ထိုင်းရောက်မြန်မာအလုပ်သမားများအတွက် CI များ ဆက်လက်ထုတ်ပေးလျက်ရှိ

 228

သက်ပိုင် (NP News) - ဩဂုတ် ၉

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာအလုပ်သမားအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity - CI )များအား ဆက်လက် ထုတ်ပေးလျက်ရှိကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံ၌ ရှိသော မြန်မာအလုပ်သမားများကို ထိုင်းနိုင်ငံ၏ အလုပ်သမားဥပဒေပါ ခံစားခွင့်များရရှိနိုင်စေရေး၊ အလုပ်လုပ်ကိုင်ခွင့်သက်တမ်းအပြည့်အဝရရှိစေရေး နှင့် အလုပ်သမားရေးရာကိစ္စရပ်များ ဖြစ်ပေါ်လာသည့်အချိန် လွယ်ကူလျင်မြန်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် ယခုကဲ့သို့ လုပ်ဆောင်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
(Certificate of Identity- CI )ထုတ်ပေးရေးလုပ်ငန်းစဉ်များကို ဩဂုတ် ၆ ရက်မှစတင်၍ ထိုင်းနိုင်ငံ စမု စခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီ နှင့် ချင်းမိုင်တို့တွင် စခန်းလေးခု ဖွင့်လှစ်ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့အပြင် (Certificate of Identity- CI) ထုတ်ပေးရေးလုပ်ငန်းစဉ်များကို ထိုင်းစံတော်ချိန် နေ့စဉ်နံနက် ၈ နာရီမှ ညနေ ၄ နာရီ ၃ဝ မိနစ်အထိ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အပတ်စဉ် တနင်္လာနေ့နှင့် မြန်မာသံရုံး (ဘန်ကောက်မြို့)မှ သတ်မှတ်ထားသော ရုံးပိတ်ရက်များကို နားရက်အဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံသို့ မြန်မာလုပ်သားစေလွှတ်ခြင်း ကို တရားဝင်ခွင့်ပြုထားသော်လည်း တာချီလိတ်နယ် စပ်ဂိတ်အပါအဝင် နယ်စပ်မှ တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်မှုများလည်းရှိနေပြီး လက်ရှိတွင် ထိုင်းနိုင်ငံသို့ MOU ဖြင့် တရားဝင်သွားရောက်လုပ် ကိုင်သည့် မြန်မာလုပ်သား (၅) သိန်းကျော်၊ (CT) ဖြင့် နေထိုင်သည့် မြန်မာလုပ်သား (၁) သန်းကျာ်ရှိနေကြောင်း သိရသည်။

Zawgyi Version:
ထိုင္းေရာက္ျမန္မာအလုပ္သမားမ်ားအတြက္ CI မ်ား ဆက္လက္ထုတ္ေပးလ်က္ရွိ
သက္ပိုင္ (NP News) - ဩဂုတ္ ၉
ထိုင္းႏိုင္ငံသို႔ ေရာက္ရွိေနသည့္ ျမန္မာအလုပ္သမားအတြက္ မည္သူမည္ဝါျဖစ္ေၾကာင္း သက္ေသခံလက္မွတ္ (Certificate of Identity - CI )မ်ားအား ဆက္လက္ ထုတ္ေပးလ်က္ရွိေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
ျမန္မာႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံအလုပ္သမားဝန္ႀကီးဌာနတို႔ ပူးေပါင္းေဆာင္႐ြက္မႈျဖင့္ ထိုင္းႏိုင္ငံ၌ ရွိေသာ ျမန္မာအလုပ္သမားမ်ားကို ထိုင္းႏိုင္ငံ၏ အလုပ္သမားဥပေဒပါ ခံစားခြင့္မ်ားရရွိႏိုင္ေစေရး၊ အလုပ္လုပ္ကိုင္ခြင့္သက္တမ္းအျပည့္အဝရရွိေစေရး ႏွင့္ အလုပ္သမားေရးရာကိစၥရပ္မ်ား ျဖစ္ေပၚလာသည့္အခ်ိန္ လြယ္ကူလ်င္ျမန္စြာ ေျဖရွင္းေဆာင္႐ြက္ေပးႏိုင္ေရးအတြက္ ယခုကဲ့သို႔ လုပ္ေဆာင္ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။
(Certificate of Identity- CI )ထုတ္ေပးေရးလုပ္ငန္းစဥ္မ်ားကို ဩဂုတ္ ၆ ရက္မွစတင္၍ ထိုင္းႏိုင္ငံ စမု စခြန္၊ စမုပရာကန္၊ ဆူရတ္ဌာနီ ႏွင့္ ခ်င္းမိုင္တို႔တြင္ စခန္းေလးခု ဖြင့္လွစ္ကာ ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။
ထို႔အျပင္ (Certificate of Identity- CI) ထုတ္ေပးေရးလုပ္ငန္းစဥ္မ်ားကို ထိုင္းစံေတာ္ခ်ိန္ ေန႔စဥ္နံနက္ ၈ နာရီမွ ညေန ၄ နာရီ ၃ဝ မိနစ္အထိ ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္းႏွင့္ အပတ္စဥ္ တနလၤာေန႔ႏွင့္ ျမန္မာသံ႐ုံး (ဘန္ေကာက္ၿမိဳ႕)မွ သတ္မွတ္ထားေသာ ႐ုံးပိတ္ရက္မ်ားကို နားရက္အျဖစ္ သတ္မွတ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထိုင္းႏိုင္ငံသို႔ ျမန္မာလုပ္သားေစလႊတ္ျခင္း ကို တရားဝင္ခြင့္ျပဳထားေသာ္လည္း တာခ်ီလိတ္နယ္ စပ္ဂိတ္အပါအဝင္ နယ္စပ္မွ တရားမဝင္သြားေရာက္ အလုပ္လုပ္ကိုင္မႈမ်ားလည္းရွိေနၿပီး လက္ရွိတြင္ ထိုင္းႏိုင္ငံသို႔ MOU ျဖင့္ တရားဝင္သြားေရာက္လုပ္ ကိုင္သည့္ ျမန္မာလုပ္သား (၅) သိန္းေက်ာ္၊ (CT) ျဖင့္ ေနထိုင္သည့္ ျမန္မာလုပ္သား (၁) သန္းက်ာ္ရွိေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.