ရန်ကုန် က သံလွင် ဟိုတယ် ရှိ KTV တွင် အမျိုးသားတစ်ဦး မိမိကိုယ်ကို သေနတ်ဖြင့် ပစ်ကာ အဆုံးစီရင်မှု ဖြစ်ပွား

1044
ပီယ (NP News) - ဩဂုတ် ၁၁
ရန်ကုန်မြို့၊ လသာမြို့နယ် ရှိ သံလွင် ဟိုတယ် ရှိ KTV တွင် အမျိုးသားတစ်ဦး မိမိကိုယ်ကို သေနတ်ဖြင့် ပစ်ကာ အဆုံးစီရင်မှု ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့ နှင့် နီးစပ်သူ တစ်ဦးက NP News ကို ပြောသည်။
ယင်း ဟိုတယ်တွင် ဖွင့်လှစ်ထားသည့် New Party KTV တွင် ဩဂုတ်လ ၁၀ ရက် နေ့လယ်ပိုင်း ၁ နာရီ အချိန်ခန့် က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“သေဆုံးသူက ဟိုတယ် ရဲ့ ဒါရိုက်တာပါ။ နာမည်က ဟော်ချွန်မြန့် (ခ) အာမြင့်။ သူက အရက်သောက်တယ်။ ပြီးတော့ အခန်းထဲကိုလည်း ဘယ်သူမှ ပေးမဝင်ဘူး။ သူတစ်ယောက်တည်း သောက်တာ။ ပြီးတော့မှ သေနတ်သံ ကြားတော့ ဝင်ကြည့်တာမှာ သေဆုံးနေတာပါ။ လိုင်းပေါ်မှာ ပြန့်နေသလို ဘယ်သူက လုပ်ကြံတယ် ဆိုတာမျိုး မဟုတ်ဘူးလို့ သိရပါတယ်” ဟု ၎င်းက ဆိုသည်။
သေဆုံးသူသည် ဝဲဖက်နားထင်တွင် ကျည်ဖောက်ဝင် ဒဏ်ရာ တစ်ချက်ဖြင့် လဲကျ သေဆုံးနေကာ အနီးတွင်လည်း ပစ္စတို သေနတ် တစ်လက် နှင့် ကျည်ခွံ ကို တွေ့ရကာ ရဲတပ်ဖွဲ့ က စစ်ဆေးမှုများကို ပြုလုပ်နေကြောင်း သိရသည်။
Zawgyi Version:
ရန္ကုန္ က သံလြင္ ဟိုတယ္ ရွိ KTV တြင္ အမ်ိဳးသားတစ္ဦး မိမိကိုယ္ကို ေသနတ္ျဖင့္ ပစ္ကာ အဆုံးစီရင္မႈ ျဖစ္ပြား
ပီယ (NP News) - ဩဂုတ္ ၁၁
ရန္ကုန္ၿမိဳ႕၊ လသာၿမိဳ႕နယ္ ရွိ သံလြင္ ဟိုတယ္ ရွိ KTV တြင္ အမ်ိဳးသားတစ္ဦး မိမိကိုယ္ကို ေသနတ္ျဖင့္ ပစ္ကာ အဆုံးစီရင္မႈ ျဖစ္ပြားခဲ့ေၾကာင္း လုံၿခဳံေရး တပ္ဖြဲ႕ ႏွင့္ နီးစပ္သူ တစ္ဦးက NP News ကို ေျပာသည္။
ယင္း ဟိုတယ္တြင္ ဖြင့္လွစ္ထားသည့္ New Party KTV တြင္ ဩဂုတ္လ ၁၀ ရက္ ေန႔လယ္ပိုင္း ၁ နာရီ အခ်ိန္ခန႔္ က ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
“ေသဆုံးသူက ဟိုတယ္ ရဲ႕ ဒါ႐ိုက္တာပါ။ နာမည္က ေဟာ္ခြၽန္ျမန႔္ (ခ) အာျမင့္။ သူက အရက္ေသာက္တယ္။ ၿပီးေတာ့ အခန္းထဲကိုလည္း ဘယ္သူမွ ေပးမဝင္ဘူး။ သူတစ္ေယာက္တည္း ေသာက္တာ။ ၿပီးေတာ့မွ ေသနတ္သံ ၾကားေတာ့ ဝင္ၾကည့္တာမွာ ေသဆုံးေနတာပါ။ လိုင္းေပၚမွာ ျပန႔္ေနသလို ဘယ္သူက လုပ္ႀကံတယ္ ဆိုတာမ်ိဳး မဟုတ္ဘူးလို႔ သိရပါတယ္” ဟု ၎က ဆိုသည္။
ေသဆုံးသူသည္ ဝဲဖက္နားထင္တြင္ က်ည္ေဖာက္ဝင္ ဒဏ္ရာ တစ္ခ်က္ျဖင့္ လဲက် ေသဆုံးေနကာ အနီးတြင္လည္း ပစၥတို ေသနတ္ တစ္လက္ ႏွင့္ က်ည္ခြံ ကို ေတြ႕ရကာ ရဲတပ္ဖြဲ႕ က စစ္ေဆးမႈမ်ားကို ျပဳလုပ္ေနေၾကာင္း သိရသည္။