ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ကုန်ကား(၂)စီးဆင့်တိုက်မှုဖြစ်ပွားကာ အမျိုးသား(၂)ဦးပွဲချင်းပြီးသေဆုံး

1238

သန့်ဇင်(NP News)-ဩဂုတ် ၁၇
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ကုန်ကား(၂)စီးဆင့်တိုက်မှုဖြစ်ပွားကာ အမျိုးသား(၂)ဦးပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ဘောနတ်ကြီး အမြန်လမ်းမီးသတ်စခန်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဩဂုတ်လ ၁၇ရက်)၊ နံနက် ၂နာရီ ၁၀မိနစ်အချိန်ခန့်က ရန်ကုန်-မန္တလေးအမြန်လန်းမကြီး၊ မိုင်တိုင်အမှတ်(၄၀/၀)နှင့် (၄၀/၁)ကြားတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဖြစ်စဉ်က အမျိုးသားတစ်ယောက်က ကုန်ကားကိုတားတဲ့အချိန်မှာ အရှိန်လျှော့ တဲ့အချိန် နောက်ကကုန်ကားတစ်စီးကဝင်တိုက်တာ။ တားတဲ့လူက (၄၈) မိုင်မှာ ကားပျက်လို့ ရန်ကုန်-နေပြည်တော်ဘက်ကိုသွားပြီး တားတဲ့အချိန်မှာဖြစ်တာ။ တားတဲ့လူနဲ့ နောက်က ကုန်ကားက ယာဉ်မောင်းဆုံးတာ”ဟု ဘောနတ်ကြီးအမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NP Newsကိုပြောသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် အသက်(၃၅)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ယာဉ်မောင်းအမျိုးသားတစ်ဦးသည် နေရာတွင်ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ရှေ့မှာကားတားတဲ့လူကို ရှေ့ကားကဝင်တိုက်မိပြီးဆုံးတယ်။ နောက်ကဝင်တိုက်တဲ့ ကုန်ကားက ယာဉ်မောင်းကလည်း ကားခေါင်းထဲမှာ ညှပ်ပြီးဆုံးသွားတယ်။ အသက်တွေက (၃၅)နှစ်ဝန်းကျင်တွေပဲ။ အခြားထိခိုက်ဒဏ်ရာရတဲ့လူတွေတော့မရှိဘူး။ အမြန်လမ်းအသုံး ပြုတဲ့ ယာဉ်တွေကိုတော့ အခုအချိန်ကမိုးတွင်းဆိုတော့ အရှိန်လျှော့ပြီးမောင်းစေချင်တယ်”ဟု ၎င်းကပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသား(၂)ဦးအား ပဲခူးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyiversion
ရန္ကုန္-မႏၲေလးအျမန္လမ္းတြင္ ကုန္ကား(၂)စီးဆင့္တိုက္မႈျဖစ္ပြားကာ အမ်ိဳးသား(၂)ဦးပြဲခ်င္းၿပီးေသဆုံး
သန႔္ဇင္(NP News)-ဩဂုတ္ ၁၇
ရန္ကုန္-မႏၲေလးအျမန္လမ္းတြင္ ကုန္ကား(၂)စီးဆင့္တိုက္မႈျဖစ္ပြားကာ အမ်ိဳးသား(၂)ဦးပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း ေဘာနတ္ႀကီး အျမန္လမ္းမီးသတ္စခန္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔(ဩဂုတ္လ ၁၇ရက္)၊ နံနက္ ၂နာရီ ၁၀မိနစ္အခ်ိန္ခန႔္က ရန္ကုန္-မႏၲေလးအျမန္လန္းမႀကီး၊ မိုင္တိုင္အမွတ္(၄၀/၀)ႏွင့္ (၄၀/၁)ၾကားတြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ျဖစ္စဥ္က အမ်ိဳးသားတစ္ေယာက္က ကုန္ကားကိုတားတဲ့အခ်ိန္မွာ အရွိန္ေလွ်ာ့ တဲ့အခ်ိန္ ေနာက္ကကုန္ကားတစ္စီးကဝင္တိုက္တာ။ တားတဲ့လူက (၄၈) မိုင္မွာ ကားပ်က္လို႔ ရန္ကုန္-ေနျပည္ေတာ္ဘက္ကိုသြားၿပီး တားတဲ့အခ်ိန္မွာျဖစ္တာ။ တားတဲ့လူနဲ႔ ေနာက္က ကုန္ကားက ယာဥ္ေမာင္းဆုံးတာ”ဟု ေဘာနတ္ႀကီးအျမန္လမ္းမီးသတ္စခန္းမွ တာဝန္ရွိသူတစ္ဦးက NP Newsကိုေျပာသည္။
အဆိုပါ ယာဥ္တိုက္မႈေၾကာင့္ အသက္(၃၅)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးႏွင့္ ယာဥ္ေမာင္းအမ်ိဳးသားတစ္ဦးသည္ ေနရာတြင္ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
“ေရွ႕မွာကားတားတဲ့လူကို ေရွ႕ကားကဝင္တိုက္မိၿပီးဆုံးတယ္။ ေနာက္ကဝင္တိုက္တဲ့ ကုန္ကားက ယာဥ္ေမာင္းကလည္း ကားေခါင္းထဲမွာ ညႇပ္ၿပီးဆုံးသြားတယ္။ အသက္ေတြက (၃၅)ႏွစ္ဝန္းက်င္ေတြပဲ။ အျခားထိခိုက္ဒဏ္ရာရတဲ့လူေတြေတာ့မရွိဘူး။ အျမန္လမ္းအသုံး ျပဳတဲ့ ယာဥ္ေတြကိုေတာ့ အခုအခ်ိန္ကမိုးတြင္းဆိုေတာ့ အရွိန္ေလွ်ာ့ၿပီးေမာင္းေစခ်င္တယ္”ဟု ၎ကေျပာသည္။
ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသား(၂)ဦးအား ပဲခူးၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။