ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းအတွင်း အဆင့်မြှင့်ထားသည့် ဘူတာ (၁ဝ) ခု စတင်အသုံးပြု

1557

NP News - ဩဂုတ် ၁၃
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းတွင် ပါဝင်သည့် ဘူတာ (၁ဝ) ခု ကို အသစ်ဆောက်လုပ်ပြီးစီး၍ သုံးပြုနေပြီဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
၎င်း ဘူတာအသစ်များကို ရန်ကုန်မြို့ပတ်လမ်း (၂၉ ဒသမ ၅ မိုင်) အတွင်းမှာ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဆောက်လုပ်ဆဲ ဘူတာ (၂) ခုရှိကြောင်း သိရသည်။
အသစ်ဆောက်လုပ်ထားသည့် ဘူတာရုံများတွင် ရထားလက်မှတ်အရောင်းဌာန၊ အီလက်ထရွန်းနစ် ထိန်းချုပ်ခန်း၊ ငွေသိမ်းရုံးခန်းနှင့် သန့်စင်ခန်းများ ပါဝင်ကြောင်း မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
“ကျွန်တော်တို့ ဘူတာအသစ်ဆောက်လုပ်ပြီးတာ (၁ဝ) ဘူတာရှိတယ်။ အဲဒါက ကမာရွတ်၊ သီရိမြိုင်၊ အုတ်ကျင်း၊ သမိုင်း၊ သမိုင်းမြို့သစ်၊ အောင်ဆန်း၊ ဖော့ကန်၊ ဥက္ကလာပ၊ ကျောက်ရေတွင်း၊ တာမွေ ဘူတာတို့ဖြစ်ပါတယ်။ ဒီ (၁ဝ) ဘူတာကတော့ ဆောက်လုပ်ပြီးပြီ။ ဆောက်လုပ်ဆဲဘူတာ (၂) ဘူတာကလည်း ဟံသာဝတီနဲ့ တံတားလေး ဘူတာပါ။ ဆောက်လုပ်ပြီး ဘူတာ (၁ဝ) ဘူတာမှာ ခရီးသည်တွေ ရထားလက်မှတ်ဝယ်ယူရတာ အဆင်ပြေအောင်ရယ်၊ ခရီးသည်တွေ ရထားစောင့်ဆိုင်းချိန်မှာ အသုံးပြုနိုင်ဖို့အတွက် အမျိုးသမီးသန့်စင်ခန်း နဲ့ အမျိုးသားသန့်စင်ခန်းတွေကို ဆောက်လုပ်ပေးထားတယ်။ လက်ရှိပြေးဆွဲနေတဲ့ ရထားတွေမှာလည်း ခရီးသည် အတက်/အဆင်း လွယ်ကူအောင် ပလက်ဖောင်းတွေကိုလည်း သပ်သပ်ရပ်ရပ်လုပ်ပေးထားပါတယ်” လို့ ၎င်းက ပြောသည်။
ရန်ကုန်မြို့ပတ်ရထားကို မြို့ပတ်လမ်းပိုင်း (၂၉ ဒသမ ၅) မိုင်အတွင်းမှာ DEMU တွဲဆိုင်း ၂ ဆိုင်းနှင့် RBE တွဲဆိုင်း ၄ ဆိုင်းတို့ဖြင့် အသုံးပြုပြေးဆွဲပေးလျက်ရှိနေပြီး နေ့စဉ် ရထားအခေါက်ရေ ၂၇ ခေါက်အထိ ပြေးဆွဲပေးနေကြောင်း နှင့် လိုက်ပါစီးနင်းသည့် ခရီးသည်နေ့စဉ် ဦးရေ တစ်သောင်းခန့်ရှိနေကြောင်း သိရသည်။

Zawgyi Version:
ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္းပိုင္းအတြင္း အဆင့္ျမႇင့္ထားသည့္ ဘူတာ (၁ဝ) ခု စတင္အသုံးျပဳ
NP News - ဩဂုတ္ ၁၃
ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္းပိုင္း အဆင့္ျမႇင့္တင္ျခင္း စီမံကိန္းတြင္ ပါဝင္သည့္ ဘူတာ (၁ဝ) ခု ကို အသစ္ေဆာက္လုပ္ၿပီးစီး၍ သုံးျပဳေနၿပီျဖစ္ေၾကာင္း ျမန္မာ့မီးရထားမွ သိရသည္။
၎ ဘူတာအသစ္မ်ားကို ရန္ကုန္ၿမိဳ႕ပတ္လမ္း (၂၉ ဒသမ ၅ မိုင္) အတြင္းမွာ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ၿပီး လက္ရွိတြင္ ေဆာက္လုပ္ဆဲ ဘူတာ (၂) ခုရွိေၾကာင္း သိရသည္။
အသစ္ေဆာက္လုပ္ထားသည့္ ဘူတာ႐ုံမ်ားတြင္ ရထားလက္မွတ္အေရာင္းဌာန၊ အီလက္ထ႐ြန္းနစ္ ထိန္းခ်ဳပ္ခန္း၊ ေငြသိမ္း႐ုံးခန္းႏွင့္ သန႔္စင္ခန္းမ်ား ပါဝင္ေၾကာင္း ျမန္မာ့မီးရထားမွ တာဝန္ရွိသူတစ္ဦးကေျပာၾကားသည္။
“ကြၽန္ေတာ္တို႔ ဘူတာအသစ္ေဆာက္လုပ္ၿပီးတာ (၁ဝ) ဘူတာရွိတယ္။ အဲဒါက ကမာ႐ြတ္၊ သီရိၿမိဳင္၊ အုတ္က်င္း၊ သမိုင္း၊ သမိုင္းၿမိဳ႕သစ္၊ ေအာင္ဆန္း၊ ေဖာ့ကန္၊ ဥကၠလာပ၊ ေက်ာက္ေရတြင္း၊ တာေမြ ဘူတာတို႔ျဖစ္ပါတယ္။ ဒီ (၁ဝ) ဘူတာကေတာ့ ေဆာက္လုပ္ၿပီးၿပီ။ ေဆာက္လုပ္ဆဲဘူတာ (၂) ဘူတာကလည္း ဟံသာဝတီနဲ႔ တံတားေလး ဘူတာပါ။ ေဆာက္လုပ္ၿပီး ဘူတာ (၁ဝ) ဘူတာမွာ ခရီးသည္ေတြ ရထားလက္မွတ္ဝယ္ယူရတာ အဆင္ေျပေအာင္ရယ္၊ ခရီးသည္ေတြ ရထားေစာင့္ဆိုင္းခ်ိန္မွာ အသုံးျပဳႏိုင္ဖို႔အတြက္ အမ်ိဳးသမီးသန႔္စင္ခန္း နဲ႔ အမ်ိဳးသားသန႔္စင္ခန္းေတြကို ေဆာက္လုပ္ေပးထားတယ္။ လက္ရွိေျပးဆြဲေနတဲ့ ရထားေတြမွာလည္း ခရီးသည္ အတက္/အဆင္း လြယ္ကူေအာင္ ပလက္ေဖာင္းေတြကိုလည္း သပ္သပ္ရပ္ရပ္လုပ္ေပးထားပါတယ္” လို႔ ၎က ေျပာသည္။
ရန္ကုန္ၿမိဳ႕ပတ္ရထားကို ၿမိဳ႕ပတ္လမ္းပိုင္း (၂၉ ဒသမ ၅) မိုင္အတြင္းမွာ DEMU တြဲဆိုင္း ၂ ဆိုင္းႏွင့္ RBE တြဲဆိုင္း ၄ ဆိုင္းတို႔ျဖင့္ အသုံးျပဳေျပးဆြဲေပးလ်က္ရွိေနၿပီး ေန႔စဥ္ ရထားအေခါက္ေရ ၂၇ ေခါက္အထိ ေျပးဆြဲေပးေနေၾကာင္း ႏွင့္ လိုက္ပါစီးနင္းသည့္ ခရီးသည္ေန႔စဥ္ ဦးေရ တစ္ေသာင္းခန႔္ရွိေနေၾကာင္း သိရသည္။