အိမ်စီးကားဈေးကွက်အတွင်းဈေးမြင့်တက်ပြီးအရောင်းအဝယ်အေးနေ

 2565

ပြည့်ဖြိုး (NP News)ဩဂုတ် ၁၀
ပြည်တွင်းကားဈေးကွက်အတွင်း ကားအများစုမှာ ဈေးနှုန်းမြင့်တက်နေပြီး အရောင်းအဝယ်အေးနေကြောင်း ကားဝယ်ရောင်းလုပ်ငန်းရှင်များထံမှသိရသည်။
ကားဈေးကွက်အတွင်း ကားအမျိုးအစားထက် ကားကြံခိုင်မှုအရည်အသွေးပေါ်မှုတည်ကာ ဈေးကောင်းပေးဝယ်နေကြောင်းနှင့် ကိုရီးယားနှင့်ဂျပန်ကား နှစ်မျိုးစလုံးအရောင်းအဝယ် ရှိနေကြောင်းသိရသည်။
“တရုတ်ကားတွေတော့မပါဘူးကိုရီးယား KIA နဲ့ ဂျပန်ကားတွေ အရောင်းအဝယ်ရှိတယ် ကားကောင်းရင်ကောင်းသလိုဈေးကောင်းရတယ် ။သိန်း သုံးထောင်ကနေ သိန်းငါးထောင် ၊သိန်းတစ်သောင်းအထိ အမျိုးအစားအလိုက်ဈေးကောင်းတွေရနေပါတယ်” ဟု ဝါရင့်ကားလုပ်ငန်းရှင် ကိုထွန်းထွန်း(သိမ်ဖြူ) ကပြောသည်။
လက်တလောကားဈေးမြင့်တက်နေခြင်းသည် လာမည့် စက်တင်ဘာ၊အောက်တိုဘာ၊နိုဝင်ဘာနှင့်ဒီဇင်ဘာ လများတွင် အပြောင်းအလဲဖြစ်နိုင်ကြောင်းခန့်မှန်းထားကြသည်။
ကားဈေးကွက်အတွင်း ကားအမျိုးအစားအလိုက် တိုက်ကြေနှင့်ဖေါက်စွတ်ကားများ ပါဝင်တက်ခြင်းကြောင့် စာရွက်စာတန်းနှင့် ကားမှန်မမှန် သေချာစွာစစ်ဆေး ဝယ်ယူသင့်ကြောင်း ဝါရင့် ကားဝယ်ရောင်းလုပ်ငန်းရှင်များက မှတ်ချက်ပြုပြောကြားသည်။
စက်သုံးဆီကားများမှာ EVကားများထက် အ‌ရောင်းအဝယ်ကောင်းမွန်နေပြီး EVကားအများစုမှာပြင်ဆင် စရိတ်မြင့်မားခြင်းနှင့် ကားအပိုပစ္စည်းရှားပါးခြင်းတို့ကြောင့် ဝယ်လက်ရှားပါးကြောင်းသိရသည်။
ထို့အပြင် EV ကားများသည် ကားမော်ဒယ်အသစ်များဆက်တိုက် ဈေးကွက်တွင်းဝင်ရောက်နေမှုကြောင့် သုံးစွဲသူမှရွေးချယ်စရာများပြားနေပြီး အရောင်းအဝယ် နည်းပါးကြောင်းသိရသည်။

Zawgyi Version:


အိမ္စီးကားေဈးကြက္အတြင္းေဈးျမင့္တက္ၿပီးအေရာင္းအဝယ္ေအးေန
ျပည့္ၿဖိဳး (NP News)ဩဂုတ္ ၁၀
ျပည္တြင္းကားေဈးကြက္အတြင္း ကားအမ်ားစုမွာ ေဈးႏႈန္းျမင့္တက္ေနၿပီး အေရာင္းအဝယ္ေအးေနေၾကာင္း ကားဝယ္ေရာင္းလုပ္ငန္းရွင္မ်ားထံမွသိရသည္။
ကားေဈးကြက္အတြင္း ကားအမ်ိဳးအစားထက္ ကားႀကံခိုင္မႈအရည္အေသြးေပၚမႈတည္ကာ ေဈးေကာင္းေပးဝယ္ေနေၾကာင္းႏွင့္ ကိုရီးယားႏွင့္ဂ်ပန္ကား ႏွစ္မ်ိဳးစလုံးအေရာင္းအဝယ္ ရွိေနေၾကာင္းသိရသည္။
“တ႐ုတ္ကားေတြေတာ့မပါဘူးကိုရီးယား KIA နဲ႔ ဂ်ပန္ကားေတြ အေရာင္းအဝယ္ရွိတယ္ ကားေကာင္းရင္ေကာင္းသလိုေဈးေကာင္းရတယ္ ။သိန္း သုံးေထာင္ကေန သိန္းငါးေထာင္ ၊သိန္းတစ္ေသာင္းအထိ အမ်ိဳးအစားအလိုက္ေဈးေကာင္းေတြရေနပါတယ္” ဟု ဝါရင့္ကားလုပ္ငန္းရွင္ ကိုထြန္းထြန္း(သိမ္ျဖဴ) ကေျပာသည္။
လက္တေလာကားေဈးျမင့္တက္ေနျခင္းသည္ လာမည့္ စက္တင္ဘာ၊ေအာက္တိုဘာ၊ႏိုဝင္ဘာႏွင့္ဒီဇင္ဘာ လမ်ားတြင္ အေျပာင္းအလဲျဖစ္ႏိုင္ေၾကာင္းခန႔္မွန္းထားၾကသည္။
ကားေဈးကြက္အတြင္း ကားအမ်ိဳးအစားအလိုက္ တိုက္ေၾကႏွင့္ေဖါက္စြတ္ကားမ်ား ပါဝင္တက္ျခင္းေၾကာင့္ စာ႐ြက္စာတန္းႏွင့္ ကားမွန္မမွန္ ေသခ်ာစြာစစ္ေဆး ဝယ္ယူသင့္ေၾကာင္း ဝါရင့္ ကားဝယ္ေရာင္းလုပ္ငန္းရွင္မ်ားက မွတ္ခ်က္ျပဳေျပာၾကားသည္။
စက္သုံးဆီကားမ်ားမွာ EVကားမ်ားထက္ အ‌ေရာင္းအဝယ္ေကာင္းမြန္ေနၿပီး EVကားအမ်ားစုမွာျပင္ဆင္ စရိတ္ျမင့္မားျခင္းႏွင့္ ကားအပိုပစၥည္းရွားပါးျခင္းတို႔ေၾကာင့္ ဝယ္လက္ရွားပါးေၾကာင္းသိရသည္။
ထို႔အျပင္ EV ကားမ်ားသည္ ကားေမာ္ဒယ္အသစ္မ်ားဆက္တိုက္ ေဈးကြက္တြင္းဝင္ေရာက္ေနမႈေၾကာင့္ သုံးစြဲသူမွေ႐ြးခ်ယ္စရာမ်ားျပားေနၿပီး အေရာင္းအဝယ္ နည္းပါးေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.