ဂျပန်ဘာသာစကား အရည်အချင်းစစ်စာမေးပွဲတွင် N3, N4 Level များ မြို့နယ်ရွေးချယ်ဖြေဆိုနိုင်မည်

379

NP News - ဩဂုတ် ၉
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၇ ရက်တွင် ကျင်းပပြုလုပ်မည့် ဂျပန်ဘာသာအရည်အချင်းစစ် စာမေးပွဲ(JLPT)ကို တစ်ဦးချင်းအနေဖြင့် ဖြေဆိုလိုသူများ လျှောက်လွှာလျှောက်ထားရာတွင် ယခုနှစ်မှစတင်၍ ရန်ကုန်စာဖြေဌာန၏ N3, N4 Level များနှင့် မန္တလေးစာဖြေဌာန၏ N4 Level များအတွက် မိမိဖြေဆိုလို သောမြို့နယ်အား ရွေးချယ် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) မှ ထုတ်ပြန်ထားသည်။
N1, N2 နှင့် N5 Level များအနေဖြင့် စာဖြေဌာနမှာ မြို့နယ်တစ်ခုတည်းတွင်သာ စုစည်း ကျင်းပမည်ဖြစ်သဖြင့် ရွေးချယ်ရန် မလိုအပ်ကြောင်းလည်း ဖော်ပြထားပါတယ်။
ရွေးချယ်ခွင့်ရ Level အလိုက် စာမေးပွဲကျင်းပရန် လျာထားသည့် မြို့နယ်များ ရွေးချယ်လျှောက်ထားနိုင်ရန် အတွက်ကိုလည်း သတ်မှတ်ရက်များအတိုင်း စာမေးပွဲခုံနေရာများကို ချထားပေးသွားမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းတွင် N3 Level ဖြေဆိုရန် လှိုင်မြို့နယ်နှင့် ကမာရွတ်မြို့နယ်တို့အတွက် ဩဂုတ်လ ၈ ရက်တွင် လည်းကောင်း၊ အရှေ့ဒဂုံမြို့နယ်အတွက် ဩဂုတ် ၈ ရက်နှင့် ၁၁ ရက်တို့တွင်လည်းကောင်း၊ သန်လျင်မြို့နယ် အတွက် ဩဂုတ် ၁၁ နှင့် ၁၂ ရက်တို့တွင်လည်းကောင်း တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ရန်ကုန်တိုင်းတွင် N4 Level ဖြေဆိုမည့်သူများအနေဖြင့် ဗိုလ်တစ်ထောင်၊ လသာ၊ ဗဟန်းနှင့် ရန်ကင်းမြို့ နယ်တို့အတွက် ဩဂုတ် ၁၂ ရက်တွင်လည်းကောင်း၊ လှိုင်၊ အင်းစိန် နှင့် ကမာရွတ်မြို့နယ်တို့အတွက် ဩဂုတ် ၁၂ နှင့် ၁၃ ရက်တို့တွင်လည်းကောင်း ၊ ထန်းတပင်နှင့် ရွှေပြည်သာမြို့နယ်တို့အတွက် ဩဂုတ် ၁၃ နှင့် ၁၄ ရက်တို့တွင် လည်းကောင်း၊ သန်လျင်၊ တောင်ဒဂုံနှင့် တောင်ဥက္ကလာပမြို့နယ်တို့အတွက် ဩဂုတ်၁၄ ရက်တွင် လည်းကောင်း တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးတွင် N4 Level ဖြေဆိုမည့်သူများအနေဖြင့်လည်း အမရပူရ၊ ပုသိမ်ကြီး၊ အောင်မြေသာစံ၊ ချမ်းအေးသာစံနှင့် ချမ်းမြသာစည်မြို့နယ်များအတွက် ဩဂုတ် ၁၂၊ ၁၃ နှင့် ၁၄ ရက်တို့တွင် တင်သွင်းရမည်ဖြစ် ကြောင်းသိရသည်။
မြို့နယ်များအလိုက် ခုံအရေအတွက် ကန့်သတ်ချက်ရှိသောကြောင့် မိမိဖြေဆိုလိုသည့် မြို့နယ်ရှိ ခုံနေရာ မကျန်ရှိပါက ရွေးချယ်၍ရရှိမည်မဟုတ်ကြောင်းကိုလည်း သတိပြုရန်လိုအပ်ပြီး သင်တန်းကျောင်းများအတွက်ကိုလည်း နေရာချထားရာတွင် သင်တန်းကျောင်း တည်နေရာနှင့် တတ်နိုင်သမျှ နီးစပ်သည့်စာဖြေဌာနများတွင် နေရာချထားပေးမည်ဖြစ်ကြောင်းလည်း JLPT စာမေးပွဲကျင်းပရေးကော်မတီ မြန်မာနိုင်ငံဂျပန် ပြန်ပညာသင်ဟောင်းအသင်း (MAJA) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Zawgyi Version:
ဂ်ပန္ဘာသာစကား အရည္အခ်င္းစစ္စာေမးပြဲတြင္ N3, N4 Level မ်ား ၿမိဳ႕နယ္ေ႐ြးခ်ယ္ေျဖဆိုႏိုင္မည္
NP News - ဩဂုတ္ ၉
၂၀၂၅ ခုႏွစ္ ဒီဇင္ဘာလ ၇ ရက္တြင္ က်င္းပျပဳလုပ္မည့္ ဂ်ပန္ဘာသာအရည္အခ်င္းစစ္ စာေမးပြဲ(JLPT)ကို တစ္ဦးခ်င္းအေနျဖင့္ ေျဖဆိုလိုသူမ်ား ေလွ်ာက္လႊာေလွ်ာက္ထားရာတြင္ ယခုႏွစ္မွစတင္၍ ရန္ကုန္စာေျဖဌာန၏ N3, N4 Level မ်ားႏွင့္ မႏၲေလးစာေျဖဌာန၏ N4 Level မ်ားအတြက္ မိမိေျဖဆိုလို ေသာၿမိဳ႕နယ္အား ေ႐ြးခ်ယ္ ေလွ်ာက္ထားႏိုင္မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဂ်ပန္ျပန္ပညာသင္ေဟာင္းအသင္း (MAJA) မွ ထုတ္ျပန္ထားသည္။
N1, N2 ႏွင့္ N5 Level မ်ားအေနျဖင့္ စာေျဖဌာနမွာ ၿမိဳ႕နယ္တစ္ခုတည္းတြင္သာ စုစည္း က်င္းပမည္ျဖစ္သျဖင့္ ေ႐ြးခ်ယ္ရန္ မလိုအပ္ေၾကာင္းလည္း ေဖာ္ျပထားပါတယ္။
ေ႐ြးခ်ယ္ခြင့္ရ Level အလိုက္ စာေမးပြဲက်င္းပရန္ လ်ာထားသည့္ ၿမိဳ႕နယ္မ်ား ေ႐ြးခ်ယ္ေလွ်ာက္ထားႏိုင္ရန္ အတြက္ကိုလည္း သတ္မွတ္ရက္မ်ားအတိုင္း စာေမးပြဲခုံေနရာမ်ားကို ခ်ထားေပးသြားမည္ျဖစ္ေၾကာင္း၊ ရန္ကုန္တိုင္းတြင္ N3 Level ေျဖဆိုရန္ လႈိင္ၿမိဳ႕နယ္ႏွင့္ ကမာ႐ြတ္ၿမိဳ႕နယ္တို႔အတြက္ ဩဂုတ္လ ၈ ရက္တြင္ လည္းေကာင္း၊ အေရွ႕ဒဂုံၿမိဳ႕နယ္အတြက္ ဩဂုတ္ ၈ ရက္ႏွင့္ ၁၁ ရက္တို႔တြင္လည္းေကာင္း၊ သန္လ်င္ၿမိဳ႕နယ္ အတြက္ ဩဂုတ္ ၁၁ ႏွင့္ ၁၂ ရက္တို႔တြင္လည္းေကာင္း တင္သြင္းရမည္ျဖစ္ေၾကာင္း သိရသည္။
အလားတူ ရန္ကုန္တိုင္းတြင္ N4 Level ေျဖဆိုမည့္သူမ်ားအေနျဖင့္ ဗိုလ္တစ္ေထာင္၊ လသာ၊ ဗဟန္းႏွင့္ ရန္ကင္းၿမိဳ႕ နယ္တို႔အတြက္ ဩဂုတ္ ၁၂ ရက္တြင္လည္းေကာင္း၊ လႈိင္၊ အင္းစိန္ ႏွင့္ ကမာ႐ြတ္ၿမိဳ႕နယ္တို႔အတြက္ ဩဂုတ္ ၁၂ ႏွင့္ ၁၃ ရက္တို႔တြင္လည္းေကာင္း ၊ ထန္းတပင္ႏွင့္ ေ႐ႊျပည္သာၿမိဳ႕နယ္တို႔အတြက္ ဩဂုတ္ ၁၃ ႏွင့္ ၁၄ ရက္တို႔တြင္ လည္းေကာင္း၊ သန္လ်င္၊ ေတာင္ဒဂုံႏွင့္ ေတာင္ဥကၠလာပၿမိဳ႕နယ္တို႔အတြက္ ဩဂုတ္၁၄ ရက္တြင္ လည္းေကာင္း တင္သြင္းရမည္ျဖစ္ေၾကာင္း သိရသည္။
မႏၲေလးတိုင္းေဒသႀကီးတြင္ N4 Level ေျဖဆိုမည့္သူမ်ားအေနျဖင့္လည္း အမရပူရ၊ ပုသိမ္ႀကီး၊ ေအာင္ေျမသာစံ၊ ခ်မ္းေအးသာစံႏွင့္ ခ်မ္းျမသာစည္ၿမိဳ႕နယ္မ်ားအတြက္ ဩဂုတ္ ၁၂၊ ၁၃ ႏွင့္ ၁၄ ရက္တို႔တြင္ တင္သြင္းရမည္ျဖစ္ ေၾကာင္းသိရသည္။
ၿမိဳ႕နယ္မ်ားအလိုက္ ခုံအေရအတြက္ ကန႔္သတ္ခ်က္ရွိေသာေၾကာင့္ မိမိေျဖဆိုလိုသည့္ ၿမိဳ႕နယ္ရွိ ခုံေနရာ မက်န္ရွိပါက ေ႐ြးခ်ယ္၍ရရွိမည္မဟုတ္ေၾကာင္းကိုလည္း သတိျပဳရန္လိုအပ္ၿပီး သင္တန္းေက်ာင္းမ်ားအတြက္ကိုလည္း ေနရာခ်ထားရာတြင္ သင္တန္းေက်ာင္း တည္ေနရာႏွင့္ တတ္ႏိုင္သမွ် နီးစပ္သည့္စာေျဖဌာနမ်ားတြင္ ေနရာခ်ထားေပးမည္ျဖစ္ေၾကာင္းလည္း JLPT စာေမးပြဲက်င္းပေရးေကာ္မတီ ျမန္မာႏိုင္ငံဂ်ပန္ ျပန္ပညာသင္ေဟာင္းအသင္း (MAJA) ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။