယ်။ ဒါတွေကို တခုတ်တရနဲ့ ထုတ်ဖော်တဲ့ ဝန်ထမ်း ပေါ့။ နယ်စပ်ကုန်သွယ်ရေးကပဲဖြစ်ဖြစ် စီးပွားကူး သန်းကပဲ ဖြစ်ဖြစ် အခွန်ကပဲ ဖြစ်ဖြစ် စားသုံးသူရေးရာ ဌာနပဲ ဖြစ်ဖြစ်ပေါ့။ ဘယ်သူမှ တာဝန်မယူဘူး။ ကိုယ် တွေက တခုတ်တရနဲ့သွားပြောရင် ဒါကဘယ်သူ တာဝန်ရှိတာဆိုပြီး ဘော်လီဘောပုတ်တာ။ ဘယ်လို လုပ်လို့ရလဲဆိုရင်လည်း ဘယ်သူမှ တာဝန်မယူဘူး။ သူတို့စားလို့ရတာလေးတွေကို မှေးပြီးစားနေလား တော့ မပြောတတ်ဘူး။ စီးပွားရေး ပညာရှင်နည်း တာလား။ အစိုးရက ခွင့်မပြုတာလား တော့မသိဘူး။ စီးပွားရေးကို တကယ်ဖြစ်မြောက်အောင် လုပ်မယ်ဆိုတဲ့ လူတွေ နည်းနေတယ်လို့ပဲ ထင်တာ ပါပဲ” ဟု ၎င်းက ပြောသည်။

Zawgyi Version:
တနသၤာရီတိုင္းရွိ ကြမ္းသီးႏုမ်ား ေဈးေကာင္းရေသာ္လည္း ျပည္တြင္း၊ ျပည္ပ တင္ပို႔ရန္ အခက္အခဲ မ်ားရွိေန
Pearl (NP News) - ဩဂုတ္ ၆
တနသၤာရီတိုင္းရွိကြမ္းသီးႏုမ်ား ေဈးေကာင္းရေသာ္လည္း ျပည္တြင္းျပည္ပတင္ပို႔ရန္ အခက္ အခဲမ်ားရွိေနေၾကာင္း ဥယ်ာဥ္ၿခံစိုက္ပ်ိဳးသူတစ္ဦးက NP News သို႔ ေျပာသည္။ လက္ရွိတြင္ လမ္းခရီး အေျခအေနေၾကာင့္ တနသၤာရီတိုင္းရွိကြမ္းသီးႏုမ်ားကို ရန္ကုန္တိုင္းေဒသ ႀကီးအပါအဝင္ အျခားတိုင္း ေဒသႀကီးမ်ားႏွင့္ျပည္နယ္မ်ားသို႔ တင္ပို႔ေရာင္းခ်ရာတြင္ အခက္အခဲမ်ားရွိေၾကာင္းလည္း သိရသည္။
“အခုက ဂ်ယ္လီကြမ္းသီးေတြ ရန္ကုန္ ဘက္ကိုတင္ဖို႔ကလည္း အခက္အခဲရွိတယ္။ ကြမ္းသီးႏု၊ ကြမ္းသီးဂ်ယ္လီေတြက ရန္ကုန္ဘက္ကိုပို႔ရင္ ေကာ့ေသာင္းနဲ႔ရန္ကုန္က ကီလိုမီတာ ေထာင္ေက်ာ္ တယ္။ ေထာင္ေက်ာ္ေတာ့ ကုန္က လိုတဲ့ရက္မရဘူး။ ကြမ္းသီးႏုရဲ႕သဘာဝက (၃၊ ၄၊ ၅)ရက္ထက္ ေက်ာ္ သြား ရင္ ပုံစံအထြက္မလွေတာ့ဘူး။ ဟိုေရာက္ရင္ ေဈးႏွိမ္ ခံရေတာ့ အဲဒီဘက္ကို ေကာင္းေကာင္းမကူး ရဲဘူး။ ကူးရင္လည္း အဲကြန္းကားေတြနဲ႔တင္မွ အဆင္ေျပမွာ။ ထားဝယ္ေလာက္ ေရးေလာက္က ကုန္ ေတြေတာ့ သြားေနတာရွိတယ္။ ေကာ့ေသာင္း ကဟာေတြေတာ့ သြားဖို႔သိပ္အဆင္မေျပဘူး” ဟု ၎က ေျပာသည္။
ထို႔ျပင္ အဆိုပါ ကြမ္းသီးႏုမ်ားကို ထိုင္း ႏိုင္ငံ ၊ ရေနာင္းရွိ ကုန္သည္မ်ားက အဝယ္လိုက္ေန ေသာ္လည္း ႏိုင္ငံေတာ္မွ တရားဝင္ခြင့္ျပဳထားသည့္ လမ္းေၾကာင္းမရွိသည့္အတြက္ ေမွာင္ခိုေဈးကြက္မွ တစ္ဆင့္ သြားေရာက္ေရာင္းေနကာ ေဈးႏွိမ္ခံရမႈမ်ားလည္းရွိေၾကာင္း သိရသည္။
“ထိုင္းဘက္ပို႔တာက်ေတာ့လည္း အဆင္မေျပျပန္ဘူး။ တစ္ကီလိုကို (၂)ဘတ္ကေန (၆)ဘတ္၊ (၁၀) ဘတ္ေလာက္အထိ ေကာက္ၾကတယ္။ တရား ဝင္လည္းသြားရတာမဟုတ္ဘူး။ ေကာ့ေသာင္း -ရေနာင္း ဆိုရင္ ကပ္ေနတာ။ အစိုးရက ကုန္စည္ကို တရားဝင္ေဈးကြက္သြားႏိုင္ေအာင္ မလုပ္ေပးဘူးဆို တာ မလုပ္ေပးခ်င္လို႔လား မလုပ္ႏိုင္လို႔လားမသိဘူး။ ရေနာင္းကိုဝင္တဲ့ကုန္ေတြက ခိုးဝင္ရတာ။ ငါးပုစြန္ ပင္လယ္ထြက္ေတြ ေရာ္ဘာေတြ ၊ ကြမ္းသီးႏုေတြ။ ကြမ္းသီးႏုကေတာ့ ထိုင္းကိုဝင္တယ္ဆိုေပမယ့္ ထိုင္း က တိုက္႐ိုက္လုပ္တာမဟုတ္ဘူး။ ဗီယက္နမ္ အထိသြားတယ္ထင္တယ္။ တျခားကုန္ေတြလည္း အမ်ား ႀကီးပဲ။ သြားသမွ် ေမွာင္ခိုေတြခ်ည္းပဲ။ သူတို႔ဘက္က တရားဝင္မဟုတ္ေတာင္ တရားဝင္ နီးပါး အစိုးရနဲ႔ ခ်ိတ္ဆက္ၿပီး လုပ္ထားႏိုင္တယ္။ ျမန္မာဘက္က လုပ္ထားတာ မရွိဘူး။ သြားသမွ် သူခိုးေဈးမွာ ေရာင္း သလိုပဲ ေရာင္းေနရတယ္။ သူတို႔ဆီ ေရာက္ေတာ့ သူတို႔ျဖတ္တဲ့ေဈးနဲ႔ပဲ သြားရတာေပါ့။ သူတို႔အႏိုင္က်င့္ သလိုခံရတယ္။ ကြမ္းသီးႏုက လက္ရွိေပါက္ေဈးအရ တစ္ပိႆာကို (၆၀ဝဝ)ဝန္း က်င္ရတယ္။ ထိုင္း ဘက္ကေတာ့ ကီလိုနဲ႔ ဘတ္ေဈးနဲ႔ သြားတယ္”ဟု ၎က ဆက္လက္ေျပာသည္။ လက္ရွိတြင္ ကြမ္းသီး ႏု တစ္ပိႆာလွ်င္ (၆၀ဝဝ)က်ပ္ထက္မနည္းရရွိေနေၾကာင္း သိရသည္။
ထို႔ျပင္ တနသၤာရီအတိုင္းမွထြက္ရရွိသည့္ ကြမ္းသီးႏုမ်ားအျပင္ ေရထြက္ကုန္မ်ား ၊ ေရာ္ဘာ မ်ားကို ႏိုင္ငံေတာ္အေနျဖင့္ ထိုင္းႏိုင္ငံသို႔ တရား ဝင္တင္ပို႔ႏိုင္သည့္ လမ္းေၾကာင္းေဖာ္ေဆာင္ေပး ႏိုင္ပါက ေဈးေကာင္းပိုရႏိုင္သည့္အျပင္ ႏိုင္ငံေတာ္ အခြန္လည္း ပိုမိုရရွိႏိုင္ေၾကာင္းလည္း သိရသည္။
“တရားဝင္ပို႔လို႔ရရင္ ေဈးလည္းပိုရမယ္။ ႏိုင္ငံေတာ္ အခြန္လည္းရမယ္။ ကိုယ့္ပစၥည္းကိုယ္ သြားေရာင္းတာ သူခိုးပုံစံနဲ႔သြားေရာင္းစရာမလို ေတာ့ဘူးေပါ့။ ျမန္မာျပည္က လာတာဆိုရင္ ထိုင္း ကုန္သည္ေတြက ညီတယ္။ သူတို႔က ေဈးကြက္ကို သတ္ၿပီးသား။ ဒီဘက္ကကုန္သည္ေတြအတြက္ ေတာ့ သိပ္ေတာ့မဆန္းေတာ့ဘူးေပါ့ေလ။ ဒီဘက္မွာ တာဝန္က်တဲ့ဝန္ထမ္းေတြကလည္း သိမယ္ထင္ပါ တယ္။ ဒါေတြကို တခုတ္တရနဲ႔ ထုတ္ေဖာ္တဲ့ ဝန္ထမ္း ေပါ့။ နယ္စပ္ကုန္သြယ္ေရးကပဲျဖစ္ျဖစ္ စီးပြားကူး သန္းကပဲ ျဖစ္ျဖစ္ အခြန္ကပဲ ျဖစ္ျဖစ္ စားသုံးသူေရးရာ ဌာနပဲ ျဖစ္ျဖစ္ေပါ့။ ဘယ္သူမွ တာဝန္မယူဘူး။ ကိုယ္ ေတြက တခုတ္တရနဲ႔သြားေျပာရင္ ဒါကဘယ္သူ တာဝန္ရွိတာဆိုၿပီး ေဘာ္လီေဘာပုတ္တာ။ ဘယ္လို လုပ္လို႔ရလဲဆိုရင္လည္း ဘယ္သူမွ တာဝန္မယူဘူး။ သူတို႔စားလို႔ရတာေလးေတြကို ေမွးၿပီးစားေနလား ေတာ့ မေျပာတတ္ဘူး။ စီးပြားေရး ပညာရွင္နည္း တာလား။ အစိုးရက ခြင့္မျပဳတာလား ေတာ့မသိဘူး။ စီးပြားေရးကို တကယ္ျဖစ္ေျမာက္ေအာင္ လုပ္မယ္ဆိုတဲ့ လူေတြ နည္းေနတယ္လို႔ပဲ ထင္တာ ပါပဲ” ဟု ၎က ေျပာသည္။