ယူကရိန်းစစ်ပွဲအဆုံးသတ်ရန် စာချုပ်ချုပ်ရေးအတွက် ရုရှားသမ္မတပူတင် အဆင်သင့်ဖြစ်မည်ဟု ယုံကြည်ကြောင်း အမေရိကန်သမ္မတပြော

420

ဂျန်ဇက် (NP News) - သြဂုတ် ၁၅
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားသမ္မတပူတင်သည် ယူကရိန်းစစ်ပွဲအဆုံးသတ်ရန်
စာချုပ်ချုပ်ရေးအတွက် အဆင်သင့်ရှိနေမည်ဟု ယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
အမေရိကန်သမ္မတသည် သြဂုတ် ၁၅ ရက်တွင် ရုရှားသမ္မတပူတင်နှင့် အမေရိကန်နိုင်ငံ အလက်စကာမြို့တွင် တွေ့ဆုံဆွေးနွေးပွဲနှင့်ပတ်သက်ပြီး ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါတွေ့ဆုံဆွေးနွေးမှုအတွင်း ရုရှားသမ္မတပူတင် နှင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့ကြား အချို့အချက်များက သဘောထားကွဲလွဲမှုများ ရှိလာဖွယ်ရှိနေကြောင်း သိရသည်။
အမေရိကန်သမ္မတက ဒုတိယအကြိမ်ပြုလုပ်မည့်တွေ့ဆုံဆွေးနွေးပွဲအတွင်း ယူကရိန်းသမ္မတ ဇီလန်စကီးကို ပါဝင်ဆွေးနွေးခွင့်ပေးရမည်ဖြစ်ကြောင်း ပြောသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ''ကျွန်တော်အထင်တော့ ရုရှားသမ္မတပူတင်ဟာ ငြိမ်းချမ်းရေးစာချုပ်မယ်လို့ ထင်ပါတယ်။ ယူကရိန်းသမ္မတဇိလန်စကီးကလည်း
ငြိမ်းချမ်းရေး ရယူမယ်လို့ ထင်ပါတယ်။ လက်ရှိတွေ့ဆုံတွေ့ဆုံဆွေးနွေးမှုက ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးပွဲ ထပ်မံဖြစ်လာဖို့ပါ။ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးပွဲက အလွန်အလွန် အရေးကြီးပါတယ်။ တွေ့ဆုံဆွေးနွေးပွဲက စစ်တုရင်ကစားပွဲလိုမျိုးစီစဉ်နေရတယ်။ ပထမအကြိမ်တွေ့ဆုံဆွေးနွေးပွဲမှာ အခွင့်အရေး ၂၅ ရာခိုင်နှုန်း မရဘူးဆိုရင် အောင်မြင်တဲ့ဆွေးနွေးပွဲလို့ မသတ်မှတ်နိုင်ဘူး။ အခုတွေ့ဆုံဆွေးနွေးပွဲက ကောင်းမွန်တဲ့ တွေ့ဆုံဆွေးနွေးပွဲဖြစ်ခဲ့ပါတယ်။ အရေးကြီးတဲ့တွေ့ဆုံဆွေးနွေးပွဲတွေ
ထပ်မံဖြစ်လာဖို့ လိုအပ်တယ်။ သြဂုတ် ၁၅ ရက်မှာပြုလုပ်တဲ့အစည်းအဝေးအတွင်း ယူကရိန်းသမ္မတ ဇီလန်စကီး ကို ဖယ်ချန်ထားတာမျိုးမဖြစ်သင့်ဘူး။ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးပွဲမှာ ယူကရိန်းသမ္မတကိုလည်း ဖိတ်ကြားသင့်တယ်။ ဥရောပခေါင်းဆောင်တွေကိုလည်း တွေ့ဆုံဆွေးနွေးဖို့ ခေါ်သင့်တယ်" ဟု ပြောသည်။
ရုရှားသမ္မတ နှင့် အမေရိကန်သမ္မတတို့သည် ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအပြင် နျူကလီးယား လက်နက်လျော့ချရေးကိစ္စများကိုလည်း အဓိကထားဆွေးနွေးဖွယ်ရှိနေကြောင်း သိရသည်။
ရုရှားသမ္မတပူတင်က အမေရိကန်လက်ရှိသမ္မတသည် ရန်လိုမှုများရပ်တန့်ရန်၊ အကျပ်အတည်းကိုရပ်တန့်ရန်အပြင် ယူကရိန်းစစ်ပွဲတွင် ပါဝင်နေသူ အားလုံး သဘောတူညီချက်များရရှိရန် အတော်လေး တက်ကြွပြီး စိတ်ရင်းမှန်ဖြင့် ကြိုးပမ်းအားထုတ်နေကြောင်း ပြောသည်။
ရုရှားသမ္မတပူတင်က “ကျွန်တော်တို့ နိုင်ငံတွေနဲ့ ဥရောပမှာရော ကမ္ဘာတစ်ခုလုံးပါ ငြိမ်းချမ်းရေးအတွက် ရေရှည်အခြေအနေတွေ ဖန်တီးနိုင်ဖို့ဆိုရင် နောက်အဆင့်တွေမှာ မဟာဗျူဟာမြောက် ထိုးစစ်လက်နက်ထိန်းချုပ်ရေးနယ်မြေမှာ သဘောတူညီချက်တွေ ရရှိနိုင်မှာပါ” ဟု ပြောသည်။
ရုရှားသမ္မတပူတင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့်တွေ့ဆုံဆွေးနွေးချိန်အတွင်း နျူကလီးယားလက်နက်ထိန်းချုပ်ရေးနှင့်ပတ်သက်ပြီး သဘောတူညီမှု ရယူနိုင်မည်ဟုမျှော်လင့်ကြောင်း ပြောသည်။
ရုရှားသည် ယူကရိန်းနှင့် ၂၀၂၂ ခုနှစ်တွင် စစ်ပွဲ စတင်ခဲ့ပြီးနောက် ယူကရိန်းပိုင်နက်အနည်းဆုံး ၅ ခုကို ထိန်းချုပ်ထားရာ အပစ်ခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုခြင်းက ယူကရိန်းပိုင်နက်များကို ရလိုနေသော ရုရှားသမ္မတကို ဆုချီးမြှင့်သလိုမျိုးဖြစ်လာမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

Zawgyi Version:
ယူကရိန္းစစ္ပြဲအဆုံးသတ္ရန္ စာခ်ဳပ္ခ်ဳပ္ေရးအတြက္ ႐ုရွားသမၼတပူတင္ အဆင္သင့္ျဖစ္မည္ဟု ယုံၾကည္ေၾကာင္း အေမရိကန္သမၼတေျပာ
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၁၅
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ႐ုရွားသမၼတပူတင္သည္ ယူကရိန္းစစ္ပြဲအဆုံးသတ္ရန္
စာခ်ဳပ္ခ်ဳပ္ေရးအတြက္ အဆင္သင့္ရွိေနမည္ဟု ယုံၾကည္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္သည္။
အေမရိကန္သမၼတသည္ ၾသဂုတ္ ၁၅ ရက္တြင္ ႐ုရွားသမၼတပူတင္ႏွင့္ အေမရိကန္ႏိုင္ငံ အလက္စကာၿမိဳ႕တြင္ ေတြ႕ဆုံေဆြးေႏြးပြဲႏွင့္ပတ္သက္ၿပီး ယင္းကဲ့သို႔ေျပာဆိုခဲ့ျခင္းျဖစ္သည္။
အဆိုပါေတြ႕ဆုံေဆြးေႏြးမႈအတြင္း ႐ုရွားသမၼတပူတင္ ႏွင့္ အေမရိကန္သမၼတေဒၚနယ္ထရမ့္တို႔ၾကား အခ်ိဳ႕အခ်က္မ်ားက သေဘာထားကြဲလြဲမႈမ်ား ရွိလာဖြယ္ရွိေနေၾကာင္း သိရသည္။
အေမရိကန္သမၼတက ဒုတိယအႀကိမ္ျပဳလုပ္မည့္ေတြ႕ဆုံေဆြးေႏြးပြဲအတြင္း ယူကရိန္းသမၼတ ဇီလန္စကီးကို ပါဝင္ေဆြးေႏြးခြင့္ေပးရမည္ျဖစ္ေၾကာင္း ေျပာသည္။
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ''ကြၽန္ေတာ္အထင္ေတာ့ ႐ုရွားသမၼတပူတင္ဟာ ၿငိမ္းခ်မ္းေရးစာခ်ဳပ္မယ္လို႔ ထင္ပါတယ္။ ယူကရိန္းသမၼတဇိလန္စကီးကလည္း
ၿငိမ္းခ်မ္းေရး ရယူမယ္လို႔ ထင္ပါတယ္။ လက္ရွိေတြ႕ဆုံေတြ႕ဆုံေဆြးေႏြးမႈက ဒုတိယအႀကိမ္ေတြ႕ဆုံေဆြးေႏြးပြဲ ထပ္မံျဖစ္လာဖို႔ပါ။ ဒုတိယအႀကိမ္ေတြ႕ဆုံေဆြးေႏြးပြဲက အလြန္အလြန္ အေရးႀကီးပါတယ္။ ေတြ႕ဆုံေဆြးေႏြးပြဲက စစ္တုရင္ကစားပြဲလိုမ်ိဳးစီစဥ္ေနရတယ္။ ပထမအႀကိမ္ေတြ႕ဆုံေဆြးေႏြးပြဲမွာ အခြင့္အေရး ၂၅ ရာခိုင္ႏႈန္း မရဘူးဆိုရင္ ေအာင္ျမင္တဲ့ေဆြးေႏြးပြဲလို႔ မသတ္မွတ္ႏိုင္ဘူး။ အခုေတြ႕ဆုံေဆြးေႏြးပြဲက ေကာင္းမြန္တဲ့ ေတြ႕ဆုံေဆြးေႏြးပြဲျဖစ္ခဲ့ပါတယ္။ အေရးႀကီးတဲ့ေတြ႕ဆုံေဆြးေႏြးပြဲေတြ
ထပ္မံျဖစ္လာဖို႔ လိုအပ္တယ္။ ၾသဂုတ္ ၁၅ ရက္မွာျပဳလုပ္တဲ့အစည္းအေဝးအတြင္း ယူကရိန္းသမၼတ ဇီလန္စကီး ကို ဖယ္ခ်န္ထားတာမ်ိဳးမျဖစ္သင့္ဘူး။ ဒုတိယအႀကိမ္ေတြ႕ဆုံေဆြးေႏြးပြဲမွာ ယူကရိန္းသမၼတကိုလည္း ဖိတ္ၾကားသင့္တယ္။ ဥေရာပေခါင္းေဆာင္ေတြကိုလည္း ေတြ႕ဆုံေဆြးေႏြးဖို႔ ေခၚသင့္တယ္" ဟု ေျပာသည္။
႐ုရွားသမၼတ ႏွင့္ အေမရိကန္သမၼတတို႔သည္ ယူကရိန္းစစ္ပြဲအဆုံးသတ္ေရးအျပင္ န်ဴကလီးယား လက္နက္ေလ်ာ့ခ်ေရးကိစၥမ်ားကိုလည္း အဓိကထားေဆြးေႏြးဖြယ္ရွိေနေၾကာင္း သိရသည္။
႐ုရွားသမၼတပူတင္က အေမရိကန္လက္ရွိသမၼတသည္ ရန္လိုမႈမ်ားရပ္တန႔္ရန္၊ အက်ပ္အတည္းကိုရပ္တန႔္ရန္အျပင္ ယူကရိန္းစစ္ပြဲတြင္ ပါဝင္ေနသူ အားလုံး သေဘာတူညီခ်က္မ်ားရရွိရန္ အေတာ္ေလး တက္ႂကြၿပီး စိတ္ရင္းမွန္ျဖင့္ ႀကိဳးပမ္းအားထုတ္ေနေၾကာင္း ေျပာသည္။
႐ုရွားသမၼတပူတင္က “ကြၽန္ေတာ္တို႔ ႏိုင္ငံေတြနဲ႔ ဥေရာပမွာေရာ ကမာၻတစ္ခုလုံးပါ ၿငိမ္းခ်မ္းေရးအတြက္ ေရရွည္အေျခအေနေတြ ဖန္တီးႏိုင္ဖို႔ဆိုရင္ ေနာက္အဆင့္ေတြမွာ မဟာဗ်ဴဟာေျမာက္ ထိုးစစ္လက္နက္ထိန္းခ်ဳပ္ေရးနယ္ေျမမွာ သေဘာတူညီခ်က္ေတြ ရရွိႏိုင္မွာပါ” ဟု ေျပာသည္။
႐ုရွားသမၼတပူတင္က အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ႏွင့္ေတြ႕ဆုံေဆြးေႏြးခ်ိန္အတြင္း န်ဴကလီးယားလက္နက္ထိန္းခ်ဳပ္ေရးႏွင့္ပတ္သက္ၿပီး သေဘာတူညီမႈ ရယူႏိုင္မည္ဟုေမွ်ာ္လင့္ေၾကာင္း ေျပာသည္။
႐ုရွားသည္ ယူကရိန္းႏွင့္ ၂၀၂၂ ခုႏွစ္တြင္ စစ္ပြဲ စတင္ခဲ့ၿပီးေနာက္ ယူကရိန္းပိုင္နက္အနည္းဆုံး ၅ ခုကို ထိန္းခ်ဳပ္ထားရာ အပစ္ခတ္ရပ္စဲေရးစာခ်ဳပ္ခ်ဳပ္ဆိုျခင္းက ယူကရိန္းပိုင္နက္မ်ားကို ရလိုေနေသာ ႐ုရွားသမၼတကို ဆုခ်ီးျမႇင့္သလိုမ်ိဳးျဖစ္လာမည္ကို စိုးရိမ္ေနၾကေၾကာင္း သိရသည္။