အမေရိကန်နိုင်ငံမှာ သေနတ်သမားတစ်ဦးက လူ(၃)ဦးကိုပစ်သတ်ပြီး ကားနှစ်စီး ခိုးယူမှုဖြစ်ပွား

 419

Pika (NP News) - သြဂုတ် ၁၂

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် အော်စတင်မြို့မှာရှိတဲ့ စတိုးဆိုင်တစ်ခုရဲ့ကားပါကင်နေရာမှာ သေနတ်သမားတစ်ဦးက ပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့ရာ အရွယ်ရောက်ပြီးသူ(၂)ဦးနဲ့ ကလေးငယ်(၁)ဦးတို့ သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
သေနတ်သမားဟာ ကားနှစ်စီးကိုလည်း ခိုးယူသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ သေနတ်သမားဟာ အသက်(၃၀)နှစ်အရွယ်တဲ့အမျိုးသားတစ်ဦးဖြစ်ပြီး နောက်ထပ်အသေးစိတ်အချက်အလက် တွေကို သိရဖို့ ဆက်လက်လုပ်ဆောင်နေတယ်လို့ ရဲမှူးချုပ်လီဆာဒေးဗစ်က အစောပိုင်းမှာပြောကြားခဲ့ပါတယ်။ သေနတ်သမားဟာ ပထမခိုးယူခဲ့တဲ့ ကားနဲ့အခင်းဖြစ်ပွားရာနေရာကနေ ထွက်ပြေးသွားခဲ့ပြီးနောက် အဲဒီကားကို ဖျက်ဆီးပစ်ကာ အရောင်းကိုယ်စားလှယ်တစ်ဦးဆီက အခြားကားတစ်စီးကို ထပ်မံခိုးယူသွားခဲ့တာဖြစ်တယ်လို့ လီဆာဒေးဗစ်က ပြောကြားခဲ့ပါတယ်။ နောက်ပိုင်းမှာ သေနတ်သမားကို အော်စတင်မြို့ရဲ့တောင်ဘက် မိုင်(၂၀) အကွာမှာ ဖမ်းမိခဲ့ပြီး ရဲစခန်းမှာချုပ်နှောင်ထားတယ်လို့ လီဆာဒေးဗစ်ကပြောကြားခဲ့ပါတယ်။
ဒါ့ပြင် သေနတ်တဲ့ပစ်သတ်ခံရတဲ့လူတွေထဲက တစ်ယောက်ဟာ ကားပါကင်ကနေ ခိုးယူလာတဲ့ကားရဲ့ပိုင်ရှင် ဖြစ်ပုံပေါ်တယ်လို့လည်း လီဆာဒေးဗစ်ကပြောကြားခဲ့ပါတယ်။ ပြီးတော့ ဘာလို့ခုလိုပစ်ခတ်မှုတွေ လုပ်ဆောင်ရ သလဲဆိုတဲ့အချက်ကို သိရှိနိုင်ဖို့ သေနတ်သမားကို ဆက်လက်စစ်ဆေးနေတယ်လို့လည်း ၎င်းက ပြောကြားခဲ့ပါ တယ်။

Zawgyi Version:
အေမရိကန္ႏိုင္ငံမွာ ေသနတ္သမားတစ္ဦးက လူ(၃)ဦးကိုပစ္သတ္ၿပီး ကားႏွစ္စီး ခိုးယူမႈျဖစ္ပြား
Pika (NP News) - ၾသဂုတ္ ၁၂
အေမရိကန္ႏိုင္ငံ တကၠဆက္ျပည္နယ္ ေအာ္စတင္ၿမိဳ႕မွာရွိတဲ့ စတိုးဆိုင္တစ္ခုရဲ႕ကားပါကင္ေနရာမွာ ေသနတ္သမားတစ္ဦးက ပစ္ခတ္မႈေတြလုပ္ေဆာင္ခဲ့ရာ အ႐ြယ္ေရာက္ၿပီးသူ(၂)ဦးနဲ႔ ကေလးငယ္(၁)ဦးတို႔ ေသဆုံးခဲ့တယ္လို႔ တာဝန္ရွိသူေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ေသနတ္သမားဟာ ကားႏွစ္စီးကိုလည္း ခိုးယူသြားခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ေသနတ္သမားဟာ အသက္(၃၀)ႏွစ္အ႐ြယ္တဲ့အမ်ိဳးသားတစ္ဦးျဖစ္ၿပီး ေနာက္ထပ္အေသးစိတ္အခ်က္အလက္ ေတြကို သိရဖို႔ ဆက္လက္လုပ္ေဆာင္ေနတယ္လို႔ ရဲမႉးခ်ဳပ္လီဆာေဒးဗစ္က အေစာပိုင္းမွာေျပာၾကားခဲ့ပါတယ္။ ေသနတ္သမားဟာ ပထမခိုးယူခဲ့တဲ့ ကားနဲ႔အခင္းျဖစ္ပြားရာေနရာကေန ထြက္ေျပးသြားခဲ့ၿပီးေနာက္ အဲဒီကားကို ဖ်က္ဆီးပစ္ကာ အေရာင္းကိုယ္စားလွယ္တစ္ဦးဆီက အျခားကားတစ္စီးကို ထပ္မံခိုးယူသြားခဲ့တာျဖစ္တယ္လို႔ လီဆာေဒးဗစ္က ေျပာၾကားခဲ့ပါတယ္။ ေနာက္ပိုင္းမွာ ေသနတ္သမားကို ေအာ္စတင္ၿမိဳ႕ရဲ႕ေတာင္ဘက္ မိုင္(၂၀) အကြာမွာ ဖမ္းမိခဲ့ၿပီး ရဲစခန္းမွာခ်ဳပ္ေႏွာင္ထားတယ္လို႔ လီဆာေဒးဗစ္ကေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ေသနတ္တဲ့ပစ္သတ္ခံရတဲ့လူေတြထဲက တစ္ေယာက္ဟာ ကားပါကင္ကေန ခိုးယူလာတဲ့ကားရဲ႕ပိုင္ရွင္ ျဖစ္ပုံေပၚတယ္လို႔လည္း လီဆာေဒးဗစ္ကေျပာၾကားခဲ့ပါတယ္။ ၿပီးေတာ့ ဘာလို႔ခုလိုပစ္ခတ္မႈေတြ လုပ္ေဆာင္ရ သလဲဆိုတဲ့အခ်က္ကို သိရွိႏိုင္ဖို႔ ေသနတ္သမားကို ဆက္လက္စစ္ေဆးေနတယ္လို႔လည္း ၎က ေျပာၾကားခဲ့ပါ တယ္။

Related news

© 2021. All rights reserved.