ရှမ်းဝန်ကြီးချုပ်အဖွဲ့ နှင့် ‘ဝ’ - မိုင်းလားတို့တွေ့ဆုံစဉ် နယ်စပ်ကုန်သွယ်ရေးနှင့် ရွေးကောက်ပွဲကိစ္စပါ ထည့်သွင်း ဆွေးနွေးခဲ့ဟုဆို

 313

သန့်ဇင် (NP News) - သြဂုတ် ၉
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင် ဦးဆောင်သောအဖွဲ့နှင့် UWSA လက်နက်ကိုင်အဖွဲ့တို့ ပြီးခဲ့သည့် ဩဂုတ်လ (၆)ရက်က “ဝ” အထူးဒေသ (၂) ပန်ဆန်းမြို့တွင်တွေ့ဆုံစဉ် နယ်စပ်ကုန်သွယ်ရေးနှင့် ရွေးကောက်ပွဲကျင်းပ နိုင်ရေးကိစ္စများ ဆွေးနွေးခဲ့ကြောင်း သိရှိသူ သတင်းရင်းမြစ် တစ်ဦးက NP News သို့ ပြောသည်။
အဆိုပါတွေ့ဆုံပွဲကို အမျိုးသားကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီ၏ òန်ကြားချက်ဖြင့် ရှမ်းပြည်နယ်ဝန် ကြီးချုပ် ဦးအောင်အောင် ဦးဆောင်သော အဖွဲ့က UWSA အဖွဲ့၏ ထိပ်သီးခေါင်းဆောင် အချို့နှင့် တွေ့ဆုံဆွေး နွေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ “သိရသလောက် နံပါတ်တစ်ကတော့ နယ်စပ်ကုန်သွယ်ရေးကိစ္စတွေပေါ့နော်။ နံပါတ် (၂)ကတော့ ရွေးကောက်ပွဲမှာ အောင်မြင်စွာကျင်းပနိုင်ဖို့ ဒီထိန်းချုပ်ဒေသမှာရှိတဲ့ အချို့သောနေရာတွေမှာ ရွေးကောက် ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်ပေါ့။ အဲဒါတွေလည်းပါတယ်။ နံပါတ်(၃) ကတော့ ရှမ်းပြည်ထဲမှာ အထူးဒေသ တွေအပေါ်မှာ ပညာရေးနဲ့ ကျန်းမာရေးပဲဝင်ရောက်ခွင့်ရှိတာကိုး။ ကျန်တဲ့ဝန်ကြီး ဌာနအနေနဲ့ ပြန်ပြီးဝင်ရောက်နိုင်ဖို့ ဆွေးနွေးတယ်လို့ ပြောလို့ရတာပေါ့နော်။ အဓိကကတော့ နယ်စပ် ကုန်သွယ်ရေးကိစ္စနဲ့ နယ်မြေတည် ငြိမ်ရေး အတွက် ပေါ့ ဒါကို ပန်ဆန်းမှာဆွေးနွေးခဲ့တယ်”ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။
ယင်းနှင့် ပတ်သက်၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့က ဩဂုတ်လ (၈) ရက်အထိ တရားဝင်ထုတ် ပြန်ခြင်းမရှိ သေးသော်လည်း UWSA ဘက်ကမူ ဆွေးနွေးစဉ် အစိုးရဘက်က ပညာရေး၊ ကျန်းမာရေးနဲ့ အခြားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ပေးရန် ဖြစ်သည်ဟု ဆိုထားသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့် ရှိသူထံ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ သော်လည်း ဆက်သွယ်၍မရခဲ့ပါ။ ပြီးခဲ့သည့် (၂၀၁၀)၊ (၂၀၁၅)နှင့် (၂၀၂၀) ရွေးကောက်ပွဲများ တွင်လည်း ‘ဝ’အထူးဒေသ (၂)တွင် အပြည့်အဝ ကျင်းပနိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်သောအဖွဲ့သည် ဩဂုတ်လ (၇)ရက်၊ နံနက်ပိုင်းတွင် အထူးဒေသ(၄)၊ မိုင်းလားမြို့ သို့သွား ရောက်ကာ NDAA မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သေးကြောင်းလည်း သိရသည်။
မိုင်းလားခရီးနှင့်ပတ်သက်၍မူ နယ်စပ် ကုန်သွယ်ရေးအတွက် ဆွေးနွေးခဲ့သည်ဟုသိရ ကြောင်းလည်း အထက်ပါ သတင်းရင်းမြစ်ကဆိုသည်။ “မိုင်းလားဒေသရဲ့ မိုင်းလားဆိုတာလည်း နယ်စပ်တစ်ခုပဲလေ။ အဓိက ကုန်သွယ် ရေးအပေါ်မှာပဲ မူတည်ပြီးတော့ ကျွန်တော်တို့ ရှမ်းပြည်နယ် မြောက်ပိုင်း နယ်စပ်ကုန်သွယ်ရေး ပြန်ပွင့်ဖို့အဓိက ဦးစား ပေး ဆောင်ရွက်နေတယ်”ဟု ၎င်းကပြောသည်။ မြန်မာ-တရုတ်နယ်စပ်၊ မိုင်းလားမြို့နယ်ရှိ နယ်စပ်ဂိတ်ကို ပြီးခဲ့သည့် (၂၀၂၄)ခုနှစ်၊ အောက်တိုဘာလ တတိယအပတ်က စတင်ပိတ်ထားခဲ့ပြီး တစ်နှစ်နီးပါးအကြာအထိ မဖွင့်နိုင်သေး ကြောင်းသိရသည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပြီးခဲ့သည့် ဇူလိုင်လ (၃၁)ရက် ညပိုင်းက မြို့နယ်(၆၃)မြို့နယ်ကို အရေးပေါ်အခြေနေကြေညာခဲ့ရာ ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ် ဟိုပန်မြို့နယ်နှင့် မိုင်းလားတပ်ဖွဲ့ NDAA ထိန်းချုပ် မိုင်းလားမြို့နယ်တို့လည်းပါဝင်သည်။ အရေးပေါ်အခြေအနေကြေညာသည့် မြို့နယ်များအတွင်း မိုင်းလားမြို့နယ် ပါဝင်လာခြင်းနှင့်ပတ်သက်၍ ကနဦးအနေဖြင့် နားမလည် သည့်အတွက် အစိုးရသို့ တင်ပြခဲ့ရကြောင်း NDAA ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့်က ဒေသတွင်းမီဒီယာတစ်ခုသို့ ပြောဆို ထားကြောင်း သိရသည်။
ထိုသို့ မိုင်လားမြို့နယ်ကို အရေးပေါ် အခြေအနေကြေညာခြင်းသည် ကျားဖျန့်ကိစ္စနှင့် MNDAA နှင့် ပတ်သက် ဆက်နွှယ်မှု ကိစ္စရပ်များ ကြောင့် ကြေညာခြင်းဖြစ်နိုင်ကြောင်း ရှမ်းမြောက်ရှိနိုင်ငံရေးလေ့လာသုံးသပ်သူက ဆိုသည်။
“ရှမ်းပြည်နယ်က အထူးဒေသတွေမှာက ဒုစရိုက်မှုလေးတွေပေါ့နော်။ ကျားဖျန့်ကိစ္စ၊ လက်နက်ကိစ္စနဲ့ မူးယစ် ဆေးလိုကိစ္စတွေက စိုးရိမ်ရေမှတ် ပြထားတဲ့အနေအထားတစ်ခုမှာရှိတယ်။ မိုင်းလား မှာဆိုလည်း သတင်းကောလာ ဟလ သဲ့သဲ့နဲ့ ကျားဖျန့် တွေရွှေ့သွားတာမျိုးတွေ ကြားရတယ်။ ဒါနဲ့ပတ် သက်ပြီးဖြစ်နိုင်သလို MNDAA နဲ့ မိုင်းလားပတ် သက်မှုဆက်ဆံရေးက ဆွေမျိုးယောက်ဖကိုး။ ဒါမျိုးတွေကြောင့်လည်း ပါနိုင်တယ်လို့ ယူဆရတယ်”ဟု ၎င်း ကသုံးသပ် ထားသည်။

Zawgyi Version:
ရွမ္းဝန္ႀကီးခ်ဳပ္အဖြဲ႕ ႏွင့္ ‘ဝ’ - မိုင္းလားတို႔ေတြ႕ဆုံစဥ္ နယ္စပ္ကုန္သြယ္ေရးႏွင့္ ေ႐ြးေကာက္ပြဲကိစၥပါ ထည့္သြင္း ေဆြးေႏြးခဲ့ဟုဆို
သန႔္ဇင္ (NP News) - ၾသဂုတ္ ၉
ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ဦးေအာင္ေအာင္ ဦးေဆာင္ေသာအဖြဲ႕ႏွင့္ UWSA လက္နက္ကိုင္အဖြဲ႕တို႔ ၿပီးခဲ့သည့္ ဩဂုတ္လ (၆)ရက္က “ဝ” အထူးေဒသ (၂) ပန္ဆန္းၿမိဳ႕တြင္ေတြ႕ဆုံစဥ္ နယ္စပ္ကုန္သြယ္ေရးႏွင့္ ေ႐ြးေကာက္ပြဲက်င္းပ ႏိုင္ေရးကိစၥမ်ား ေဆြးေႏြးခဲ့ေၾကာင္း သိရွိသူ သတင္းရင္းျမစ္ တစ္ဦးက NP News သို႔ ေျပာသည္။
အဆိုပါေတြ႕ဆုံပြဲကို အမ်ိဳးသားကာကြယ္ ေရးႏွင့္လုံၿခဳံေရးေကာင္စီ၏ òန္ၾကားခ်က္ျဖင့္ ရွမ္းျပည္နယ္ဝန္ ႀကီးခ်ဳပ္ ဦးေအာင္ေအာင္ ဦးေဆာင္ေသာ အဖြဲ႕က UWSA အဖြဲ႕၏ ထိပ္သီးေခါင္းေဆာင္ အခ်ိဳ႕ႏွင့္ ေတြ႕ဆုံေဆြး ေႏြးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။ “သိရသေလာက္ နံပါတ္တစ္ကေတာ့ နယ္စပ္ကုန္သြယ္ေရးကိစၥေတြေပါ့ေနာ္။ နံပါတ္ (၂)ကေတာ့ ေ႐ြးေကာက္ပြဲမွာ ေအာင္ျမင္စြာက်င္းပႏိုင္ဖို႔ ဒီထိန္းခ်ဳပ္ေဒသမွာရွိတဲ့ အခ်ိဳ႕ေသာေနရာေတြမွာ ေ႐ြးေကာက္ ပြဲေအာင္ျမင္စြာ က်င္းပႏိုင္ေရးအတြက္ေပါ့။ အဲဒါေတြလည္းပါတယ္။ နံပါတ္(၃) ကေတာ့ ရွမ္းျပည္ထဲမွာ အထူးေဒသ ေတြအေပၚမွာ ပညာေရးနဲ႔ က်န္းမာေရးပဲဝင္ေရာက္ခြင့္ရွိတာကိုး။ က်န္တဲ့ဝန္ႀကီး ဌာနအေနနဲ႔ ျပန္ၿပီးဝင္ေရာက္ႏိုင္ဖို႔ ေဆြးေႏြးတယ္လို႔ ေျပာလို႔ရတာေပါ့ေနာ္။ အဓိကကေတာ့ နယ္စပ္ ကုန္သြယ္ေရးကိစၥနဲ႔ နယ္ေျမတည္ ၿငိမ္ေရး အတြက္ ေပါ့ ဒါကို ပန္ဆန္းမွာေဆြးေႏြးခဲ့တယ္”ဟု အထက္ပါ သတင္းရင္းျမစ္က ေျပာသည္။
ယင္းႏွင့္ ပတ္သက္၍ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕က ဩဂုတ္လ (၈) ရက္အထိ တရားဝင္ထုတ္ ျပန္ျခင္းမရွိ ေသးေသာ္လည္း UWSA ဘက္ကမူ ေဆြးေႏြးစဥ္ အစိုးရဘက္က ပညာေရး၊ က်န္းမာေရးနဲ႔ အျခားလုပ္ငန္းမ်ား ဖြံ႕ၿဖိဳး တိုးတက္ေရး ေဆာင္႐ြက္ေပးရန္ ျဖစ္သည္ဟု ဆိုထားသည္။ အဆိုပါကိစၥႏွင့္ ပတ္သက္၍ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ ေျပာေရးဆိုခြင့္ ရွိသူထံ တယ္လီဖုန္းျဖင့္ ဆက္သြယ္ေမးျမန္းခဲ့ ေသာ္လည္း ဆက္သြယ္၍မရခဲ့ပါ။ ၿပီးခဲ့သည့္ (၂၀၁၀)၊ (၂၀၁၅)ႏွင့္ (၂၀၂၀) ေ႐ြးေကာက္ပြဲမ်ား တြင္လည္း ‘ဝ’အထူးေဒသ (၂)တြင္ အျပည့္အဝ က်င္းပႏိုင္ခဲ့ျခင္းမရွိခဲ့ေၾကာင္း သိရသည္။ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ဦးေဆာင္ေသာအဖြဲ႕သည္ ဩဂုတ္လ (၇)ရက္၊ နံနက္ပိုင္းတြင္ အထူးေဒသ(၄)၊ မိုင္းလားၿမိဳ႕ သို႔သြား ေရာက္ကာ NDAA မွ တာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးခဲ့ေသးေၾကာင္းလည္း သိရသည္။
မိုင္းလားခရီးႏွင့္ပတ္သက္၍မူ နယ္စပ္ ကုန္သြယ္ေရးအတြက္ ေဆြးေႏြးခဲ့သည္ဟုသိရ ေၾကာင္းလည္း အထက္ပါ သတင္းရင္းျမစ္ကဆိုသည္။ “မိုင္းလားေဒသရဲ႕ မိုင္းလားဆိုတာလည္း နယ္စပ္တစ္ခုပဲေလ။ အဓိက ကုန္သြယ္ ေရးအေပၚမွာပဲ မူတည္ၿပီးေတာ့ ကြၽန္ေတာ္တို႔ ရွမ္းျပည္နယ္ ေျမာက္ပိုင္း နယ္စပ္ကုန္သြယ္ေရး ျပန္ပြင့္ဖို႔အဓိက ဦးစား ေပး ေဆာင္႐ြက္ေနတယ္”ဟု ၎ကေျပာသည္။ ျမန္မာ-တ႐ုတ္နယ္စပ္၊ မိုင္းလားၿမိဳ႕နယ္ရွိ နယ္စပ္ဂိတ္ကို ၿပီးခဲ့သည့္ (၂၀၂၄)ခုႏွစ္၊ ေအာက္တိုဘာလ တတိယအပတ္က စတင္ပိတ္ထားခဲ့ၿပီး တစ္ႏွစ္နီးပါးအၾကာအထိ မဖြင့္ႏိုင္ေသး ေၾကာင္းသိရသည္။ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီသည္ ၿပီးခဲ့သည့္ ဇူလိုင္လ (၃၁)ရက္ ညပိုင္းက ၿမိဳ႕နယ္(၆၃)ၿမိဳ႕နယ္ကို အေရးေပၚအေျခေနေၾကညာခဲ့ရာ ‘ဝ’တပ္ဖြဲ႕ UWSA ထိန္းခ်ဳပ္ ဟိုပန္ၿမိဳ႕နယ္ႏွင့္ မိုင္းလားတပ္ဖြဲ႕ NDAA ထိန္းခ်ဳပ္ မိုင္းလားၿမိဳ႕နယ္တို႔လည္းပါဝင္သည္။ အေရးေပၚအေျခအေနေၾကညာသည့္ ၿမိဳ႕နယ္မ်ားအတြင္း မိုင္းလားၿမိဳ႕နယ္ ပါဝင္လာျခင္းႏွင့္ပတ္သက္၍ ကနဦးအေနျဖင့္ နားမလည္ သည့္အတြက္ အစိုးရသို႔ တင္ျပခဲ့ရေၾကာင္း NDAA ေျပာေရးဆိုခြင့္ရွိသူ ဦးၾကည္ျမင့္က ေဒသတြင္းမီဒီယာတစ္ခုသို႔ ေျပာဆို ထားေၾကာင္း သိရသည္။
ထိုသို႔ မိုင္လားၿမိဳ႕နယ္ကို အေရးေပၚ အေျခအေနေၾကညာျခင္းသည္ က်ားဖ်န႔္ကိစၥႏွင့္ MNDAA ႏွင့္ ပတ္သက္ ဆက္ႏႊယ္မႈ ကိစၥရပ္မ်ား ေၾကာင့္ ေၾကညာျခင္းျဖစ္ႏိုင္ေၾကာင္း ရွမ္းေျမာက္ရွိႏိုင္ငံေရးေလ့လာသုံးသပ္သူက ဆိုသည္။
“ရွမ္းျပည္နယ္က အထူးေဒသေတြမွာက ဒုစ႐ိုက္မႈေလးေတြေပါ့ေနာ္။ က်ားဖ်န႔္ကိစၥ၊ လက္နက္ကိစၥနဲ႔ မူးယစ္ ေဆးလိုကိစၥေတြက စိုးရိမ္ေရမွတ္ ျပထားတဲ့အေနအထားတစ္ခုမွာရွိတယ္။ မိုင္းလား မွာဆိုလည္း သတင္းေကာလာ ဟလ သဲ့သဲ့နဲ႔ က်ားဖ်န႔္ ေတြေ႐ႊ႕သြားတာမ်ိဳးေတြ ၾကားရတယ္။ ဒါနဲ႔ပတ္ သက္ၿပီးျဖစ္ႏိုင္သလို MNDAA နဲ႔ မိုင္းလားပတ္ သက္မႈဆက္ဆံေရးက ေဆြမ်ိဳးေယာက္ဖကိုး။ ဒါမ်ိဳးေတြေၾကာင့္လည္း ပါႏိုင္တယ္လို႔ ယူဆရတယ္”ဟု ၎ ကသုံးသပ္ ထားသည္။

Related news

© 2021. All rights reserved.