လောင်းကစားနှင့် တရားမဝင်ကြော်ငြာများ လုံးဝမရိုက်ကူးရန် ရုပ်ရှင်လောကသားများကို သတိပေး

351
ချယ်ရီ (NP News)- ဩဂုတ် ၈
ရုပ်ရှင်လောကသားများအနေဖြင့် ဥပဒေနှင့်မညီသည့် လောင်းကစားကြော်ငြာနှင့် တရားမဝင်စီးပွားရေး ကြော်ငြာများကို လုံးဝရိုက်ကူးခြင်းမပြုလုပ်ရန် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ယနေ့(ဩဂုတ်လ ၈ ရက်)တွင် ထုတ်ပြန်ထားသည်။
အချို့သော ရုပ်ရုပ် သရုပ်ဆောင်များ အနေဖြင့် လောင်ကစားကြော်ငြာများကို လက်ခံ ရိုက်ကူးမှုများ တွေ့မြင်ခဲ့ရပြီးနောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ သတိပေးစာ ထွက်လာခြင်း ဖြစ်သည်။
ယခု အသိပေးချက်ကို ရုပ်ရှင်လောကသားများကလည်း ပြန်လည် မျှဝေမှုများ ပြုလုပ်နေကြောင်း တွေ့မြင်ရသည်။
အချို့သော ရုပ်ရှင်လောကသားများသည် ဥပဒေနှင့်မညီသည့် အထက်ပါကြော်ငြာများကို (သိ၍သော်လည်းကောင်း၊ မသိ၍ သော်လည်းကောင်း) ရိုက်ကူးနေကြသည်ကို လူမှုကွန်ယက်များတွင် တွေ့ရှိနေရပြီး ထိုသို့ ရိုက်ကူးနေခြင်းသည် ဥပဒေနှင့် ငြိစွန်းနေသည့်အတွက် အရေးယူခံရနိုင်သောကြောင့် လုံးဝရိုက်ကူးခြင်းမပြုကြရန် ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။
Zawgyi Version:
ချယ်ရီ (NP News)- ဩဂုတ် ၈