ချင်းပြည်နယ် ၊ ပလက်ဝမြို့ကို ခရိုင်အဆင့်တိုးမြှင့်ကာ အုပ်ချုပ်နေကြောင်း AA ဝန်ခံ

 1177

သက်ပိုင်(NP Nwes) – ဩဂုတ် ၁၁
AAက ချင်းပြည်နယ်မှ ပလက်ဝမြို့ကို ခရိုင်အဆင့်တိုးမြှင့်ကာ အုပ်ချုပ်လျက် ရှိကြောင်း AA အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက သတင်းစာရှင်းလင်းပွဲတွင် ဝန်ခံပြောကြားခဲ့သည်။
ယနေ့(ဩဂုတ်လ (၁၁)ရက်)တွင်ပြုလုပ်သည့် AA ၏ (၁၀)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ခိုင်သုခက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ပလက်ဝဒေသကို ကျွန်တော်တို့က အရင်က မြို့နယ်အဆင့်ပဲရှိခဲ့တာကို အခု ခရိုင်အဆင့် ဖွဲ့စည်းပြီးတော့ စနစ်တကျ စီမံချုပ်နေပါတယ်။ အုပ်ချုပ်ရေးကို ဆောင်ရွက်တဲ့အခါမှာလည်း ဒေသခံတွေနဲ့ စည်းစည်းလုံးလုံး ပူးပေါင်းပြီးတော့ လိုအပ်တဲ့အရင်းအမြစ်နဲ့ ထောက်ပံ့မှုတွေကို ပေးပြီးတော့ လုပ်ဆောင်နေတာပါ” ဟု ၎င်းကဝန်ခံခဲ့ခြင်းဖြစ်သည်။
ထို့ပြင် AA အနေဖြင့် ပလက်ဝဒေသကို ဦးစွာ တိုက်ခိုက် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည့်အတွက် ယင်းဒေသအရေးနှင့်ပတ်သက်၍ ၎င်းတို့တွင်သာ တာဝန်ရှိသည်ဟု ခိုင်သုခကပြောသည်။
“ကျွန်တော်တို့ တိုက်ခိုက်ပြီး ထိန်းချုပ်နိုင်ခဲ့တဲ့ ပလက်ဝဒေသကို ဒီအတိုင်းထားလို့ အဆင်မပြေဘူးလေ။ ဒါကြောင့် အဲဒီဒေသရဲ့ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး ၊ဒေသဖွံ့ဖြိုးရေးလို လုပ်ငန်းတွေက ကျွန်တော်တို့မှာ တာဝန်ရှိသွားပြီဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ တိုက်ခိုက်ထိန်းချုပ်ထားတဲ့ ဒေသကို ကျွန်တော်တို့ တာဝန်ရှိတဲ့အတိုင်း လုပ်စရာရှိတာ လုပ်နေတာဖြစ်တယ် ”ဟု ၎င်းကပြောဆိုခဲ့သည်။
ပလက်ဝဒေသကို AA က ထိန်းချုပ်ပြီးနောက် ရခိုင်ဘာသာစကားဖြင့် အတင်းအကြပ် ပြောဆိုရန် ဖိအားပေးခြင်း၊ ကျောင်းများတွင် ရခိုင်စကားပြောဆိုစေခြင်းနှင့် ပလက်ဝမှ လူငယ်များကို AA က အတင်းအကြပ် ပေါ်တာဆွဲခြင်းများ ရှိနေကြောင်း ချင်းအဖွဲ့စည်းများက ပြောဆိုနေကြသည်။

Zawgyi Version:
ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕ကို ခ႐ိုင္အဆင့္တိုးျမႇင့္ကာ အုပ္ခ်ဳပ္ေနေၾကာင္း AA ဝန္ခံ
သက္ပိုင္(NP Nwes) – ဩဂုတ္ ၁၁
AAက ခ်င္းျပည္နယ္မွ ပလက္ဝၿမိဳ႕ကို ခ႐ိုင္အဆင့္တိုးျမႇင့္ကာ အုပ္ခ်ဳပ္လ်က္ ရွိေၾကာင္း AA အဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခက သတင္းစာရွင္းလင္းပြဲတြင္ ဝန္ခံေျပာၾကားခဲ့သည္။
ယေန႔(ဩဂုတ္လ (၁၁)ရက္)တြင္ျပဳလုပ္သည့္ AA ၏ (၁၀)ႀကိမ္ေျမာက္ သတင္းစာရွင္းလင္းပြဲတြင္ ခိုင္သုခက အထက္ပါအတိုင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။
“ပလက္ဝေဒသကို ကြၽန္ေတာ္တို႔က အရင္က ၿမိဳ႕နယ္အဆင့္ပဲရွိခဲ့တာကို အခု ခ႐ိုင္အဆင့္ ဖြဲ႕စည္းၿပီးေတာ့ စနစ္တက် စီမံခ်ဳပ္ေနပါတယ္။ အုပ္ခ်ဳပ္ေရးကို ေဆာင္႐ြက္တဲ့အခါမွာလည္း ေဒသခံေတြနဲ႔ စည္းစည္းလုံးလုံး ပူးေပါင္းၿပီးေတာ့ လိုအပ္တဲ့အရင္းအျမစ္နဲ႔ ေထာက္ပံ့မႈေတြကို ေပးၿပီးေတာ့ လုပ္ေဆာင္ေနတာပါ” ဟု ၎ကဝန္ခံခဲ့ျခင္းျဖစ္သည္။
ထို႔ျပင္ AA အေနျဖင့္ ပလက္ဝေဒသကို ဦးစြာ တိုက္ခိုက္ ထိန္းခ်ဳပ္ႏိုင္ခဲ့ျခင္းျဖစ္သည့္အတြက္ ယင္းေဒသအေရးႏွင့္ပတ္သက္၍ ၎တို႔တြင္သာ တာဝန္ရွိသည္ဟု ခိုင္သုခကေျပာသည္။
“ကြၽန္ေတာ္တို႔ တိုက္ခိုက္ၿပီး ထိန္းခ်ဳပ္ႏိုင္ခဲ့တဲ့ ပလက္ဝေဒသကို ဒီအတိုင္းထားလို႔ အဆင္မေျပဘူးေလ။ ဒါေၾကာင့္ အဲဒီေဒသရဲ႕ တည္ၿငိမ္ေရး၊ တရားဥပေဒစိုးမိုးေရး ၊ေဒသဖြံ႕ၿဖိဳးေရးလို လုပ္ငန္းေတြက ကြၽန္ေတာ္တို႔မွာ တာဝန္ရွိသြားၿပီျဖစ္ပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ တိုက္ခိုက္ထိန္းခ်ဳပ္ထားတဲ့ ေဒသကို ကြၽန္ေတာ္တို႔ တာဝန္ရွိတဲ့အတိုင္း လုပ္စရာရွိတာ လုပ္ေနတာျဖစ္တယ္ ”ဟု ၎ကေျပာဆိုခဲ့သည္။
ပလက္ဝေဒသကို AA က ထိန္းခ်ဳပ္ၿပီးေနာက္ ရခိုင္ဘာသာစကားျဖင့္ အတင္းအၾကပ္ ေျပာဆိုရန္ ဖိအားေပးျခင္း၊ ေက်ာင္းမ်ားတြင္ ရခိုင္စကားေျပာဆိုေစျခင္းႏွင့္ ပလက္ဝမွ လူငယ္မ်ားကို AA က အတင္းအၾကပ္ ေပၚတာဆြဲျခင္းမ်ား ရွိေနေၾကာင္း ခ်င္းအဖြဲ႕စည္းမ်ားက ေျပာဆိုေနၾကသည္။

Picture

Tha Lwin

18/08/2025 09:51

မူးယစ်ရာဇာအဖွဲ့ အေအေက ချင်းတွေကိုအနိုင်ကျင့်တာပါပဲ

Related news

© 2021. All rights reserved.