လေကြောင်း နှင့် ပင်လယ်ခရီးအပြီး ဂျလန်းကျွန်းခရီး

 70

သုတကျော် (NP News) - ဩဂုတ် ၆

သတင်းရင်းမြစ်တစ်ဦးက ဆလုံများရှိရာ ဂျလန်းကျွန်းနှင့်ပတ်သက်၍ အယ်ဒီတာချုပ်ထံ သတင်းပေးလာသောကြောင့် ခရီးထွက်ရန် အကြောင်းဖန်လာသည်။ ယင်းခရီးကား အမှတ်တရများ တစ်နင့်တပိုးပေးသော ခရီးဖြစ်၏။
ဂျလန်းကျွန်းသည် မြန်မာနိုင်ငံအစွန်း အဖျားတွင်ရှိသည်။ ပထမ ဂျလန်းကျွန်းဆရာတော်က ဆလုံ လူမျိုးများကို သာသနာပြုပေးသည်။ လိုအပ်သည်များကို ထောက်ပံ့သည်။ သို့ဖြင့် ဆလုံတိုင်းရင်း သားများသည် ဆရာတော်၏ အရိပ်အောက်တွင် ယဉ်ကျေးမှုတိုးတက်လာသည်။ ထို့ပြင် ဂျလန်းကျွန်း တွင် သာသနိကအဆောက်အအုံများ စည်ပင်လာပြီး ယခုတော့ ငါးဖမ်းလုပ်သားများအတွက် ခရီးတ ထောက် နားခိုရာ ရွာငယ်တစ်ရွာအဖြစ် စည်ပင်နေလေပြီ။ ယင်းခရီးကား စိတ်လှုပ်ရှားဖွယ်ပြည့်နှက် နေလိမ့်မည်ဟု တွေးသော်လည်း ခရီးရှည်ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့မိပေ။
ဂျလန်းကျွန်းသို့ခရီးကား နှစ်ဆင့်စီးရမည်။ ရန်ကုန်မှ လေယာဉ်ဖြင့် ကော့သောင်း၊ ထိုမှ တစ် ဆင့် ကျွန်းသို့ စက်လှေစီးရမည်ဖြစ်ကာ စက် လှေစီးရမည့်အချိန်မှာ အကြမ်းဖျင်းအားဖြင့် ငါးနာရီခန့် ကြာလိမ့်မည်ဟု သိထားသည်။ လေယာဉ်ကွင်းချိန်က နံနက်ငါးနာရီ၊ လေယာဉ်ချိန်က ခြောက် နာရီဖြစ် လေရာ အယ်ဒီတာချုပ်နှင့် စာရေးသူတို့ စောစောထွက်လာခဲ့ကြသည်။
လေဆိပ်အရောက် လက်မှတ်ထုတ်ရန် အသွားပတ်ဝန်းကျင်ကို အကဲခတ်ကြည့်သောအခါ တာချီ လိတ်ဘက်သို့သွားမည့် ခရီးသည်များစွာကို မြင်ရသည်။ NP News တွင် ဖော်ပြခဲ့ဖူးသည့် တာချီလိတ်ကို ဖြတ်သန်းကာ ထိုင်းနိုင်ငံမှ တစ်ဆင့် ပြည်ပနိုင်ငံများသို့ အလုပ်လုပ်ရန် ထွက်ခွာ မည့်သူများလောဟု အတွေးနယ်ချဲ့မိသည်။
သို့သော် များများစားစားကား မတွေးနိုင်ပါ။ ကိုယ်တိုင်သွားရမည့် ခရီးကလည်း ရှိသောကြောင့် စီးရမည့်ဂိတ်သို့ ထွက်ခွာလာခဲ့ရာ ယင်းသို့ရောက်ပြီး မကြာမီ လေယာဉ်ထွက်ချိန် နောက်ကျမည် ဖြစ် ကြောင်း လေကြောင်းလိုင်းမှ ဝန်ထမ်းက အသံချဲ့စက်ဖြင့် အသိပေးပြီး တောင်းပန်သည်။ နောက်ကျ မည့် အချိန်ကလည်း လေးနာရီ ကြာမည်ဟုဆိုသောအခါ ခြေပစ်လက်ပစ်ဖြစ်သွားတော့သည်။
နာရီဝက်၊ တစ်နာရီနောက်ကျလျှင်လည်း ဖြေသာသေး၏။ ယခုတော့ လေးနာရီပင် နောက်ကျ မည်ဟုဆိုသောအခါ လေကြောင်းလိုင်းမှ ကြိုတင်သတိပေးခဲ့လျှင် ကောင်းလေစွဟု တွေးမိသည်။ ပြန် လည်းထွက်၍မရမည့်အတူ လူရှင်းသော ခုံတန်းများဘက်သို့သာ ခြေဦးလှည့်ရတော့သည်။
အချိန်ကုန်မည့် နည်းလမ်းများကို ကြံဖန် အကြံထုတ်သည်။ ထို့နောက် ဖုန်းထုတ်ပြီး ဖေ့စ် ဘွတ်ခ် ဖွင့်ကာ သတင်းများဖတ်ရင်း အချိန်ကုန်ရန် ကြိုးစားရတော့၏။ သို့သော် အချိန်ကုန်ရန် ကြိုးပမ်း မှုကို ယင်းလေကြောင်းလိုင်းကပင် အနိုင်ယူလိုက်ပြန်သည်။ လေယာဉ်သည် ထပ်မံနောက်ကျသော ကြောင့် မွန်းလွဲ (၁၂)နာရီသို့ ပြောင်းသွားပြီဖြစ်ကြောင်း ကြေညာသည်။ ထို့နောက် နံနက်စာများဝေပေး သည်။
ယခုကဲ့သို့ လေယာဉ်နောက်ကျရာတွင် ခရီးသည်များဘက်မှ ကြည့်ပါက ကြိုတင်သိခွင့်ရလျှင် ပြောင်းလဲ စီစဉ်နိုင်သည်။ ထို့ပြင် ချိန်းဆိုထားသည်များ အလွဲအချော် ဖြစ်သည်။ စာရေးသူတို့ နှစ်ဦး ကိုပင် ကြည့်ပါ။ ကော့သောင်းမြို့သို့ရောက်ပါက ဂျလန်း ကျွန်းသို့သွားရန် စက်လှေက အဆင်သင့် စောင့်နေ သည်။ သို့သော် အချိန်ကားများစွာ ဟသွားခဲ့ပြီ။ ယင်း နောက်ကျသွားသော အချိန်နှင့်အတူ အလုပ်လုပ်ရ မည့် အချိန်များလည်း ပဲ့ပါသွားခဲ့သည်။ မူလ စီစဉ် ထားသည်ထက်ကွဲလွဲကာ အချိန်များစွာ နောက်ကျရ ပေတော့မည်။ ညမှောင်မှသာ လိုရာခရီး ရောက်တော့ မည်ဖြစ်ပြီး ယင်းမတိုင်မီ အချိန်တို့ အလဟဿ ဖြစ် ကုန်တော့သည်။
လေကြောင်းလိုင်းများဘက်ကလည်း လေယာဉ်ကို ပြင်ဆင်ပြီးစီးသည့်အခါ ချက်ချင်း မပျံသန်း သေးဘဲစမ်းသပ်ကာ လုံခြုံမှု ရှိ၊ မရှိကို စောင့် ရသေးသည်ဟု လေ့လာမှတ်သားရသည်။ လေယာဉ် များတွင် တစ်နှစ်တစ်ခါနီးပါး ပုံမှန်စစ်ဆေးပြီး လိုအပ် သော ပစ္စည်းလဲလှယ်မှုလုပ်ရသည့်အခါ အပို ပစ္စည်း ဝယ်ရခက်သောအခြေအနေလည်းရှိသည်ဟု သိရ ၏။ ပိတ်ဆို့မှုများကြောင့် အပိုပစ္စည်း တိုက် ရိုက်ဝယ်မရသည့်အခါ ဈေးပိုပေးပြီး ဝယ်ရခြင်းများ ရှိနေ ကြောင်းလည်း သိရသည်။ ယင်းကား စာရေး သူ သိသမျှ လေကြောင်းလိုင်းများဘက်က အခက်အခဲ ဖြစ်သည်။ သို့သော် ခရီးသည်များဘက်တွင် လည်း နောက်ကျသောကြောင့် အခက်အခဲများတွေ့ကြရ သည့်အတွက် တစ်စုံတစ်ရာ အဖြေရှာနိုင် ကောင်းလိမ့်မည်ဟု မျှော်လင့်ရပါသည်။
လေဆိပ်တွင် အီနေအောင်စောင့်ပြီး နောက် နေ့လယ် (၁)နာရီကျော်တွင် လေယာဉ်ပေါ် တက်ရ သည်။ စာရေးသူတို့စီးသည့်လေယာဉ်တွင် တစ်စီးလုံးအပြည့် ခရီးသည်ပါ၏။ ထားဝယ်လေဆိပ်တွင် တစ်ခါရပ်သည်။ ယင်းလေဆိပ်တွင်လည်း ဆင်းသူခရီးသည်များသည်။ ထို့ပြင် ထားဝယ်မှ ကော့ သောင်း ခရီးစဉ်အတွက် တက်သူခရီးသည်ကလည်း ဆတူနီးပါးများကြောင်း တွေ့မြင်ရသည်။ ကား လမ်း အခြေအနေကြောင့် ငွေကြေးတတ်နိုင်သူများက ယခုကဲ့သို့ လေကြောင်းကို ပိုမိုအားထားလာကြ ကြောင်း သိရသည်။
ထိုသို့ ရန်ကုန်မှကော့သောင်းအထိ ခရီးစဉ်ကို ထားဝယ်တွင် ခေတ္တရပ်တန့်ကာ တစ်နာရီ မိနစ် လေးဆယ်နီးပါး စီးပြီးသည့်နောက် ကော့သောင်းမြို့သို့ အောင်မြင်စွာဆိုက်ရောက်ပါတော့သည်။ လေ ဆိပ်သို့ မဆင်းမီကပင် လှပသောရှုခင်းများဖြင့် ကော့သောင်းမြို့ကဆီးကြိုသည်။ ကော့သောင်းမြို့ သည်ကား စည်ကားသော မြို့တစ်မြို့ဖြစ်သည့်အပြင် သန့်ရှင်း၊ လှပသော မြို့တစ်မြို့အဖြစ်လည်း မြင်ရ သည်။
လေဆိပ်မှထွက်ကာ နောက်ကျနေ့လည်စာကို သုတ်သုတ်စား၍ သင်္ဘောဆိပ်သို့ ဆင်းခဲ့ကြ သည်။ သင်္ဘောဆိပ်တွင်ကား ငါးဖမ်းစက်လှေများ အပြည့်ဖြင့် မြင်ရသည်။ စာရေးသူစီးရမည့် လှေကား ဒေသအခေါ် ကမ်းနီးကဲ့လှေဖြစ်ပြီး ဖမ်းမိသမျှ ငါးများကို ပြန်လည်သယ်ယူပို့ဆောင်ပေးသော လှေ အမျိုးအစား ဖြစ်သည်။ အရွယ်အစားက လှေလတ် ဟုဆိုရမည်ဖြစ်ပြီး ပင်လယ်လှိုင်းကို ကောင်းစွာ ဖြတ်ကျော်နိုင်မည့်ပုံရသည်။

လေကြောင် ခရီးကား ပြီးခဲ့ပြီ။ ထို့နောက် ရေကြောင်းဖြင့် ခရီးဆက်ရပေဦးမည်။ လေဆိပ်တွင် နောက်မကျလျှင်တော့ ယခုထက် ပိုမိုစောဖွယ်ရာရှိ သည်။ မတတ်နိုင်ပြီ။ ကော့သောင်းမှ ညနေပိုင်း လေးနာရီခွဲခန့်တွင် စထွက်သည်။ စာရေးသူတို့ ခရီး သည်နှစ်ဦးမှာ ပဲ့နင်းခန်းတွင်ပင် နေရာယူလိုက်ကြ ကာ မကြာမီ စက်လှေထွက်တော့၏။ ကျန်ခရီးသည် ကား မရှိပါ။ ယခု စက်လှေကား စာရေးသူတို့ကို လည်း ကြိုရင်း ဒုတိယ ဂျလန်ကျွန်းဆရာတော်တည်ထားတော်မူသော စေတီတော်အတွက် ကျောက်ပို့ မည့် လှေဖြစ်သည်။
ထို့နောက် စက်လှေအပြင်ဘက်ထွက်ကာ ဓာတ်ပုံနှင့် Video မှတ်တမ်းတင်၏။ မြို့အလှအပ များ ကို ရေပြင်မှ မြင်ရသည်ကလည်း တစ်မျိုးတစ် ဘာသာ ဆန်းသည်။ တစ်ဖက်တွင် ကျွန်းစုစုများနှင့် တစ် ဖက်တွင် ကော့သောင်းမြို့။ မြန်မာနိုင်ငံ၏ တောင် ဘက်စွန်းပိုင်း အမှတ်အသားကို ဖြတ်ကျော်မောင်း နှင်ပြီးသည့်နောက် စက်လှေကားကျွန်းများရှိရာ ပင်လယ်ပြင်ဆီသို့ ဦးတည်ခဲ့ပြီဖြစ်သည်။
နာမည်ကျော် သူဌေးကျွန်းကို ဖြတ်သန်း စဉ် ယင်းနေရာဘက်သို့ လှမ်းမျှော် ကြည့်လိုက်သေး သည်။ သူဌေးကျွန်းကား ငြိမ်သက်နေလေသည်။ ရှေ့တူရူတွင်ကား ပင်လယ်ပြင်နှင့် ကျွန်းတို့က ပနံရ နေသည်။ မြင်လေသမျှတွင် ရေပြင်နှင့် ယင်းရေပြင်ပေါ်တွင် ကျွန်းတို့ ထိုးထွက်နေပုံက သက်ရှိပန်းချီ ကား ကဲ့သို့ပင်။ လှေဦးတွင် ရေစက်တို့ လွင့်စဉ်လာသည် အထိ စာရေးသူ၏စိတ်ထဲတွင် လှေ၏ကုန်းပတ် ပေါ်မှ စီးမည်ဟု စိတ်ကူးယဉ်ကောင်းတုန်း ရှိသေးသည်။ ပင်လယ်လှိုင်းအချို့ကြောင့် ကုန်းပတ်တွင် ရေ စက်တို့ စဉ်စပြုလာ၏။
မကြာမီ မှောင်စပျိုးလာသည်။ ကျွန်းများက နီးလာလိုက်၊ ဝေးလာလိုက်ဖြင့် ဖြတ်သန်းရင်း ပင် လယ်ပြင် မိုးကုပ်စက်ဝိုင်းတွင် မီးရောင်မှိန်မှိန်များကို တွေ့ရသည်။ ယင်းမှာ ငါးဖမ်းလှေများထံမှ ဖြစ် သည်။ ထို့ပြင် မီးထိန်ထိန် ညီးနေသော နေရာများကိုလည်း မြင်ရသည်။ ယင်းမီးလင်းနေသော နေရာ ကား မီးထွန်းလှေ ဖြစ်သည်။ မီးထိန်ထိန်သာအောင် ထွန်းကာ ဖြားယောင်းပြီး ငါးဖမ်းနည်း တစ်မျိုးဖြစ် ပြီး အဆိုပါ ဖမ်းနည်းမျိုးဖြင့် ငါးနှင့် ကင်းမွန်တို့ကို ဖမ်းသည်။ သို့သော် ယခုအချိန်တွင် ကင်းမွန် အရ နည်းနေပြီး ငါးသာဖမ်းမိနေကြောင်းလည်း သိရသည်။
နေကား လုံးလုံးဝင်သွားခဲ့ပြီ။ ဓာတ်ပုံနှင့် ဗီဒွီယိုမှတ်တမ်းတင်ရန်လည်း အလင်းကောင်းစွာ မရ တော့။ ထို့ကြောင့် ပဲ့နင်းခန်းအတွင်း ပြန်ဝင်ကာ ပဲ့နင်းနှင့် စကားပြောရင်း ဒေသန္တရဗဟုသုတများကို ထပ်မံ မေးမြန်းရသည်။ ကျွန်းများကို လက်ညှိုးထိုးရင်း အမည်များကို ပြောပြသည်။ ပုလဲ လုပ်ကွက်များ ကိုလည်း မီးရောင်ကြောင့် မြင်ခဲ့ရသည်။ ပဲ့နင်းကလည်း ခေသူ မဟုတ်ပါ။ လုပ်သက် နှစ် (၂၀)ကျော် ဝါရင့် ပဲနင်းတစ်ဦးဖြစ်ပြီး အသက် (၅၇)နှစ် ရှိသည့်တိုင်၊ မိသားစုအတွက် လောက်လောက်လားလား ပိုက်ဆံ ရှာပေးပြီးသည့်တိုင် ပင်လယ်ပြင်ကို မစွန့်ခွာနိုင်သူ ဖြစ်ကြောင်း ပြောပြသည်။ အလုပ်သဘော အရ အိမ်မှာထက် ပင်လယ်ပြင်တွင် ပိုအနေများသူဖြစ်သည်။
စာရေးသူက သတင်းထောက်ပီပီ မေးခွန်းများမေးသည်ကို အရိုးခံစိတ်ဖြင့် ဖြေရှာသည်။ ထို အချိန်တွင် ပင်လယ်ပြင်မှ လှိုင်းတအိအိကလည်း ပိုထစပြုလာ သည်။ စက်လှေသံနှင့် စက်လှေက လှိုင်းတို့ကို ထိုးခွဲ သံနှင့် စာရေးသူတို့နှစ်ယောက်အသံမှ တစ်ပါး အခြားအသံ မရှိ။
“ပင်လယ်ထဲမှာ ဒီလိုအချိန် အဖွဲ့သားတွေ နားနေတုန်း တစ်ယောက်တည်းမောင်းနေရင် မိသား စုကိုလွမ်းတာမျိုးဖြစ်လား” ဟု စာရေးသူက မေးရာ ပဲ့နင်းက ခေတ္တငြိမ်သွားသည်။
“လွမ်းတာထက် စိတ်တိုတာ။ ငါဘာလို့ ဒီလမ်းကိုရွေးမိလဲ တစ်ခါတလေ မောင်းရင်းစိတ်တို တယ်။ ဒါပေမဲ့ အသားကျနေပြီပဲ။ ဒီအလုပ်ကို ကြိုက်တာကိုး” ဟု ပြန်ဖြေသည်။
မေးသူပင် စိတ်မကောင်း ဖြစ်သွားမိသည်။ စကားလမ်းကြောင်းလွှဲရင်း အခြားအကြောင်းများကို ပြောင်းပြောရတော့သည်။ စကားကောင်းနေရင်း မိုးရွာလာသည်။ ထို့နောက် မကြာမီ လှိုင်းလုံးများ၏ အရသာကို ကောင်းစွာမြည်းစမ်းရတော့၏။ စာရေးသူသည် လှိုင်းမမူးတတ်ပါ။ ပင်လယ်ခရီးကိုလည်း တစ်ပိုင်းတစ်စ ဖြတ်ဖူး၏။ သို့သော် ညပိုင်းတွင် ပင်လယ်ခရီးမသွားဖူး။ ထို့ပြင် ပဲ့စင်တွင်ထိုင်ကာ မလိုက်ပါဖူးပါ။ မိုးရာသီဖြစ်၍ လှိုင်းထန်တတ်ခြင်း ဖြစ်သည်ဟု ပဲ့နင်းက ပြောပြသည်။
လှိုင်းကြောင့် စက်လှေက ဦးမော့လိုက် ပြန်ကျလိုက်ဖြင့် စက်အားကိုသုံးကာ ပင်လယ်ပြင်ကို အံတုနေသည်။ စာရေးသူ၏ စိတ်အတွင်း Catch me if you Can အမည်ရှိ ရုပ်ရှင်ဇာတ်ကားအတွင်းမှ ဇာတ် ဝင်ခန်းကိုပင် မဆီမဆိုင် သတိရသွားသေး သည်။ လေယာဉ်မှူးအဖြစ်ဟန်ဆောင်သူ သရုပ် ဆောင် လီယိုနာဒိုကို လေယာဉ်မှူးအစစ်အထင်ဖြင့် ထိန်းချုပ်ခန်းအတွင်း ခေါ်သွင်းသောအခါ လီယိုနာဒို က လေယာဉ်ထိန်းချုပ်ခန်းမှ ပြင်ပမြင်ကွင်းကြောင့် ထိတ်လန့်၊ စိတ်လှုပ်ရှားပြီး အော့အန်သော မြင်ကွင်း က မျက်စိအတွင်း ပေါ်လာသည်။ စာရေးသူကလည်း ပဲ့စင်တွင်ထိုင်ကာ လှေဦးမှာ လှိုင်းကြောင့် တက် လိုက်၊ ကျလိုက် ဖြစ်နေသည်ကို ကြည့်ပြီး အသဲယား လာမိသည်။ မည်သို့မျှ မလုပ်တတ်၊ မကိုင်တတ်ဘဲ စိုးရိမ်စိတ်သက်သက်ဖြင့် ထိုင်ကြည့်နေရသော ဘဝပင်။
ပဲ့နင်းက ဝါရင့်သူပီပီ ထိတ်လန့်ဟန် မပြ။ သို့သော် တိတ်ဆိတ်ပြီး စက်လှေကို အာရုံစိုက် ထိန်းကျောင်းမောင်းနှင်နေသည်။ ဆောင်းပါးအစတွင် ဖော်ပြထားသည့်အတိုင်း ပဲ့နင်းငြိမ်နေခြင်းကပင် စာရေးသူအတွက် ကြောက်စိတ်ပိုစေသည်။ ညအ မှောင်ကလည်း ကြောက်စိတ်ကို မီးထိုးပေးနေ၏။ လှိုင်းကို စက်လှေခေါင်း ဦးတည်ပေးရင်းဖြင့် ထိုး ခွဲဖြတ်သန်းသောကြောင့် ထွက်လာသော ရေစက် တို့မှာ ကုန်းပတ်တစ်ခုလုံး ရွှဲရွဲစိုနေတော့သည်။ ည အမှောင်တွင် လှိုင်းထန်သောပင်လယ်ကို ဖြတ်ကျော် နေရခြင်းမှာ ရင်ခုန်ဖွယ်ကောင်းပါဘိခြင်း။ စာရေးသူ ဘဝတွင် ပထမဆုံးအတွေ့အကြုံပင် ဖြစ်သည်။
ပဲ့နင်းက အာရုံစိုက်နေသောအခါ စာရေး သူလည်း စကားမပြောဖြစ်တော့။ မျက်စိက ပဲ့ခန်းမှ ရေဒါကိုကြည့်ရင်း ယခုအချိန် တစ်ခုခုဖြစ်ခဲ့သော် အနီးဆုံးကျွန်းကို မည်သို့ရေကူးသွားလျှင် လွတ်နိုင် မည်နည်းဟုပင် တွေးနေမိတော့သည်။
လှိုင်းထန်သောအချိန်မှာ တစ်နာရီခွဲ သို့မဟုတ် နှစ်နာရီခန့်ကြာမည်ဟု ထင်သည်။ ထို့ နောက် လှိုင်းသက်သာလာ၏။ ထိုအခါ အိပ်ချင်စိတ်က ကြီးစိုးလာပြန်သည်။ လူပင်ပန်း စိတ်ပင်ပန်းဖြစ်ခဲ့ရခြင်း အတွက် အဆင်ပြေပြီ၊ လှိုင်းတို့ကို ကျော်ပြီးပြီဟု တွေးသည့်အပြင် ပဲ့နင်းကလည်း စိတ်ချရသည်ဟု အတွေးဝင်လာသောအခါ အိပ်ချင်စိတ်ကို တားမရ တော့။ ထို့ကြောင့် ခေတ္တမျှလှဲချလိုက်ရာ အိပ်ပျော် သွားတော့သည်။ ခဏဟုထင်ရသော်လည်း တစ်နာရီ ခွဲခန့်အိပ်ပြီး နိုးသောအခါ ဂျလန်းကျွန်းအနီး ရောက် ပြီဟု ပဲ့နင်းကပြောပြသည်။ ထိုအခါ ရင်အတွင်း ပျော်လိုက်သည့်ဖြစ်ခြင်း။ ရှစ်နာရီခန့်မျှ စက် လှေစီးပြီးသည့်အခါ ဂျလန်းကျွန်းရောက်ပေပြီ။ ရေအခြေအနေကြောင့် ယခုကဲ့သို့ ပိုကြာခြင်းဖြစ်သည် ဟု ပဲ့နင်းက ပြောပြသည်။ ဂျလန်းကျွန်းအဝင်တွင် ဦးစွာတွေ့ရသည်ကား မီးရောင်ထိန်ထိန်မြင့် ထိုင် တော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီးဖြစ်သည်။ ယင်းမြင်ကွင်းကပင် စိတ်ကို လုံခြုံမှုရစေသည်။ မကြာမီ ဂျလန်း ကျွန်း လှေဆိပ်သို့ ဆိုက်ကပ်လေတော့၏။
ခရီးလမ်းဆုံးသို့ရောက်ပေပြီ။ သို့သော် စင်စစ်အားဖြင့် ဂျလန်းကျွန်းသို့ခရီးကား ယခုမှပင် အစ ဖြစ်သည်။ အမှန်တကယ် ကျွန်းသို့ရောက်သောအခါ အဘယ်ကြောင့် ကျွန်းသို့သွားစေလိုသည်၊ အဘယ် အရာများ သိစေချင်နေသည်ကို တွေ့ရလေတော့သည်။

(ဆက်လက်ဖော်ပြပါမည်)

Zawgyi Version:
ေလေၾကာင္း ႏွင့္ ပင္လယ္ခရီးအၿပီး ဂ်လန္းကြၽန္းခရီး
သုတေက်ာ္ (NP News) - ဩဂုတ္ ၆

သတင္းရင္းျမစ္တစ္ဦးက ဆလုံမ်ားရွိရာ ဂ်လန္းကြၽန္းႏွင့္ပတ္သက္၍ အယ္ဒီတာခ်ဳပ္ထံ သတင္းေပးလာေသာေၾကာင့္ ခရီးထြက္ရန္ အေၾကာင္းဖန္လာသည္။ ယင္းခရီးကား အမွတ္တရမ်ား တစ္နင့္တပိုးေပးေသာ ခရီးျဖစ္၏။
ဂ်လန္းကြၽန္းသည္ ျမန္မာႏိုင္ငံအစြန္း အဖ်ားတြင္ရွိသည္။ ပထမ ဂ်လန္းကြၽန္းဆရာေတာ္က ဆလုံ လူမ်ိဳးမ်ားကို သာသနာျပဳေပးသည္။ လိုအပ္သည္မ်ားကို ေထာက္ပံ့သည္။ သို႔ျဖင့္ ဆလုံတိုင္းရင္း သားမ်ားသည္ ဆရာေတာ္၏ အရိပ္ေအာက္တြင္ ယဥ္ေက်းမႈတိုးတက္လာသည္။ ထို႔ျပင္ ဂ်လန္းကြၽန္း တြင္ သာသနိကအေဆာက္အအုံမ်ား စည္ပင္လာၿပီး ယခုေတာ့ ငါးဖမ္းလုပ္သားမ်ားအတြက္ ခရီးတ ေထာက္ နားခိုရာ ႐ြာငယ္တစ္႐ြာအျဖစ္ စည္ပင္ေနေလၿပီ။ ယင္းခရီးကား စိတ္လႈပ္ရွားဖြယ္ျပည့္ႏွက္ ေနလိမ့္မည္ဟု ေတြးေသာ္လည္း ခရီးရွည္ျဖစ္လိမ့္မည္ဟု မထင္ထားခဲ့မိေပ။
ဂ်လန္းကြၽန္းသို႔ခရီးကား ႏွစ္ဆင့္စီးရမည္။ ရန္ကုန္မွ ေလယာဥ္ျဖင့္ ေကာ့ေသာင္း၊ ထိုမွ တစ္ ဆင့္ ကြၽန္းသို႔ စက္ေလွစီးရမည္ျဖစ္ကာ စက္ ေလွစီးရမည့္အခ်ိန္မွာ အၾကမ္းဖ်င္းအားျဖင့္ ငါးနာရီခန႔္ ၾကာလိမ့္မည္ဟု သိထားသည္။ ေလယာဥ္ကြင္းခ်ိန္က နံနက္ငါးနာရီ၊ ေလယာဥ္ခ်ိန္က ေျခာက္ နာရီျဖစ္ ေလရာ အယ္ဒီတာခ်ဳပ္ႏွင့္ စာေရးသူတို႔ ေစာေစာထြက္လာခဲ့ၾကသည္။
ေလဆိပ္အေရာက္ လက္မွတ္ထုတ္ရန္ အသြားပတ္ဝန္းက်င္ကို အကဲခတ္ၾကည့္ေသာအခါ တာခ်ီ လိတ္ဘက္သို႔သြားမည့္ ခရီးသည္မ်ားစြာကို ျမင္ရသည္။ NP News တြင္ ေဖာ္ျပခဲ့ဖူးသည့္ တာခ်ီလိတ္ကို ျဖတ္သန္းကာ ထိုင္းႏိုင္ငံမွ တစ္ဆင့္ ျပည္ပႏိုင္ငံမ်ားသို႔ အလုပ္လုပ္ရန္ ထြက္ခြာ မည့္သူမ်ားေလာဟု အေတြးနယ္ခ်ဲ႕မိသည္။
သို႔ေသာ္ မ်ားမ်ားစားစားကား မေတြးႏိုင္ပါ။ ကိုယ္တိုင္သြားရမည့္ ခရီးကလည္း ရွိေသာေၾကာင့္ စီးရမည့္ဂိတ္သို႔ ထြက္ခြာလာခဲ့ရာ ယင္းသို႔ေရာက္ၿပီး မၾကာမီ ေလယာဥ္ထြက္ခ်ိန္ ေနာက္က်မည္ ျဖစ္ ေၾကာင္း ေလေၾကာင္းလိုင္းမွ ဝန္ထမ္းက အသံခ်ဲ႕စက္ျဖင့္ အသိေပးၿပီး ေတာင္းပန္သည္။ ေနာက္က် မည့္ အခ်ိန္ကလည္း ေလးနာရီ ၾကာမည္ဟုဆိုေသာအခါ ေျခပစ္လက္ပစ္ျဖစ္သြားေတာ့သည္။
နာရီဝက္၊ တစ္နာရီေနာက္က်လွ်င္လည္း ေျဖသာေသး၏။ ယခုေတာ့ ေလးနာရီပင္ ေနာက္က် မည္ဟုဆိုေသာအခါ ေလေၾကာင္းလိုင္းမွ ႀကိဳတင္သတိေပးခဲ့လွ်င္ ေကာင္းေလစြဟု ေတြးမိသည္။ ျပန္ လည္းထြက္၍မရမည့္အတူ လူရွင္းေသာ ခုံတန္းမ်ားဘက္သို႔သာ ေျခဦးလွည့္ရေတာ့သည္။
အခ်ိန္ကုန္မည့္ နည္းလမ္းမ်ားကို ႀကံဖန္ အႀကံထုတ္သည္။ ထို႔ေနာက္ ဖုန္းထုတ္ၿပီး ေဖ့စ္ ဘြတ္ခ္ ဖြင့္ကာ သတင္းမ်ားဖတ္ရင္း အခ်ိန္ကုန္ရန္ ႀကိဳးစားရေတာ့၏။ သို႔ေသာ္ အခ်ိန္ကုန္ရန္ ႀကိဳးပမ္း မႈကို ယင္းေလေၾကာင္းလိုင္းကပင္ အႏိုင္ယူလိုက္ျပန္သည္။ ေလယာဥ္သည္ ထပ္မံေနာက္က်ေသာ ေၾကာင့္ မြန္းလြဲ (၁၂)နာရီသို႔ ေျပာင္းသြားၿပီျဖစ္ေၾကာင္း ေၾကညာသည္။ ထို႔ေနာက္ နံနက္စာမ်ားေဝေပး သည္။
ယခုကဲ့သို႔ ေလယာဥ္ေနာက္က်ရာတြင္ ခရီးသည္မ်ားဘက္မွ ၾကည့္ပါက ႀကိဳတင္သိခြင့္ရလွ်င္ ေျပာင္းလဲ စီစဥ္ႏိုင္သည္။ ထို႔ျပင္ ခ်ိန္းဆိုထားသည္မ်ား အလြဲအေခ်ာ္ ျဖစ္သည္။ စာေရးသူတို႔ ႏွစ္ဦး ကိုပင္ ၾကည့္ပါ။ ေကာ့ေသာင္းၿမိဳ႕သို႔ေရာက္ပါက ဂ်လန္း ကြၽန္းသို႔သြားရန္ စက္ေလွက အဆင္သင့္ ေစာင့္ေန သည္။ သို႔ေသာ္ အခ်ိန္ကားမ်ားစြာ ဟသြားခဲ့ၿပီ။ ယင္း ေနာက္က်သြားေသာ အခ်ိန္ႏွင့္အတူ အလုပ္လုပ္ရ မည့္ အခ်ိန္မ်ားလည္း ပဲ့ပါသြားခဲ့သည္။ မူလ စီစဥ္ ထားသည္ထက္ကြဲလြဲကာ အခ်ိန္မ်ားစြာ ေနာက္က်ရ ေပေတာ့မည္။ ညေမွာင္မွသာ လိုရာခရီး ေရာက္ေတာ့ မည္ျဖစ္ၿပီး ယင္းမတိုင္မီ အခ်ိန္တို႔ အလဟႆ ျဖစ္ ကုန္ေတာ့သည္။
ေလေၾကာင္းလိုင္းမ်ားဘက္ကလည္း ေလယာဥ္ကို ျပင္ဆင္ၿပီးစီးသည့္အခါ ခ်က္ခ်င္း မပ်ံသန္း ေသးဘဲစမ္းသပ္ကာ လုံၿခဳံမႈ ရွိ၊ မရွိကို ေစာင့္ ရေသးသည္ဟု ေလ့လာမွတ္သားရသည္။ ေလယာဥ္ မ်ားတြင္ တစ္ႏွစ္တစ္ခါနီးပါး ပုံမွန္စစ္ေဆးၿပီး လိုအပ္ ေသာ ပစၥည္းလဲလွယ္မႈလုပ္ရသည့္အခါ အပို ပစၥည္း ဝယ္ရခက္ေသာအေျခအေနလည္းရွိသည္ဟု သိရ ၏။ ပိတ္ဆို႔မႈမ်ားေၾကာင့္ အပိုပစၥည္း တိုက္ ႐ိုက္ဝယ္မရသည့္အခါ ေဈးပိုေပးၿပီး ဝယ္ရျခင္းမ်ား ရွိေန ေၾကာင္းလည္း သိရသည္။ ယင္းကား စာေရး သူ သိသမွ် ေလေၾကာင္းလိုင္းမ်ားဘက္က အခက္အခဲ ျဖစ္သည္။ သို႔ေသာ္ ခရီးသည္မ်ားဘက္တြင္ လည္း ေနာက္က်ေသာေၾကာင့္ အခက္အခဲမ်ားေတြ႕ၾကရ သည့္အတြက္ တစ္စုံတစ္ရာ အေျဖရွာႏိုင္ ေကာင္းလိမ့္မည္ဟု ေမွ်ာ္လင့္ရပါသည္။
ေလဆိပ္တြင္ အီေနေအာင္ေစာင့္ၿပီး ေနာက္ ေန႔လယ္ (၁)နာရီေက်ာ္တြင္ ေလယာဥ္ေပၚ တက္ရ သည္။ စာေရးသူတို႔စီးသည့္ေလယာဥ္တြင္ တစ္စီးလုံးအျပည့္ ခရီးသည္ပါ၏။ ထားဝယ္ေလဆိပ္တြင္ တစ္ခါရပ္သည္။ ယင္းေလဆိပ္တြင္လည္း ဆင္းသူခရီးသည္မ်ားသည္။ ထို႔ျပင္ ထားဝယ္မွ ေကာ့ ေသာင္း ခရီးစဥ္အတြက္ တက္သူခရီးသည္ကလည္း ဆတူနီးပါးမ်ားေၾကာင္း ေတြ႕ျမင္ရသည္။ ကား လမ္း အေျခအေနေၾကာင့္ ေငြေၾကးတတ္ႏိုင္သူမ်ားက ယခုကဲ့သို႔ ေလေၾကာင္းကို ပိုမိုအားထားလာၾက ေၾကာင္း သိရသည္။
ထိုသို႔ ရန္ကုန္မွေကာ့ေသာင္းအထိ ခရီးစဥ္ကို ထားဝယ္တြင္ ေခတၱရပ္တန႔္ကာ တစ္နာရီ မိနစ္ ေလးဆယ္နီးပါး စီးၿပီးသည့္ေနာက္ ေကာ့ေသာင္းၿမိဳ႕သို႔ ေအာင္ျမင္စြာဆိုက္ေရာက္ပါေတာ့သည္။ ေလ ဆိပ္သို႔ မဆင္းမီကပင္ လွပေသာရႈခင္းမ်ားျဖင့္ ေကာ့ေသာင္းၿမိဳ႕ကဆီးႀကိဳသည္။ ေကာ့ေသာင္းၿမိဳ႕ သည္ကား စည္ကားေသာ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္သည့္အျပင္ သန႔္ရွင္း၊ လွပေသာ ၿမိဳ႕တစ္ၿမိဳ႕အျဖစ္လည္း ျမင္ရ သည္။
ေလဆိပ္မွထြက္ကာ ေနာက္က်ေန႔လည္စာကို သုတ္သုတ္စား၍ သေဘၤာဆိပ္သို႔ ဆင္းခဲ့ၾက သည္။ သေဘၤာဆိပ္တြင္ကား ငါးဖမ္းစက္ေလွမ်ား အျပည့္ျဖင့္ ျမင္ရသည္။ စာေရးသူစီးရမည့္ ေလွကား ေဒသအေခၚ ကမ္းနီးကဲ့ေလွျဖစ္ၿပီး ဖမ္းမိသမွ် ငါးမ်ားကို ျပန္လည္သယ္ယူပို႔ေဆာင္ေပးေသာ ေလွ အမ်ိဳးအစား ျဖစ္သည္။ အ႐ြယ္အစားက ေလွလတ္ ဟုဆိုရမည္ျဖစ္ၿပီး ပင္လယ္လႈိင္းကို ေကာင္းစြာ ျဖတ္ေက်ာ္ႏိုင္မည့္ပုံရသည္။
ေလေၾကာင္ ခရီးကား ၿပီးခဲ့ၿပီ။ ထို႔ေနာက္ ေရေၾကာင္းျဖင့္ ခရီးဆက္ရေပဦးမည္။ ေလဆိပ္တြင္ ေနာက္မက်လွ်င္ေတာ့ ယခုထက္ ပိုမိုေစာဖြယ္ရာရွိ သည္။ မတတ္ႏိုင္ၿပီ။ ေကာ့ေသာင္းမွ ညေနပိုင္း ေလးနာရီခြဲခန႔္တြင္ စထြက္သည္။ စာေရးသူတို႔ ခရီး သည္ႏွစ္ဦးမွာ ပဲ့နင္းခန္းတြင္ပင္ ေနရာယူလိုက္ၾက ကာ မၾကာမီ စက္ေလွထြက္ေတာ့၏။ က်န္ခရီးသည္ ကား မရွိပါ။ ယခု စက္ေလွကား စာေရးသူတို႔ကို လည္း ႀကိဳရင္း ဒုတိယ ဂ်လန္ကြၽန္းဆရာေတာ္တည္ထားေတာ္မူေသာ ေစတီေတာ္အတြက္ ေက်ာက္ပို႔ မည့္ ေလွျဖစ္သည္။
ထို႔ေနာက္ စက္ေလွအျပင္ဘက္ထြက္ကာ ဓာတ္ပုံႏွင့္ Video မွတ္တမ္းတင္၏။ ၿမိဳ႕အလွအပ မ်ား ကို ေရျပင္မွ ျမင္ရသည္ကလည္း တစ္မ်ိဳးတစ္ ဘာသာ ဆန္းသည္။ တစ္ဖက္တြင္ ကြၽန္းစုစုမ်ားႏွင့္ တစ္ ဖက္တြင္ ေကာ့ေသာင္းၿမိဳ႕။ ျမန္မာႏိုင္ငံ၏ ေတာင္ ဘက္စြန္းပိုင္း အမွတ္အသားကို ျဖတ္ေက်ာ္ေမာင္း ႏွင္ၿပီးသည့္ေနာက္ စက္ေလွကားကြၽန္းမ်ားရွိရာ ပင္လယ္ျပင္ဆီသို႔ ဦးတည္ခဲ့ၿပီျဖစ္သည္။
နာမည္ေက်ာ္ သူေဌးကြၽန္းကို ျဖတ္သန္း စဥ္ ယင္းေနရာဘက္သို႔ လွမ္းေမွ်ာ္ ၾကည့္လိုက္ေသး သည္။ သူေဌးကြၽန္းကား ၿငိမ္သက္ေနေလသည္။ ေရွ႕တူ႐ူတြင္ကား ပင္လယ္ျပင္ႏွင့္ ကြၽန္းတို႔က ပနံရ ေနသည္။ ျမင္ေလသမွ်တြင္ ေရျပင္ႏွင့္ ယင္းေရျပင္ေပၚတြင္ ကြၽန္းတို႔ ထိုးထြက္ေနပုံက သက္ရွိပန္းခ်ီ ကား ကဲ့သို႔ပင္။ ေလွဦးတြင္ ေရစက္တို႔ လြင့္စဥ္လာသည္ အထိ စာေရးသူ၏စိတ္ထဲတြင္ ေလွ၏ကုန္းပတ္ ေပၚမွ စီးမည္ဟု စိတ္ကူးယဥ္ေကာင္းတုန္း ရွိေသးသည္။ ပင္လယ္လႈိင္းအခ်ိဳ႕ေၾကာင့္ ကုန္းပတ္တြင္ ေရ စက္တို႔ စဥ္စျပဳလာ၏။
မၾကာမီ ေမွာင္စပ်ိဳးလာသည္။ ကြၽန္းမ်ားက နီးလာလိုက္၊ ေဝးလာလိုက္ျဖင့္ ျဖတ္သန္းရင္း ပင္ လယ္ျပင္ မိုးကုပ္စက္ဝိုင္းတြင္ မီးေရာင္မွိန္မွိန္မ်ားကို ေတြ႕ရသည္။ ယင္းမွာ ငါးဖမ္းေလွမ်ားထံမွ ျဖစ္ သည္။ ထို႔ျပင္ မီးထိန္ထိန္ ညီးေနေသာ ေနရာမ်ားကိုလည္း ျမင္ရသည္။ ယင္းမီးလင္းေနေသာ ေနရာ ကား မီးထြန္းေလွ ျဖစ္သည္။ မီးထိန္ထိန္သာေအာင္ ထြန္းကာ ျဖားေယာင္းၿပီး ငါးဖမ္းနည္း တစ္မ်ိဳးျဖစ္ ၿပီး အဆိုပါ ဖမ္းနည္းမ်ိဳးျဖင့္ ငါးႏွင့္ ကင္းမြန္တို႔ကို ဖမ္းသည္။ သို႔ေသာ္ ယခုအခ်ိန္တြင္ ကင္းမြန္ အရ နည္းေနၿပီး ငါးသာဖမ္းမိေနေၾကာင္းလည္း သိရသည္။
ေနကား လုံးလုံးဝင္သြားခဲ့ၿပီ။ ဓာတ္ပုံႏွင့္ ဗီဒြီယိုမွတ္တမ္းတင္ရန္လည္း အလင္းေကာင္းစြာ မရ ေတာ့။ ထို႔ေၾကာင့္ ပဲ့နင္းခန္းအတြင္း ျပန္ဝင္ကာ ပဲ့နင္းႏွင့္ စကားေျပာရင္း ေဒသႏၲရဗဟုသုတမ်ားကို ထပ္မံ ေမးျမန္းရသည္။ ကြၽန္းမ်ားကို လက္ညႇိဳးထိုးရင္း အမည္မ်ားကို ေျပာျပသည္။ ပုလဲ လုပ္ကြက္မ်ား ကိုလည္း မီးေရာင္ေၾကာင့္ ျမင္ခဲ့ရသည္။ ပဲ့နင္းကလည္း ေခသူ မဟုတ္ပါ။ လုပ္သက္ ႏွစ္ (၂၀)ေက်ာ္ ဝါရင့္ ပဲနင္းတစ္ဦးျဖစ္ၿပီး အသက္ (၅၇)ႏွစ္ ရွိသည့္တိုင္၊ မိသားစုအတြက္ ေလာက္ေလာက္လားလား ပိုက္ဆံ ရွာေပးၿပီးသည့္တိုင္ ပင္လယ္ျပင္ကို မစြန႔္ခြာႏိုင္သူ ျဖစ္ေၾကာင္း ေျပာျပသည္။ အလုပ္သေဘာ အရ အိမ္မွာထက္ ပင္လယ္ျပင္တြင္ ပိုအေနမ်ားသူျဖစ္သည္။
စာေရးသူက သတင္းေထာက္ပီပီ ေမးခြန္းမ်ားေမးသည္ကို အ႐ိုးခံစိတ္ျဖင့္ ေျဖရွာသည္။ ထို အခ်ိန္တြင္ ပင္လယ္ျပင္မွ လႈိင္းတအိအိကလည္း ပိုထစျပဳလာ သည္။ စက္ေလွသံႏွင့္ စက္ေလွက လႈိင္းတို႔ကို ထိုးခြဲ သံႏွင့္ စာေရးသူတို႔ႏွစ္ေယာက္အသံမွ တစ္ပါး အျခားအသံ မရွိ။
“ပင္လယ္ထဲမွာ ဒီလိုအခ်ိန္ အဖြဲ႕သားေတြ နားေနတုန္း တစ္ေယာက္တည္းေမာင္းေနရင္ မိသား စုကိုလြမ္းတာမ်ိဳးျဖစ္လား” ဟု စာေရးသူက ေမးရာ ပဲ့နင္းက ေခတၱၿငိမ္သြားသည္။
“လြမ္းတာထက္ စိတ္တိုတာ။ ငါဘာလို႔ ဒီလမ္းကိုေ႐ြးမိလဲ တစ္ခါတေလ ေမာင္းရင္းစိတ္တို တယ္။ ဒါေပမဲ့ အသားက်ေနၿပီပဲ။ ဒီအလုပ္ကို ႀကိဳက္တာကိုး” ဟု ျပန္ေျဖသည္။
ေမးသူပင္ စိတ္မေကာင္း ျဖစ္သြားမိသည္။ စကားလမ္းေၾကာင္းလႊဲရင္း အျခားအေၾကာင္းမ်ားကို ေျပာင္းေျပာရေတာ့သည္။ စကားေကာင္းေနရင္း မိုး႐ြာလာသည္။ ထို႔ေနာက္ မၾကာမီ လႈိင္းလုံးမ်ား၏ အရသာကို ေကာင္းစြာျမည္းစမ္းရေတာ့၏။ စာေရးသူသည္ လႈိင္းမမူးတတ္ပါ။ ပင္လယ္ခရီးကိုလည္း တစ္ပိုင္းတစ္စ ျဖတ္ဖူး၏။ သို႔ေသာ္ ညပိုင္းတြင္ ပင္လယ္ခရီးမသြားဖူး။ ထို႔ျပင္ ပဲ့စင္တြင္ထိုင္ကာ မလိုက္ပါဖူးပါ။ မိုးရာသီျဖစ္၍ လႈိင္းထန္တတ္ျခင္း ျဖစ္သည္ဟု ပဲ့နင္းက ေျပာျပသည္။
လႈိင္းေၾကာင့္ စက္ေလွက ဦးေမာ့လိုက္ ျပန္က်လိုက္ျဖင့္ စက္အားကိုသုံးကာ ပင္လယ္ျပင္ကို အံတုေနသည္။ စာေရးသူ၏ စိတ္အတြင္း Catch me if you Can အမည္ရွိ ႐ုပ္ရွင္ဇာတ္ကားအတြင္းမွ ဇာတ္ ဝင္ခန္းကိုပင္ မဆီမဆိုင္ သတိရသြားေသး သည္။ ေလယာဥ္မႉးအျဖစ္ဟန္ေဆာင္သူ သ႐ုပ္ ေဆာင္ လီယိုနာဒိုကို ေလယာဥ္မႉးအစစ္အထင္ျဖင့္ ထိန္းခ်ဳပ္ခန္းအတြင္း ေခၚသြင္းေသာအခါ လီယိုနာဒို က ေလယာဥ္ထိန္းခ်ဳပ္ခန္းမွ ျပင္ပျမင္ကြင္းေၾကာင့္ ထိတ္လန႔္၊ စိတ္လႈပ္ရွားၿပီး ေအာ့အန္ေသာ ျမင္ကြင္း က မ်က္စိအတြင္း ေပၚလာသည္။ စာေရးသူကလည္း ပဲ့စင္တြင္ထိုင္ကာ ေလွဦးမွာ လႈိင္းေၾကာင့္ တက္ လိုက္၊ က်လိုက္ ျဖစ္ေနသည္ကို ၾကည့္ၿပီး အသဲယား လာမိသည္။ မည္သို႔မွ် မလုပ္တတ္၊ မကိုင္တတ္ဘဲ စိုးရိမ္စိတ္သက္သက္ျဖင့္ ထိုင္ၾကည့္ေနရေသာ ဘဝပင္။
ပဲ့နင္းက ဝါရင့္သူပီပီ ထိတ္လန႔္ဟန္ မျပ။ သို႔ေသာ္ တိတ္ဆိတ္ၿပီး စက္ေလွကို အာ႐ုံစိုက္ ထိန္းေက်ာင္းေမာင္းႏွင္ေနသည္။ ေဆာင္းပါးအစတြင္ ေဖာ္ျပထားသည့္အတိုင္း ပဲ့နင္းၿငိမ္ေနျခင္းကပင္ စာေရးသူအတြက္ ေၾကာက္စိတ္ပိုေစသည္။ ညအ ေမွာင္ကလည္း ေၾကာက္စိတ္ကို မီးထိုးေပးေန၏။ လႈိင္းကို စက္ေလွေခါင္း ဦးတည္ေပးရင္းျဖင့္ ထိုး ခြဲျဖတ္သန္းေသာေၾကာင့္ ထြက္လာေသာ ေရစက္ တို႔မွာ ကုန္းပတ္တစ္ခုလုံး ႐ႊဲ႐ြဲစိုေနေတာ့သည္။ ည အေမွာင္တြင္ လႈိင္းထန္ေသာပင္လယ္ကို ျဖတ္ေက်ာ္ ေနရျခင္းမွာ ရင္ခုန္ဖြယ္ေကာင္းပါဘိျခင္း။ စာေရးသူ ဘဝတြင္ ပထမဆုံးအေတြ႕အႀကဳံပင္ ျဖစ္သည္။
ပဲ့နင္းက အာ႐ုံစိုက္ေနေသာအခါ စာေရး သူလည္း စကားမေျပာျဖစ္ေတာ့။ မ်က္စိက ပဲ့ခန္းမွ ေရဒါကိုၾကည့္ရင္း ယခုအခ်ိန္ တစ္ခုခုျဖစ္ခဲ့ေသာ္ အနီးဆုံးကြၽန္းကို မည္သို႔ေရကူးသြားလွ်င္ လြတ္ႏိုင္ မည္နည္းဟုပင္ ေတြးေနမိေတာ့သည္။
လႈိင္းထန္ေသာအခ်ိန္မွာ တစ္နာရီခြဲ သို႔မဟုတ္ ႏွစ္နာရီခန႔္ၾကာမည္ဟု ထင္သည္။ ထို႔ ေနာက္ လႈိင္းသက္သာလာ၏။ ထိုအခါ အိပ္ခ်င္စိတ္က ႀကီးစိုးလာျပန္သည္။ လူပင္ပန္း စိတ္ပင္ပန္းျဖစ္ခဲ့ရျခင္း အတြက္ အဆင္ေျပၿပီ၊ လႈိင္းတို႔ကို ေက်ာ္ၿပီးၿပီဟု ေတြးသည့္အျပင္ ပဲ့နင္းကလည္း စိတ္ခ်ရသည္ဟု အေတြးဝင္လာေသာအခါ အိပ္ခ်င္စိတ္ကို တားမရ ေတာ့။ ထို႔ေၾကာင့္ ေခတၱမွ်လွဲခ်လိုက္ရာ အိပ္ေပ်ာ္ သြားေတာ့သည္။ ခဏဟုထင္ရေသာ္လည္း တစ္နာရီ ခြဲခန႔္အိပ္ၿပီး ႏိုးေသာအခါ ဂ်လန္းကြၽန္းအနီး ေရာက္ ၿပီဟု ပဲ့နင္းကေျပာျပသည္။ ထိုအခါ ရင္အတြင္း ေပ်ာ္လိုက္သည့္ျဖစ္ျခင္း။ ရွစ္နာရီခန႔္မွ် စက္ ေလွစီးၿပီးသည့္အခါ ဂ်လန္းကြၽန္းေရာက္ေပၿပီ။ ေရအေျခအေနေၾကာင့္ ယခုကဲ့သို႔ ပိုၾကာျခင္းျဖစ္သည္ ဟု ပဲ့နင္းက ေျပာျပသည္။ ဂ်လန္းကြၽန္းအဝင္တြင္ ဦးစြာေတြ႕ရသည္ကား မီးေရာင္ထိန္ထိန္ျမင့္ ထိုင္ ေတာ္မူ ဗုဒၶ႐ုပ္ပြားေတာ္ႀကီးျဖစ္သည္။ ယင္းျမင္ကြင္းကပင္ စိတ္ကို လုံၿခဳံမႈရေစသည္။ မၾကာမီ ဂ်လန္း ကြၽန္း ေလွဆိပ္သို႔ ဆိုက္ကပ္ေလေတာ့၏။
ခရီးလမ္းဆုံးသို႔ေရာက္ေပၿပီ။ သို႔ေသာ္ စင္စစ္အားျဖင့္ ဂ်လန္းကြၽန္းသို႔ခရီးကား ယခုမွပင္ အစ ျဖစ္သည္။ အမွန္တကယ္ ကြၽန္းသို႔ေရာက္ေသာအခါ အဘယ္ေၾကာင့္ ကြၽန္းသို႔သြားေစလိုသည္၊ အဘယ္ အရာမ်ား သိေစခ်င္ေနသည္ကို ေတြ႕ရေလေတာ့သည္။

(ဆက္လက္ေဖာ္ျပပါမည္)

Related news

© 2021. All rights reserved.