မြန်မာအမျိုးသမီးဘောလုံးအသင်းက ထိုင်းအသင်းကိုအနိုင်ရကာ အာဆီယံချန်ပီယံရှစ်ဗိုလ်လုပွဲတက်

 13370

သက်ပိုင်(NP News) - ဩဂုတ် ၁၆

မြန်မာအမျိုးသမီးဘောလုံးအသင်းက ထိုင်းအမျိုးသမီးဘောလုံးအသင်းကို အနိုင်ရရှိပြီး အာဆီယံချန်ပီယံရှစ် ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံတွင် ယနေ့(ဩဂုတ်လ ၁၆ ရက်)ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအမျိုးသမီး ဘောလုံးအသင်းက (၂)ဂိုး (၁) ဂိုးဆိုသော ရလဒ်ဖြင့် အနိုင်ရရှိခဲ့ခြင်းလည်း ဖြစ်သည်။

မြန်မာအသင်းအတွက်အဖွင့်ဂိုးကို ပွဲစဉ်ပထမပိုင်း (၁၃) မိနစ်တွင် အသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်းက သွင်းယူခဲ့ခြင်းဖြစ်ပြီး ပထမပွဲချိန်အပြီးတွင် တစ်ဖက် (၁) ဂိုးစီဖြင့် သရေကျနေခဲ့ကာ အနိုင်ဂိုးကို ပွဲချိန် (၇၂) မိနစ်တွင် ပင်နယ်တီမှတစ်ဆင့် ဝင်းသိင်္ဂီထွန်းကပင် သွင်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ ကစားရန်ကျန်ရှိနေသေးသော အိမ်ရှင်ဗီယက်နမ်အသင်းနှင့် သြစတြေးလျယူ- ၂၃ အသင်းတို့၏ ဆီမီးဖိုင်နယ်ပွဲစဉ်မှ အနိုင်ရရှိသည့်အသင်းနှင့် မြန်မာအမျိုးသမီးအသင်းတို့မှာ နောက်ဆုံးဗိုလ်လုပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အိမ်ရှင် ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ရနိုင်ခြေအများဆုံးရှိနေကြောင်း ပရိသတ်များက ခန့်မှန်းမှုများ ရှိနေသည်။

zawgyiversion







Picture

Tha Lwin

17/08/2025 09:21

👍👍👍Myanmar Myanmar Myanmar

Related news

© 2021. All rights reserved.