ထိုင်းနိုင်ငံတွင် (CI) ဖြင့် နေထိုင်သည့် မြန်မာလုပ်သား (၁) သန်းကျော်ရှိနေ

 420

Pearl (NP News)ဩဂုတ် ၁၁
ထိုင်းနိုင်ငံတွင် (CI) ဖြင့်နေထိုင်သည့် မြန် မာလုပ်သား (၁)သန်းကျော်ရှိနေကြောင်း ထိုင်းနိုင်ငံ ရောက် မြန်မာလုပ်သားများအရေးဆောင်ရွက်ပေးနေ သူတစ်ဦးက NP News သို့ပြောသည်။ ထိုင်းနိုင်ငံ သို့ ရောက်ရှိနေသော အထောက်အထားမဲ့ မြန်မာလုပ်သားများကို မြန်မာနိုင်ငံ၊ အလုပ်သမားဝန်ကြီး ဌာနက မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် (ဃှု) ထုတ်ပေးရေးစခန်းများ ဖွင့်လှစ်ကာ သက်သေခံ လက်မှတ်(CI)များကို ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
လက်ရှိတွင် CI သက်တမ်းကုန်ဆုံးနေသည့် မြန်မာလုပ်သားများ (၃)သိန်းကျော်ခန့်ရှိပြီး ပြီးခဲ့ သည့် ဩဂုတ်လ(၆)ရက်မှစ၍ ထိုင်းနိုင်ငံရှိ စမု စခွန်စခန်း၊ စမုပရာကန်စခန်း၊ ဆူရတ်ဌာနီစခန်းနှင့် ချင်းမိုင် စခန်းတို့တွင် ဖွင့်လှစ်သက်တမ်းတိုးပေးလျက် ရှိကြောင်းသိရသည်။ “CI to CI ကိုလဲတာ။ ပြီးခဲ့ တဲ့ (၂၀၂၂) (၁)လပိုင်းကလုပ်ထားပေးတဲ့ CI ကို (၄) နှစ်ပြည့်လို့ (၄) နှစ်ထပ်တိုးပေးတာပေါ့။ မရှိသေး တဲ့လူကတော့ ထပ်လုပ်လို့မရသေးဘူး။ (၃)လလောက်စောင့် ရဦးမယ်။ မှတ်ပုံတင်မရှိသည့်တိုင် မြန်မာ မှန်ရင် အကုန်ပေးတယ်။ တာဝန်ရှိတဲ့လူတွေစစ်ပြီးရင် ပေးတယ်။ မုတ်ဆိတ်တွေကျတော့ အထောက် အထားတစ်ခုခုရှိမှပေးတယ်။ အခုကတော့ သက်တမ်းတိုးတာပဲ လုပ်ပေးတာ။ (၂၀၂၃)မှာပေးထားတဲ့ လူ တွေ လဲချင်လည်းရတယ်။ မလဲချင်လည်းရတယ်။ (၂၀၂၂) တုန်းက လုပ်တာက လူ (၃)သိန်းဝန်းကျင် လောက်ရှိမယ်။ လုပ်ထားတုန်းက (၄)သိန်းဝန်းကျင်ရှိတာပေါ့။ နေရာတွေချိန်းလိုက်တာတို့၊ တချို့ပြန် တာတို့ရှိတယ်ဆိုတော့ (၃)သိန်းဝန်းကျင်လောက်ရှိမယ်။ 7 - Eleven သွင်းတာက (၂၆၇၀)ဆိုတာ (၁၈၀ဝ) က အခွန်လို့ ပြောလို့ရတယ်။ နောက် (၈၇၅)က CI ဖိုးနဲ့ စမတ်ကတ်ဖိုး။ ကိုယ်တိုင်လုပ်လို့ရ တယ်။ ကလေးတွေက ပွဲစားနဲ့လုပ်တာတွေများတယ်။ ကားခ ဘာခနဲ့ ပေါင်း တာနဲ့ဆို အနည်းဆုံး (၁၀ဝဝ၊ ၂၀ဝဝ)လောက်တော့ ပေါင်းတာပေါ့။ ပိုက်ဆံကတော့ မြန်မာအစိုးရကရတာ” ဟု မြန်မာလုပ် သားများအရေးဆောင်ရွက်ပေးနေသူ တစ်ဦးက NP News သို့ပြောသည်။
ထိုင်းနိုင်ငံသို့ မြန်မာလုပ်သားစေလွှတ်ခြင်းကို တရားဝင်ခွင့်ပြုထားသော်လည်း တာချီလိတ်နယ် စပ်ဂိတ်အပါအဝင် နယ်စပ်မှ တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်မှုများလည်းရှိနေပြီး လက်ရှိတွင် ထိုင်းနိုင်ငံသို့ MOU ဖြင့် တရားဝင်သွားရောက်လုပ် ကိုင်သည့် မြန်မာလုပ်သား (၅)သိန်းကျော်၊ (CI) ဖြင့် နေထိုင်သည့် မြန်မာလုပ်သား (၁) သန်းကျော်ရှိနေကြောင်းလည်းသိရသည်။
“CI နဲ့နေတဲ့ မြန်မာက (၁)သန်းကျော်ရှိတယ်။ အစကတည်းက MOU နဲ့ ကောင်းကောင်း လွှတ် နေရင် ဒီလောက်ထိမရှိဘူး‌ပေါ့။ MOU နဲ့ လာထားတာက (၅) သိန်းကျော်လောက်ရှိတယ်။ ခန့်မှန်းဆိုရင် ဘတ်ရိုက်တာက (၉) သိန်း၊ သက်တမ်းကုန်တာ က (၁)သန်း (၇)သိန်း ၊ MOU က (၅)သိန်းဆိုတော့ (၃) သန်းဝန်းကျင်ပေါ့။ အလွန်ဆုံး (၃) သန်းခွဲ ထိုင်းမှာ မြန်မာလုပ်သားရှိတယ်”ဟု ၎င်းက ဆက်လက် ပြော သည်။ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးက ပြီးခဲ့သည့်ဩဂုတ်လ (၃)ရက် က ဘန် ကောက်မြို့ရှိ မြန်မာသံရုံး၌ CI ထုတ်ပေးရေး စခန်း (၄)ခုတွင် တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့ဝန် ထမ်းများ၊ စခန်းတာဝန်ခံများကိုတွေ့ဆုံ၍ နိုင်ငံရေး၊ လုံခြုံရေးအမြင်များထားရှိရေး၊ CI သက်သေခံလက် မှတ်ထုတ်ပေးရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများကို လေ့လာဆောင်ရွက်ရေး၊ CI ထုတ်ပေးရေးလုပ်ငန်းစဉ် အောင်မြင်စေရန် အားလုံးပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတော်မူဝါဒနှင့်အညီ မြန်မာသံရုံးဘက်မှ ပံ့ပိုး ကူညီဆောင်ရွက်ပေးရေးတို့နှင့်စပ်လျဉ်း၍ ပြောကြားခဲ့ကြောင်းလည်းသိရသည်။
လာမည့်အောက်တိုဘာလတွင်လည်း ထိုင်းနိုင်ငံအနေဖြင့် ၎င်းတို့နိုင်ငံအတွင်းသို့ တရားမဝင် ရောက်ရှိနေသည့် နိုင်ငံခြားသားများကို ဘတ်ကတ်အသစ်ရိုက်ပေးမည်ဖြစ်ပြီး အထောက်အထားမဲ့ မြန် မာနိုင်ငံသား (၄)သိန်းခန့်ရှိနေကြောင်းလည်း သိရသည်။ “ထိုင်းက (၁၀)လပိုင်းလောက်မှာ အထောက် အထားမဲ့ ခိုးဝင်လာတဲ့လူကို ဘတ်ကတ်အသစ်ရိုက်ဖို့ရှိတယ်။ ရှိထားပြီးတဲ့လူတွေ ရိုက်စရာမလိုတော့ ဘူးပေါ့။ ဒီတစ်ခေါက်လည်း အထောက်အထားမဲ့ ရောက်နေတဲ့မြန်မာတွေ (၃)၊ (၄)သိန်းရှိတယ်။ မြန် မာပြည်ကလည်း နေ့တိုင်းခိုးထွက်နေကြတာလေ။ တရားဝင်ထွက်မရတော့ အောက်ကနေထွက်ကုန် တာ။ လူကြီးတွေစိတ်ထဲမှာ သူတို့ပိတ်ထားရင် ပိတ်နေပြီ ထင်နေတာ။ ပြီးရင် CI လုပ်ပေါ့။ ဒီလိုပဲ လည် နေတာ” ဟု ၎င်းက ဆက်လက်ပြောသည်။

Zawgyi Version:
ထိုင္းႏိုင္ငံတြင္ (CI) ျဖင့္ ေနထိုင္သည့္ ျမန္မာလုပ္သား (၁) သန္းေက်ာ္ရွိေန
Pearl (NP News)ဩဂုတ္ ၁၁
ထိုင္းႏိုင္ငံတြင္ (CI) ျဖင့္ေနထိုင္သည့္ ျမန္ မာလုပ္သား (၁)သန္းေက်ာ္ရွိေနေၾကာင္း ထိုင္းႏိုင္ငံ ေရာက္ ျမန္မာလုပ္သားမ်ားအေရးေဆာင္႐ြက္ေပးေန သူတစ္ဦးက NP News သို႔ေျပာသည္။ ထိုင္းႏိုင္ငံ သို႔ ေရာက္ရွိေနေသာ အေထာက္အထားမဲ့ ျမန္မာလုပ္သားမ်ားကို ျမန္မာႏိုင္ငံ၊ အလုပ္သမားဝန္ႀကီး ဌာနက မည္သူမည္ဝါျဖစ္ေၾကာင္း သက္ေသခံ လက္မွတ္ (ဃႈ) ထုတ္ေပးေရးစခန္းမ်ား ဖြင့္လွစ္ကာ သက္ေသခံ လက္မွတ္(CI)မ်ားကို ထုတ္ေပးလ်က္ရွိေၾကာင္းသိရသည္။
လက္ရွိတြင္ CI သက္တမ္းကုန္ဆုံးေနသည့္ ျမန္မာလုပ္သားမ်ား (၃)သိန္းေက်ာ္ခန႔္ရွိၿပီး ၿပီးခဲ့ သည့္ ဩဂုတ္လ(၆)ရက္မွစ၍ ထိုင္းႏိုင္ငံရွိ စမု စခြန္စခန္း၊ စမုပရာကန္စခန္း၊ ဆူရတ္ဌာနီစခန္းႏွင့္ ခ်င္းမိုင္ စခန္းတို႔တြင္ ဖြင့္လွစ္သက္တမ္းတိုးေပးလ်က္ ရွိေၾကာင္းသိရသည္။ “CI to CI ကိုလဲတာ။ ၿပီးခဲ့ တဲ့ (၂၀၂၂) (၁)လပိုင္းကလုပ္ထားေပးတဲ့ CI ကို (၄) ႏွစ္ျပည့္လို႔ (၄) ႏွစ္ထပ္တိုးေပးတာေပါ့။ မရွိေသး တဲ့လူကေတာ့ ထပ္လုပ္လို႔မရေသးဘူး။ (၃)လေလာက္ေစာင့္ ရဦးမယ္။ မွတ္ပုံတင္မရွိသည့္တိုင္ ျမန္မာ မွန္ရင္ အကုန္ေပးတယ္။ တာဝန္ရွိတဲ့လူေတြစစ္ၿပီးရင္ ေပးတယ္။ မုတ္ဆိတ္ေတြက်ေတာ့ အေထာက္ အထားတစ္ခုခုရွိမွေပးတယ္။ အခုကေတာ့ သက္တမ္းတိုးတာပဲ လုပ္ေပးတာ။ (၂၀၂၃)မွာေပးထားတဲ့ လူ ေတြ လဲခ်င္လည္းရတယ္။ မလဲခ်င္လည္းရတယ္။ (၂၀၂၂) တုန္းက လုပ္တာက လူ (၃)သိန္းဝန္းက်င္ ေလာက္ရွိမယ္။ လုပ္ထားတုန္းက (၄)သိန္းဝန္းက်င္ရွိတာေပါ့။ ေနရာေတြခ်ိန္းလိုက္တာတို႔၊ တခ်ိဳ႕ျပန္ တာတို႔ရွိတယ္ဆိုေတာ့ (၃)သိန္းဝန္းက်င္ေလာက္ရွိမယ္။ 7 - Eleven သြင္းတာက (၂၆၇၀)ဆိုတာ (၁၈၀ဝ) က အခြန္လို႔ ေျပာလို႔ရတယ္။ ေနာက္ (၈၇၅)က CI ဖိုးနဲ႔ စမတ္ကတ္ဖိုး။ ကိုယ္တိုင္လုပ္လို႔ရ တယ္။ ကေလးေတြက ပြဲစားနဲ႔လုပ္တာေတြမ်ားတယ္။ ကားခ ဘာခနဲ႔ ေပါင္း တာနဲ႔ဆို အနည္းဆုံး (၁၀ဝဝ၊ ၂၀ဝဝ)ေလာက္ေတာ့ ေပါင္းတာေပါ့။ ပိုက္ဆံကေတာ့ ျမန္မာအစိုးရကရတာ” ဟု ျမန္မာလုပ္ သားမ်ားအေရးေဆာင္႐ြက္ေပးေနသူ တစ္ဦးက NP News သို႔ေျပာသည္။
ထိုင္းႏိုင္ငံသို႔ ျမန္မာလုပ္သားေစလႊတ္ျခင္းကို တရားဝင္ခြင့္ျပဳထားေသာ္လည္း တာခ်ီလိတ္နယ္ စပ္ဂိတ္အပါအဝင္ နယ္စပ္မွ တရားမဝင္သြားေရာက္ အလုပ္လုပ္ကိုင္မႈမ်ားလည္းရွိေနၿပီး လက္ရွိတြင္ ထိုင္းႏိုင္ငံသို႔ MOU ျဖင့္ တရားဝင္သြားေရာက္လုပ္ ကိုင္သည့္ ျမန္မာလုပ္သား (၅)သိန္းေက်ာ္၊ (CI) ျဖင့္ ေနထိုင္သည့္ ျမန္မာလုပ္သား (၁) သန္းေက်ာ္ရွိေနေၾကာင္းလည္းသိရသည္။
“CI နဲ႔ေနတဲ့ ျမန္မာက (၁)သန္းေက်ာ္ရွိတယ္။ အစကတည္းက MOU နဲ႔ ေကာင္းေကာင္း လႊတ္ ေနရင္ ဒီေလာက္ထိမရွိဘူး‌ေပါ့။ MOU နဲ႔ လာထားတာက (၅) သိန္းေက်ာ္ေလာက္ရွိတယ္။ ခန႔္မွန္းဆိုရင္ ဘတ္႐ိုက္တာက (၉) သိန္း၊ သက္တမ္းကုန္တာ က (၁)သန္း (၇)သိန္း ၊ MOU က (၅)သိန္းဆိုေတာ့ (၃) သန္းဝန္းက်င္ေပါ့။ အလြန္ဆုံး (၃) သန္းခြဲ ထိုင္းမွာ ျမန္မာလုပ္သားရွိတယ္”ဟု ၎က ဆက္လက္ ေျပာ သည္။ ထိုင္းႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေဇာ္ေဇာ္စိုးက ၿပီးခဲ့သည့္ဩဂုတ္လ (၃)ရက္ က ဘန္ ေကာက္ၿမိဳ႕ရွိ ျမန္မာသံ႐ုံး၌ CI ထုတ္ေပးေရး စခန္း (၄)ခုတြင္ တာဝန္ထမ္းေဆာင္ၾကမည့္ ႏိုင္ငံ့ဝန္ ထမ္းမ်ား၊ စခန္းတာဝန္ခံမ်ားကိုေတြ႕ဆုံ၍ ႏိုင္ငံေရး၊ လုံၿခဳံေရးအျမင္မ်ားထားရွိေရး၊ CI သက္ေသခံလက္ မွတ္ထုတ္ေပးေရးဆိုင္ရာလုပ္ထုံးလုပ္နည္းမ်ားကို ေလ့လာေဆာင္႐ြက္ေရး၊ CI ထုတ္ေပးေရးလုပ္ငန္းစဥ္ ေအာင္ျမင္ေစရန္ အားလုံးပူးေပါင္းေဆာင္႐ြက္ေရး၊ ႏိုင္ငံေတာ္မူဝါဒႏွင့္အညီ ျမန္မာသံ႐ုံးဘက္မွ ပံ့ပိုး ကူညီေဆာင္႐ြက္ေပးေရးတို႔ႏွင့္စပ္လ်ဥ္း၍ ေျပာၾကားခဲ့ေၾကာင္းလည္းသိရသည္။
လာမည့္ေအာက္တိုဘာလတြင္လည္း ထိုင္းႏိုင္ငံအေနျဖင့္ ၎တို႔ႏိုင္ငံအတြင္းသို႔ တရားမဝင္ ေရာက္ရွိေနသည့္ ႏိုင္ငံျခားသားမ်ားကို ဘတ္ကတ္အသစ္႐ိုက္ေပးမည္ျဖစ္ၿပီး အေထာက္အထားမဲ့ ျမန္ မာႏိုင္ငံသား (၄)သိန္းခန႔္ရွိေနေၾကာင္းလည္း သိရသည္။ “ထိုင္းက (၁၀)လပိုင္းေလာက္မွာ အေထာက္ အထားမဲ့ ခိုးဝင္လာတဲ့လူကို ဘတ္ကတ္အသစ္႐ိုက္ဖို႔ရွိတယ္။ ရွိထားၿပီးတဲ့လူေတြ ႐ိုက္စရာမလိုေတာ့ ဘူးေပါ့။ ဒီတစ္ေခါက္လည္း အေထာက္အထားမဲ့ ေရာက္ေနတဲ့ျမန္မာေတြ (၃)၊ (၄)သိန္းရွိတယ္။ ျမန္ မာျပည္ကလည္း ေန႔တိုင္းခိုးထြက္ေနၾကတာေလ။ တရားဝင္ထြက္မရေတာ့ ေအာက္ကေနထြက္ကုန္ တာ။ လူႀကီးေတြစိတ္ထဲမွာ သူတို႔ပိတ္ထားရင္ ပိတ္ေနၿပီ ထင္ေနတာ။ ၿပီးရင္ CI လုပ္ေပါ့။ ဒီလိုပဲ လည္ ေနတာ” ဟု ၎က ဆက္လက္ေျပာသည္။

Related news

© 2021. All rights reserved.