အာဆီယံပဋိညာဉ်စာတမ်းပါ ပြည်တွင်းရေးကိုဝင်ရောက်မစွက်ဖက်ရေးမူဖြင့် ပြင်ပပတ်သက်မှုမပါဘဲ ဒေသတွင်းစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းကြရမည်ဟု နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌဆို

 206

သန့်ဇင်(NP News)-ဩဂုတ် ၈

အာဆီယံပဋိညာဉ်စာတမ်းပါ ပြည်တွင်းရေးကိုဝင်ရောက်မစွက်ဖက်ရေးမူဖြင့် ပြင်ပပတ်သက်မှုမပါဘဲ ဒေသတွင်းစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းကြရမည်ဟု နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့(ဩဂုတ်လ ၈ရက်)တွင်ကျရောက်သော (၅၈) နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ပြည်သူများထံ ပေးပို့သည့်သဝဏ်လွှာတွင် ပြောကြားခဲ့ကြောင်း သိရသည်။

အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေး၊ အခြားနိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်ခြင်းမပြုရေး၊ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရေး၊ အုပ်ချုပ်ရေးစနစ် ကောင်းမွန်ရေး၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ပြဋ္ဌာန်းထားသော အာဆီယံပဋိညာဉ် စာတမ်းတွင် မိမိတို့အဖွဲ့ဝင်နိုင်ငံများ၏ စည်းလုံးညီညွတ်မှုသည် အဓိကဖြစ်ပြီး အာဆီယံ၏ မီးရှူးတန်ဆောင်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌကဆိုသည်။


ပထဝီနိုင်ငံရေး အရွေ့အပြောင်းများ၊ စီးပွားရေးတုံ့ဆိုင်းမှုများ၊ ရာသီဥတုဖောက်ပြန်မှုကြောင့် ဖြစ်ပေါ်လာသည့် အကျပ်အတည်း များစ သည့် ဒေသတွင်းနှင့် နိုင်ငံတကာစိန်ခေါ်မှုများ ရှုပ်ထွေးစွာ ဖြစ်ပေါ်လျက်ရှိချိန်တွင် အဖွဲ့ဝင်နိုင်ငံများက စုပေါင်းကာ ရှေ့သို့ချီတက်ရန် လုပ်ငန်းစဉ်များ ရေးဆွဲဖော်ဆောင်ခြင်းအားဖြင့် အာဆီယံအသင်းကြီးသည် ကြံ့ကြံ့ခံကာ လိုက်လျောညီထွေ လှုပ်ရှားဆောင်ရွက် လျက်ရှိကြောင်းလည်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဆိုသည်။

ယနေ့အခါသမယတွင် ပဋိညာဉ်စာတမ်း၏ အခြေခံမူများနှင့် အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံများနှင့် ဆက်ဆံရာတွင် အဓိကကျသော ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်ပါ ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာစောင့် ထိန်းကြရမည်ဟု နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက သဝဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

အာဆီယံပဋိညာဉ်စာတမ်း၏ မူများနှင့် ရည်ရွယ်ချက်များအရ အာဆီယံစည်းလုံးညီညွတ်မှုနှင့် အာဆီယံဗဟိုအချက်အချာကျမှုတို့ကို ဖော်ဆောင်ရန်အတွက် မြန်မာနိုင်ငံသည်လည်း သန္နိဋ္ဌာန်ပြု၍ မြဲမြံစွာရပ်တည်လျက်ရှိကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌက ဆိုသည်။

မိမိတို့အဖွဲ့ဝင်နိုင်ငံများအကြား မတူကွဲပြားသည့် နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် စီးပွားရေးအနေအထားများ မည်သို့ပင်ရှိစေကာမူ မိမိတို့ အဖွဲ့ဝင်နိုင်ငံများက တစ်နိုင်ငံ၏ အချုပ်အခြာအာဏာတည်တံ့မှုကို အခြားနိုင်ငံက လေးစားလျက် အတူတကွ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်မှုအပေါ်တွင် အာဆီယံ၏စွမ်းအားသည် တည်ရှိလျက်ရှိကြောင်းလည်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဆိုသည်။

အာဆီယံပဋိညာဉ်စာတမ်းတွင် ပြဋ္ဌာန်းထားသော အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူဖြင့် မိမိတို့သည် ပြင်ပမှ ပတ်သက်မှုမပါရှိဘဲ မိမိတို့၏ တူညီဆန္ဒဖြင့် ဆုံးဖြတ်လုပ်ကိုင်သည့် ဂုဏ်သိက္ခာသမာဓိကို ထိန်းသိမ်းကာ ဒေသတွင်းစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းကြရမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ထည့်သွင်း ပြောကြားခဲ့သည်။

Zawgyi Version:
အာဆီယံပဋိညာဥ္စာတမ္းပါ ျပည္တြင္းေရးကိုဝင္ေရာက္မစြက္ဖက္ေရးမူျဖင့္ ျပင္ပပတ္သက္မႈမပါဘဲ ေဒသတြင္းစိန္ေခၚမႈမ်ားကို ကိုင္တြယ္ေျဖရွင္းၾကရမည္ဟု ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ဆို
သန႔္ဇင္(NP News)-ဩဂုတ္ ၈

အာဆီယံပဋိညာဥ္စာတမ္းပါ ျပည္တြင္းေရးကိုဝင္ေရာက္မစြက္ဖက္ေရးမူျဖင့္ ျပင္ပပတ္သက္မႈမပါဘဲ ေဒသတြင္းစိန္ေခၚမႈမ်ားကို ကိုင္တြယ္ေျဖရွင္းၾကရမည္ဟု ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ယေန႔(ဩဂုတ္လ ၈ရက္)တြင္က်ေရာက္ေသာ (၅၈) ႏွစ္ေျမာက္ အာဆီယံႏွစ္ပတ္လည္ေန႔အထိမ္းအမွတ္အျဖစ္ ျပည္သူမ်ားထံ ေပးပို႔သည့္သဝဏ္လႊာတြင္ ေျပာၾကားခဲ့ေၾကာင္း သိရသည္။

အခ်ဳပ္အျခာအာဏာႏွင့္ နယ္ေျမတည္တံ့ခိုင္ၿမဲေရး၊ အျခားႏိုင္ငံ၏ ျပည္တြင္းေရးကို စြက္ဖက္ျခင္းမျပဳေရး၊ အျငင္းပြားမႈမ်ားကို ၿငိမ္းခ်မ္းစြာ ေျဖရွင္းေရး၊ အုပ္ခ်ဳပ္ေရးစနစ္ ေကာင္းမြန္ေရး၊ ႏိုင္ငံစုံ ပူးေပါင္းေဆာင္႐ြက္ေရးတို႔ကို ျပ႒ာန္းထားေသာ အာဆီယံပဋိညာဥ္ စာတမ္းတြင္ မိမိတို႔အဖြဲ႕ဝင္ႏိုင္ငံမ်ား၏ စည္းလုံးညီၫြတ္မႈသည္ အဓိကျဖစ္ၿပီး အာဆီယံ၏ မီးရႉးတန္ေဆာင္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ကဆိုသည္။


ပထဝီႏိုင္ငံေရး အေ႐ြ႕အေျပာင္းမ်ား၊ စီးပြားေရးတုံ႔ဆိုင္းမႈမ်ား၊ ရာသီဥတုေဖာက္ျပန္မႈေၾကာင့္ ျဖစ္ေပၚလာသည့္ အက်ပ္အတည္း မ်ားစ သည့္ ေဒသတြင္းႏွင့္ ႏိုင္ငံတကာစိန္ေခၚမႈမ်ား ရႈပ္ေထြးစြာ ျဖစ္ေပၚလ်က္ရွိခ်ိန္တြင္ အဖြဲ႕ဝင္ႏိုင္ငံမ်ားက စုေပါင္းကာ ေရွ႕သို႔ခ်ီတက္ရန္ လုပ္ငန္းစဥ္မ်ား ေရးဆြဲေဖာ္ေဆာင္ျခင္းအားျဖင့္ အာဆီယံအသင္းႀကီးသည္ ႀကံ့ႀကံ့ခံကာ လိုက္ေလ်ာညီေထြ လႈပ္ရွားေဆာင္႐ြက္ လ်က္ရွိေၾကာင္းလည္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒က ဆိုသည္။

ယေန႔အခါသမယတြင္ ပဋိညာဥ္စာတမ္း၏ အေျခခံမူမ်ားႏွင့္ အာဆီယံ၏ ေဆြးေႏြးဖက္ႏိုင္ငံမ်ားႏွင့္ ဆက္ဆံရာတြင္ အဓိကက်ေသာ ခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ ပူးေပါင္းေဆာင္႐ြက္ေရး သေဘာတူ စာခ်ဳပ္ပါ ျပ႒ာန္းခ်က္မ်ားကို ေလးစားလိုက္နာေစာင့္ ထိန္းၾကရမည္ဟု ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒က သဝဏ္လႊာတြင္ ထည့္သြင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။

အာဆီယံပဋိညာဥ္စာတမ္း၏ မူမ်ားႏွင့္ ရည္႐ြယ္ခ်က္မ်ားအရ အာဆီယံစည္းလုံးညီၫြတ္မႈႏွင့္ အာဆီယံဗဟိုအခ်က္အခ်ာက်မႈတို႔ကို ေဖာ္ေဆာင္ရန္အတြက္ ျမန္မာႏိုင္ငံသည္လည္း သႏၷိ႒ာန္ျပဳ၍ ၿမဲၿမံစြာရပ္တည္လ်က္ရွိေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္း သာယာေရးေကာ္မရွင္ဥကၠ႒က ဆိုသည္။

မိမိတို႔အဖြဲ႕ဝင္ႏိုင္ငံမ်ားအၾကား မတူကြဲျပားသည့္ ႏိုင္ငံေရး၊ ယဥ္ေက်းမႈႏွင့္ စီးပြားေရးအေနအထားမ်ား မည္သို႔ပင္ရွိေစကာမူ မိမိတို႔ အဖြဲ႕ဝင္ႏိုင္ငံမ်ားက တစ္ႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာတည္တံ့မႈကို အျခားႏိုင္ငံက ေလးစားလ်က္ အတူတကြ စည္းလုံးညီၫြတ္စြာ ပူးေပါင္းေဆာင္႐ြက္ႏိုင္မႈအေပၚတြင္ အာဆီယံ၏စြမ္းအားသည္ တည္ရွိလ်က္ရွိေၾကာင္းလည္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒က ဆိုသည္။

အာဆီယံပဋိညာဥ္စာတမ္းတြင္ ျပ႒ာန္းထားေသာ အျခားႏိုင္ငံ၏ ျပည္တြင္းေရးကို ဝင္ေရာက္မစြက္ဖက္ေရးမူျဖင့္ မိမိတို႔သည္ ျပင္ပမွ ပတ္သက္မႈမပါရွိဘဲ မိမိတို႔၏ တူညီဆႏၵျဖင့္ ဆုံးျဖတ္လုပ္ကိုင္သည့္ ဂုဏ္သိကၡာသမာဓိကို ထိန္းသိမ္းကာ ေဒသတြင္းစိန္ေခၚမႈမ်ားကို ကိုင္တြယ္ေျဖရွင္းၾကရမည္ျဖစ္ေၾကာင္းလည္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒က ထည့္သြင္း ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.