" အနုပညာလောကသားများ၏ မိသားစုအရေးဖြစ်စဉ်များ "

 1180

အိဖြူ (NP News) - သြဂုတ် ၉

The Statesman Journal ရဲ့အနုပညာအနှစ်ချုပ်ကဏ္ဍကနေ ဒီတစ်ပတ်အတွက် " အကယ်ဒမီစိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာတို့ရဲ့ဖခင်ကွယ်လွန်၊ ဟာသပညာရှင်ကြီး ရေဒီယိုမန်းကျော် ကွယ်လွန်၊ စွမ်းဇာနည်ရဲ့လက်ရှိ ကျန်းမာရေးအခြေအနေ " စတဲ့ အနုပညာဆက်စပ်သတင်းတွေကို ဖော်ပြပေးသွားပါမယ်။

သရုပ်ဆောင် စိုးမြတ်သူဇာ၊ စိုးမြတ်ကလျာ၊ စိုးမြတ်နန္ဒာ တို့ရဲ့ ဖခင် ကွယ်လွန်

ထပ်ဆင့်အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင် စိုးမြတ်သူဇာ၊ စိုးမြတ်ကလျာ၊ စိုးမြတ်နန္ဒာတို့ရဲ့ဖခင် ဦးစိုးမြင့် အသက် (၈၆)နှစ်ဟာ ဩဂုတ်လ (၅) ရက် မနက် (၅) နာရီအချိန်က ကွယ်လွန်ဆုံးပါးသွားခဲ့ပါတယ်။ ကွယ်လွန်တဲ့ ဩဂုတ်လ (၅)ရက် ညနေပိုင်းမှာပဲ နေ့ချင်း နာရေးဈာ‌ပနအခမ်းအနားပြုလုပ်ခဲ့ကာ ြွကင်းကျန်ရစ်တဲ့ရုပ်ကလာပ်ကို ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်ရှိ ရေဝေးသုသာန်မှာမီးသင်္ဂြိုဟ်ခဲ့ပြီး ကျန်ရှိတဲ့အရိုးပြာကို ရန်ကုန်မြစ်ထဲမျှောခဲ့ပါတယ်။ ဦးစိုးမြင့်ရဲ့နောက်ဆုံးခရီးကို ကျန်ရစ်သူ မိသားစု၊ မိတ်ဆွေ၊ အနုပညာညီအစ်ကိုမောင်နှမများစွာက လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။
" အဖေဆုံးပြီ။ ချစ်တယ်အဖေ။ အဖေ့အတွက် အကောင်းဆုံးလုပ်ပေးလိုက်နိုင်တာမို့လို့ မောင်တွေ၊ ညီမတွေ ကျေနပ်တော့နော်ဆိုပြီး မကြီးပြောတဲ့အချိန် ရင်ထဲမှာ ထိခိုက်ကြေကွဲရပါတယ် အဖေရယ်။ အမြဲတမ်း ပုတီးစိပ်နေတဲ့လက်ကလေးကို သံသရာတစ်ကွေ့မှာ ပြန်ထိတွေ့ချင်ပါသေးတယ်။ အဖေ့သမီးအငယ်ဆုံးကတော့ တာဝန်မကျေသလိုခံစားရတယ် အဖေ။ အဖေ ကောင်းရာသုဂတိလားပါစေ " လို့ အကယ်ဒမီ စိုးမြတ်နန္ဒာက ဝမ်းနည်းစကားဆိုထားပါတယ်။
ကွယ်လွန်သူဦးစိုးမြင့်က ရောဂါတစ်စုံတစ်ရာ ကုသခံစားနေရသူမျိုးမဟုတ်ခဲ့ဘဲ ကျန်းမာရေးကောင်းမွန်သူဖြစ်ပေမယ့် မကွယ်လွန်ခင်ရက်ပိုင်းက နေထိုင်မ ကောင်းဖြစ်ခဲ့ရာ (၃)ရက်ခန့်ဖျားနာခဲ့ပြီးနောက် စိုးမြတ်သူဇာရဲ့မိခင် ဒေါ်ကြည်ကြည်ခင်နဲ့ သမီး စိုးမြတ်ကလျာထံ အဖျားကူးခဲ့ကြောင်း၊ ထပ်မံ ဦးစိုးမြင့်ထံ အဖျားပြန်လည် ကူးစက်ခဲ့ကြောင်း မိသားစုဝင်တွေရဲ့ပြောပြချက်အရ သိရပါတယ်။ နှစ်ကြိမ်တိုင်တိုင် နေထိုင်မကောင်းဖြစ်ပြီးနောက် အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာဖြစ်ပေါ်ခဲ့ပြီး သတိမေ့မြောခဲ့ကြောင်း၊ ဆေးရုံတင်ဖို့အတွက် အသွားလမ်း လူနာတင်ယာဉ်ပေါ်တင် အသက်ဆုံးရှုံးသွားခဲ့ရခြင်းဖြစ်တယ်လို့ သိရပါတယ်။ မိသားစုဝင်တွေအနေနဲ့ ဖခင်ဖြစ်သူ ရုတ်တရက်ကွယ်လွန်ဆုံးပါးသွားမှုအ တွက် ဝမ်းနည်းစိတ်မကောင်းဖြစ်ကြပေမယ့် သက်ရှိထင်ရှားရှိချိန်ကတည်းက အကောင်းမွန်ဆုံးပြုစုပေးခဲ့နိုင်တဲ့အတွက် စိတ်ဖြေသာနိုင်ကြောင်း ဖွင့်ဟထားကြပါတယ်။ ကွယ်လွန်သူ ဦးစိုးမြင့် ကောင်းရာဘုံဘဝသို့ ရောက်ရှိပါစေကြောင်း The Statesman Journal က ဆုတောင်းအပ်ပါတယ်။

ဇာတ်မင်းသား သရုပ်ဆောင် စွမ်းရဲ့ လက်ရှိကျန်းမာရေးအခြေအနေ

ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် ဇာတ်မင်းသား စွမ်း(ခ)စွမ်းဇာနည်ကို မွေးနေ့အလှူပွဲမှာ ဝှီးချဲနဲ့မြင်တွေ့ခဲ့ရတဲ့အတွက် ၎င်းရဲ့ပရိသတ်တွေက သနားဂရုဏာပိုခဲ့ကြပါတယ်။
စွမ်း(ခ)စွမ်းဇာနည်က သူ့အသက်(၃၅)နှစ်ပြည့်‌မွေးနေ့အလှူမင်္ဂလာကို (၃-၈-၂၀၂၅) ရက် တနင်္ဂနွေနေ့က ပဲခူးမြို့ ကြခတ်ဝိုင်းဘုန်းကြီး ကျောင်းမှာပြုလုပ်ခဲ့တာပါ။ မွေးနေ့အလှူမှာ ဝှီးချဲနဲ့မြင်ရတဲ့မြင်ကွင်းကြောင့် အွန်လိုင်းအသုံးပြုသူအများစုက စွမ်းဇာနည် အောက်ပိုင်းချည့်သွားပြီလားလို့ မေးခွန်းမေးခဲ့ကြသလို စွမ်းဟာ ဇာတ်သဘင်လောကမှာ အအောင်မြင်ဆုံး ဇာတ်မင်းသား၊ သရုပ်ဆောင်ဖြစ်ခဲ့ပေမယ့် အောင်မြင်မှုဒဏ်ကို မခံနိုင်သူဖြစ်ကြောင်း အများစုက ထောက်ပြဝေဖန်လေ့ရှိပါတယ်။ သူ့အနေနဲ့ အရက်သေစာသောက်စားမှု၊ အပျော်အပါးမက်မောမှုနဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုတွေလွန်ကျူးမိခဲ့ကြောင်း ၎င်းကိုယ်တိုင်ဝန်ခံခဲ့ဖူးပြီး လက်ရှိမှာ အတိတ်ကလုပ်ရပ်တွေရဲ့ဆိုးကျိုးတွေကို စုပြုံခံစားနေရပြီဖြစ်ပါတယ်။
စွမ်းက မုန့်ချိုအိတ်ရောင်ရမ်းတာ၊ အသည်းကြီးတာ၊ အစာအိမ်ရောဂါနဲ့ ပေါင်နှစ်ဖက်သွေးကြောတွေ သွေးခဲမှုဖြစ်ပွားတာ အစရှိတဲ့ ရောဂါဝေဒနာ များစွာကို ခံစားနေရတာဖြစ်ပါတယ်။ ပေါင်သွေးကြောတွေသွေခဲတာကြောင့် မတ်တတ်ရပ်/လမ်းလျှောက်ဖို့ ခက်ခဲတာမျိုးဖြစ်တယ်လို့လည်း သိရပါတယ်။
စွမ်းဇာနည်က နေပြည်တော် လယ်ဝေးမြို့မှာ (၂ဝ၂၅) ခုနှစ် ဇွန်လ (၂၉) ၊ (၃ဝ) ရက်နဲ့ ဇူလိုင်လ (၁) ရက် (၃)ရက်တာ အငြိမ့်ပွဲစီစဉ်ခဲ့ပေမယ့် လမ်းမလျှောက်နိုင်တာကြောင့် ပွဲအစီအစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်။
" တောင်းပန်ပါတယ် ကျွန်တော်ချစ်ရတဲ့ လယ်ဝေးက ပရိသတ်ကြီးရေ။ ပွဲကပြဖို့ကြော်ငြာပြီးမှ ကျွန်တော်ရဲ့ကျန်းမာရေးအရ ဆရာဝန်တွေက ကပြဖို့အဆင်မပြေပါသဖြင့် ကျွန်တော်ကိုယ်တိုင်လည်း လမ်းလုံးဝလျှောက်မရတဲ့အတွက် ကပြဖို့ဘယ်လိုမှအဆင်မပြေလို့ပါဗျာ။ ကျွန်တော့်ရဲ့ပေါင်နှစ်ဖက်လုံး အမြန်ဆုံးခွဲစိတ်ပါတော့မယ်။ ကျွန်တော်အ ရင်တုန်းကလို ပရိသတ်ကြီးရှေ့ အကောင်းဆုံးပြန်လာခဲ့ပါမယ်" လို့ တောင်းပန်စကားဆိုထားတာကို တွေ့မြင်ခဲ့ရပါတယ်။
တစ်ချိန်က မင်းသားစွမ်းဇာနည်ရဲ့ အောင်မြင်မှုစန်းဇာတာက ကြီးမားလွန်းခဲ့ပြီး မြို့ကြီး၊ နယ်ကြီးတွေမှာ ပွဲလမ်းသဘင်အခမ်းအနား တစ်ခုခုလုပ်ပြီဆိုပါက ဇာတ်မင်းသား စွမ်းဇာနည် မပါမဖြစ်ဆိုတဲ့အထိ အားပေးချီးမြှောက်တာကိုရရှိခဲ့တာပါ။ အနုပညာကြေး ရရှိမှုမြင့်မားလွန်းခဲ့ပြီး ငွေကို ရေလို သုံးဖြုန်းနိုင်ခဲ့သူတစ်ဦးဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့ ငွေကြေးအခက်အခဲကြောင့် ပြည်ပနိုင်ငံမှာ ပေါင်ခွဲစိတ်မှုလုပ်ဆောင်ဖို့ကြန့်ကြာနေရခြင်းမျိုးဖြစ်ကြောင်း ၎င်းနဲ့နီးစပ်သူတွေရဲ့ပြောဆိုချက်တွေအရ သိရှိထားရပါတယ်။

ဟာသပညာရှင်ကြီး ရေဒီယိုမန်းကျော် ကွယ်လွန်

လူမှုထူးချွန်ဆု(တတိယအဆင့်)နဲ့ ဟာသတစ်သက်တာဆုရှင် ရေဒီယိုမန်းကျော်(ခ)ဦးကြည်မောင် အသက်(၈၄)နှစ်ဟာ (၂၀၂၅)ခုနှစ် ဩဂုတ်လ(၃)ရက် ည (၇)နာရီအချိန်က ကွယ်လွန်ဆုံးပါးသွားခဲ့ပါပြီ။ လူရွှင်တော်ကောင်းကျော်ရဲ့ဖခင် ဟာသပညာရှင်၊ ဝါရင့်လူရွှင်တော်ကြီး ရေဒီယိုမန်းကျော် (ခ) ဦးကြည်မောင်၊ အသက် (၈၄) နှစ်ရဲ့ နောက်ဆုံးခရီးဈာပနအခမ်းအနားကို ဩဂုတ်လ (၅)ရက်က ရန်ကုန်မြို့ ရေဝေးသုသာန်မှာပြုလုပ်ခဲ့ပါတယ်။ ကျန်ရစ်သူမိသားစုများ၊ လူရွှင်တော်ကြီး ငြိမ်းချမ်း၊ ဝိုင်းချစ်၊ ခင်လှိုင်အပါအဝင် သဘင်အနုပညာရှင် ညီအစ်ကိုမောင်နှမများစွာ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။
ရေဒီယိုမန်းကျော်က ကျောက်ကပ်ကျောက်ရောဂါ နောက်ဆုံးအဆင့် ကုသခံနေရသူဖြစ်ပြီး၊ ဆယ်စုနှစ်ကျော်အထိ လေဖြတ်ဝေဒနာကို ခံစားခဲ့ရသူဖြစ်ပါတယ်။
ကွယ်လွန်သူ ရေဒီယိုမန်းကျော်အတွက် ရည်စူးပြုလုပ်မယ့် ရက်လည်ဆွမ်းေြွကး တရားတော်နာအလှူကို (၉-၈-၂၀၂၅) ရက်မှာ မိသားစုဝင်များက ကုသိုလ်ကောင်းမှုပြုခဲ့ကြပါတယ်။
ဇူလိုင်လ(၂၄)ရက်ကလည်း ဟာသပညာရှင်ကြီး လူရွှင်တော် ရေဒီယိုမန်းကျော်ရဲ့ ညီမငယ်၊ လူရွှင်တော် ကောင်းကျော်ရဲ့အဒေါ် ဇာတ်သဘင်နဲ့အငြိမ့်မင်းသမီးကြီး ဒေါ်ခင်စိန်(ခ)ဒေါ်ပိတောက် ကွယ်လွန် ခဲ့တာဖြစ်ပါတယ်။
အငြိမ့်မင်းသမီးကြီး ဒေါ်ခင်စိန်(ခ)ဒေါ်ပိတောက်က ပြည်သူ့မုန်တိုင်းအငြိမ့်၊ မိုးဝင်း စံပြသဘင်၊ ရွှေမြိုင် ဆန်းဝင်းကြည်၊ ဟင်္သာတထွန်းရင်၊ (ရွှေဝါဝင်း) အငြိမ့်တို့မှာ ကပြဖျော်ဖြေခဲ့သူဖြစ်ပါတယ်။
လူရွှင်တော်ကောင်းကျော်အနေနဲ့ အဒေါ်ကိုဆုံးရှုံးပြီး ရက်ပိုင်းအတွင်းမှာတင် ဖခင်ဖြစ်သူကိုပါ ထပ်မံဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်။

ဒီတစ်ပတ်အတွက် ဒီလောက်နဲ့ရပ်နားခွင့်ပြုပါ။

Zawgyi Version:

" အႏုပညာေလာကသားမ်ား၏ မိသားစုအေရးျဖစ္စဥ္မ်ား "
အိျဖဴ (NP News) - ၾသဂုတ္ ၉

The Statesman Journal ရဲ႕အႏုပညာအႏွစ္ခ်ဳပ္က႑ကေန ဒီတစ္ပတ္အတြက္ " အကယ္ဒမီစိုးျမတ္သူဇာ၊ စိုးျမတ္နႏၵာတို႔ရဲ႕ဖခင္ကြယ္လြန္၊ ဟာသပညာရွင္ႀကီး ေရဒီယိုမန္းေက်ာ္ ကြယ္လြန္၊ စြမ္းဇာနည္ရဲ႕လက္ရွိ က်န္းမာေရးအေျခအေန " စတဲ့ အႏုပညာဆက္စပ္သတင္းေတြကို ေဖာ္ျပေပးသြားပါမယ္။

သ႐ုပ္ေဆာင္ စိုးျမတ္သူဇာ၊ စိုးျမတ္ကလ်ာ၊ စိုးျမတ္နႏၵာ တို႔ရဲ႕ ဖခင္ ကြယ္လြန္

ထပ္ဆင့္အကယ္ဒမီ ႐ုပ္ရွင္သ႐ုပ္ေဆာင္ စိုးျမတ္သူဇာ၊ စိုးျမတ္ကလ်ာ၊ စိုးျမတ္နႏၵာတို႔ရဲ႕ဖခင္ ဦးစိုးျမင့္ အသက္ (၈၆)ႏွစ္ဟာ ဩဂုတ္လ (၅) ရက္ မနက္ (၅) နာရီအခ်ိန္က ကြယ္လြန္ဆုံးပါးသြားခဲ့ပါတယ္။ ကြယ္လြန္တဲ့ ဩဂုတ္လ (၅)ရက္ ညေနပိုင္းမွာပဲ ေန႔ခ်င္း နာေရးဈာ‌ပနအခမ္းအနားျပဳလုပ္ခဲ့ကာ ျြကင္းက်န္ရစ္တဲ့႐ုပ္ကလာပ္ကို ရန္ကုန္တိုင္းေဒသႀကီး ေျမာက္ဥကၠလာပၿမိဳ႕နယ္ရွိ ေရေဝးသုသာန္မွာမီးသၿဂႋဳဟ္ခဲ့ၿပီး က်န္ရွိတဲ့အ႐ိုးျပာကို ရန္ကုန္ျမစ္ထဲေမွ်ာခဲ့ပါတယ္။ ဦးစိုးျမင့္ရဲ႕ေနာက္ဆုံးခရီးကို က်န္ရစ္သူ မိသားစု၊ မိတ္ေဆြ၊ အႏုပညာညီအစ္ကိုေမာင္ႏွမမ်ားစြာက လိုက္ပါပို႔ေဆာင္ခဲ့ၾကပါတယ္။
" အေဖဆုံးၿပီ။ ခ်စ္တယ္အေဖ။ အေဖ့အတြက္ အေကာင္းဆုံးလုပ္ေပးလိုက္ႏိုင္တာမို႔လို႔ ေမာင္ေတြ၊ ညီမေတြ ေက်နပ္ေတာ့ေနာ္ဆိုၿပီး မႀကီးေျပာတဲ့အခ်ိန္ ရင္ထဲမွာ ထိခိုက္ေၾကကြဲရပါတယ္ အေဖရယ္။ အၿမဲတမ္း ပုတီးစိပ္ေနတဲ့လက္ကေလးကို သံသရာတစ္ေကြ႕မွာ ျပန္ထိေတြ႕ခ်င္ပါေသးတယ္။ အေဖ့သမီးအငယ္ဆုံးကေတာ့ တာဝန္မေက်သလိုခံစားရတယ္ အေဖ။ အေဖ ေကာင္းရာသုဂတိလားပါေစ " လို႔ အကယ္ဒမီ စိုးျမတ္နႏၵာက ဝမ္းနည္းစကားဆိုထားပါတယ္။
ကြယ္လြန္သူဦးစိုးျမင့္က ေရာဂါတစ္စုံတစ္ရာ ကုသခံစားေနရသူမ်ိဳးမဟုတ္ခဲ့ဘဲ က်န္းမာေရးေကာင္းမြန္သူျဖစ္ေပမယ့္ မကြယ္လြန္ခင္ရက္ပိုင္းက ေနထိုင္မ ေကာင္းျဖစ္ခဲ့ရာ (၃)ရက္ခန႔္ဖ်ားနာခဲ့ၿပီးေနာက္ စိုးျမတ္သူဇာရဲ႕မိခင္ ေဒၚၾကည္ၾကည္ခင္နဲ႔ သမီး စိုးျမတ္ကလ်ာထံ အဖ်ားကူးခဲ့ေၾကာင္း၊ ထပ္မံ ဦးစိုးျမင့္ထံ အဖ်ားျပန္လည္ ကူးစက္ခဲ့ေၾကာင္း မိသားစုဝင္ေတြရဲ႕ေျပာျပခ်က္အရ သိရပါတယ္။ ႏွစ္ႀကိမ္တိုင္တိုင္ ေနထိုင္မေကာင္းျဖစ္ၿပီးေနာက္ အသက္ရႉလမ္းေၾကာင္းဆိုင္ရာျပႆနာျဖစ္ေပၚခဲ့ၿပီး သတိေမ့ေျမာခဲ့ေၾကာင္း၊ ေဆး႐ုံတင္ဖို႔အတြက္ အသြားလမ္း လူနာတင္ယာဥ္ေပၚတင္ အသက္ဆုံးရႈံးသြားခဲ့ရျခင္းျဖစ္တယ္လို႔ သိရပါတယ္။ မိသားစုဝင္ေတြအေနနဲ႔ ဖခင္ျဖစ္သူ ႐ုတ္တရက္ကြယ္လြန္ဆုံးပါးသြားမႈအ တြက္ ဝမ္းနည္းစိတ္မေကာင္းျဖစ္ၾကေပမယ့္ သက္ရွိထင္ရွားရွိခ်ိန္ကတည္းက အေကာင္းမြန္ဆုံးျပဳစုေပးခဲ့ႏိုင္တဲ့အတြက္ စိတ္ေျဖသာႏိုင္ေၾကာင္း ဖြင့္ဟထားၾကပါတယ္။ ကြယ္လြန္သူ ဦးစိုးျမင့္ ေကာင္းရာဘုံဘဝသို႔ ေရာက္ရွိပါေစေၾကာင္း The Statesman Journal က ဆုေတာင္းအပ္ပါတယ္။

ဇာတ္မင္းသား သ႐ုပ္ေဆာင္ စြမ္းရဲ႕ လက္ရွိက်န္းမာေရးအေျခအေန

႐ုပ္ရွင္နဲ႔ဗီဒီယိုသ႐ုပ္ေဆာင္ ဇာတ္မင္းသား စြမ္း(ခ)စြမ္းဇာနည္ကို ေမြးေန႔အလႉပြဲမွာ ဝွီးခ်ဲနဲ႔ျမင္ေတြ႕ခဲ့ရတဲ့အတြက္ ၎ရဲ႕ပရိသတ္ေတြက သနားဂ႐ုဏာပိုခဲ့ၾကပါတယ္။
စြမ္း(ခ)စြမ္းဇာနည္က သူ႔အသက္(၃၅)ႏွစ္ျပည့္‌ေမြးေန႔အလႉမဂၤလာကို (၃-၈-၂၀၂၅) ရက္ တနဂၤေႏြေန႔က ပဲခူးၿမိဳ႕ ၾကခတ္ဝိုင္းဘုန္းႀကီး ေက်ာင္းမွာျပဳလုပ္ခဲ့တာပါ။ ေမြးေန႔အလႉမွာ ဝွီးခ်ဲနဲ႔ျမင္ရတဲ့ျမင္ကြင္းေၾကာင့္ အြန္လိုင္းအသုံးျပဳသူအမ်ားစုက စြမ္းဇာနည္ ေအာက္ပိုင္းခ်ည့္သြားၿပီလားလို႔ ေမးခြန္းေမးခဲ့ၾကသလို စြမ္းဟာ ဇာတ္သဘင္ေလာကမွာ အေအာင္ျမင္ဆုံး ဇာတ္မင္းသား၊ သ႐ုပ္ေဆာင္ျဖစ္ခဲ့ေပမယ့္ ေအာင္ျမင္မႈဒဏ္ကို မခံႏိုင္သူျဖစ္ေၾကာင္း အမ်ားစုက ေထာက္ျပေဝဖန္ေလ့ရွိပါတယ္။ သူ႔အေနနဲ႔ အရက္ေသစာေသာက္စားမႈ၊ အေပ်ာ္အပါးမက္ေမာမႈနဲ႔ မူးယစ္ေဆးဝါးသုံးစြဲမႈေတြလြန္က်ဴးမိခဲ့ေၾကာင္း ၎ကိုယ္တိုင္ဝန္ခံခဲ့ဖူးၿပီး လက္ရွိမွာ အတိတ္ကလုပ္ရပ္ေတြရဲ႕ဆိုးက်ိဳးေတြကို စုၿပဳံခံစားေနရၿပီျဖစ္ပါတယ္။
စြမ္းက မုန႔္ခ်ိဳအိတ္ေရာင္ရမ္းတာ၊ အသည္းႀကီးတာ၊ အစာအိမ္ေရာဂါနဲ႔ ေပါင္ႏွစ္ဖက္ေသြးေၾကာေတြ ေသြးခဲမႈျဖစ္ပြားတာ အစရွိတဲ့ ေရာဂါေဝဒနာ မ်ားစြာကို ခံစားေနရတာျဖစ္ပါတယ္။ ေပါင္ေသြးေၾကာေတြေသြခဲတာေၾကာင့္ မတ္တတ္ရပ္/လမ္းေလွ်ာက္ဖို႔ ခက္ခဲတာမ်ိဳးျဖစ္တယ္လို႔လည္း သိရပါတယ္။
စြမ္းဇာနည္က ေနျပည္ေတာ္ လယ္ေဝးၿမိဳ႕မွာ (၂ဝ၂၅) ခုႏွစ္ ဇြန္လ (၂၉) ၊ (၃ဝ) ရက္နဲ႔ ဇူလိုင္လ (၁) ရက္ (၃)ရက္တာ အၿငိမ့္ပြဲစီစဥ္ခဲ့ေပမယ့္ လမ္းမေလွ်ာက္ႏိုင္တာေၾကာင့္ ပြဲအစီအစဥ္ကို ဖ်က္သိမ္းလိုက္ရပါတယ္။
" ေတာင္းပန္ပါတယ္ ကြၽန္ေတာ္ခ်စ္ရတဲ့ လယ္ေဝးက ပရိသတ္ႀကီးေရ။ ပြဲကျပဖို႔ေၾကာ္ျငာၿပီးမွ ကြၽန္ေတာ္ရဲ႕က်န္းမာေရးအရ ဆရာဝန္ေတြက ကျပဖို႔အဆင္မေျပပါသျဖင့္ ကြၽန္ေတာ္ကိုယ္တိုင္လည္း လမ္းလုံးဝေလွ်ာက္မရတဲ့အတြက္ ကျပဖို႔ဘယ္လိုမွအဆင္မေျပလို႔ပါဗ်ာ။ ကြၽန္ေတာ့္ရဲ႕ေပါင္ႏွစ္ဖက္လုံး အျမန္ဆုံးခြဲစိတ္ပါေတာ့မယ္။ ကြၽန္ေတာ္အ ရင္တုန္းကလို ပရိသတ္ႀကီးေရွ႕ အေကာင္းဆုံးျပန္လာခဲ့ပါမယ္" လို႔ ေတာင္းပန္စကားဆိုထားတာကို ေတြ႕ျမင္ခဲ့ရပါတယ္။
တစ္ခ်ိန္က မင္းသားစြမ္းဇာနည္ရဲ႕ ေအာင္ျမင္မႈစန္းဇာတာက ႀကီးမားလြန္းခဲ့ၿပီး ၿမိဳ႕ႀကီး၊ နယ္ႀကီးေတြမွာ ပြဲလမ္းသဘင္အခမ္းအနား တစ္ခုခုလုပ္ၿပီဆိုပါက ဇာတ္မင္းသား စြမ္းဇာနည္ မပါမျဖစ္ဆိုတဲ့အထိ အားေပးခ်ီးေျမႇာက္တာကိုရရွိခဲ့တာပါ။ အႏုပညာေၾကး ရရွိမႈျမင့္မားလြန္းခဲ့ၿပီး ေငြကို ေရလို သုံးျဖဳန္းႏိုင္ခဲ့သူတစ္ဦးျဖစ္ခဲ့ေပမယ့္ လက္ရွိမွာေတာ့ ေငြေၾကးအခက္အခဲေၾကာင့္ ျပည္ပႏိုင္ငံမွာ ေပါင္ခြဲစိတ္မႈလုပ္ေဆာင္ဖို႔ၾကန႔္ၾကာေနရျခင္းမ်ိဳးျဖစ္ေၾကာင္း ၎နဲ႔နီးစပ္သူေတြရဲ႕ေျပာဆိုခ်က္ေတြအရ သိရွိထားရပါတယ္။

ဟာသပညာရွင္ႀကီး ေရဒီယိုမန္းေက်ာ္ ကြယ္လြန္

လူမႈထူးခြၽန္ဆု(တတိယအဆင့္)နဲ႔ ဟာသတစ္သက္တာဆုရွင္ ေရဒီယိုမန္းေက်ာ္(ခ)ဦးၾကည္ေမာင္ အသက္(၈၄)ႏွစ္ဟာ (၂၀၂၅)ခုႏွစ္ ဩဂုတ္လ(၃)ရက္ ည (၇)နာရီအခ်ိန္က ကြယ္လြန္ဆုံးပါးသြားခဲ့ပါၿပီ။ လူ႐ႊင္ေတာ္ေကာင္းေက်ာ္ရဲ႕ဖခင္ ဟာသပညာရွင္၊ ဝါရင့္လူ႐ႊင္ေတာ္ႀကီး ေရဒီယိုမန္းေက်ာ္ (ခ) ဦးၾကည္ေမာင္၊ အသက္ (၈၄) ႏွစ္ရဲ႕ ေနာက္ဆုံးခရီးဈာပနအခမ္းအနားကို ဩဂုတ္လ (၅)ရက္က ရန္ကုန္ၿမိဳ႕ ေရေဝးသုသာန္မွာျပဳလုပ္ခဲ့ပါတယ္။ က်န္ရစ္သူမိသားစုမ်ား၊ လူ႐ႊင္ေတာ္ႀကီး ၿငိမ္းခ်မ္း၊ ဝိုင္းခ်စ္၊ ခင္လႈိင္အပါအဝင္ သဘင္အႏုပညာရွင္ ညီအစ္ကိုေမာင္ႏွမမ်ားစြာ လိုက္ပါပို႔ေဆာင္ခဲ့ၾကပါတယ္။
ေရဒီယိုမန္းေက်ာ္က ေက်ာက္ကပ္ေက်ာက္ေရာဂါ ေနာက္ဆုံးအဆင့္ ကုသခံေနရသူျဖစ္ၿပီး၊ ဆယ္စုႏွစ္ေက်ာ္အထိ ေလျဖတ္ေဝဒနာကို ခံစားခဲ့ရသူျဖစ္ပါတယ္။
ကြယ္လြန္သူ ေရဒီယိုမန္းေက်ာ္အတြက္ ရည္စူးျပဳလုပ္မယ့္ ရက္လည္ဆြမ္းေျြကး တရားေတာ္နာအလႉကို (၉-၈-၂၀၂၅) ရက္မွာ မိသားစုဝင္မ်ားက ကုသိုလ္ေကာင္းမႈျပဳခဲ့ၾကပါတယ္။
ဇူလိုင္လ(၂၄)ရက္ကလည္း ဟာသပညာရွင္ႀကီး လူ႐ႊင္ေတာ္ ေရဒီယိုမန္းေက်ာ္ရဲ႕ ညီမငယ္၊ လူ႐ႊင္ေတာ္ ေကာင္းေက်ာ္ရဲ႕အေဒၚ ဇာတ္သဘင္နဲ႔အၿငိမ့္မင္းသမီးႀကီး ေဒၚခင္စိန္(ခ)ေဒၚပိေတာက္ ကြယ္လြန္ ခဲ့တာျဖစ္ပါတယ္။
အၿငိမ့္မင္းသမီးႀကီး ေဒၚခင္စိန္(ခ)ေဒၚပိေတာက္က ျပည္သူ႔မုန္တိုင္းအၿငိမ့္၊ မိုးဝင္း စံျပသဘင္၊ ေ႐ႊၿမိဳင္ ဆန္းဝင္းၾကည္၊ ဟသၤာတထြန္းရင္၊ (ေ႐ႊဝါဝင္း) အၿငိမ့္တို႔မွာ ကျပေဖ်ာ္ေျဖခဲ့သူျဖစ္ပါတယ္။
လူ႐ႊင္ေတာ္ေကာင္းေက်ာ္အေနနဲ႔ အေဒၚကိုဆုံးရႈံးၿပီး ရက္ပိုင္းအတြင္းမွာတင္ ဖခင္ျဖစ္သူကိုပါ ထပ္မံဆုံးရႈံးလိုက္ရတာျဖစ္ပါတယ္။

ဒီတစ္ပတ္အတြက္ ဒီေလာက္နဲ႔ရပ္နားခြင့္ျပဳပါ။

Related news

© 2021. All rights reserved.