ထန်းရှောက်ခံရွာဖြစ်စဉ်ဖြစ်ပွားချိန် မေယုမြစ် အရှေ့ဘက်ခြမ်းတွင် တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ မရှိတော့

 3456

NP News - သြဂုတ် ၁၆
ထန်းရှောက်ခံရွာဖြစ်စဉ်ဖြစ်ပွားချိန် မေယုမြစ် အရှေ့ဘက်ခြမ်းတွင် တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ မရှိတော့ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောသည်။
ဘူးသီးတောင်မြို့နယ်၊ အတွင်းငှက်သေကျေးရွာအုပ်စု ထန်းရှောက်ခံကျေးရွာမှ ဒေသခံဘင်္ဂါလီရွာသား ၆၀၀ ကျော်ကို AA အကြမ်းဖက်သောင်းကျန်းသူများက လူမျိုးတုံးသတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်၍ ပြောကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
AA တို့သည် ၂၀၂၄ ခုနှစ် မတ်လ ၂၂ ရက်တွင် ဘူးသီးတောင်မြို့နယ်က ဒေသခံလုံခြုံရေးတပ်စခန်းတစ်ခုကို စတင်တိုက်ခိုက်ခဲ့ပြီး ကျန်လုံခြုံရေးတပ်စခန်းတွေကိုလည်း ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ အဆိုပါ အချိန်ကစ၍ မေယုမြစ်၏ အရှေ့ဘက်ခြမ်းတွင် ရှိသော လုံခြုံရေးတပ်စခန်းတွေမှ တပ်ဖွဲ့ဝင်များအနေဖြင့် တပ်အပြင်ကို မထွက်နိုင်တော့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
“ဒီဖြစ်စဉ်ဖြစ်ပွားတဲ့ ၂၀၂၄ ခုနှစ် မေလ ၂ ရက်နေ့ဟာ နယ်မြေခံစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို AA အကြမ်းဖက်သောင်းကျန်းသူတွေက သိမ်းပိုက်ခဲ့တဲ့ အချိန်ဖြစ်ပါတယ်။ ဒါကြောင့် ထန်းရှောက်ခံရွာဖြစ်စဉ်ဖြစ်ပွားတဲ့ အချိန်မှာ မေယုမြစ်ရဲ့ အရှေ့ဘက်ခြမ်းမှာ မြန်မာ့တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေးအဖွဲ့ဝင်တွေမရှိတော့ပါဘူး။ AA အကြမ်းဖက်သောင်းကျန်းသူတွေအနေနဲ့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးဖြေရှင်းရာမှာ ပထမပိုင်းက တပ်မတော်ကလုပ်ကြောင်း လွှဲချခဲ့ပါတယ်။ နောက်ပိုင်းပြောတဲ့အချိန်ကျတော့ ဒီအလောင်းတွေဟာ တပ်မ တော်က အလောင်းတွေဖြစ်တယ်လို့ ပြောပြန်ပါတယ်။ သူတို့ဘက်က ပြောဆိုမှုတွေဟာ ရှေ့နောက်မညီမှုကိုကြည့်ရင် ဒီဖြစ်စဉ်ကို AA အကြမ်းဖက်သောင်းကျန်းသူတွေက ဒေသခံဘင်္ဂါလီတွေအပေါ် လူမျိုးတုံးသတ် ဖြတ်မှုကိုကျူးလွန်ခဲ့တယ်ဆိုတာ ပိုပြီးသိသာထင်ရှားစေပါတယ်။ ပိုပြီးသိသာစေတဲ့အထောက်အထားများကတော့ အစုလိုက်အပြုံလိုက် သေဆုံးသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်အများအပြား ပါဝင်နေတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
AA တို့သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်က စတင်ကာ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ လုံခြုံရေးစခန်းများနဲ့ မြို့/ရွာများကို စတင်တိုက်ခိုက်ခဲ့ခဲ့ခြင်း ဖြစ်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့ရွာတို့တွင် တိုက်ပွဲတွေဖော် ဆောင်လာသည့်အတွက် ဒေသတည်ငြိမ်အေးချမ်းမှုကိုလိုလားသော ဒေသခံများက AA အကြမ်းဖက်သောင်း ကျန်းသူတွေကို အလိုမရှိကြောင်း ငြိမ်းချမ်းစွာဆန္ဒပြဖော်ထုတ်မှုတွေ ဆောင်ရွက်ခဲ့ကြကြောင်း ၎င်းက ပြောသည်။
“၂၀၂၄ ခုနှစ် မတ်လ ၁၉ ရက်နေ့ ညနေ ၃ နာရီမှာ ဘူးသီးတောင်မြို့ ရပ်ကွက်ကျေးရွာတွေမှာရှိတဲ့ ဒေသတည်ငြိမ်အေးချမ်းရေးကို လိုလားတဲ့ ဘင်္ဂါလီလူမျိုးအင်အား ၂၀၀၀ ကျော်၊ ၂၀၂၄ ခုနှစ် မတ်လ ၂၁ ရက်မှာ စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ ကသဲရပ်ကွက်၊ သန်တော်နီရပ်ကွက်များက ဒေသတည်ငြိမ်အေးချမ်းရေးကို လိုလားတဲ့ ဘင်္ဂါလီများ၊ ၂၀၂၄ ခုနှစ် မတ်လ ၂၃ ရက်နေ့မှာ စစ်တွေမြို့နယ်၊ ဘုမေကျေးရွာနဲ့ ဘာဆာရာကျေးရွာတို့က ဘင်္ဂါလီလူမျိုးများ၊ ၂၀၂၄ ခုနှစ် ဧပြီလ ၂၀ ရက်နေ့မှာ စစ်တွေမြို့နယ်၊ ဘုမေကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဘင်္ဂါလီလူမျိုးများဟာ ရခိုင်ပြည်နယ်က မြို့ရွာများမှာ တိုက်ပွဲဖော်ဆောင်နေတဲ့ AA သောင်းကျန်းသူ အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်မှုတွေ ဆောင်ရွက်ခဲ့ကြတာကို တွေ့ရှိ ရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
၂၀၂၄ ခုနှစ် မေလ ၄ ရက်၊ ညနေပိုင်းတွင် ဘူးသီးတောင် မြို့ပေါ်ရပ်ကွက်များက ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးကိုလိုလားသော ဘင်္ဂါလီလူမျိုးများက AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကို လုံးဝလက်မခံဘဲ ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းကိုလည်းတွေ့ရသည်ဟု ၎င်းက ပြောသည်။
“မြန်မာ့တပ်မတော်ရဲ့နောက်ဆုံးကျန်ခဲ့တဲ့ လုံခြုံရေးအဖွဲ့ဟာ ၂၀၂၄ ခုနှစ် မေလ ၁၄ ရက်နေ့ မနက်အစောပိုင်းမှာ ဘူးသီးတောင်မြို့ကနေ ဆုတ်ခွာခဲ့ပါတယ်။ ဒီလိုဆုတ်ခွာသွားပြီးနောက်ပိုင်း မေလ ၁၆ ရက်နေ့ ည ၉ နာရီ အချိန်လောက်မှာ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့တွေ ဘူးသီးတောင်မြို့ထဲ ဝင်ရောက်လာပြီး ဘင်္ဂါလီတွေကို “အိမ်တွေကနေမထွက်ရင် မီးထဲသေမယ်” ဆိုပြီး ခြိမ်းခြောက်ပြောဆိုခဲ့မှုများရှိသလို ဘူးသီးတောင်မြို့က ရပ်ကွက် ၇ ခုနဲ့ ကျင်လတ်ကျေးရွာတို့က နေအိမ်တွေကို မီးစတင်ရှို့ခဲ့ကြောင်း ဒေသခံဘင်္ဂါလီများအပါအဝင် ဒေသခံတိုင်းရင်းသားလူမျိုးများရဲ့ ပြောကြားချက်များအရ သိရှိရပါတယ်။ ၂၀၂၄ ခုနှစ် မေလ ၁၇ ရက်နေ့မှာတော့ AA အကြမ်းဖက်သောင်းကျန်းသူတွေဟာ ဒရုန်းတွေသုံးပြီး ဘူးသီးတောင်မြို့ပေါ်က ဘင်္ဂါလီဒုက္ခသည်များရှိနေတဲ့ စာသင်ကျောင်းကို ဗုံးချတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့် ကံပြင်၊ ဇော်ဘော်၊ ကကျက်ဘက်၊ မြောင်းနား၊ အလယ်ချောင်း၊ ကွန်တိုင်ဘကုံးနား၊ ဘကုံးနားတောင်ရွာ၊ လက်ဝဲဒက်နဲ့ ရွက်ညိုတောင်ရွာတွေကနေ လာရောက်ခိုလှုံနေကြတဲ့ ဒေသခံဘင်္ဂါလီ ၂၀၀ နီးပါး ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြောင်းလည်း သိရှိရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့ရွာတို့တွင် နေထိုင်သော ဘင်္ဂါလီများသည် ဒေသတည်ငြိမ်အေးချမ်းမှုကိုလိုလားသောကြောင့် AA တို့၏ လုပ်ရပ်များကို လုံးဝလက်မခံကြောင်း ကန့်ကွက်ဆန္ဒပြခဲ့ကြသည့်အတွက် ဘင်္ဂါလီများ အပေါ် AA က အငြိုးအတေးထားကာ လူမျိုးရေးမုန်းတီးမှုကို ရှေ့တန်းတင်၍ ထန်းရှောက်ခံရွာက အပြစ်မဲ့ဒေသခံတို့ကို ဥပဒေမဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မီးရှို့မှုကို လုပ်ဆောင်ခဲ့ကြောင်း တွေ့ရှိရသည်ဟုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
“AA အကြမ်းဖက်သောင်းကျန်းသူတွေဟာ ရခိုင်ပြည်နယ်က တိုက်ပွဲတွေထဲမှာ ဘင်္ဂါလီတွေ အပေါ်အငြိုးထားပြီး အကြောင်းမဲ့သတ်ဖြတ်မှုတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့တာကို တွေ့ရှိနိုင်ပါတယ်။ ဒီလိုလုပ်ဆောင်ခဲ့မှုတွေထဲက ဘင်္ဂါလီရာနှင့်ချီ သေဆုံးအောင်တိုက်ခိုက်မှု နောက်တစ်ခုအနေနဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့မှာ မောင်တောမြို့အနောက်ဘက် နတ်မြစ်ကမ်းမှာ စစ်ဘေးရှောင်ဖို့ လှေစောင့်နေတဲ့ ဘင်္ဂါလီတွေကို AA အကြမ်းဖက်သောင်းကျန်းသူ ထိန်းချုပ်ထားတဲ့ ရွှေဇားကျေးရွာဘက်ကနေဒရုန်းနဲ့ Drop Bomb တွေ အဆက်မပြတ်ချပြီး တိုက်ခိုက်ခဲ့တဲ့အတွက် ဘင်္ဂါလီ၂၀၀ ကျော်သေဆုံးခဲ့ကြောင်းလည်း တွေ့ရှိရပါတယ်” ဟု ၎င်းက ဆိုသည်။

Zawgyi Version:
ထန္းေရွာက္ခံရြာျဖစ္စဥ္ျဖစ္ပြားခ်ိန္ ေမယုျမစ္ အေရွ႕ဘက္ျခမ္းတြင္ တပ္မေတာ္ႏွင့္ လုံျခဳံေရးတပ္ဖြဲ႕ဝင္မ်ား မရွိေတာ့
NP News - ၾသဂုတ္ ၁၆
ထန္းေရွာက္ခံရြာျဖစ္စဥ္ျဖစ္ပြားခ်ိန္ ေမယုျမစ္ အေရွ႕ဘက္ျခမ္းတြင္ တပ္မေတာ္ႏွင့္ လုံျခဳံေရးတပ္ဖြဲ႕ဝင္မ်ား မရွိေတာ့ေၾကာင္း အမ်ိဳးသားကာကြယ္ေရးႏွင့္လုံျခဳံေရးေကာင္စီသတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း က ေျပာသည္။
ဘူးသီးေတာင္ၿမိဳ႕နယ္၊ အတြင္းငွက္ေသေက်းရြာအုပ္စု ထန္းေရွာက္ခံေက်းရြာမွ ေဒသခံဘဂၤါလီရြာသား ၆၀၀ ေက်ာ္ကို AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက လူမ်ိဳးတုံးသတ္ျဖတ္ခဲ့မႈႏွင့္ပတ္သက္၍ ေျပာၾကားရာတြင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
AA တို႔သည္ ၂၀၂၄ ခုႏွစ္ မတ္လ ၂၂ ရက္တြင္ ဘူးသီးေတာင္ၿမိဳ႕နယ္က ေဒသခံလုံျခဳံေရးတပ္စခန္းတစ္ခုကို စတင္တိုက္ခိုက္ခဲ့ၿပီး က်န္လုံျခဳံေရးတပ္စခန္းေတြကိုလည္း ဝိုင္းပတ္ပိတ္ဆို႔တိုက္ခိုက္ခဲ့ရာ အဆိုပါ အခ်ိန္ကစ၍ ေမယုျမစ္၏ အေရွ႕ဘက္ျခမ္းတြင္ ရွိေသာ လုံျခဳံေရးတပ္စခန္းေတြမွ တပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ တပ္အျပင္ကို မထြက္နိုင္ေတာ့ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။
“ဒီျဖစ္စဥ္ျဖစ္ပြားတဲ့ ၂၀၂၄ ခုႏွစ္ ေမလ ၂ ရက္ေန႔ဟာ နယ္ေျမခံစစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္ကို AA အၾကမ္းဖက္ေသာင္းက်န္းသူေတြက သိမ္းပိုက္ခဲ့တဲ့ အခ်ိန္ျဖစ္ပါတယ္။ ဒါေၾကာင့္ ထန္းေရွာက္ခံရြာျဖစ္စဥ္ျဖစ္ပြားတဲ့ အခ်ိန္မွာ ေမယုျမစ္ရဲ့ အေရွ႕ဘက္ျခမ္းမွာ ျမန္မာ့တပ္မေတာ္နဲ႔ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕က လုံျခဳံေရးအဖြဲ႕ဝင္ေတြမရွိေတာ့ပါဘူး။ AA အၾကမ္းဖက္ေသာင္းက်န္းသူေတြအေနနဲ႔ ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီးေျဖရွင္းရာမွာ ပထမပိုင္းက တပ္မေတာ္ကလုပ္ေၾကာင္း လႊဲခ်ခဲ့ပါတယ္။ ေနာက္ပိုင္းေျပာတဲ့အခ်ိန္က်ေတာ့ ဒီအေလာင္းေတြဟာ တပ္မ ေတာ္က အေလာင္းေတြျဖစ္တယ္လို႔ ေျပာျပန္ပါတယ္။ သူတို႔ဘက္က ေျပာဆိုမႈေတြဟာ ေရွ႕ေနာက္မညီမႈကိုၾကည့္ရင္ ဒီျဖစ္စဥ္ကို AA အၾကမ္းဖက္ေသာင္းက်န္းသူေတြက ေဒသခံဘဂၤါလီေတြအေပၚ လူမ်ိဳးတုံးသတ္ ျဖတ္မႈကိုက်ဴးလြန္ခဲ့တယ္ဆိုတာ ပိုၿပီးသိသာထင္ရွားေစပါတယ္။ ပိုၿပီးသိသာေစတဲ့အေထာက္အထားမ်ားကေတာ့ အစုလိုက္အျပဳံလိုက္ ေသဆုံးသူေတြထဲမွာ အမ်ိဳးသမီးနဲ႔ ကေလးငယ္အမ်ားအျပား ပါဝင္ေနတာကိုလည္း ေတြ႕ရမွာျဖစ္ပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။
AA တို႔သည္ ၂၀၂၃ ခုႏွစ္ နိုဝင္ဘာလ ၁၃ ရက္က စတင္ကာ ရခိုင္ျပည္နယ္အတြင္းမွာရွိတဲ့ လုံျခဳံေရးစခန္းမ်ားနဲ႔ ၿမိဳ႕/ရြာမ်ားကို စတင္တိုက္ခိုက္ခဲ့ခဲ့ျခင္း ျဖစ္ၿပီး ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ၿမိဳ႕ရြာတို႔တြင္ တိုက္ပြဲေတြေဖာ္ ေဆာင္လာသည့္အတြက္ ေဒသတည္ၿငိမ္ေအးခ်မ္းမႈကိုလိုလားေသာ ေဒသခံမ်ားက AA အၾကမ္းဖက္ေသာင္း က်န္းသူေတြကို အလိုမရွိေၾကာင္း ၿငိမ္းခ်မ္းစြာဆႏၵျပေဖာ္ထုတ္မႈေတြ ေဆာင္ရြက္ခဲ့ၾကေၾကာင္း ၎က ေျပာသည္။
“၂၀၂၄ ခုႏွစ္ မတ္လ ၁၉ ရက္ေန႔ ညေန ၃ နာရီမွာ ဘူးသီးေတာင္ၿမိဳ႕ ရပ္ကြက္ေက်းရြာေတြမွာရွိတဲ့ ေဒသတည္ၿငိမ္ေအးခ်မ္းေရးကို လိုလားတဲ့ ဘဂၤါလီလူမ်ိဳးအင္အား ၂၀၀၀ ေက်ာ္၊ ၂၀၂၄ ခုႏွစ္ မတ္လ ၂၁ ရက္မွာ စစ္ေတြၿမိဳ႕၊ ေအာင္မဂၤလာရပ္ကြက္၊ ကသဲရပ္ကြက္၊ သန္ေတာ္နီရပ္ကြက္မ်ားက ေဒသတည္ၿငိမ္ေအးခ်မ္းေရးကို လိုလားတဲ့ ဘဂၤါလီမ်ား၊ ၂၀၂၄ ခုႏွစ္ မတ္လ ၂၃ ရက္ေန႔မွာ စစ္ေတြၿမိဳ႕နယ္၊ ဘုေမေက်းရြာနဲ႔ ဘာဆာရာေက်းရြာတို႔က ဘဂၤါလီလူမ်ိဳးမ်ား၊ ၂၀၂၄ ခုႏွစ္ ဧၿပီလ ၂၀ ရက္ေန႔မွာ စစ္ေတြၿမိဳ႕နယ္၊ ဘုေမေက်းရြာႏွင့္ ပတ္ဝန္းက်င္ေက်းရြာမ်ားမွ ဘဂၤါလီလူမ်ိဳးမ်ားဟာ ရခိုင္ျပည္နယ္က ၿမိဳ႕ရြာမ်ားမွာ တိုက္ပြဲေဖာ္ေဆာင္ေနတဲ့ AA ေသာင္းက်န္းသူ အလိုမရွိေၾကာင္း ဆႏၵေဖာ္ထုတ္မႈေတြ ေဆာင္ရြက္ခဲ့ၾကတာကို ေတြ႕ရွိ ရပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
၂၀၂၄ ခုႏွစ္ ေမလ ၄ ရက္၊ ညေနပိုင္းတြင္ ဘူးသီးေတာင္ ၿမိဳ႕ေပၚရပ္ကြက္မ်ားက ေဒသတည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ၿငိမ္းခ်မ္းေရးကိုလိုလားေသာ ဘဂၤါလီလူမ်ိဳးမ်ားက AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕၏ အၾကမ္းဖက္လုပ္ရပ္မ်ားကို လုံးဝလက္မခံဘဲ ဆန႔္က်င္ကန႔္ကြက္ေၾကာင္း ဆႏၵေဖာ္ထုတ္ခဲ့ၾကျခင္းကိုလည္းေတြ႕ရသည္ဟု ၎က ေျပာသည္။
“ျမန္မာ့တပ္မေတာ္ရဲ့ေနာက္ဆုံးက်န္ခဲ့တဲ့ လုံျခဳံေရးအဖြဲ႕ဟာ ၂၀၂၄ ခုႏွစ္ ေမလ ၁၄ ရက္ေန႔ မနက္အေစာပိုင္းမွာ ဘူးသီးေတာင္ၿမိဳ႕ကေန ဆုတ္ခြာခဲ့ပါတယ္။ ဒီလိုဆုတ္ခြာသြားၿပီးေနာက္ပိုင္း ေမလ ၁၆ ရက္ေန႔ ည ၉ နာရီ အခ်ိန္ေလာက္မွာ AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕ေတြ ဘူးသီးေတာင္ၿမိဳ႕ထဲ ဝင္ေရာက္လာၿပီး ဘဂၤါလီေတြကို “အိမ္ေတြကေနမထြက္ရင္ မီးထဲေသမယ္” ဆိုၿပီး ၿခိမ္းေျခာက္ေျပာဆိုခဲ့မႈမ်ားရွိသလို ဘူးသီးေတာင္ၿမိဳ႕က ရပ္ကြက္ ၇ ခုနဲ႔ က်င္လတ္ေက်းရြာတို႔က ေနအိမ္ေတြကို မီးစတင္ရွို႔ခဲ့ေၾကာင္း ေဒသခံဘဂၤါလီမ်ားအပါအဝင္ ေဒသခံတိုင္းရင္းသားလူမ်ိဳးမ်ားရဲ့ ေျပာၾကားခ်က္မ်ားအရ သိရွိရပါတယ္။ ၂၀၂၄ ခုႏွစ္ ေမလ ၁၇ ရက္ေန႔မွာေတာ့ AA အၾကမ္းဖက္ေသာင္းက်န္းသူေတြဟာ ဒ႐ုန္းေတြသုံးၿပီး ဘူးသီးေတာင္ၿမိဳ႕ေပၚက ဘဂၤါလီဒုကၡသည္မ်ားရွိေနတဲ့ စာသင္ေက်ာင္းကို ဗုံးခ်တိုက္ခိုက္ခဲ့တဲ့အတြက္ေၾကာင့္ ကံျပင္၊ ေဇာ္ေဘာ္၊ ကက်က္ဘက္၊ ေျမာင္းနား၊ အလယ္ေခ်ာင္း၊ ကြန္တိုင္ဘကုံးနား၊ ဘကုံးနားေတာင္ရြာ၊ လက္ဝဲဒက္နဲ႔ ရြက္ညိဳေတာင္ရြာေတြကေန လာေရာက္ခိုလႈံေနၾကတဲ့ ေဒသခံဘဂၤါလီ ၂၀၀ နီးပါး ထိခိုက္ဒဏ္ရာေတြရရွိခဲ့ေၾကာင္းလည္း သိရွိရပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။
ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ၿမိဳ႕ရြာတို႔တြင္ ေနထိုင္ေသာ ဘဂၤါလီမ်ားသည္ ေဒသတည္ၿငိမ္ေအးခ်မ္းမႈကိုလိုလားေသာေၾကာင့္ AA တို႔၏ လုပ္ရပ္မ်ားကို လုံးဝလက္မခံေၾကာင္း ကန႔္ကြက္ဆႏၵျပခဲ့ၾကသည့္အတြက္ ဘဂၤါလီမ်ား အေပၚ AA က အၿငိဳးအေတးထားကာ လူမ်ိဳးေရးမုန္းတီးမႈကို ေရွ႕တန္းတင္၍ ထန္းေရွာက္ခံရြာက အျပစ္မဲ့ေဒသခံတို႔ကို ဥပေဒမဲ့ အစုလိုက္အျပဳံလိုက္ သတ္ျဖတ္မီးရွို႔မႈကို လုပ္ေဆာင္ခဲ့ေၾကာင္း ေတြ႕ရွိရသည္ဟုလည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
“AA အၾကမ္းဖက္ေသာင္းက်န္းသူေတြဟာ ရခိုင္ျပည္နယ္က တိုက္ပြဲေတြထဲမွာ ဘဂၤါလီေတြ အေပၚအၿငိဳးထားၿပီး အေၾကာင္းမဲ့သတ္ျဖတ္မႈေတြကို ဆက္တိုက္လုပ္ေဆာင္ခဲ့တာကို ေတြ႕ရွိနိုင္ပါတယ္။ ဒီလိုလုပ္ေဆာင္ခဲ့မႈေတြထဲက ဘဂၤါလီရာႏွင့္ခ်ီ ေသဆုံးေအာင္တိုက္ခိုက္မႈ ေနာက္တစ္ခုအေနနဲ႔ ၂၀၂၄ ခုႏွစ္ ဩဂုတ္လ ၅ ရက္ေန႔မွာ ေမာင္ေတာၿမိဳ႕အေနာက္ဘက္ နတ္ျမစ္ကမ္းမွာ စစ္ေဘးေရွာင္ဖို႔ ေလွေစာင့္ေနတဲ့ ဘဂၤါလီေတြကို AA အၾကမ္းဖက္ေသာင္းက်န္းသူ ထိန္းခ်ဳပ္ထားတဲ့ ေရႊဇားေက်းရြာဘက္ကေနဒ႐ုန္းနဲ႔ Drop Bomb ေတြ အဆက္မျပတ္ခ်ၿပီး တိုက္ခိုက္ခဲ့တဲ့အတြက္ ဘဂၤါလီ၂၀၀ ေက်ာ္ေသဆုံးခဲ့ေၾကာင္းလည္း ေတြ႕ရွိရပါတယ္” ဟု ၎က ဆိုသည္။

Picture

Tha Lwin

16/08/2025 14:51

ဘင်္ဂါလီလည်းသတ် ဗမာလည်းသတ် ရခိုင်ချင်းလည်းသတ် မီးလောင််နေတဲ့သင်းဘောတွေပေါ်က ကလေးတွေသူအိုတွေအမျိုးသမီးမှီခိုတွေပါမကျန် လူမျိုးသုဥ်းသတ်ဖြတ်တဲ့အေအေလက်နက်ကိုင် မူးယစ်ရာဇာအဖွဲ့ ဟာ မြန်မာ့မြေပေါ်မှာလုံးဝမရှိသင့်တော့ပါဘူး

Picture

Tha Lwin

16/08/2025 14:56

မြန်မာ့တပ်မတော်က အကြမ်းဖက်နှိမ်နင်းရေးမှာ အဖက်ဖက်ကသိသာတဲ့အောင်ပွဲတွေရနေလို့ဂုဏ်ယူပါတယ် အေအေနှင့်ပတ်သက်၍ယခုထိအားရကျေနပ်မှုမရှိသေးပါ ပြတ်ပြတ်သားသားလုပ်ကြပါလို့တောင်းဆိုပါရစေ

Picture

Aung Aung

16/08/2025 19:45

သူတော်ကောင်းကြီး ပြောရှာတယ် 🤨

Related news

© 2021. All rights reserved.