ကမ္ဘာ့အရှည်ဆုံးကြိုးတံတား တည်ဆောက်မည့်အစီအစဉ်များကို အီတလီအစိုးရ အတည်ပြု

 142

Pika (NP News) - သြဂုတ် ၁ဝ
စစ္စလီကျွန်းကို ပြည်မကြီးနှင့်ဆက်သွယ် ပေးမည့် ကမ္ဘာ့အရှည်ဆုံးကြိုးတံတားကိုတည်ဆောက်ရန် အမေရိကန် ဒေါ်လာ (၁၅ ဒသမ ၆)ဘီလျံတန်ဖိုးရှိ စီမံကိန်းကို အီတလီအစိုးရက အတည်ပြုခဲ့ကြောင်း သိရသည်။
ဆယ်စုနှစ်များစွာကြာအောင် စီမံကိန်းရေး ဆွဲခြင်းနှင့်အငြင်းပွားမှုများအပြီးတွင် Messina ရေလက်ကြား ကိုဖြတ်ကာ အစိုးရရန်ပုံငွေဖြင့်တည် ဆောက်မည့်တံတားကို အီတလီဝန်ကြီးများကော်မတီ က မီးစိမ်းပြခဲ့ ကြောင်း ပို့ဆောင်ရေးနှင့်အခြေခံအ ဆောက်အအုံဆိုင်ရာဝန်ကြီး Matteo Salvini က ထုတ်ပြန်ကြေညာခဲ့သည်။
Matteo Salvini က "အဲဒီတံတားဟာ ကမ္ဘာပေါ်မှာ အရှည်ဆုံးကြိုးတံတားတစ်စင်းဖြစ်လာပါလိမ့်မယ်။ အဲဒီတံတားဟာ စစ္စလီကျွန်းနဲ့ Cal-abria ဒေသတို့အတွက် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အချက်အချာနေရာတစ်ခု ဖြစ်လာပါလိမ့်မယ်" ဟု ထုတ်ပြန်ပြောခဲ့သည်။ အဆိုပါတံတားကို အလယ်တွင် မီးရထားလမ်းကြောင်းနှစ်ခုနှင့် တစ်ဖက်စီတွင် သုံးလမ်းသွားကားလမ်းတို့ဖြင့်တည်ဆောက်ရန် ဒီဇိုင်းဆွဲထားပြီး အမြင့် (၄ဝဝ) မီတာရှိသော တာဝါတိုင်နှစ်ခုကြားတွင် ကြိုးဖြင့်ဆွဲထားမည့်အရှည်မှာ (၃ ဒသမ ၃) ကီလိုမီတာရှိမည်ဖြစ်ကြောင်းလည်း သိရ သည်။
အဆိုပါတံတားကို (၂ဝ၃၂) ခုနှစ်တွင် တည်ဆောက်ပြီးစီးရန်စီစဉ်ထားပြီး ပြင်းထန်သော လေတိုက်နှုန်းနှင့် ငလျင်လှုပ်ခတ်မှုဒဏ်များကိုလည်း ခံနိုင်ရည်ရှိမည်ဖြစ်ကြောင်း အီတလီအစိုးရက ထုတ်ပြန်ပြောကြားခဲ့သည်။ (၂၀၃၂)ခုနှစ်တွင် တည်ဆောက်ပြီးစီးမည့် ယင်းတံတားသည် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှင့် အလုပ်အကိုင်များကို ယူဆောင်လာနိုင်လိမ့်မည်ဟု အီတလီဝန်ကြီးများက မျှော်လင့်ထားကြကြောင်းလည်းသိရသည်။

Zawgyi Version:
ကမာၻ႔အရွည္ဆုံးႀကိဳးတံတား တည္ေဆာက္မည့္အစီအစဥ္မ်ားကို အီတလီအစိုးရ အတည္ျပဳ
Pika (NP News) - ၾသဂုတ္ ၁ဝ
စစၥလီကြၽန္းကို ျပည္မႀကီးႏွင့္ဆက္သြယ္ ေပးမည့္ ကမာၻ႔အရွည္ဆုံးႀကိဳးတံတားကိုတည္ေဆာက္ရန္ အေမရိကန္ ေဒၚလာ (၁၅ ဒသမ ၆)ဘီလ်ံတန္ဖိုးရွိ စီမံကိန္းကို အီတလီအစိုးရက အတည္ျပဳခဲ့ေၾကာင္း သိရသည္။
ဆယ္စုႏွစ္မ်ားစြာၾကာေအာင္ စီမံကိန္းေရး ဆြဲျခင္းႏွင့္အျငင္းပြားမႈမ်ားအၿပီးတြင္ Messina ေရလက္ၾကား ကိုျဖတ္ကာ အစိုးရရန္ပုံေငြျဖင့္တည္ ေဆာက္မည့္တံတားကို အီတလီဝန္ႀကီးမ်ားေကာ္မတီ က မီးစိမ္းျပခဲ့ ေၾကာင္း ပို႔ေဆာင္ေရးႏွင့္အေျခခံအ ေဆာက္အအုံဆိုင္ရာဝန္ႀကီး Matteo Salvini က ထုတ္ျပန္ေၾကညာခဲ့သည္။
Matteo Salvini က "အဲဒီတံတားဟာ ကမာၻေပၚမွာ အရွည္ဆုံးႀကိဳးတံတားတစ္စင္းျဖစ္လာပါလိမ့္မယ္။ အဲဒီတံတားဟာ စစၥလီကြၽန္းနဲ႔ Cal-abria ေဒသတို႔အတြက္ ဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာ အခ်က္အခ်ာေနရာတစ္ခု ျဖစ္လာပါလိမ့္မယ္" ဟု ထုတ္ျပန္ေျပာခဲ့သည္။ အဆိုပါတံတားကို အလယ္တြင္ မီးရထားလမ္းေၾကာင္းႏွစ္ခုႏွင့္ တစ္ဖက္စီတြင္ သုံးလမ္းသြားကားလမ္းတို႔ျဖင့္တည္ေဆာက္ရန္ ဒီဇိုင္းဆြဲထားၿပီး အျမင့္ (၄ဝဝ) မီတာရွိေသာ တာဝါတိုင္ႏွစ္ခုၾကားတြင္ ႀကိဳးျဖင့္ဆြဲထားမည့္အရွည္မွာ (၃ ဒသမ ၃) ကီလိုမီတာရွိမည္ျဖစ္ေၾကာင္းလည္း သိရ သည္။
အဆိုပါတံတားကို (၂ဝ၃၂) ခုႏွစ္တြင္ တည္ေဆာက္ၿပီးစီးရန္စီစဥ္ထားၿပီး ျပင္းထန္ေသာ ေလတိုက္ႏႈန္းႏွင့္ ငလ်င္လႈပ္ခတ္မႈဒဏ္မ်ားကိုလည္း ခံႏိုင္ရည္ရွိမည္ျဖစ္ေၾကာင္း အီတလီအစိုးရက ထုတ္ျပန္ေျပာၾကားခဲ့သည္။ (၂၀၃၂)ခုႏွစ္တြင္ တည္ေဆာက္ၿပီးစီးမည့္ ယင္းတံတားသည္ စီးပြားေရးဖြံ႕ၿဖိဳး တိုးတက္မႈႏွင့္ အလုပ္အကိုင္မ်ားကို ယူေဆာင္လာႏိုင္လိမ့္မည္ဟု အီတလီဝန္ႀကီးမ်ားက ေမွ်ာ္လင့္ထားၾကေၾကာင္းလည္းသိရသည္။

Related news

© 2021. All rights reserved.