မြစ်အထက်ပိုင်း တရုတ်က ကမ္ဘာ့အကြီးဆုံး ဆည်ကြီး တည်ဆောက်သည့်တိုင် ဗြဟ္မပုတ္တရမြစ်ရေမှာ မုတ်သုံမိုးမှ ရရှိနေခြင်းဖြစ်ဟု ဆို

1897

NP News - သြဂုတ် ၁၂
တရုတ်နိုင်ငံဟာ ဗြဟ္မပုတ္တရမြစ်အထက်ပိုင်း တိဘက်ဒေသမှာ ကမ္ဘာ့အကြီးဆုံး ဧရာမဆည်ကြီး တစ်ခု တည်ဆောက်နေပါတယ်။ တရုတ်တို့ရဲ့ လုပ်ရပ်ဟာ မြစ်ရေစီးဆင်းမှုကိုထိန်းချုပ်ပြီး အကြပ်ကိုင် တာဆိုရင် မြစ် အောက်ပိုင်း အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တို့ရဲ့ စိုက်ပျိုးရေး၊ ရေကြောင်းသွားလာရေးနဲ့ ဇီဝသက်ရှိဂေဟစနစ်တွေမှာ အခက် တွေ့နိုင်ကြောင်း၊ ဒီအတွက် နယူးဒေလီအနေနဲ့ ပြင်းထန်စွာတုံ့ပြန် သင့်ကြောင်း၊ အိန္ဒိယ စီးပွားရေး နိုင်ငံရေး လေ့လာ အကြံပြုသူတွေက အကြိမ်ကြိမ်တိုက်တွန်းနေပါတယ်၊ ဒါပေမဲ့ မိုဒီအစိုးရက မတုန်မလှုပ် နှုတ်ဆိတ်နေပါတယ်။ မြစ် အထက်ပိုင်းမှာ တရုတ်က ကမ္ဘာ့အကြီးဆုံး ဆည်ကြီးတည်ဆောက်သည့်တိုင် ဗြဟ္မပုတ္တရ မြစ်ရေ ရာနှုန်းအများစုဟာ (အိန္ဒိယသမုဒ္ဒရာ) မုတ်သုံမိုးမှ ရရှိနေတာဖြစ်ကြောင်း အငြိမ်းစားသစ်တောပညာရှင် တစ်ဦးကပြောတယ်လို့ နယူးဒေလီ အခြေစိုက် “ဒက် ကန်ဟာရယ်” (4 August 2025) က ရေးပါတယ်။
ဗြဟ္မပုတ္တရမြစ်ဟာ တရုတ်နိုင်ငံ တိဘက်ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ အန်းစီရေခဲမြစ်မှာ မြစ်ဖျားခံပါတယ်။ တရုတ်နိုင်ငံအတွင်း ဖြတ်သန်းစီးဆင်းတဲ့အခါ “ယာလောင်းရှန်ပိုမြစ်” လို့ ခေါ်ကြပြီး အိန္ဒိယ အာရူနာချယ်ပြည်နယ်မှာ “စီအန်း” နဲ့ “ဒီဘန်း” လို့ ခေါ်ကြပါတယ်။ အာသံပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှာ “ဗြဟ္မပုတ္တရ မြစ်” ဖြစ်လာပြီး ဘင်္ဂလား ပင်လယ်အော်အတွင်း စီးဝင်အဆုံးသတ်ပါတယ်။ တကယ်တော့ ဗြဟ္မပုတ္တရမြစ်ကြီးဖြစ်လာစေဖို့ တရုတ်နိုင်ငံ ယာလောင်းရှန်ပိုမြစ်အတွင်း ရေစီးဝင်မှု စုစုပေါင်းဟာ ကျန်မြစ်အောက်ပိုင်းက မြစ်လက် တက်များမှရေစီးဝင်မှုထက် အများကြီးနည်းပါးပါတယ်။ မြစ်ကြီးရဲ့ရေထုထည်ပမာဏ (၃၀%) သာလျှင် ရေခဲမြစ်များအရည်ပျော်ခြင်းနဲ့ တိဘက် ဒေသ မိုးရွာသွန်းမှုမှရရှိပါတယ်။ ကျန် (၇၀%) ဟာ ဗြဟ္မပုတ္တရရဲ့ မြစ်လက်တက်တွေဖြစ်ကြတဲ့ ဆူဘန် သီရိ၊ လိုထီ၊ ကန်မန်းစတဲ့ မြစ်လက်တက် (၁၀) ခုက ဖြည့်တင်းနေတာဖြစ်ကြောင်း၊ အာသံနဲ့ နာဂပြည်နယ် တောင်တန်းတွေမှာ မြစ်ဖျားခံတဲ့ အဲဒီမြစ်ငယ်တွေဟာ ရေဝေရေလဲဒေသမှ မုတ်သုံမိုးရေတွေကို စုဆောင်း ပြီး ဗြဟ္မပုတ္တရမြစ်အတွင်း ပို့လွှတ် နေတာဖြစ်တယ် လို့ဆိုပါတယ်။
လက်ရှိမှာ တရုတ်နိုင်ငံဟာ ယာလောင်းရှန်ပို မြစ်ပေါ်မှာ လျှပ်စစ်ဓာတ်အား (၆၀) ဂီဂါဝပ် ထုတ်ယူ နိုင်မယ့် ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်းကို ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ (၁၃၇) ဘီလျံ ကုန်ကျခံပြီး တည်ဆောက် နေပါတယ်။ ယန်စီမြစ်ပေါ်မှာ လည်ပတ်နေပြီဖြစ်တဲ့ “ ကမ်းပါး ၃-ခုဆည်” ထက် ပိုမိုကြီးမားတဲ့ အဲဒီဆည်ကြီးကို တိဘက်ဒေသ “မဟာ မြစ်ကွေ့” အနီးမှာ တည်ဆောက်နေတာဖြစ်ပါတယ်။
အဲဒီဆည်ကြီး တည်ဆောက်တဲ့အတွက် ဗြဟ္မပုတ္တရမြစ်ရေလျော့နည်းသွားနိုင်တဲ့ကိစ္စဟာ အိန္ဒိယအတွက် သိပ်တော့စိုးရိမ်စရာမဟုတ်ပါဘူး၊ ဒါပေမဲ့ ဆည်လည်ပတ်ပြီးတာနဲ့အမျှ ပိုလျှံနေတဲ့ရေတွေ စီးထွက်နေတာဟာ ဆိုးရွားတဲ့ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။ မတော်တဆ/တမင် သို့မဟုတ် ငလျင်လှုပ်ခတ်တာကြောင့်ဖြစ်စေ အန်ကျလာတဲ့ ရေထုထည်ဟာ ရုတ်တရတ် ရေလွှမ်းမိုးမှုဖြစ်စေနိုင်ပြီး အာရူနာချယ်ပရာဒက်ရှ်နဲ့ အာသံပြည်နယ်တွေ အတွင်း ပြင်းထန်စွာသက်ရောက်နိုင်ကြောင်း မိုးဇလ ပညာရှင်တွေက သတိပေးထားပါတယ်။
မျက်မှောက်ခေတ် ပူနွေးလာတဲ့ကမ္ဘာကြီးမှာ ကြိုတင်မှန်းဆမရနိုင်တဲ့ ရာသီဥတုဖောက်ပြန်မှုတွေကြောင့် ရေအရင်းအမြစ် အငြင်းပွားမှုတွေတိုးပွားလာ နေပါတယ်။ (၇၂) နာရီအတွင်း မိုးရွာသွန်းမှု (၄၀ဝ) မီလီမီတာအထိ ကျဆင်းလာတာဟာ ဘယ်လိုအချိန်မှာ တိမ်တိုက်တွေဖြစ်ထွန်းမယ် သို့မဟုတ် ပြင်းထန်တဲ့ မိုးရွာသွန်းမှုဖြစ်ပေါ်လိမ့်မယ် စသဖြင့် စိတ်ချယုံ ကြည်လောက်အောင် ခန့်မှန်းနိုင်ခြင်းမရှိတော့ပါဘူး။
တရုတ်ဟာ (၁၉၉၇) ခုနှစ် ကုလသမဂ္ဂမြစ် ချောင်းများဆိုင်ရာ ကွန်ဗင်းရှင်းမှာ လက်မှတ်ရေးထိုး ခြင်းမရှိတဲ့ တိုင်းပြည်ဖြစ်ပြီး မြစ်ရေခွဲဝေရေးဆိုင်ရာ ဘယ်သဘောတူစာချုပ်မှာမှ ပါဝင်ခြင်းမရှိပါဘူး။ ဒီလိုအခြေအနေမှာ အိန္ဒိယအနေနဲ့ သိပ္ပံနည်းပညာကိုအခြေခံပြီး ကာကွယ်ရေးဗျူဟာကိုပြင်ဆင်ဖို့သာရှိပါတယ်။ ရေသိုလှောင်တဲ့ အဆောက်အအုံတွေ၊ တာတမံတွေဖန်တီးမှုနဲ့ အဆင့်မြှင့်တင်တာတွေ ပါဝင်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒေသ တွင်းဂေဟစနစ် ထိခိုက်လွယ်မှုနဲ့ ငလျင်လှုပ်ခတ်နိုင်ခြေတွေကို ဂရုစိုက်စောင့်ကြည့်ရပါလိမ့်မယ်။ အာရူနာချယ်ပရာ ဒက်ရှ်နဲ့ အာသံပြည်နယ်မှာ ရေလွှမ်းမိုးမှုကာကွယ်ရေး ဘက်စုံပရောဂျက်တွေကို တည်ဆောက်နေပါတယ်။ ဒါပေမဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သမားတွေရဲ့ကန့်ကွက်မှုကြောင့် တိုးတက်မှုမရှိခဲ့ပါဘူး။ နိုင်ငံတော်အနေနဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှုတွေကိုဖြေရှင်းပြီး အဲဒီစီမံကိန်းကို ဆက်လက် လုပ်ဆောင်သင့်ပါတယ်။
တိဘက်ဒေသနဲ့ တရုတ်နိုင်ငံအစွန်အဖျားဒေသများမှာ ပြင်းထန်တဲ့ မြေငလျင်တွေ လှုပ်ခတ်လေ့ရှိပါ တယ်။ အိန္ဒိယကျောက်လွှာချပ်နဲ့ ယူရေးရှားကျောက် လွှာချပ်တို့ ထိတွေ့တွန်းတိုက်ရာဧရိယာဖြစ်ပြီး ဟိမဝန္တာတောင် တန်းများ အမြင့်ကိုမြှင့်တင်ပေး သလိုဖြစ်ဖို့ အလားအလာရှိပါတယ်။ ယာလောင်းရှန် ပိုမြစ်အထက်ပိုင်းမှာ လျှပ်စစ်ဓာတ် အား မဂ္ဂါဝပ် (၆၄၀)၊ (၅၁၀)၊ (၃၂၀) နဲ့ (၃၀ဝ) စီ အသီးသီး ထုတ်ယူနိုင်မယ့်ဆည်ကြီးတွေတည်ဆောက်မှာဖြစ်ပေမယ့် မြေ ငလျင်ဒဏ်ခံနိုင်အောင် တွက်ဆထားဖွယ်ရှိပါတယ်။ မကြာသေးမီက ချက်နိုင်ငံ ပရာ့ဂ်မြို့ ကွန် ဖရင့်မှာတင်ပြခဲ့တဲ့ လေ့လာမှုတစ်ခုအရ ကမ္ဘာမြေ ပူနွေးလာတာနဲ့အမျှ ရေခဲမြစ်တွေဟာ အရည် ပျော်ပျောက်ကွယ်သွားပြီး ကမ္ဘာမြေ အပေါ်ယံလွှာနဲ့ အဲဒီအောက်မှာ ဖိအားလျော့နည်းမှုတွေ ဖြစ်ပေါ်လာကြောင်း သိရှိရပါတယ်။ ဒီဖြစ်ရပ်ဟာ မြေအောက် ဓာတ်ငွေ့တွေနဲ့ မြေအောက်ချော်ရည်ပူတို့အတွက် နေရာပေးသလိုဖြစ်လာပြီး မီးတောင်ပေါက်ကွဲမှုတွေ ဖြစ်ပေါ်စေတဲ့ ဖိအားတွေကိုဖန်တီးပေးပါတယ်။ ရာသီဥတုဖောက်ပြန်မှုကြောင့် ရေခဲမြစ်တွေဆုတ် ယုတ်သွားလေလေ မကြာခဏ မီးတောင်ပေါက်ကွဲမှု တွေနဲ့ ပေါက်ကွဲနိုင်ခြေ များလာလေလေ ဖြစ်ပါတယ်။
“(၁၉၆၀) ပြည့်နှစ် အိန္ဒူမြစ်ရေ သဘောတူစာ ချုပ်” (IWT) အရ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ အိန္ဒုနဲ့လက်တက် တွေကနေ မြစ်ရေကို ခွဲဝေရရှိပါတယ်။ ဒါပေမဲ့ အိန္ဒိယက စုစုပေါင်းမြစ်ရေ (၂၀%) ပါကစ္စတန်က (၈၀%) ရရှိနေတဲ့ အတွက် (ရန်ဘက် အိမ်နီးချင်းအပေါ်) ဦးစားပေးအသက်ညှာဆုံး စာချုပ်လို့ဆိုနိုင်ပါတယ်။ ဒါ့အပြင် နောက်ဆောက် လုပ်မယ့် အိန္ဒိယရဲ့ ရေအားလျှပ်စစ်စီမံကိန်းအများအပြားဟာ ပါကစ္စတန်ရဲ့ စဉ်ဆက်မပြတ်ကန့်ကွက်မှုတွေကြောင့် မအောင်မြင်နိုင်ပါဘူး။
ဧပြီလ (၂၂) ရက် ပါဟယ်ဂမ် အကြမ်းဖက်တိုက် ခိုက်မှုအပြီး စာချုပ်ကိုဆိုင်းငံ့ထားခိုက် အိန္ဒိယဟာ အိန္ဒုမြစ် အနောက်ပိုင်းနဲ့ အရှေ့ပိုင်းမြစ်လက်တက် တွေအပေါ်မှာ စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ တက်သုတ်ရိုက် လုပ်ဆောင်နေပါတယ်။ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင် အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်။
ပါကစ္စတန်ကတော့ IWT ကို ပြန်အသက်သွင်းဖို့ နိုင်ငံတကာအသိုင်းအဝိုင်းအကူညီနဲ့ ဖိအားပေး မှုတွေပြုလုပ် နေချိန် ရာသီဥတုဆိုင်ရာသိပ္ပံပညာ ရှင်တွေရဲ့အချက်အလက်တွေအရ လက်ရှိပုံစံနဲ့ သဘောတူညီမှုကို ဘယ်လိုမှ လက်သင့်ခံမှာမဟုတ်ကြောင်း အိန္ဒိယကပြောပါတယ်။ အိန္ဒုမြစ် အရှေ့ဘက်ခြမ်းကိုစီးဝင်တဲ့ ရေခဲမြစ်တွေဟာ အနောက် ဘက်ခြမ်းကို စီးဝင်တဲ့ မြစ်လက်တက်တွေထက်စာရင် အတော်လေးနိမ့်တဲ့ ပထဝီအနေအထားမှာ တည်ရှိပါတယ်။ အိန္ဒိယအရှေ့ဘက်ခြမ်းမှာ ရေခဲမြစ်တွေ ဆုတ်ယုတ်ပျောက်ကွယ်နေပေမယ့် ပါကစ္စတန် ဘက်ခြမ်း “ကိုရာကိုရမ်” တောင်ထွတ်ရဲ့ ပုံမှန်မ ဟုတ်တဲ့ကြီးထွားမှုက ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို အံတုသလို ဖြစ်နေပါတယ်။ သိပ္ပံပညာ အသိုင်းအဝိုင်းမှာ ‘ကိုရာကိုရမ် တစ်မူထူးခြားမှု’ လို့ လူသိများပါတယ်။ ဆိုလိုသည်မှာ အနောက်ဘက်ခြမ်းမြစ်တွေမှာ ဆီးနှင်းတွေ ဆက်လက်တည်မြဲနေမယ်ဆိုရင် အရှေ့ဘက်ခြမ်းမြစ်တွေမှာ လျော့နည်းသွားပါလိမ့် မယ်။ အိန္ဒိယအနေနဲ့ အနောက်ဘက်ခြမ်းမြစ်တွေမှ ပိုမိုကြီးမားတဲ့ဝေစုကို ရရှိသင့်တယ်လို့ အိန္ဒိယအငြိမ်းစားသစ်တောပညာရှင် ဘီကေ ဆင်းက ရေးပါတယ်။
ယခု သတင်းဝေဖန်ချက်ဟာ မြစ်ဆုံဆည်တည် ဆောက်ခြင်းကြောင့် ဧရာဝတီမြစ် ရေစီးရေလာ မထိ ခိုက်နိုင် ကြောင်း စဉ်းစားဖွယ်ဖြစ်လာပါတယ်။

Zawgyi Version:
ျမစ္အထက္ပိုင္း တ႐ုတ္က ကမာၻ႔အႀကီးဆုံး ဆည္ႀကီး တည္ေဆာက္သည့္တိုင္ ျဗဟၼပုတၱရျမစ္ေရမွာ မုတ္သုံမိုးမွ ရရွိေနျခင္းျဖစ္ဟု ဆို
NP News - ၾသဂုတ္ ၁၂
တ႐ုတ္ႏိုင္ငံဟာ ျဗဟၼပုတၱရျမစ္အထက္ပိုင္း တိဘက္ေဒသမွာ ကမာၻ႔အႀကီးဆုံး ဧရာမဆည္ႀကီး တစ္ခု တည္ေဆာက္ေနပါတယ္။ တ႐ုတ္တို႔ရဲ႕ လုပ္ရပ္ဟာ ျမစ္ေရစီးဆင္းမႈကိုထိန္းခ်ဳပ္ၿပီး အၾကပ္ကိုင္ တာဆိုရင္ ျမစ္ ေအာက္ပိုင္း အိႏၵိယနဲ႔ ဘဂၤလားေဒ့ရွ္တို႔ရဲ႕ စိုက္ပ်ိဳးေရး၊ ေရေၾကာင္းသြားလာေရးနဲ႔ ဇီဝသက္ရွိေဂဟစနစ္ေတြမွာ အခက္ ေတြ႕ႏိုင္ေၾကာင္း၊ ဒီအတြက္ နယူးေဒလီအေနနဲ႔ ျပင္းထန္စြာတုံ႔ျပန္ သင့္ေၾကာင္း၊ အိႏၵိယ စီးပြားေရး ႏိုင္ငံေရး ေလ့လာ အႀကံျပဳသူေတြက အႀကိမ္ႀကိမ္တိုက္တြန္းေနပါတယ္၊ ဒါေပမဲ့ မိုဒီအစိုးရက မတုန္မလႈပ္ ႏႈတ္ဆိတ္ေနပါတယ္။ ျမစ္ အထက္ပိုင္းမွာ တ႐ုတ္က ကမာၻ႔အႀကီးဆုံး ဆည္ႀကီးတည္ေဆာက္သည့္တိုင္ ျဗဟၼပုတၱရ ျမစ္ေရ ရာႏႈန္းအမ်ားစုဟာ (အိႏၵိယသမုဒၵရာ) မုတ္သုံမိုးမွ ရရွိေနတာျဖစ္ေၾကာင္း အၿငိမ္းစားသစ္ေတာပညာရွင္ တစ္ဦးကေျပာတယ္လို႔ နယူးေဒလီ အေျခစိုက္ “ဒက္ ကန္ဟာရယ္” (4 August 2025) က ေရးပါတယ္။
ျဗဟၼပုတၱရျမစ္ဟာ တ႐ုတ္ႏိုင္ငံ တိဘက္ကိုယ္ ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ အန္းစီေရခဲျမစ္မွာ ျမစ္ဖ်ားခံပါတယ္။ တ႐ုတ္ႏိုင္ငံအတြင္း ျဖတ္သန္းစီးဆင္းတဲ့အခါ “ယာေလာင္းရွန္ပိုျမစ္” လို႔ ေခၚၾကၿပီး အိႏၵိယ အာ႐ူနာခ်ယ္ျပည္နယ္မွာ “စီအန္း” နဲ႔ “ဒီဘန္း” လို႔ ေခၚၾကပါတယ္။ အာသံျပည္နယ္နဲ႔ ဘဂၤလားေဒ့ရွ္ ႏိုင္ငံတို႔မွာ “ျဗဟၼပုတၱရ ျမစ္” ျဖစ္လာၿပီး ဘဂၤလား ပင္လယ္ေအာ္အတြင္း စီးဝင္အဆုံးသတ္ပါတယ္။ တကယ္ေတာ့ ျဗဟၼပုတၱရျမစ္ႀကီးျဖစ္လာေစဖို႔ တ႐ုတ္ႏိုင္ငံ ယာေလာင္းရွန္ပိုျမစ္အတြင္း ေရစီးဝင္မႈ စုစုေပါင္းဟာ က်န္ျမစ္ေအာက္ပိုင္းက ျမစ္လက္ တက္မ်ားမွေရစီးဝင္မႈထက္ အမ်ားႀကီးနည္းပါးပါတယ္။ ျမစ္ႀကီးရဲ႕ေရထုထည္ပမာဏ (၃၀%) သာလွ်င္ ေရခဲျမစ္မ်ားအရည္ေပ်ာ္ျခင္းနဲ႔ တိဘက္ ေဒသ မိုး႐ြာသြန္းမႈမွရရွိပါတယ္။ က်န္ (၇၀%) ဟာ ျဗဟၼပုတၱရရဲ႕ ျမစ္လက္တက္ေတြျဖစ္ၾကတဲ့ ဆူဘန္ သီရိ၊ လိုထီ၊ ကန္မန္းစတဲ့ ျမစ္လက္တက္ (၁၀) ခုက ျဖည့္တင္းေနတာျဖစ္ေၾကာင္း၊ အာသံနဲ႔ နာဂျပည္နယ္ ေတာင္တန္းေတြမွာ ျမစ္ဖ်ားခံတဲ့ အဲဒီျမစ္ငယ္ေတြဟာ ေရေဝေရလဲေဒသမွ မုတ္သုံမိုးေရေတြကို စုေဆာင္း ၿပီး ျဗဟၼပုတၱရျမစ္အတြင္း ပို႔လႊတ္ ေနတာျဖစ္တယ္ လို႔ဆိုပါတယ္။
လက္ရွိမွာ တ႐ုတ္ႏိုင္ငံဟာ ယာေလာင္းရွန္ပို ျမစ္ေပၚမွာ လွ်ပ္စစ္ဓာတ္အား (၆၀) ဂီဂါဝပ္ ထုတ္ယူ ႏိုင္မယ့္ ကမာၻ႔အႀကီးဆုံး ေရအားလွ်ပ္စစ္စီမံကိန္းကို ခန႔္မွန္းေျခ အေမရိကန္ေဒၚလာ (၁၃၇) ဘီလ်ံ ကုန္က်ခံၿပီး တည္ေဆာက္ ေနပါတယ္။ ယန္စီျမစ္ေပၚမွာ လည္ပတ္ေနၿပီျဖစ္တဲ့ “ ကမ္းပါး ၃-ခုဆည္” ထက္ ပိုမိုႀကီးမားတဲ့ အဲဒီဆည္ႀကီးကို တိဘက္ေဒသ “မဟာ ျမစ္ေကြ႕” အနီးမွာ တည္ေဆာက္ေနတာျဖစ္ပါတယ္။
အဲဒီဆည္ႀကီး တည္ေဆာက္တဲ့အတြက္ ျဗဟၼပုတၱရျမစ္ေရေလ်ာ့နည္းသြားႏိုင္တဲ့ကိစၥဟာ အိႏၵိယအတြက္ သိပ္ေတာ့စိုးရိမ္စရာမဟုတ္ပါဘူး၊ ဒါေပမဲ့ ဆည္လည္ပတ္ၿပီးတာနဲ႔အမွ် ပိုလွ်ံေနတဲ့ေရေတြ စီးထြက္ေနတာဟာ ဆိုး႐ြားတဲ့ၿခိမ္းေျခာက္မႈတစ္ခု ျဖစ္လာႏိုင္ပါတယ္။ မေတာ္တဆ/တမင္ သို႔မဟုတ္ ငလ်င္လႈပ္ခတ္တာေၾကာင့္ျဖစ္ေစ အန္က်လာတဲ့ ေရထုထည္ဟာ ႐ုတ္တရတ္ ေရလႊမ္းမိုးမႈျဖစ္ေစႏိုင္ၿပီး အာ႐ူနာခ်ယ္ပရာဒက္ရွ္နဲ႔ အာသံျပည္နယ္ေတြ အတြင္း ျပင္းထန္စြာသက္ေရာက္ႏိုင္ေၾကာင္း မိုးဇလ ပညာရွင္ေတြက သတိေပးထားပါတယ္။
မ်က္ေမွာက္ေခတ္ ပူေႏြးလာတဲ့ကမာၻႀကီးမွာ ႀကိဳတင္မွန္းဆမရႏိုင္တဲ့ ရာသီဥတုေဖာက္ျပန္မႈေတြေၾကာင့္ ေရအရင္းအျမစ္ အျငင္းပြားမႈေတြတိုးပြားလာ ေနပါတယ္။ (၇၂) နာရီအတြင္း မိုး႐ြာသြန္းမႈ (၄၀ဝ) မီလီမီတာအထိ က်ဆင္းလာတာဟာ ဘယ္လိုအခ်ိန္မွာ တိမ္တိုက္ေတြျဖစ္ထြန္းမယ္ သို႔မဟုတ္ ျပင္းထန္တဲ့ မိုး႐ြာသြန္းမႈျဖစ္ေပၚလိမ့္မယ္ စသျဖင့္ စိတ္ခ်ယုံ ၾကည္ေလာက္ေအာင္ ခန႔္မွန္းႏိုင္ျခင္းမရွိေတာ့ပါဘူး။
တ႐ုတ္ဟာ (၁၉၉၇) ခုႏွစ္ ကုလသမဂၢျမစ္ ေခ်ာင္းမ်ားဆိုင္ရာ ကြန္ဗင္းရွင္းမွာ လက္မွတ္ေရးထိုး ျခင္းမရွိတဲ့ တိုင္းျပည္ျဖစ္ၿပီး ျမစ္ေရခြဲေဝေရးဆိုင္ရာ ဘယ္သေဘာတူစာခ်ဳပ္မွာမွ ပါဝင္ျခင္းမရွိပါဘူး။ ဒီလိုအေျခအေနမွာ အိႏၵိယအေနနဲ႔ သိပၸံနည္းပညာကိုအေျခခံၿပီး ကာကြယ္ေရးဗ်ဴဟာကိုျပင္ဆင္ဖို႔သာရွိပါတယ္။ ေရသိုေလွာင္တဲ့ အေဆာက္အအုံေတြ၊ တာတမံေတြဖန္တီးမႈနဲ႔ အဆင့္ျမႇင့္တင္တာေတြ ပါဝင္ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ေဒသ တြင္းေဂဟစနစ္ ထိခိုက္လြယ္မႈနဲ႔ ငလ်င္လႈပ္ခတ္ႏိုင္ေျခေတြကို ဂ႐ုစိုက္ေစာင့္ၾကည့္ရပါလိမ့္မယ္။ အာ႐ူနာခ်ယ္ပရာ ဒက္ရွ္နဲ႔ အာသံျပည္နယ္မွာ ေရလႊမ္းမိုးမႈကာကြယ္ေရး ဘက္စုံပေရာဂ်က္ေတြကို တည္ေဆာက္ေနပါတယ္။ ဒါေပမဲ့ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး သမားေတြရဲ႕ကန႔္ကြက္မႈေၾကာင့္ တိုးတက္မႈမရွိခဲ့ပါဘူး။ ႏိုင္ငံေတာ္အေနနဲ႔ သဘာဝ ပတ္ဝန္းက်င္ဆိုင္ရာ စိုးရိမ္မႈေတြကိုေျဖရွင္းၿပီး အဲဒီစီမံကိန္းကို ဆက္လက္ လုပ္ေဆာင္သင့္ပါတယ္။
တိဘက္ေဒသနဲ႔ တ႐ုတ္ႏိုင္ငံအစြန္အဖ်ားေဒသမ်ားမွာ ျပင္းထန္တဲ့ ေျမငလ်င္ေတြ လႈပ္ခတ္ေလ့ရွိပါ တယ္။ အိႏၵိယေက်ာက္လႊာခ်ပ္နဲ႔ ယူေရးရွားေက်ာက္ လႊာခ်ပ္တို႔ ထိေတြ႕တြန္းတိုက္ရာဧရိယာျဖစ္ၿပီး ဟိမဝႏၲာေတာင္ တန္းမ်ား အျမင့္ကိုျမႇင့္တင္ေပး သလိုျဖစ္ဖို႔ အလားအလာရွိပါတယ္။ ယာေလာင္းရွန္ ပိုျမစ္အထက္ပိုင္းမွာ လွ်ပ္စစ္ဓာတ္ အား မဂၢါဝပ္ (၆၄၀)၊ (၅၁၀)၊ (၃၂၀) နဲ႔ (၃၀ဝ) စီ အသီးသီး ထုတ္ယူႏိုင္မယ့္ဆည္ႀကီးေတြတည္ေဆာက္မွာျဖစ္ေပမယ့္ ေျမ ငလ်င္ဒဏ္ခံႏိုင္ေအာင္ တြက္ဆထားဖြယ္ရွိပါတယ္။ မၾကာေသးမီက ခ်က္ႏိုင္ငံ ပရာ့ဂ္ၿမိဳ႕ ကြန္ ဖရင့္မွာတင္ျပခဲ့တဲ့ ေလ့လာမႈတစ္ခုအရ ကမာၻေျမ ပူေႏြးလာတာနဲ႔အမွ် ေရခဲျမစ္ေတြဟာ အရည္ ေပ်ာ္ေပ်ာက္ကြယ္သြားၿပီး ကမာၻေျမ အေပၚယံလႊာနဲ႔ အဲဒီေအာက္မွာ ဖိအားေလ်ာ့နည္းမႈေတြ ျဖစ္ေပၚလာေၾကာင္း သိရွိရပါတယ္။ ဒီျဖစ္ရပ္ဟာ ေျမေအာက္ ဓာတ္ေငြ႕ေတြနဲ႔ ေျမေအာက္ေခ်ာ္ရည္ပူတို႔အတြက္ ေနရာေပးသလိုျဖစ္လာၿပီး မီးေတာင္ေပါက္ကြဲမႈေတြ ျဖစ္ေပၚေစတဲ့ ဖိအားေတြကိုဖန္တီးေပးပါတယ္။ ရာသီဥတုေဖာက္ျပန္မႈေၾကာင့္ ေရခဲျမစ္ေတြဆုတ္ ယုတ္သြားေလေလ မၾကာခဏ မီးေတာင္ေပါက္ကြဲမႈ ေတြနဲ႔ ေပါက္ကြဲႏိုင္ေျခ မ်ားလာေလေလ ျဖစ္ပါတယ္။
“(၁၉၆၀) ျပည့္ႏွစ္ အိႏၵဴျမစ္ေရ သေဘာတူစာ ခ်ဳပ္” (IWT) အရ အိႏၵိယနဲ႔ ပါကစၥတန္တို႔ဟာ အိႏၵဳနဲ႔လက္တက္ ေတြကေန ျမစ္ေရကို ခြဲေဝရရွိပါတယ္။ ဒါေပမဲ့ အိႏၵိယက စုစုေပါင္းျမစ္ေရ (၂၀%) ပါကစၥတန္က (၈၀%) ရရွိေနတဲ့ အတြက္ (ရန္ဘက္ အိမ္နီးခ်င္းအေပၚ) ဦးစားေပးအသက္ညႇာဆုံး စာခ်ဳပ္လို႔ဆိုႏိုင္ပါတယ္။ ဒါ့အျပင္ ေနာက္ေဆာက္ လုပ္မယ့္ အိႏၵိယရဲ႕ ေရအားလွ်ပ္စစ္စီမံကိန္းအမ်ားအျပားဟာ ပါကစၥတန္ရဲ႕ စဥ္ဆက္မျပတ္ကန႔္ကြက္မႈေတြေၾကာင့္ မေအာင္ျမင္ႏိုင္ပါဘူး။
ဧၿပီလ (၂၂) ရက္ ပါဟယ္ဂမ္ အၾကမ္းဖက္တိုက္ ခိုက္မႈအၿပီး စာခ်ဳပ္ကိုဆိုင္းငံ့ထားခိုက္ အိႏၵိယဟာ အိႏၵဳျမစ္ အေနာက္ပိုင္းနဲ႔ အေရွ႕ပိုင္းျမစ္လက္တက္ ေတြအေပၚမွာ စီမံကိန္းေတြကို အေကာင္အထည္ေဖာ္ဖို႔ တက္သုတ္႐ိုက္ လုပ္ေဆာင္ေနပါတယ္။ သဘာဝ ပတ္ဝန္းက်င္ထိခိုက္မႈမရွိေအာင္ အတတ္ႏိုင္ဆုံး ႀကိဳးစားထားပါတယ္။
ပါကစၥတန္ကေတာ့ IWT ကို ျပန္အသက္သြင္းဖို႔ ႏိုင္ငံတကာအသိုင္းအဝိုင္းအကူညီနဲ႔ ဖိအားေပး မႈေတြျပဳလုပ္ ေနခ်ိန္ ရာသီဥတုဆိုင္ရာသိပၸံပညာ ရွင္ေတြရဲ႕အခ်က္အလက္ေတြအရ လက္ရွိပုံစံနဲ႔ သေဘာတူညီမႈကို ဘယ္လိုမွ လက္သင့္ခံမွာမဟုတ္ေၾကာင္း အိႏၵိယကေျပာပါတယ္။ အိႏၵဳျမစ္ အေရွ႕ဘက္ျခမ္းကိုစီးဝင္တဲ့ ေရခဲျမစ္ေတြဟာ အေနာက္ ဘက္ျခမ္းကို စီးဝင္တဲ့ ျမစ္လက္တက္ေတြထက္စာရင္ အေတာ္ေလးနိမ့္တဲ့ ပထဝီအေနအထားမွာ တည္ရွိပါတယ္။ အိႏၵိယအေရွ႕ဘက္ျခမ္းမွာ ေရခဲျမစ္ေတြ ဆုတ္ယုတ္ေပ်ာက္ကြယ္ေနေပမယ့္ ပါကစၥတန္ ဘက္ျခမ္း “ကိုရာကိုရမ္” ေတာင္ထြတ္ရဲ႕ ပုံမွန္မ ဟုတ္တဲ့ႀကီးထြားမႈက ကမာၻ႔ရာသီဥတုေျပာင္းလဲမႈကို အံတုသလို ျဖစ္ေနပါတယ္။ သိပၸံပညာ အသိုင္းအဝိုင္းမွာ ‘ကိုရာကိုရမ္ တစ္မူထူးျခားမႈ’ လို႔ လူသိမ်ားပါတယ္။ ဆိုလိုသည္မွာ အေနာက္ဘက္ျခမ္းျမစ္ေတြမွာ ဆီးႏွင္းေတြ ဆက္လက္တည္ၿမဲေနမယ္ဆိုရင္ အေရွ႕ဘက္ျခမ္းျမစ္ေတြမွာ ေလ်ာ့နည္းသြားပါလိမ့္ မယ္။ အိႏၵိယအေနနဲ႔ အေနာက္ဘက္ျခမ္းျမစ္ေတြမွ ပိုမိုႀကီးမားတဲ့ေဝစုကို ရရွိသင့္တယ္လို႔ အိႏၵိယအၿငိမ္းစားသစ္ေတာပညာရွင္ ဘီေက ဆင္းက ေရးပါတယ္။
ယခု သတင္းေဝဖန္ခ်က္ဟာ ျမစ္ဆုံဆည္တည္ ေဆာက္ျခင္းေၾကာင့္ ဧရာဝတီျမစ္ ေရစီးေရလာ မထိ ခိုက္ႏိုင္ ေၾကာင္း စဥ္းစားဖြယ္ျဖစ္လာပါတယ္။