ဗင်နီဇွဲလားသမ္မတ မာဒူရိုကိုဖမ်းဆီးပေးနိုင်လျှင် ဒေါ်လာသန်း(၅၀)ချီးမြှင့်မည်ဟု အမေရိကန်ထုတ်ပြန်

 339

Pika (NP News) - သြဂုတ် ၉

အမေရိကန်အစိုးရသည် ဗင်နီဇွဲလားသမ္မတဖြစ်သူ နီကိုလပ်မာဒူရိုကို ဖမ်းဝရမ်းထုတ်ပြန်လိုက်ပြီး ၎င်းကို ဖမ်းဆီး ပေးနိုင်သူကို အမေရိကန်ဒေါ်လာ သန်း(၅၀)ဆုချီးမြှင့်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။ အမေရိကန် အစိုးရက မာဒူရိုသည် ကမ္ဘာတစ်ဝန်းရှိမူးယစ်ရာဇာများထဲတွင် အဓိကအရေးကြီးဆုံး မူးယစ်ရာဇာတစ်ဦးဖြစ် ကြောင်း စွပ်စွဲထားသည်။
အမေရိကန်နိုင်ငံတွင် ဒေါ်နယ်ထရမ့်သမ္မတအဖြစ် ပြန်လည်ရွေးချယ်ခံရပြီးနောက် ဗင်နီဇွဲလားသမ္မတကို မကြာခဏဝေဖန်ပြစ်တင်ခဲ့ပြီး ဗင်နီဇွဲလားနိုင်ငံတွင်ပြုလုပ်ခဲ့သည့်ရွေးကောက်ပွဲရလဒ်များနှင့်ပတ်သက်ပြီး ဝေဖန်ပြစ်တင်ခဲ့သည်။ ထို့ပြင် နိုင်ငံတကာအဖွဲ့စည်းများကလည်း ရွေးကောက်ပွဲတွင် မာဒူရို အနိုင်ရသည်ဆိုသော ရွေးကောက်ပွဲရလဒ်ကို ငြင်း ဆန်ပယ်ချထားကြောင်းသိရသည်။
အမေရိကန်အစိုးရအဖွဲ့ရှေနေချုပ်ဖြစ်သူ ပန်ဘွန်ဒီက အမေရိကန်အစိုးရသည် မာဒူရိုကို ဖမ်း ဆီးပေးနိုင်သူကို ချီးမြှင့်မည့်ဆုကြေးကို အမေရိကန်ဒေါ်လာ(၂၅)သန်းမှ ဒေါ်လာသန်း(၅၀)အထိ နှစ်ဆတိုးမြှင့်လိုက်ကြောင်း၊ မာဒူရို သည် မူးယစ်ဆေးဝါးမှောင်ခိုမှုများနှင့်ပတ်သက်ပြီး တိုက်ရိုက်ပတ်သက်နေသူဖြစ်ကြောင်း ပြောသည်။ ဗင်နီဇွဲလားနိုင်ငံခြားရေးဝန်ကြီးက မာဒူရိုကို ဆုကြေးငွေအသစ်ထုတ်ပြန်သည့် အမေရိကန်အစိုးရ၏လုပ်ရပ်က သနားစရာကောင်းသကဲ့သို့ နိုင်ငံရေးဝါဒဖြန့်မှုသက်သက်သာဖြစ်ကြောင်း တုံ့ပြန်ထားသည်။
ဒေါ်နယ်ထရမ့်သည် အမေရိကန်သမ္မတအဖြစ် ပထမအကြိမ်တာဝန်ယူချိန်တုန်းကလည်း မာဒူရိုနှင့်ဗင်နီဇွဲလား အစိုးရအဖွဲ့တာဝန်ရှိသူများကို မူးယစ်ဆေးဝါးမှောင်ခိုကျူးလွန်နေသူ၊ လူကုန်ကူးမှုများအပြင် အကြမ်းဖက်မှု များကို ကျူးလွန် နေသူအဖြစ် စွပ်စွဲပြောဆိုခဲ့ဖူးသည်။
လက်ရှိအချိန်တွင် အမေရိကန်တရားရေးဌာနက မာဒူရိုသည် ကိုလံဘီယာလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ဖားစ် လက်နက်အဖွဲ့နှင့်ပူးပေါင်းပြီး အမေရိကန်နိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါးများနှင့်ကိုကင်းများကို ပိုမို တင်ဆောင်နိုင်ရန်ကြိုးပမ်းနေပြီး မူးယစ် ဆေးဝါးများကို လက်နက်အဖြစ်အသုံးချနေကြောင်း စွပ်စွဲထားသည်။ အမေရိကန်ရှေ့နေချုပ်ကလည်း မာဒူရိုသည် ဗင်နီဇွဲလားဂိုဏ်းတစ်ဂိုဏ်းဖြစ်သည့် Tren de Aragua နှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း စွပ်စွဲထားသည်။ အမေရိကန်အစိုးရသည် Trende Ara­gua ဂိုဏ်းအပြင် မက္ကဆီကို အခြေစိုက် Sinaloa Cartel ကိုလည်း အကြမ်းဖက်ဂိုဏ်းများအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ မာဒူရို ကတော့ ၎င်းအပေါ် အမေရိကန်အစိုးရ၏ စွပ်စွဲချက်အားလုံးကို ငြင်းဆန်ပယ်ချထားကြောင်းသိရသည်။ မာဒူရိုသည် ယူနိုက်တက်ဆိုရှယ်လစ်ပါတီ၏ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး (၂၀၁၃)ခုနှစ်တွင် ဗင်နီဇွဲလားသမ္မတ ဟောင်း ဟူဂိုချားဗက်စ်၏နေရာကိုဆက်ခံခဲ့ပြီး ဗင်နီဇွဲလားနိုင်ငံ အတွင်းရှိ အတိုက်အခံများကိုဖိနှိပ်သည့် အကြမ်းဖက်မှုများ လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲခံခဲ့ရသည်။ ၎င်းသည် ပြီးခဲ့သည့် နှစ်ကကျင်းပသော ရွေးကောက်ပွဲတွင်လည်း ပြိုင်ဘက်များကို ဖိနှိပ်အနိုင်ကျင့်ခဲ့ကြောင်း စွပ်စွဲဝေဖန်ခံရသော်လည်း ရွေးကောက်ပွဲ ကို ထပ်မံအနိုင်ရခဲ့ကြောင်းကြေညာခဲ့သည်။

Zawgyi Version:
ဗင္နီဇြဲလားသမၼတ မာဒူ႐ိုကိုဖမ္းဆီးေပးႏိုင္လွ်င္ ေဒၚလာသန္း(၅၀)ခ်ီးျမႇင့္မည္ဟု အေမရိကန္ထုတ္ျပန္
Pika (NP News) - ၾသဂုတ္ ၉
အေမရိကန္အစိုးရသည္ ဗင္နီဇြဲလားသမၼတျဖစ္သူ နီကိုလပ္မာဒူ႐ိုကို ဖမ္းဝရမ္းထုတ္ျပန္လိုက္ၿပီး ၎ကို ဖမ္းဆီး ေပးႏိုင္သူကို အေမရိကန္ေဒၚလာ သန္း(၅၀)ဆုခ်ီးျမႇင့္မည္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္လိုက္သည္။ အေမရိကန္ အစိုးရက မာဒူ႐ိုသည္ ကမာၻတစ္ဝန္းရွိမူးယစ္ရာဇာမ်ားထဲတြင္ အဓိကအေရးႀကီးဆုံး မူးယစ္ရာဇာတစ္ဦးျဖစ္ ေၾကာင္း စြပ္စြဲထားသည္။
အေမရိကန္ႏိုင္ငံတြင္ ေဒၚနယ္ထရမ့္သမၼတအျဖစ္ ျပန္လည္ေ႐ြးခ်ယ္ခံရၿပီးေနာက္ ဗင္နီဇြဲလားသမၼတကို မၾကာခဏေဝဖန္ျပစ္တင္ခဲ့ၿပီး ဗင္နီဇြဲလားႏိုင္ငံတြင္ျပဳလုပ္ခဲ့သည့္ေ႐ြးေကာက္ပြဲရလဒ္မ်ားႏွင့္ပတ္သက္ၿပီး ေဝဖန္ျပစ္တင္ခဲ့သည္။ ထို႔ျပင္ ႏိုင္ငံတကာအဖြဲ႕စည္းမ်ားကလည္း ေ႐ြးေကာက္ပြဲတြင္ မာဒူ႐ို အႏိုင္ရသည္ဆိုေသာ ေ႐ြးေကာက္ပြဲရလဒ္ကို ျငင္း ဆန္ပယ္ခ်ထားေၾကာင္းသိရသည္။
အေမရိကန္အစိုးရအဖြဲ႕ေရွေနခ်ဳပ္ျဖစ္သူ ပန္ဘြန္ဒီက အေမရိကန္အစိုးရသည္ မာဒူ႐ိုကို ဖမ္း ဆီးေပးႏိုင္သူကို ခ်ီးျမႇင့္မည့္ဆုေၾကးကို အေမရိကန္ေဒၚလာ(၂၅)သန္းမွ ေဒၚလာသန္း(၅၀)အထိ ႏွစ္ဆတိုးျမႇင့္လိုက္ေၾကာင္း၊ မာဒူ႐ို သည္ မူးယစ္ေဆးဝါးေမွာင္ခိုမႈမ်ားႏွင့္ပတ္သက္ၿပီး တိုက္႐ိုက္ပတ္သက္ေနသူျဖစ္ေၾကာင္း ေျပာသည္။ ဗင္နီဇြဲလားႏိုင္ငံျခားေရးဝန္ႀကီးက မာဒူ႐ိုကို ဆုေၾကးေငြအသစ္ထုတ္ျပန္သည့္ အေမရိကန္အစိုးရ၏လုပ္ရပ္က သနားစရာေကာင္းသကဲ့သို႔ ႏိုင္ငံေရးဝါဒျဖန႔္မႈသက္သက္သာျဖစ္ေၾကာင္း တုံ႔ျပန္ထားသည္။
ေဒၚနယ္ထရမ့္သည္ အေမရိကန္သမၼတအျဖစ္ ပထမအႀကိမ္တာဝန္ယူခ်ိန္တုန္းကလည္း မာဒူ႐ိုႏွင့္ဗင္နီဇြဲလား အစိုးရအဖြဲ႕တာဝန္ရွိသူမ်ားကို မူးယစ္ေဆးဝါးေမွာင္ခိုက်ဴးလြန္ေနသူ၊ လူကုန္ကူးမႈမ်ားအျပင္ အၾကမ္းဖက္မႈ မ်ားကို က်ဴးလြန္ ေနသူအျဖစ္ စြပ္စြဲေျပာဆိုခဲ့ဖူးသည္။
လက္ရွိအခ်ိန္တြင္ အေမရိကန္တရားေရးဌာနက မာဒူ႐ိုသည္ ကိုလံဘီယာလက္နက္ကိုင္အဖြဲ႕ျဖစ္သည့္ ဖားစ္ လက္နက္အဖြဲ႕ႏွင့္ပူးေပါင္းၿပီး အေမရိကန္ႏိုင္ငံအတြင္းသို႔ မူးယစ္ေဆးဝါးမ်ားႏွင့္ကိုကင္းမ်ားကို ပိုမို တင္ေဆာင္ႏိုင္ရန္ႀကိဳးပမ္းေနၿပီး မူးယစ္ ေဆးဝါးမ်ားကို လက္နက္အျဖစ္အသုံးခ်ေနေၾကာင္း စြပ္စြဲထားသည္။ အေမရိကန္ေရွ႕ေနခ်ဳပ္ကလည္း မာဒူ႐ိုသည္ ဗင္နီဇြဲလားဂိုဏ္းတစ္ဂိုဏ္းျဖစ္သည့္ Tren de Aragua ႏွင့္ ပူးေပါင္း ေဆာင္႐ြက္ေနေၾကာင္း စြပ္စြဲထားသည္။ အေမရိကန္အစိုးရသည္ Trende Ara­gua ဂိုဏ္းအျပင္ မကၠဆီကို အေျခစိုက္ Sinaloa Cartel ကိုလည္း အၾကမ္းဖက္ဂိုဏ္းမ်ားအျဖစ္ သတ္မွတ္ထားေၾကာင္း သိရသည္။ မာဒူ႐ို ကေတာ့ ၎အေပၚ အေမရိကန္အစိုးရ၏ စြပ္စြဲခ်က္အားလုံးကို ျငင္းဆန္ပယ္ခ်ထားေၾကာင္းသိရသည္။ မာဒူ႐ိုသည္ ယူႏိုက္တက္ဆိုရွယ္လစ္ပါတီ၏ ေခါင္းေဆာင္တစ္ဦးျဖစ္ၿပီး (၂၀၁၃)ခုႏွစ္တြင္ ဗင္နီဇြဲလားသမၼတ ေဟာင္း ဟူဂိုခ်ားဗက္စ္၏ေနရာကိုဆက္ခံခဲ့ၿပီး ဗင္နီဇြဲလားႏိုင္ငံ အတြင္းရွိ အတိုက္အခံမ်ားကိုဖိႏွိပ္သည့္ အၾကမ္းဖက္မႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း စြပ္စြဲခံခဲ့ရသည္။ ၎သည္ ၿပီးခဲ့သည့္ ႏွစ္ကက်င္းပေသာ ေ႐ြးေကာက္ပြဲတြင္လည္း ၿပိဳင္ဘက္မ်ားကို ဖိႏွိပ္အႏိုင္က်င့္ခဲ့ေၾကာင္း စြပ္စြဲေဝဖန္ခံရေသာ္လည္း ေ႐ြးေကာက္ပြဲ ကို ထပ္မံအႏိုင္ရခဲ့ေၾကာင္းေၾကညာခဲ့သည္။

Picture

Marix Naw

09/08/2025 18:30

သူများနိုင်ငံရဲ့ ရွေးကောက်ပွဲကို မဝေဖန်ရဘူးဆို သူတို့ပဲ ထုတ်ပြန်ထားပြီီးတော့ 😂

Related news

© 2021. All rights reserved.