ယာယီသမ္မတ ဦးမြင့်ဆွေ၏ နိုင်ငံတော်ဈာပနအခမ်းအနားကို ဩဂုတ်လ (၁၁) ရက်တွင် ပြုလုပ်မည်

 1057

သုတကျော် (NP News) - သြဂုတ် ၉
ယာယီသမ္မတ ဦးမြင့်ဆွေ၏ နိုင်ငံတော်ဈာပနအခမ်းအနားကို ဩဂုတ်လ (၁၁)ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ကျန်ရစ်သောမိသားစု၏ အသိပေးထားချက်နှင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။ ယာယီသမ္မတဦးမြင့်ဆွေသည် အမှတ် (၂)တပ်မတော်ဆေးရုံကြီး ခုတင်(၁၀ဝဝ) အထူးကြပ်မတ်ကုသဆောင်၌ ဆေးရုံတက်ရောက်၍ အထူးကြပ်မတ်ကုသမှုခံယူလျက်ရှိရာမှ ဩဂုတ်လ (၇)ရက် နံနက်ပိုင်းတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကာ ကွယ်လွန်ချိန်တွင် အသက် (၇၅)နှစ်ရှိပြီဖြစ်သည်။
ကြွင်းကျန်ရစ်သောရုပ်ကလာပ်ကိ ဩဂုတ်လ (၁၁)ရက် နေ့လယ် (၁)နာရီ (၃ဝ) မိနစ် အချိန်တွင် အမှတ်(၂)တပ်မတော် ဆေးရုံကြီး (ခုတင်-၁၀ဝဝ)မှ တပ်မတော်စစ်သင်္ချိုင်းသို့ ပို့ဆောင်မီးသင်္ဂြိုဟ်မည် ဖြစ်ကြောင်း မိသားစုက နိုင်ငံပိုင်သတင်းစာတွင် နာရေးကြော်ငြာစာ ထည့်သွင်းထားသည်။ ယာယီသမ္မတ ဦးမြင့်ဆွေ၏ ဈာပနအခမ်းအနားကို နိုင်ငံတော်ဈာပနအခမ်းအနားအဖြစ် ကျင်းပရန်အတွက် ဈာပနအခမ်းအနား ကျင်းပရေ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးမှ ဖွဲ့စည်းပေးထားရာ ဈာပနအခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌအဖြစ် နိုင်ငံတော် ဝန်ကြီးချုပ် ဦးညိုစော၊ ဒုတိယဥက္ကဋ္ဌ (၁)အဖြစ် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင်နှင့် ဒုတိယဥက္ကဋ္ဌ(၂)အဖြစ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက တာဝန်ယူထားပြီး ကဏ္ဍအလိုက် လုပ်ငန်းကော်မတီ (၁၁)ခုကိုလည်း ဖွဲ့စည်းထား ကြောင်း သိရသည်။
ယာယီသမ္မတသည် (၂၀၂၃) ခုနှစ် နှစ် ဆန်းပိုင်းမှစ၍ လှုပ်ရှားရာတွင် တုံ့နှေးခြင်းနှင့် အစာအာဟာရစားသုံးနိုင်မှု အားနည်းလာခြင်းတို့ကို စတင်ခံစားခဲ့ရသည့်အတွက် အထူးကုဆရာဝန်ကြီးများပါဝင်သော အထူးဆေးကုသမှု အဖွဲ့မှ ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အာရုံကြောများ နှေးကွေးတုံ့ဆိုင်းသည့်ရောဂါ (Parkinson's Disease) ၊ ၎င်းနှင့်ဆက်စပ်ဖြစ်ပေါ်သော အာရုံကြောအားနည်းရောဂါတို့ကို ခံစားနေရသည်ကို တွေ့ရှိရသည့် အတွက် (၂၀၂၄)ခုနှစ် ဧပြီလ(၁၅) ရက်မှ (၁၉)ရက်အထိ စင်ကာပူနိုင်ငံ Mount Elizabeth Medical Center တွင် လည်းကောင်း၊ မေလ (၂၇)ရက်မှ ဇွန်လ (၁၈) ရက်အထိ အမှတ်(၂) တပ်မတော်ဆေးရုံကြီးခုတင် (၁၀ဝဝ)တွင် လည်းကောင်း ဆေးကုသမှုများ ခံယူခဲ့ရကြောင်း သိရသည်။ ဆေးရုံဆင်းပြီးနောက် ယာယီသမ္မတ ဦးမြင့်ဆွေ အား ကျန်းမာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဆောင်သော အထူးဆေးကုသမှုအဖွဲ့ဖြင့် ကျန်းမာရေး စစ်ဆေးကုသမှုများ ဆက်လက်ပြုလုပ်ခဲ့ပြီး ကျန်းမာရေးအခြေအနေမှာ တိုး တက်ကောင်းမွန်လာ ခြင်းမရှိသည့် အတွက် (၂၀၂၄) ခုနှစ် ဇူလိုင်လ (၁၈)ရက်မှစတင်၍ နေအိမ်၌ပင် ဆေးခွင့်ဖြင့်အနားယူ၍ ဆေးကုသမှု ဆက်လက် ခံယူနေခဲ့ရကာ (၂၀၂၅) ခုနှစ်၊ ဇူလိုင်လအတွင်း ကိုယ် အလေးချိန် လျော့ကျခြင်း၊ အစာကောင်းစွာမစားနိုင်ခြင်း၊ အဖျားတက်ခြင်း၊ ဦးနှောက်နိုးကြားမှု လျော့နည်းလာခြင်း တို့ကြောင့် ဇူလိုင်လ (၂၄) ရက်တွင် အမှတ်(၂)တပ် မတော်ဆေးရုံကြီး ခုတင် (၁၀ဝဝ)၌ ထပ်မံဆေးရုံတက်ရောက် ကုသမှုခံယူခဲ့ရပြီး ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ ဦးမြင့်ဆွေသည် တပ်မတော်တွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် အဖြစ်လည်းကောင်း၊ ဒုတိယသမ္မတအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ယာယီသမ္မတ ဖြစ်လာခဲ့သူဖြစ်သည်။

Zawgyi Version:
ယာယီသမၼတ ဦးျမင့္ေဆြ၏ ႏိုင္ငံေတာ္ဈာပနအခမ္းအနားကို ဩဂုတ္လ (၁၁) ရက္တြင္ ျပဳလုပ္မည္
သုတေက်ာ္ (NP News) - ၾသဂုတ္ ၉
ယာယီသမၼတ ဦးျမင့္ေဆြ၏ ႏိုင္ငံေတာ္ဈာပနအခမ္းအနားကို ဩဂုတ္လ (၁၁)ရက္တြင္ ျပဳလုပ္မည္ျဖစ္ေၾကာင္း က်န္ရစ္ေသာမိသားစု၏ အသိေပးထားခ်က္ႏွင့္ အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီ၏ သတင္း ထုတ္ျပန္ခ်က္အရ သိရသည္။ ယာယီသမၼတဦးျမင့္ေဆြသည္ အမွတ္ (၂)တပ္မေတာ္ေဆး႐ုံႀကီး ခုတင္(၁၀ဝဝ) အထူးၾကပ္မတ္ကုသေဆာင္၌ ေဆး႐ုံတက္ေရာက္၍ အထူးၾကပ္မတ္ကုသမႈခံယူလ်က္ရွိရာမွ ဩဂုတ္လ (၇)ရက္ နံနက္ပိုင္းတြင္ ကြယ္လြန္သြားခဲ့ျခင္းျဖစ္ကာ ကြယ္လြန္ခ်ိန္တြင္ အသက္ (၇၅)ႏွစ္ရွိၿပီျဖစ္သည္။
ႂကြင္းက်န္ရစ္ေသာ႐ုပ္ကလာပ္ကိ ဩဂုတ္လ (၁၁)ရက္ ေန႔လယ္ (၁)နာရီ (၃ဝ) မိနစ္ အခ်ိန္တြင္ အမွတ္(၂)တပ္မေတာ္ ေဆး႐ုံႀကီး (ခုတင္-၁၀ဝဝ)မွ တပ္မေတာ္စစ္သခ်ႋဳင္းသို႔ ပို႔ေဆာင္မီးသၿဂႋဳဟ္မည္ ျဖစ္ေၾကာင္း မိသားစုက ႏိုင္ငံပိုင္သတင္းစာတြင္ နာေရးေၾကာ္ျငာစာ ထည့္သြင္းထားသည္။ ယာယီသမၼတ ဦးျမင့္ေဆြ၏ ဈာပနအခမ္းအနားကို ႏိုင္ငံေတာ္ဈာပနအခမ္းအနားအျဖစ္ က်င္းပရန္အတြက္ ဈာပနအခမ္းအနား က်င္းပေရ ဦးစီးေကာ္မတီႏွင့္ လုပ္ငန္းေကာ္မတီမ်ားကို အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီ႐ုံးမွ ဖြဲ႕စည္းေပးထားရာ ဈာပနအခမ္းအနားက်င္းပေရး ဦးစီးေကာ္မတီဥကၠ႒အျဖစ္ ႏိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္ ဦးညိဳေစာ၊ ဒုတိယဥကၠ႒ (၁)အျဖစ္ ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္း ေနာင္ႏွင့္ ဒုတိယဥကၠ႒(၂)အျဖစ္ ဗိုလ္ခ်ဳပ္ႀကီး ေက်ာ္စြာလင္းက တာဝန္ယူထားၿပီး က႑အလိုက္ လုပ္ငန္းေကာ္မတီ (၁၁)ခုကိုလည္း ဖြဲ႕စည္းထား ေၾကာင္း သိရသည္။
ယာယီသမၼတသည္ (၂၀၂၃) ခုႏွစ္ ႏွစ္ ဆန္းပိုင္းမွစ၍ လႈပ္ရွားရာတြင္ တုံ႔ေႏွးျခင္းႏွင့္ အစာအာဟာရစားသုံးႏိုင္မႈ အားနည္းလာျခင္းတို႔ကို စတင္ခံစားခဲ့ရသည့္အတြက္ အထူးကုဆရာဝန္ႀကီးမ်ားပါဝင္ေသာ အထူးေဆးကုသမႈ အဖြဲ႕မွ က်န္းမာေရး စစ္ေဆးမႈမ်ားေဆာင္႐ြက္ခဲ့ရာ အာ႐ုံေၾကာမ်ား ေႏွးေကြးတုံ႔ဆိုင္းသည့္ေရာဂါ (Parkinson's Disease) ၊ ၎ႏွင့္ဆက္စပ္ျဖစ္ေပၚေသာ အာ႐ုံေၾကာအားနည္းေရာဂါတို႔ကို ခံစားေနရသည္ကို ေတြ႕ရွိရသည့္ အတြက္ (၂၀၂၄)ခုႏွစ္ ဧၿပီလ(၁၅) ရက္မွ (၁၉)ရက္အထိ စင္ကာပူႏိုင္ငံ Mount Elizabeth Medical Center တြင္ လည္းေကာင္း၊ ေမလ (၂၇)ရက္မွ ဇြန္လ (၁၈) ရက္အထိ အမွတ္(၂) တပ္မေတာ္ေဆး႐ုံႀကီးခုတင္ (၁၀ဝဝ)တြင္ လည္းေကာင္း ေဆးကုသမႈမ်ား ခံယူခဲ့ရေၾကာင္း သိရသည္။ ေဆး႐ုံဆင္းၿပီးေနာက္ ယာယီသမၼတ ဦးျမင့္ေဆြ အား က်န္းမာေရးဝန္ႀကီးဌာန ျပည္ ေထာင္စုဝန္ႀကီး ဦးေဆာင္ေသာ အထူးေဆးကုသမႈအဖြဲ႕ျဖင့္ က်န္းမာေရး စစ္ေဆးကုသမႈမ်ား ဆက္လက္ျပဳလုပ္ခဲ့ၿပီး က်န္းမာေရးအေျခအေနမွာ တိုး တက္ေကာင္းမြန္လာ ျခင္းမရွိသည့္ အတြက္ (၂၀၂၄) ခုႏွစ္ ဇူလိုင္လ (၁၈)ရက္မွစတင္၍ ေနအိမ္၌ပင္ ေဆးခြင့္ျဖင့္အနားယူ၍ ေဆးကုသမႈ ဆက္လက္ ခံယူေနခဲ့ရကာ (၂၀၂၅) ခုႏွစ္၊ ဇူလိုင္လအတြင္း ကိုယ္ အေလးခ်ိန္ ေလ်ာ့က်ျခင္း၊ အစာေကာင္းစြာမစားႏိုင္ျခင္း၊ အဖ်ားတက္ျခင္း၊ ဦးေႏွာက္ႏိုးၾကားမႈ ေလ်ာ့နည္းလာျခင္း တို႔ေၾကာင့္ ဇူလိုင္လ (၂၄) ရက္တြင္ အမွတ္(၂)တပ္ မေတာ္ေဆး႐ုံႀကီး ခုတင္ (၁၀ဝဝ)၌ ထပ္မံေဆး႐ုံတက္ေရာက္ ကုသမႈခံယူခဲ့ရၿပီး ကြယ္လြန္ခဲ့ျခင္း ျဖစ္သည္။ ဦးျမင့္ေဆြသည္ တပ္မေတာ္တြင္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးအဆင့္အထိ တာဝန္ထမ္းေဆာင္ခဲ့ၿပီးေနာက္ ရန္ကုန္တိုင္း ေဒသႀကီး ဝန္ႀကီးခ်ဳပ္ အျဖစ္လည္းေကာင္း၊ ဒုတိယသမၼတအျဖစ္လည္းေကာင္း တာဝန္ထမ္းေဆာင္ခဲ့ၿပီးေနာက္ ယာယီသမၼတ ျဖစ္လာခဲ့သူျဖစ္သည္။

Related news

© 2021. All rights reserved.