KIO က အစိုးရနှင့် မြစ်ကြီးနားတွင် တွေ့ဆုံလိုကြောင်း ဂွမ်မော် ဆို

 683

သုတကျော် (NP News) - သြဂုတ် ၁၁

KIO က အစိုးရ နှင့် မြစ်ကြီးနား တွင် တွေ့ဆုံလိုကြောင်း KIO မှ ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဂွမ်မော်က BBC မြန်မာပိုင်း သတင်းဌာနသို့ဖြေကြားခဲ့ကြောင်း ၄င်းကိုယ်တိုင်း လူမှုကွန်ယက်ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် ထုတ်ပြန်ထားသည်။
ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းခြင်းကို ပြီးခဲ့သည့်နှစ်က နေပြည်တော်တွင် ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးဖိုရမ်အပြီး PCG (ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့) ကို အစိုးရက ပြောကြားလိုက်ခြင်း ဖြစ်ပြီး အွန်လိုင်းမှဆွေးနွေးရန် အကြောင်းကြားခဲ့ကြောင်း ဂွမ်မော်က ဆိုသည်။
"KIO ရဲ့သဘောထားကတော့ online ဆွေးနွေးမှု မဟုတ်ဘဲ (တကယ်ဆွေးနွေးလိုသော ဆန္ဒရှိတယ်ဆိုရင်) မြစ်ကြီးနားမှာ တွေ့ဆုံဖို့အတွက် KIO ရဲ့ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ပါ့မယ်လို့ အကြောင်းပြန်ကြားခဲ့ပါတယ်။ KIO ကို ပြန်ပြီး အကြောင်းပြန်ကြားမှု မရရှိခဲ့ပါဘူး။ လွန်ခဲ့တဲ့လပိုင်းက တခါထပ်ပြီး PCG ကနေတဆင့်မေးတာကြောင့် KIO ရဲ့သဘောထားက ယခင်အတိုင်းဖြစ်ကြောင်း အကြောင်းပြန်ကြားထားပါတယ်" ဟု ၄င်းက ဆိုသည်။
KIO ၏ သဘောထားကို သတင်းထုတ်ပြန်ခြင်း မရှိသော်လည်း တရုတ်နိုင်ငံ အထူးကိုယ်စားလှယ်၊ နိုင်ငံတကာ သံတမန်များနှင့် ဂျပန်နိုင်ငံ အထူးကိုယ်စားလှယ်များကို အသိပေးထားသည်ဟု ဂွမ်မော်က ပြောသည်။

Zawgyi Version:
KIO က အစိုးရႏွင့္ ျမစ္ႀကီးနားတြင္ ေတြ႕ဆုံလိုေၾကာင္း ဂြမ္ေမာ္ ဆို
သုတေက်ာ္ (NP News) - ၾသဂုတ္ ၁၁
KIO က အစိုးရ ႏွင့္ ျမစ္ႀကီးနား တြင္ ေတြ႕ဆုံလိုေၾကာင္း KIO မွ ဒုတိယ ဥကၠ႒ ဗိုလ္ခ်ဳပ္ဂြမ္ေမာ္က BBC ျမန္မာပိုင္း သတင္းဌာနသို႔ေျဖၾကားခဲ့ေၾကာင္း ၄င္းကိုယ္တိုင္း လူမႈကြန္ယက္ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာထက္တြင္ ထုတ္ျပန္ထားသည္။
ၿငိမ္းခ်မ္းေရး ေဆြးေႏြးရန္ ကမ္းလွမ္းျခင္းကို ၿပီးခဲ့သည့္ႏွစ္က ေနျပည္ေတာ္တြင္ ျပဳလုပ္ခဲ့ေသာ ၿငိမ္းခ်မ္းေရးဖိုရမ္အၿပီး PCG (ၿငိမ္းခ်မ္းေရး အက်ိဳးေဆာင္အဖြဲ႕) ကို အစိုးရက ေျပာၾကားလိုက္ျခင္း ျဖစ္ၿပီး အြန္လိုင္းမွေဆြးေႏြးရန္ အေၾကာင္းၾကားခဲ့ေၾကာင္း ဂြမ္ေမာ္က ဆိုသည္။
"KIO ရဲ႕သေဘာထားကေတာ့ online ေဆြးေႏြးမႈ မဟုတ္ဘဲ (တကယ္ေဆြးေႏြးလိုေသာ ဆႏၵရွိတယ္ဆိုရင္) ျမစ္ႀကီးနားမွာ ေတြ႕ဆုံဖို႔အတြက္ KIO ရဲ႕ကိုယ္စားလွယ္အဖြဲ႕ ေစလႊတ္ပါ့မယ္လို႔ အေၾကာင္းျပန္ၾကားခဲ့ပါတယ္။ KIO ကို ျပန္ၿပီး အေၾကာင္းျပန္ၾကားမႈ မရရွိခဲ့ပါဘူး။ လြန္ခဲ့တဲ့လပိုင္းက တခါထပ္ၿပီး PCG ကေနတဆင့္ေမးတာေၾကာင့္ KIO ရဲ႕သေဘာထားက ယခင္အတိုင္းျဖစ္ေၾကာင္း အေၾကာင္းျပန္ၾကားထားပါတယ္" ဟု ၄င္းက ဆိုသည္။
KIO ၏ သေဘာထားကို သတင္းထုတ္ျပန္ျခင္း မရွိေသာ္လည္း တ႐ုတ္ႏိုင္ငံ အထူးကိုယ္စားလွယ္၊ ႏိုင္ငံတကာ သံတမန္မ်ားႏွင့္ ဂ်ပန္ႏိုင္ငံ အထူးကိုယ္စားလွယ္မ်ားကို အသိေပးထားသည္ဟု ဂြမ္ေမာ္က ေျပာသည္။

Related news

© 2021. All rights reserved.