ဂါဇာမှာ အစ္စရေးရဲ့စစ်ရေးအရှိန်မြှင့်တင်မှုတွေကို ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ ပြစ်တင်ရှုတ်ချ

 106

Pika (NP News) - သြဂုတ် ၁၁
ဂါဇာကမ်းမြောင်ဒေသမှာ စစ်ဘက်ဆိုင်ရာစစ်ဆင်ရေးတွေကို ချဲ့ထွင်ဖို့ ဆုံးဖြတ်ခဲ့တဲ့အစ္စရေးအစိုးရရဲ့ ဆုံးဖြတ်ချက်တွေကို ပါလက်စတိုင်းအာဏာပိုင်တွေက ပြစ်တင်ရှုတ်ချခဲ့တယ်လို့ သိရပါတယ်။
ဒါ့ပြင် ဂါဇာကမ်းမြောင်ဒေသကို နောက်ထပ်အကူအညီတွေ ပိုမိုဝင်ရောက်ခွင့်ပေးဖို့အတွက် အစ္စရေးကို တွန်းအားပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ပါလက်စတိုင်းအာဏာပိုင်အဖွဲ့က တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။ အစ္စရေးအစိုးရရဲ့လုပ်ရပ်ဟာ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို ရရှိစေလိုတဲ့ နိုင်ငံတကာရဲ့ဆန္ဒတွေ အတွက် စိန်ခေါ်မှုတစ်ခုနဲ့ ရန်စမှုတစ်ခုဖြစ်တယ်လို့လည်း ပါလက်စတိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ Nabil Abu Rudeineh က ဝေဖန်ပြောဆိုခဲ့ပါတယ်။
Nabil Abu Rudeineh က ”ဂါဇာကမ်းမြောင်ဒေသမှာ ရန်လိုမှုတွေအဆုံးသတ်စေဖို့၊ နောက်ထပ်အကူအညီတွေ ဝင်ရောက်ခွင့်ပေးဖို့နဲ့ ဂါဇာမှာ ပါလက်စတိုင်းအစိုးရရဲ့တာဝန်ကို အပြည့်အဝထမ်းဆောင်စေနိုင်ဖို့အတွက် အစ္စရေးကို တွန်းအားပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဦးဆောင်တဲ့နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်း လိုပါတယ်” လို့ ပြောခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသကို စစ်ရေးအရ သိမ်းယူမှုတွေလုပ်ဆောင်ဖို့ အစ္စရေးအစိုးရက ခွင့်ပြုခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ယခုလိုပြစ်တင်ဝေဖန်မှုတွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ဒါ့ပြင် ဂါဇာကို စစ်ရေးအရ သိမ်းယူမှုတွေ လုပ်ဆောင်မယ့် အစ္စရေးအစိုးရရဲ့ဆုံးဖြတ်ချက်ကို နိုင်ငံအများအပြားက ပြစ်တင်ရှုတ်ချခဲ့တယ်လို့ လည်း သိရပါတယ်။

Zawgyi Version:
ဂါဇာမွာ အစၥေရးရဲ႕စစ္ေရးအရွိန္ျမႇင့္တင္မႈေတြကို ပါလက္စတိုင္းအာဏာပိုင္အဖြဲ႕ ျပစ္တင္ရႈတ္ခ်
Pika (NP News) - ၾသဂုတ္ ၁၁
ဂါဇာကမ္းေျမာင္ေဒသမွာ စစ္ဘက္ဆိုင္ရာစစ္ဆင္ေရးေတြကို ခ်ဲ႕ထြင္ဖို႔ ဆုံးျဖတ္ခဲ့တဲ့အစၥေရးအစိုးရရဲ႕ ဆုံးျဖတ္ခ်က္ေတြကို ပါလက္စတိုင္းအာဏာပိုင္ေတြက ျပစ္တင္ရႈတ္ခ်ခဲ့တယ္လို႔ သိရပါတယ္။
ဒါ့ျပင္ ဂါဇာကမ္းေျမာင္ေဒသကို ေနာက္ထပ္အကူအညီေတြ ပိုမိုဝင္ေရာက္ခြင့္ေပးဖို႔အတြက္ အစၥေရးကို တြန္းအားေပးဖို႔ ႏိုင္ငံတကာအသိုင္းအဝိုင္းကို ပါလက္စတိုင္းအာဏာပိုင္အဖြဲ႕က ေတာင္းဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ အစၥေရးအစိုးရရဲ႕လုပ္ရပ္ဟာ ၿငိမ္းခ်မ္းေရးနဲ႔တည္ၿငိမ္ေရးကို ရရွိေစလိုတဲ့ ႏိုင္ငံတကာရဲ႕ဆႏၵေတြ အတြက္ စိန္ေခၚမႈတစ္ခုနဲ႔ ရန္စမႈတစ္ခုျဖစ္တယ္လို႔လည္း ပါလက္စတိုင္းအစိုးရေျပာေရးဆိုခြင့္ရွိသူ Nabil Abu Rudeineh က ေဝဖန္ေျပာဆိုခဲ့ပါတယ္။
Nabil Abu Rudeineh က ”ဂါဇာကမ္းေျမာင္ေဒသမွာ ရန္လိုမႈေတြအဆုံးသတ္ေစဖို႔၊ ေနာက္ထပ္အကူအညီေတြ ဝင္ေရာက္ခြင့္ေပးဖို႔နဲ႔ ဂါဇာမွာ ပါလက္စတိုင္းအစိုးရရဲ႕တာဝန္ကို အျပည့္အဝထမ္းေဆာင္ေစႏိုင္ဖို႔အတြက္ အစၥေရးကို တြန္းအားေပးဖို႔ ကုလသမဂၢလုံၿခဳံေရးေကာင္စီဦးေဆာင္တဲ့ႏိုင္ငံတကာအသိုင္းအဝိုင္းကို တိုက္တြန္း လိုပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဂါဇာကမ္းေျမာင္ေဒသကို စစ္ေရးအရ သိမ္းယူမႈေတြလုပ္ေဆာင္ဖို႔ အစၥေရးအစိုးရက ခြင့္ျပဳခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ယခုလိုျပစ္တင္ေဝဖန္မႈေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။ဒါ့ျပင္ ဂါဇာကို စစ္ေရးအရ သိမ္းယူမႈေတြ လုပ္ေဆာင္မယ့္ အစၥေရးအစိုးရရဲ႕ဆုံးျဖတ္ခ်က္ကို ႏိုင္ငံအမ်ားအျပားက ျပစ္တင္ရႈတ္ခ်ခဲ့တယ္လို႔ လည္း သိရပါတယ္။

Related news

© 2021. All rights reserved.