(၆)လအတွင်း ယာဉ်တိုက်မှုပေါင်း (၇၀၀၀)နီးပါးဖြစ်ပွားခဲ့ပြီး လူ(၈၀၀)ကျော် သေဆုံးခဲ့

116

Pearl (NP News) - သြဂုတ် ၉
တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် (၆)လအတွင်း ယာဉ်တိုက်မှုပေါင်း (၇၀၀၀)နီးပါးဖြစ်ပွားခဲ့ပြီး လူ(၈၀၀)ကျော် သေဆုံးခဲ့ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ယခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ ယာဉ်တိုက်မှုပေါင်း (၁၆၉၂) ကြိမ်ဖြစ်ပွားခဲ့ရာပြီး အဆိုပါ ယာဉ်တိုက်မှုများကြောင့် လူ (၂၄၇၈)ဦး ဒဏ်ရာ ရရှိခဲ့ပြီး (၈၉၂)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုများအနက် ဧရာဝတီတိုင်းဒေသကြီး တွင်အများဆုံးဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်မှုပေါင်း (၂၇၂) မှု၊ ဒဏ်ရာရရှိသူ ( ၄၅၂ ) ဦး၊ သေဆုံးသူ (၁၂၃) ဦး ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်တိုက်မှုပေါင်း (၃၈၆) မှု ၊ ဒဏ်ရာရရှိသူ (၃၉၆) ဦး ၊ သေဆုံးသူ (၁၇၈) ဦး ရှိခဲ့ ပြီး အမြန်လမ်းတွင် ယာဉ်တိုက်မှုပေါင်း (၉၄) မှု ၊ ဒဏ်ရာရရှိသူ (၂၁၉) ဦး ၊ သေဆုံးသူ (၂၈) ဦး ရှိခဲ့ကြောင်း သိရသည်။
ယခင်နှစ် အလားတူကာလ ၌ ယာဉ်တိုက်မှုပေါင်း (၂၁၆၃) ကြိမ်ဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာ ရရှိသူပေါင်း (၃၁၃၂) ဦးရှိခဲ့ပြီး သေဆုံးသူပေါင်း (၁၁၄၈) ဦးရှိခဲ့သည့်အတွက် ယခုနှစ်နှင့်နှိုင်းယှဉ်ပါက လျော့နည်းကျဆင်းသွားကြောင်း သိရသည်။

Zawgyi Version:
(၆)လအတြင္း ယာဥ္တိုက္မႈေပါင္း (၇၀၀၀)နီးပါးျဖစ္ပြားခဲ့ၿပီး လူ(၈၀၀)ေက်ာ္ ေသဆုံးခဲ့
Pearl (NP News) - ၾသဂုတ္ ၉
တစ္ႏိုင္ငံလုံးအတိုင္းအတာအေနျဖင့္ (၆)လအတြင္း ယာဥ္တိုက္မႈေပါင္း (၇၀၀၀)နီးပါးျဖစ္ပြားခဲ့ၿပီး လူ(၈၀၀)ေက်ာ္ ေသဆုံးခဲ့ေၾကာင္း ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
ယခုႏွစ္၊ ဇန္နဝါရီလမွ ဇြန္လအထိ ယာဥ္တိုက္မႈေပါင္း (၁၆၉၂) ႀကိမ္ျဖစ္ပြားခဲ့ရာၿပီး အဆိုပါ ယာဥ္တိုက္မႈမ်ားေၾကာင့္ လူ (၂၄၇၈)ဦး ဒဏ္ရာ ရရွိခဲ့ၿပီး (၈၉၂)ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။
ယာဥ္တိုက္မႈမ်ားအနက္ ဧရာဝတီတိုင္းေဒသႀကီး တြင္အမ်ားဆုံးျဖစ္ပြားခဲ့ၿပီး ယာဥ္တိုက္မႈေပါင္း (၂၇၂) မႈ၊ ဒဏ္ရာရရွိသူ ( ၄၅၂ ) ဦး၊ ေသဆုံးသူ (၁၂၃) ဦး ရွိခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ရန္ကုန္တိုင္းေဒသႀကီးတြင္ ယာဥ္တိုက္မႈေပါင္း (၃၈၆) မႈ ၊ ဒဏ္ရာရရွိသူ (၃၉၆) ဦး ၊ ေသဆုံးသူ (၁၇၈) ဦး ရွိခဲ့ ၿပီး အျမန္လမ္းတြင္ ယာဥ္တိုက္မႈေပါင္း (၉၄) မႈ ၊ ဒဏ္ရာရရွိသူ (၂၁၉) ဦး ၊ ေသဆုံးသူ (၂၈) ဦး ရွိခဲ့ေၾကာင္း သိရသည္။
ယခင္ႏွစ္ အလားတူကာလ ၌ ယာဥ္တိုက္မႈေပါင္း (၂၁၆၃) ႀကိမ္ျဖစ္ပြားခဲ့ရာ ထိခိုက္ဒဏ္ရာ ရရွိသူေပါင္း (၃၁၃၂) ဦးရွိခဲ့ၿပီး ေသဆုံးသူေပါင္း (၁၁၄၈) ဦးရွိခဲ့သည့္အတြက္ ယခုႏွစ္ႏွင့္ႏႈိင္းယွဥ္ပါက ေလ်ာ့နည္းက်ဆင္းသြားေၾကာင္း သိရသည္။