လိုင်စင်မရှိဘဲ CDC အတုများဖြင့် သင်္ဘောသားစေလွှတ်မှုများ ပိုများလာသည့်အတွက် ထိန်းချုပ်ရန် လိုအပ်နေဟုဆို

 117

Pearl (NP News) - ဩဂုတ် ၆

လိုင်စင်မရှိဘဲ CDC အတုများဖြင့် သင်္ဘော သားစေလွှတ်မှုများ ပိုများလာသည့်အတွက် ထိန်းချုပ်ရန်လိုအပ်နေကြောင်း သင်္ဘောသားအရာရှိဟောင်း တစ်ဦးက NP News သို့ ပြောသည်။
လက်ရှိတွင် သင်္ဘောသားစေလွှတ်ခွင့် လိုင်စင်ရရှိထားသူ SRPS (၃၀ဝ)ခန့်ရှိပြီး DMAအနေဖြင့် အဆိုပါ လိုင်စင်ထုတ်ပေးခြင်းကိုရပ်ထား သော်လည်း ပွဲစားများအနေဖြင့် လိုင်စင်မရှိဘဲ ရုံးခန်း များဖွင့်၍ သင်္ဘောသားစေလွှတ်ခြင်းများရှိနေကာ အချို့မှာ တရားမဝင်မှောင်ခိုသင်္ဘောများပေါ်သို့ စေလွှတ်နေ ခြင်းမျိုးဖြစ်ကြောင်း သိရသည်။
“တို့လောကမှာ SRPS ဆိုတာ လိုင်စင်ရ တဲ့ကုမ္ပဏီတွေလေ။ အဲဒါက (၃၀ဝ)နီးပါးရှိတယ်။ DMA
ကနေ ဒီလူတွေက သင်္ဘောသားပေးတင်ခွင့် လိုင်စင်ရှိပါတယ်ဆိုပြီး စစ်ဆေးပြီးတော့ လိုင်စင် ထုတ်ပေး ထားတဲ့လူတွေရှိတယ်။ အဲဒီလိုင်စင်က အခု ဆက်ပြီးထုတ်မပေးဘူး။ လမ်းဘေးပွဲစားမဟုတ်ဘဲနဲ့ ရုံးခန်း ရှိတဲ့ပွဲစားတွေက လိုင်စင်ရှိတဲ့လူတွေရဲ့ လိုင် စင်အဆင့်အတန်းကိုပြပြီးတော့ လိုင်စင်အတုတွေ ထွက် တယ်။ သက်ဆိုင်ရာက စာရွက်စာတမ်းပြည့်စုံရဲ့လားစစ်သေးတယ်။ ပြီးမှ ဒီသင်္ဘောကို လူတင်ခွင့် ပေး တာကိုး။ အခုက လိုင်စင်မရှိတဲ့ပွဲစားတွေက အရမ်းထွက်ချင်တဲ့လူတွေကို ပိုက်ဆံတောင်းပြီး တစ်လ အတွင်း ထွက်အောင်လုပ်ပေးမယ်ဆိုပြီးလုပ်တယ်။ လိုင်စင်ရှိတဲ့လူနာမည်ကိုသုံးပြီး အထွက်ကိုလုပ် တယ်။ တကယ့်တကယ်က ဒီလူတွေ Facebook ပေါ်မှာ လူဘယ်လောက်တင်လိုက်ပါတယ်ဆိုပြီးတော့ ဗြောင်ကြော်ငြာပြီးရေးနေတာက အဲဒါတွေက လိုင် စင်မရှိမှန်းလူတိုင်းသိတယ်။ DMA
ကလူတွေလည်း မသိဘဲမနေလောက်ဘူး။ အဲဒီတော့ လိုင်စင်မရှိတဲ့ ပွဲစားက ရုံးခန်းခွင့်ပြီး သင်္ဘောတင်နေတယ်ဆိုရင် ဒီ ကနေထွက်သွားတော့ တကယ့် လိုင်စင်ရိုးရိုးသားသား သင်္ဘောအကောင်း ပေါ်ကို နာမည်ပြပြီးထွက်သွားတာ။ တကယ့်တကယ် ရန်ကုန်ကနေ လေယာဉ်တက်သွား တာနဲ့ နောက် နိုင်ငံရောက်ရင် ဒီလူက တခြားသင်္ဘော ကိုရောက်သွားရော။ အဲဒီသင်္ဘောသည် မှောင်ခိုလုပ်သလား၊ ဘာလုပ်သလဲဆိုတာ မသိတော့ဘူး။ အဲဒါကလည်း ကြောက်ဖို့ကောင်းတယ်”ဟု၎င်းကပြောသည်။
အဆိုပါ ပွဲစားများအနေဖြင့် CDC အတုဖြင့် တရားမဝင်မှောင်ခိုသင်္ဘောများထံ စေလွှတ်နေ ခြင်းဖြစ် ကြောင်းလည်းသိရသည်။ “သူတို့သွား အလုပ်လုပ်တယ်ဆိုရင် သူတို့ CDC အစစ်မှာ အရေးမခံဘူး။ ဒီ သင်္ဘောက Blacklist လုပ်ထားတာမှန်း သိရင် အရေးမခံဘူး။ အရေးမခံဘဲနဲ့ SRPS တွေက အတုလုပ်ပေး တဲ့ CDC ကို ပိုက်ဆံအကုန်ခံပြီးတော့ အဲဒီတော့ ဖြစ်စရာရှိရင် သူတို့ကအဖမ်းခံရရင် CDC အစစ်ကိုသိမ်း တယ်။ အတုနဲ့အဖမ်းခံတယ်။ အဲဒီတော့ သူတို့ပြဿနာဖြစ်တဲ့အခါကျတော့ သူတို့ CDC မထိခိုက်ဘူး ပေါ့။ အခုဖြစ်တဲ့ပြဿနာတွေမှာ အဲဒါမျိုး CDC အတုတွေပါတယ်လို့ကြားတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ယခင်က DMA အနေဖြင့် စသုံးလုံးအဖွဲ့ များ၊ ရဲတပ်ဖွဲ့များနှင့်ပူးပေါင်းကာ CDC အတုပြုလုပ်မှု များကို ဖော်ထုတ်၍ အရေးယူမှုများ ပြုလုပ်ခဲ့သော်လည်း လက်ရှိတွင် ဖော်ထုတ်အရေးယူမှုများမပြုလုပ် သည့်အတွက် ယခင်ထက် CDC အတုပြုလုပ်မှု ပိုမို များပြားလာကြောင်း သိရသည်။ ထို့ကြောင့် သက် ဆိုင်ရာတာဝန်ရှိသူများ အနေဖြင့် CDC အတုပြုလုပ်သူများနှင့်ပွဲစားများကို စစ်ဆေးအရေးယူမှုများပြု လုပ်သင့်ကြောင်းလည်း ၎င်းကအကြံပြုထားသည်။ “အရင်က ရေကြောင်းဦး စီးက စ(၃)လုံးတို့၊ ရဲတို့၊ အထူးအဖွဲ့တွေနဲ့ပေါင်းပြီးဖမ်း တာ။ အရင်တုန်းကတော့ CDC အတုလုပ်တဲ့လူတွေကို ထောက်လှမ်းရေး တွေကနေပြီးတော့ စုံစမ်းပြီးဖမ်းတာ။ မဖမ်းတာတော်တော်ကိုကြာသွားပြီ။ မဖမ်းတော့ အတုလုပ်တဲ့လူ က ဗြောင်ကိုလုပ်နေကြတာ။ ဗိုလ်‌ အောင်ကျော်နားတစ်ဝိုက်သာ လှည့်သာကြည့်တော့။ အဲဒီမှာ ရဲရဲ တင်းတင်းဗြောင်ကိုလုပ်နေတာ။ ဥပဒေရှိတာကို ထိန်းသိမ်းဖို့က အာဏာရှိတဲ့လူပဲလုပ်နိုင်တာ။ အငြိမ်း စားသင်္ဘောသားကြီးတွေကတော့ မျက်စိရှေ့မှာ မြင်နေတာတောင် ဘာမှလုပ်လို့မရဘူးလေ။ ကလေး တွေဒုက္ခရောက်တာတော့သိတာပဲ။ CDC အတုလုပ် တာကကြာပြီ။ အဲဒါကို ဘယ်သူမှအရေးယူပြီး ဖမ်းမယ့်လူမရှိတော့ ပိုများလာတာပေါ့။ ထိထိရောက်ရောက်ဖြေရှင်းဖို့လိုနေပြီ” ဟု ၎င်းက ပြောသည်။

Zawgyi Version:
လိုင္စင္မရွိဘဲ CDC အတုမ်ားျဖင့္ သေဘၤာသားေစလႊတ္မႈမ်ား ပိုမ်ားလာသည့္အတြက္ ထိန္းခ်ဳပ္ရန္ လိုအပ္ေနဟုဆို
Pearl (NP News) - ဩဂုတ္ ၆
လိုင္စင္မရွိဘဲ CDC အတုမ်ားျဖင့္ သေဘၤာ သားေစလႊတ္မႈမ်ား ပိုမ်ားလာသည့္အတြက္ ထိန္းခ်ဳပ္ရန္လိုအပ္ေနေၾကာင္း သေဘၤာသားအရာရွိေဟာင္း တစ္ဦးက NP News သို႔ ေျပာသည္။
လက္ရွိတြင္ သေဘၤာသားေစလႊတ္ခြင့္ လိုင္စင္ရရွိထားသူ SRPS (၃၀ဝ)ခန႔္ရွိၿပီး DMAအေနျဖင့္ အဆိုပါ လိုင္စင္ထုတ္ေပးျခင္းကိုရပ္ထား ေသာ္လည္း ပြဲစားမ်ားအေနျဖင့္ လိုင္စင္မရွိဘဲ ႐ုံးခန္း မ်ားဖြင့္၍ သေဘၤာသားေစလႊတ္ျခင္းမ်ားရွိေနကာ အခ်ိဳ႕မွာ တရားမဝင္ေမွာင္ခိုသေဘၤာမ်ားေပၚသို႔ ေစလႊတ္ေန ျခင္းမ်ိဳးျဖစ္ေၾကာင္း သိရသည္။
“တို႔ေလာကမွာ SRPS ဆိုတာ လိုင္စင္ရ တဲ့ကုမၸဏီေတြေလ။ အဲဒါက (၃၀ဝ)နီးပါးရွိတယ္။ DMA
ကေန ဒီလူေတြက သေဘၤာသားေပးတင္ခြင့္ လိုင္စင္ရွိပါတယ္ဆိုၿပီး စစ္ေဆးၿပီးေတာ့ လိုင္စင္ ထုတ္ေပး ထားတဲ့လူေတြရွိတယ္။ အဲဒီလိုင္စင္က အခု ဆက္ၿပီးထုတ္မေပးဘူး။ လမ္းေဘးပြဲစားမဟုတ္ဘဲနဲ႔ ႐ုံးခန္း ရွိတဲ့ပြဲစားေတြက လိုင္စင္ရွိတဲ့လူေတြရဲ႕ လိုင္ စင္အဆင့္အတန္းကိုျပၿပီးေတာ့ လိုင္စင္အတုေတြ ထြက္ တယ္။ သက္ဆိုင္ရာက စာ႐ြက္စာတမ္းျပည့္စုံရဲ႕လားစစ္ေသးတယ္။ ၿပီးမွ ဒီသေဘၤာကို လူတင္ခြင့္ ေပး တာကိုး။ အခုက လိုင္စင္မရွိတဲ့ပြဲစားေတြက အရမ္းထြက္ခ်င္တဲ့လူေတြကို ပိုက္ဆံေတာင္းၿပီး တစ္လ အတြင္း ထြက္ေအာင္လုပ္ေပးမယ္ဆိုၿပီးလုပ္တယ္။ လိုင္စင္ရွိတဲ့လူနာမည္ကိုသုံးၿပီး အထြက္ကိုလုပ္ တယ္။ တကယ့္တကယ္က ဒီလူေတြ Facebook ေပၚမွာ လူဘယ္ေလာက္တင္လိုက္ပါတယ္ဆိုၿပီးေတာ့ ေျဗာင္ေၾကာ္ျငာၿပီးေရးေနတာက အဲဒါေတြက လိုင္ စင္မရွိမွန္းလူတိုင္းသိတယ္။ DMA
ကလူေတြလည္း မသိဘဲမေနေလာက္ဘူး။ အဲဒီေတာ့ လိုင္စင္မရွိတဲ့ ပြဲစားက ႐ုံးခန္းခြင့္ၿပီး သေဘၤာတင္ေနတယ္ဆိုရင္ ဒီ ကေနထြက္သြားေတာ့ တကယ့္ လိုင္စင္႐ိုး႐ိုးသားသား သေဘၤာအေကာင္း ေပၚကို နာမည္ျပၿပီးထြက္သြားတာ။ တကယ့္တကယ္ ရန္ကုန္ကေန ေလယာဥ္တက္သြား တာနဲ႔ ေနာက္ ႏိုင္ငံေရာက္ရင္ ဒီလူက တျခားသေဘၤာ ကိုေရာက္သြားေရာ။ အဲဒီသေဘၤာသည္ ေမွာင္ခိုလုပ္သလား၊ ဘာလုပ္သလဲဆိုတာ မသိေတာ့ဘူး။ အဲဒါကလည္း ေၾကာက္ဖို႔ေကာင္းတယ္”ဟု၎ကေျပာသည္။
အဆိုပါ ပြဲစားမ်ားအေနျဖင့္ CDC အတုျဖင့္ တရားမဝင္ေမွာင္ခိုသေဘၤာမ်ားထံ ေစလႊတ္ေန ျခင္းျဖစ္ ေၾကာင္းလည္းသိရသည္။ “သူတို႔သြား အလုပ္လုပ္တယ္ဆိုရင္ သူတို႔ CDC အစစ္မွာ အေရးမခံဘူး။ ဒီ သေဘၤာက Blacklist လုပ္ထားတာမွန္း သိရင္ အေရးမခံဘူး။ အေရးမခံဘဲနဲ႔ SRPS ေတြက အတုလုပ္ေပး တဲ့ CDC ကို ပိုက္ဆံအကုန္ခံၿပီးေတာ့ အဲဒီေတာ့ ျဖစ္စရာရွိရင္ သူတို႔ကအဖမ္းခံရရင္ CDC အစစ္ကိုသိမ္း တယ္။ အတုနဲ႔အဖမ္းခံတယ္။ အဲဒီေတာ့ သူတို႔ျပႆနာျဖစ္တဲ့အခါက်ေတာ့ သူတို႔ CDC မထိခိုက္ဘူး ေပါ့။ အခုျဖစ္တဲ့ျပႆနာေတြမွာ အဲဒါမ်ိဳး CDC အတုေတြပါတယ္လို႔ၾကားတယ္” ဟု ၎က ဆက္လက္ေျပာသည္။
ယခင္က DMA အေနျဖင့္ စသုံးလုံးအဖြဲ႕ မ်ား၊ ရဲတပ္ဖြဲ႕မ်ားႏွင့္ပူးေပါင္းကာ CDC အတုျပဳလုပ္မႈ မ်ားကို ေဖာ္ထုတ္၍ အေရးယူမႈမ်ား ျပဳလုပ္ခဲ့ေသာ္လည္း လက္ရွိတြင္ ေဖာ္ထုတ္အေရးယူမႈမ်ားမျပဳလုပ္ သည့္အတြက္ ယခင္ထက္ CDC အတုျပဳလုပ္မႈ ပိုမို မ်ားျပားလာေၾကာင္း သိရသည္။ ထို႔ေၾကာင့္ သက္ ဆိုင္ရာတာဝန္ရွိသူမ်ား အေနျဖင့္ CDC အတုျပဳလုပ္သူမ်ားႏွင့္ပြဲစားမ်ားကို စစ္ေဆးအေရးယူမႈမ်ားျပဳ လုပ္သင့္ေၾကာင္းလည္း ၎ကအႀကံျပဳထားသည္။ “အရင္က ေရေၾကာင္းဦး စီးက စ(၃)လုံးတို႔၊ ရဲတို႔၊ အထူးအဖြဲ႕ေတြနဲ႔ေပါင္းၿပီးဖမ္း တာ။ အရင္တုန္းကေတာ့ CDC အတုလုပ္တဲ့လူေတြကို ေထာက္လွမ္းေရး ေတြကေနၿပီးေတာ့ စုံစမ္းၿပီးဖမ္းတာ။ မဖမ္းတာေတာ္ေတာ္ကိုၾကာသြားၿပီ။ မဖမ္းေတာ့ အတုလုပ္တဲ့လူ က ေျဗာင္ကိုလုပ္ေနၾကတာ။ ဗိုလ္‌ ေအာင္ေက်ာ္နားတစ္ဝိုက္သာ လွည့္သာၾကည့္ေတာ့။ အဲဒီမွာ ရဲရဲ တင္းတင္းေျဗာင္ကိုလုပ္ေနတာ။ ဥပေဒရွိတာကို ထိန္းသိမ္းဖို႔က အာဏာရွိတဲ့လူပဲလုပ္ႏိုင္တာ။ အၿငိမ္း စားသေဘၤာသားႀကီးေတြကေတာ့ မ်က္စိေရွ႕မွာ ျမင္ေနတာေတာင္ ဘာမွလုပ္လို႔မရဘူးေလ။ ကေလး ေတြဒုကၡေရာက္တာေတာ့သိတာပဲ။ CDC အတုလုပ္ တာကၾကာၿပီ။ အဲဒါကို ဘယ္သူမွအေရးယူၿပီး ဖမ္းမယ့္လူမရွိေတာ့ ပိုမ်ားလာတာေပါ့။ ထိထိေရာက္ေရာက္ေျဖရွင္းဖို႔လိုေနၿပီ” ဟု ၎က ေျပာသည္။

Related news

© 2021. All rights reserved.