(၂၀၂၅-၂၀၂၆) ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်း(၄)သင်း

1437

ရဲထက်
(ဘောလုံးပွဲ သုံးသပ်ချက်)
(၂၀၂၅-၂၀၂၆) ဘောလုံးရာသီရဲ့ ပထမဆုံးသော ပရီးမီးယားလိဂ်ပွဲစဉ်(၁)ကို ယှဉ်ပြိုင်ကစားခဲ့အပြီးမှာတော့ ရင်ခုန်မျှော်လင့်ချင်စရာကောင်းတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲတွေကို ဆက်လက် စောင့်ကြည့်သွားရဖို့ရှိနေပြီး ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေများစွာရှိခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲတွေဟာ အခြားသော လိဂ်ပြိုင်ပွဲတွေ ထက် ပြိုင်ဆိုင်မှုပြင်းထန်သလို လူစိတ်ဝင်စားမှုအများဆုံး ပြိုင်ပွဲတစ်ခုလည်းဖြစ်ပါတယ်။ အပြောင်းအရွှေ့ဈေးကွက်မှာ လည်း အသင်းကြီးတွေဟာ အကောင်းဆုံးကစားသမားအပြောင်းအရွှေ့တွေကို အပြိုင်အဆိုင်ပြုလုပ်ထားခဲ့ကြသလို အပြောင်းအရွှေ့မပိတ်ခင်မှာလည်း နောက်ထပ်လူခေါ်ယူမှုတွေကို ဆက်လက်လုပ်ဆောင်သွားဖို့ရှိ နေပါတယ်။ ဒီတစ် ပတ်မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ခန့်မှန်းပေးတာထက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့ ထိပ်ဆုံးအသင်း(၄)သင်းကို ရွေးချယ် သုံးသပ်ပေးသွားမှာပဲဖြစ်ပါတယ်။
လီဗာပူးလ်
လီဗာပူးလ်အသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ်ဖလားကို အကြိမ်အများဆုံး ရယူထားတဲ့အသင်း ဖြစ်သလို ပြီးခဲ့တဲ့ရာ သီမှာလည်း ပရီးမီးယားလိဂ်ဖလားကိုရရှိထားတဲ့ ချန်ပီယံဟောင်းဖြစ်ပါတယ်။ ဒါ့ပြင် ဥရောပပြိုင်ပွဲတွေ မှာလည်း ခြေစွမ်းပြသခဲ့ပြီး ပြီးခဲ့တဲ့ရာသီမှာ PSG လိုအသင်းမျိုးကို (၁၆)သင်း ရှုံးထွက်အဆင့်မှာ ပင်နယ်တီအဆုံးအ ဖြတ်ရောက်တဲ့အထိ တူတူတန်တန်ကစားထားနိုင်ခဲ့ပါတယ်။ ဒီရာသီ အပြောင်းအရွှေ့ပိုင်းမှာလည်း ချဲလ်ဆီး အသင်းနဲ့အပြိုင် လူခေါ်ယူမှုတွေပြုလုပ်ထားပြီး ဒီရာသီမှာချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ အကောင်းဆုံးပြင်ဆင်လာတာ ကိုတွေ့ရပါတယ်။ ဒါပေမဲ့လည်း ရာသီအဖွင့် ကွန်မြူနတီဒိုင်းဗိုလ်လုပွဲမှာမထင်မှတ်ဘဲ ခရစ္စတယ်ပဲလေ့စ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ခြေစွမ်းကြောင့် အနည်းငယ်စိတ်ပူခဲ့ရပေမယ့် ဒီတစ်ပွဲတည်းနဲ့ ဆုံးဖြတ်လို့မရသေးတဲ့အနေအထားဖြစ်ပါ တယ်။ ဘာဖြစ်လို့လဲဆိုရင် ပြီးခဲ့တဲ့ရာသီက လီဗာပူးလ်အသင်းဟာ နည်းပြအာနဲစလော့လက်ထက်မှာ ပရီးမီးယား လိဂ်ကိုရယူနိုင်ခဲ့တာဟာ နည်းပြဟောင်း ယာဂန်ကလော့ရဲ့ ကစားကွက်ကိုပုံမပျက်ဘဲကစားခဲ့တဲ့အပြင် အသင်းမှာရှိတဲ့ လူ စာရင်းကလည်း နောက်ထပ်ကစားသမားသစ်ခေါ်ယူစရာမလိုလောက်အောင်ကို ပြည့်စုံကောင်းမွန်နေခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ နည်းပြအာနဲစလော့က သူ့စိတ်ကြိုက်ကစားသမားအသစ်တွေကို ခေါ်ယူအားဖြည့် ထားတာကြောင့် ရာသီအသစ်မှာ အသင်းအတွက် သူ့စိတ်ကြိုက်ကစားကွက်ကို အကောင်အထည်ဖော်လာဖို့ရှိနေတဲ့ အပြင် ဒီရာသီမှာ ကစားသမားသစ်တွေနဲ့ အံဝင်ခွင်ကျဖြစ်ဖို့ပြင်ဆင်ရဦးမယ့် သဘောလည်းဖြစ်ပါတယ်။ ဒါကြောင့် လီဗာပူးလ်အသင်းကို ဒီရာသီချန်ပီယံလောင်းစာရင်းထဲမှာ မဖြစ်မနေထည့်သွင်းထားရမှာဖြစ်ပြီး လက်ရှိအစုအဖွဲ့အရ တိုက်စစ်နဲ့ကွင်းလယ်ပိုင်းအပြင် နောက်တန်းခံစစ်ရော ဂိုးသမားနေရာမှာပါ တောင့်တင်းမှုရှိတဲ့အသင်း လည်းဖြစ်ပါ တယ်။ ဒါပေမဲ့ လီဗာပူးလ်အသင်း သန်း (၃၀ဝ)နီးပါးသုံးစွဲထားတဲ့ လူခေါ်ယူမှုထဲမှာ ဗဟိုခံစစ်မှူး ဗာဂျယ်ဗန်ဒိုက်ရဲ့နေရာ မှာအစားထိုးနိုင်မယ့်ကစားသမားမျိုးမတွေ့ရသေးတာကြောင့် ဗန်ဒိုက်ရဲ့ အသက်အရွယ်အရ ဒဏ်ရာရသွားရင်ပဲဖြစ်ဖြစ် ၊ ခြေစွမ်းပိုင်းကျဆင်း သွားခဲ့ရင်ပဲဖြစ်ဖြစ် လီဗာပူးလ်အသင်းအတွက် စိုးရိမ်စရာဖြစ်ပါတယ်။ ဒါ့ပြင် ကိုနာတေးကိုလည်း စာချုပ်သက် တမ်းမတိုးရသေးတဲ့အနေအထားမှာ လီဗာပူးလ်အသင်းအတွက် ထိုးနှက်ချက်တစ်ခုဖြစ်လာနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လီဗာပူးလ်အသင်းရဲ့ လူစာရင်းအရ ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ အကောင်းဆုံး လုပ်ဆောင်လာနိုင်ဖို့ရှိနေပြီး နည်းပြ အာနဲစလော့အနေနဲ့ အားနည်းချက်တွေကိုပြင်ဆင်ပြီး လက်ရှိလူစာ ရင်းကိုသာ အကောင်းဆုံးကိုင်တွယ်နိုင်ခဲ့ရင် လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ အကောင်းဆုံးအခြေအနေတစ်ရပ်မှာ ရှိနေပါတယ်။
အာဆင်နယ်
အာဆင်နယ်အသင်းက ပြီးခဲ့တဲ့ရာသီမှာလည်း ခြေစွမ်းပိုင်းအကောင်းဆုံးအနေအထားတစ်ရပ်မှာရှိ ခဲ့ပေမယ့် လီဗာပူးလ်အသင်းနဲ့အပြိုင် ချန်ပီယံဆုကို ရယူနိုင်မှုမှာတော့ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဒါ့ပြင် အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ရှုံးပွဲနည်းခဲ့ပေမယ့် သရေကျတဲ့ပွဲစဉ်ဟာ (၁၄)ပွဲအထိရှိခဲ့တာကြောင့် လီဗာပူးလ်အသင်းနဲ့ ရမှတ်ကွာဟမှုကြီးမားသွားခဲ့တာဖြစ်ပြီး အရေးကြီးတဲ့ပွဲစဉ်တွေမှာ အနိုင်မရတာက အာဆင်နယ် အသင်းရဲ့ အဓိကအားနည်းချက်တစ်ခုလည်းဖြစ်ပါတယ်။ ဒီအချက်တွေကို မပြင်ဆင်နိုင်သေးသရွေ့ အာဆင်နယ် အသင်းဟာ ချန်ပီယံဆုတွေကို စိန်ခေါ်နိုင်ဖို့ အလားအလာနည်းနိုင်ပြီး နည်းပြ အာတီတာအပေါ် ပရိသတ်တွေရဲ့ ငြိုငြင် လာမှုတွေကိုပါ ရင်ဆိုင်ရဖို့ရှိနေပါတယ်။ ဒါပေမဲ့ အာဆင်နယ် အသင်းဟာ ဒီရာသီလူခေါ်ယူမှုအဖြစ် တိုက်စစ်ပိုင်းမှာ မက်ဒူရက်ဂေးနဲ့ ဗစ်တာယောဂရက်ဇ်တို့ကို ခေါ်ယူအားဖြည့်ထားသလို ကွင်းလယ်ပိုင်းမှာလည်း ရီးရဲလ်ဆိုစီဒက်စ်က မာတင်ဇူဗယ်မန်ဒီကို ခေါ်ယူထားတာကြောင့် မနှစ်ကထက်စာရင် ပိုကောင်းတဲ့လူစာရင်းကို ပိုင်ဆိုင်လာခဲ့ပြီး ချန်ပီယံ ဆုကိုစိန်ခေါ်ဖို့ လုံလောက်တဲ့ လူစာရင်းကိုရရှိထားတယ်လို့ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အာဆင်နယ်အသင်းရဲ့ အဓိကလို အပ်ချက်ဖြစ်တဲ့ တိုက်စစ်ပိုင်းက အဆုံးအဖြတ်သွင်းဂိုးတွေရယူနိုင်ဖို့နဲ့ အရေးကြီးတဲ့ပွဲစဉ်တွေမှာ ခြေမချော်ဖို့ကို အာရုံစိုက်ရမှာဖြစ်ပြီး ဗစ်တာယောဂရက်ဇ်ရဲ့ အဆုံးသတ်ပိုင်းနဲ့ မက်ဒူရက်ဂေးနဲ့ မာတင်နယ်လီတို့ရဲ့ အဆုံးသတ်ပိုင်း တွေသာ သွင်းဂိုးတွေရခဲ့ရင် အာဆင်နယ်အသင်းကို ဒီရာသီပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို စိန်ခေါ်နိုင်မယ့် စာရင်းထဲမှာထည့်သွင်းစဉ်းစားထားရမှာဖြစ်ပါတယ်။ ဒါ့ပြင် ဒီရာသီမှာမှ အာဆင်နယ်အသင်း ဆုဖလားမရရှိခဲ့ဘူး ဆိုရင်လည်း နည်းပြအာတီတာနဲ့ ကစားသမားတွေရဲ့ အလိုမကျမှုတွေနဲ့ရင်ဆိုင်ရမှာဖြစ်တာကြောင့် အာဆင်နယ် အသင်း ဒီရာသီမှာဘာတွေလုပ်ပြနိုင်မလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရဖို့ရှိနေပါတယ်။
မန်စီးတီး
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ကျဆင်းသွားတဲ့ ခြေစွမ်းပိုင်းနဲ့ အောင်မြင်မှုတွေကို ဒီရာသီမှာ ပြန်လည် ရှာဖွေဖို့လိုအပ်နေပြီး ပြင်ဆင်မှုတွေကိုလည်း အကောင်းဆုံးလုပ်ဆောင်နေပါတယ်။ မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ရာသီမှာ ရိုဒရီ မပါဝင်နိုင်တာကြောင့် ခက်ခဲတဲ့ရာသီတစ်ခုကို ဖြတ်သန်းခဲ့ရသလို အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဟာလန်းရှိ နေသည့်တိုင်အောင်ဖန်တီးနိုင်မှုအ ပိုင်းမှာ ဒီဘရိုင်းနဲ့ ဖိုဒန်တို့ရဲ့ခြေစွမ်းပိုင်းကျဆင်းမှုတွေဟာ မန်စီးတီးအသင်းအတွက် အဖြေတစ်ခုဖြစ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း ဒီဘရိုင်း ထွက်ခွာသွားမှုနဲ့အတူ အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ ဆေးဗာလ်ရဲ့ ခြေစွမ်းပိုင်းနဲ့အသက်အရွယ်ကြောင့် ကစားအားကျဆင်းသွားသလို ဖိုဒန်ရဲ့ပုံမှန်ခြေစွမ်းပြနိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေအပြင် တောင်ပံတိုက်စစ်မှာ ဒိုကူတစ်ယောက်တည်းနဲ့ လုံလောက်ပါ့မလားဆိုတဲ့ မေးခွန်းကလည်း ရှိနေပြန် ပါတယ်။ ဒါပေမဲ့ ကွင်းလယ်ပိုင်းမှာတော့ အဆင်ပြေနေပြီး ကိုဗာဆစ်၊ ဂွန်ဆာလက်နဲ့ ဂမ်ဒိုဂမ် တို့ရှိနေတာကြောင့် ရိုဒရီမပါဝင်နိုင်သေးတဲ့ ပထမတစ်လအတွင်းမှာ အဆင်ပြေပြေ ကစားနိုင်ဖို့ရှိနေပါတယ်။ နောက်တန်းနဲ့ ခံစစ်ပိုင်းမှာ တော့ ပြဿနာအများကြီးမရှိပေမယ့် ညာနောက်ခံကစား သမားနေရာအတွက်ကတော့ အနည်းငယ်စိတ်ပူရဦး မယ့် အနေအထားရှိနေပါတယ်။ ပြောရရင် မန်စီးတီးအသင်းဟာ Generation တစ်ခုကို ပြန်လည်တည်ဆောက်ရမယ့် အချိန် ကာလတစ်ခုကို ရောက်ရှိနေပြီဖြစ်ပြီး ကစားသမားတွေရဲ့ အသက်အရွယ်ပိုင်းနဲ့ အစားထိုးဖြည့်တင်းရမယ့်အရာတွေ များစွာရှိနေသေးတာကိုတွေ့ရပါတယ်။ ဒါကြောင့် မန်စီးတီးအသင်းဟာ အရင်လို အောင်မြင်မှုတွေကို ပြန်ရဖို့ဆိုရင် အသင်းမှာရှိနေတဲ့ ကစားသမားတွေအပြင် နောက်ထပ် Generation တစ်ခုကို ထည့်သွင်းအကောင် အထည်ဖော်နိုင် မှသာ အောင်မြင်မှုတွေဆီကို အရောက်တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို နည်းပြ ဂွာဒီယိုလာလက်ထက်မှာ လေးကြိမ် ဆက်တိုက်ရရှိထားတဲ့အသင်းဖြစ်တဲ့အပြင် ပွဲတစ်ပွဲချင်းစီကို ဘယ်လိုအနိုင်ယူကျော်ဖြတ်ရမလဲဆိုတဲ့ အတွေ့ အကြုံကောင်းတွေရှိနေတာကြောင့် ချန်ပီယံဆုကို ပြန် လည်စိန်ခေါ်နိုင်တဲ့အသင်းတွေထဲမှာ မဖြစ်မနေ ထည့်သွင်းထားရမယ့်အပြင် ဒီရာသီမှာ အကောင်းဆုံးသော အစုအဖွဲ့ တစ်ခုနဲ့ မန်စီးတီးအသင်းပြန်လာနိုင်မလားဆိုတာကိုလည်း စောင့်ကြည့်သွားရဖို့ရှိနေပါတယ်။ ဒါ့ပြင် မန်စီးတီးအသင်း ဟာ လီဗာပူးလ်၊ အာဆင်နယ်အသင်းတို့နဲ့အပြိုင် ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ရှိနေပြီး ချဲလ်ဆီးအသင်းထက် ပိုကောင်းတဲ့ စိန်ခေါ်မှုတွေလုပ်ဆောင်လာနိုင်ဖို့ရှိနေပါတယ်။
ချဲလ်ဆီး
ချဲလ်ဆီးအသင်းဟာ လက်ရှိအချိန် ပရီးမီးယားလိဂ်ကလပ်အသင်းတွေထဲမှာ အပျော်ရွှင်ရဆုံး အချိန် အခါတစ်ခု ကိုရရှိနေတဲ့အသင်းဖြစ်ပြီး ကလပ်ကမ္ဘာ့ဖလားကိုရရှိခဲ့ပြီးနောက်ပိုင်းကတည်းက ကစားသမားတွေရဲ့ ယုံကြည်မှုမြင့် တက်နေသလို လက်ရှိရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကိုရရှိနိုင်ဖို့ ကြိုးစားလာဖွယ်ရှိနေတဲ့အပြင် ဥရောပပြိုင်ပွဲ တွေမှာလည်း ချဲလ်ဆီးအသင်းရဲ့ အကောင်း ဆုံးပုံစံတွေကို ပြန်လည်မြင်တွေ့ရဦးမှာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ယူရိုကွန်ဖရန့်ဖလား ကိုရရှိခဲ့သလို ပုံစံပြောင်းလဲကျင်းပခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အခြားသော ဥရောပအသင်းကြီးတွေ အပြင် ချန်ပီယံလိဂ်မှာဗိုလ်စွဲခဲ့တဲ့ PSG အသင်းကို ဗိုလ်လုပွဲမှာ (၃)ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ စိတ်ဓာတ် ပိုင်းဆိုင်ရာတွေဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲအထိ သယ်ဆောင်လာနိုင်ဖို့ရှိနေပါတယ်။ ဒါ့ပြင် တိုက်စစ်ပိုင်းမှာ မနှစ်ကထက်ပိုကောင်း လာဖို့ရှိနေပြီး လီယန်ဒီလပ် ၊ ဂျာအိုပတ်ထရိုတို့က ချဲလ်ဆီးအသင်းမှာ မနှစ်က မတွေ့ခဲ့ရ တဲ့သွင်းဂိုးတွေလည်း တာဝန်ယူဖြေရှင်းပေးနိုင်မယ့် အလားအလာကောင်းတွေကို မြင်တွေ့ရပါတယ်။ ဒါ့ပြင် ဘရာဇီးကြယ်ပွင့် အက်စတာပို ဝီလျံရဲ့ ခြေစွမ်းပိုင်းကောင်းမွန်မှုနဲ့ ကိုးလ်ပါးမားတို့ရဲ့ အတွဲအဖက်ကလည်း ချဲလ်ဆီး အသင်းရဲ့ နိုင်ပွဲတွေဆီကိုခေါ်ဆောင်သွားဖို့ လုံလောက်တဲ့အရည်အသွေးတွေရှိနေသလို ကွင်းလယ် ပိုင်းမှာ ကိုင်စီဒိုနဲ့ အန်ဇိုဖာနန်ဒက်စ်တို့ရဲ့အတွဲအဖက်ကိုပါပေါင်းစပ်လိုက်ရင် ချဲလ်ဆီးအသင်းဟာ ဒီရာသီမှာ စောင့်ကြည့်ချင်စရာအသင်း တစ်သင်းအဖြစ်ရှိနေပါတယ်။ ပြဿနာတစ်ခုကတော့ ပြီးခဲ့တဲ့ရာသီမှာ ခြေစွမ်းပြနေတဲ့ အသင်းရဲ့ဗဟိုခံစစ်မှူး လီပိုင်း ကိုးလ်ဝဲ ဒဏ်ရာရရှိပြီး ခြောက်လလောက်နားလိုက်ရတာက ချဲလ်ဆီးအသင်းအတွက် ထိုးနှက်ချက်တစ်ခုဖြစ်ပြီး နောက်တန်းခံစစ်နေရာမှာ အရင်ကတည်းက စိတ်မချရတဲ့ ချဲလ်ဆီးအသင်းအတွက် သေချာပေါက်ရင်ဆိုင်ဖြေရှင်း ရမယ့်ပြဿနာတစ်ခုလည်းဖြစ်ပါတယ်။ ဒါ့ပြင် ဂိုးသမားနေရာက ရောဘတ်ဆန်း ချက်ဇ်ရဲ့ မတည်ငြိမ်တဲ့စွမ်း ဆောင်ရည်တွေကိုလည်း ထည့်သွင်းစဉ်းစားရမှာဖြစ်ပြီး ချဲလ်ဆီးအသင်းရဲ့ပြဿ နာဟာ နောက်တန်းနဲ့ဂိုးသမား နေရာဖြစ်ပါတယ်။ အားလုံးကို ခြုံငုံတွက်ကြည့်မယ်ဆိုရင်တော့ ချဲလ်ဆီးအ သင်းဟာ ချန်ပီယံဆုတွေကို စိန်ခေါ်လာနိုင် တဲ့အသင်းအဖြစ် လက်ခံရမှာဖြစ်ပြီး ပရီးမီး ယားလိဂ်ဖလားကိုရော ချန်ပီယံလိဂ်ဖလားအပြင် အခြားသောဆုဖလား တွေကိုပါ ခြိမ်းခြောက်လာနိုင်ခြေရှိတဲ့ အသင်းတစ်သင်းဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက အမှားတွေကို အကောင်းဆုံးပြင်ဆင်ပြီး ချန်ပီယံဆုတွေကို စိန်ခေါ်လာနိုင်ဖို့ရှိနေပါတယ်။

Zawgyi Version:
(၂၀၂၅-၂၀၂၆) ေဘာလုံးရာသီ ပရီးမီးယားလိဂ္မွာ ဗိုလ္စြဲဖို႔ ေရပန္းအစားဆုံး အသင္း(၄)သင္း
ရဲထက္
(ေဘာလုံးပြဲ သုံးသပ္ခ်က္)
(၂၀၂၅-၂၀၂၆) ေဘာလုံးရာသီရဲ႕ ပထမဆုံးေသာ ပရီးမီးယားလိဂ္ပြဲစဥ္(၁)ကို ယွဥ္ၿပိဳင္ကစားခဲ့အၿပီးမွာေတာ့ ရင္ခုန္ေမွ်ာ္လင့္ခ်င္စရာေကာင္းတဲ့ ပရီးမီးယားလိဂ္ၿပိဳင္ပြဲေတြကို ဆက္လက္ ေစာင့္ၾကည့္သြားရဖို႔ရွိေနၿပီး ဒီၿပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔ ေရပန္းအစားဆုံး အသင္းေတြမ်ားစြာရွိခဲ့ပါတယ္။ ပရီးမီးယားလိဂ္ၿပိဳင္ပြဲေတြဟာ အျခားေသာ လိဂ္ၿပိဳင္ပြဲေတြ ထက္ ၿပိဳင္ဆိုင္မႈျပင္းထန္သလို လူစိတ္ဝင္စားမႈအမ်ားဆုံး ၿပိဳင္ပြဲတစ္ခုလည္းျဖစ္ပါတယ္။ အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ လည္း အသင္းႀကီးေတြဟာ အေကာင္းဆုံးကစားသမားအေျပာင္းအေ႐ႊ႕ေတြကို အၿပိဳင္အဆိုင္ျပဳလုပ္ထားခဲ့ၾကသလို အေျပာင္းအေ႐ႊ႕မပိတ္ခင္မွာလည္း ေနာက္ထပ္လူေခၚယူမႈေတြကို ဆက္လက္လုပ္ေဆာင္သြားဖို႔ရွိ ေနပါတယ္။ ဒီတစ္ ပတ္မွာေတာ့ ပရီးမီးယားလိဂ္ပြဲစဥ္ေတြကို ခန႔္မွန္းေပးတာထက္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔ေရပန္းစားေနတဲ့ ထိပ္ဆုံးအသင္း(၄)သင္းကို ေ႐ြးခ်ယ္ သုံးသပ္ေပးသြားမွာပဲျဖစ္ပါတယ္။
လီဗာပူးလ္
လီဗာပူးလ္အသင္းဟာ လက္ရွိမွာ ပရီးမီးယားလိဂ္ဖလားကို အႀကိမ္အမ်ားဆုံး ရယူထားတဲ့အသင္း ျဖစ္သလို ၿပီးခဲ့တဲ့ရာ သီမွာလည္း ပရီးမီးယားလိဂ္ဖလားကိုရရွိထားတဲ့ ခ်န္ပီယံေဟာင္းျဖစ္ပါတယ္။ ဒါ့ျပင္ ဥေရာပၿပိဳင္ပြဲေတြ မွာလည္း ေျခစြမ္းျပသခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီမွာ PSG လိုအသင္းမ်ိဳးကို (၁၆)သင္း ရႈံးထြက္အဆင့္မွာ ပင္နယ္တီအဆုံးအ ျဖတ္ေရာက္တဲ့အထိ တူတူတန္တန္ကစားထားႏိုင္ခဲ့ပါတယ္။ ဒီရာသီ အေျပာင္းအေ႐ႊ႕ပိုင္းမွာလည္း ခ်ဲလ္ဆီး အသင္းနဲ႔အၿပိဳင္ လူေခၚယူမႈေတြျပဳလုပ္ထားၿပီး ဒီရာသီမွာခ်န္ပီယံဆုကို ကာကြယ္ႏိုင္ဖို႔ အေကာင္းဆုံးျပင္ဆင္လာတာ ကိုေတြ႕ရပါတယ္။ ဒါေပမဲ့လည္း ရာသီအဖြင့္ ကြန္ျမဴနတီဒိုင္းဗိုလ္လုပြဲမွာမထင္မွတ္ဘဲ ခရစၥတယ္ပဲေလ့စ္အသင္းကို ရႈံးနိမ့္ခဲ့တဲ့ေျခစြမ္းေၾကာင့္ အနည္းငယ္စိတ္ပူခဲ့ရေပမယ့္ ဒီတစ္ပြဲတည္းနဲ႔ ဆုံးျဖတ္လို႔မရေသးတဲ့အေနအထားျဖစ္ပါ တယ္။ ဘာျဖစ္လို႔လဲဆိုရင္ ၿပီးခဲ့တဲ့ရာသီက လီဗာပူးလ္အသင္းဟာ နည္းျပအာနဲစေလာ့လက္ထက္မွာ ပရီးမီးယား လိဂ္ကိုရယူႏိုင္ခဲ့တာဟာ နည္းျပေဟာင္း ယာဂန္ကေလာ့ရဲ႕ ကစားကြက္ကိုပုံမပ်က္ဘဲကစားခဲ့တဲ့အျပင္ အသင္းမွာရွိတဲ့ လူ စာရင္းကလည္း ေနာက္ထပ္ကစားသမားသစ္ေခၚယူစရာမလိုေလာက္ေအာင္ကို ျပည့္စုံေကာင္းမြန္ေနခဲ့တာေၾကာင့္ ျဖစ္ပါတယ္။ ဒါေပမဲ့ ဒီႏွစ္မွာေတာ့ နည္းျပအာနဲစေလာ့က သူ႔စိတ္ႀကိဳက္ကစားသမားအသစ္ေတြကို ေခၚယူအားျဖည့္ ထားတာေၾကာင့္ ရာသီအသစ္မွာ အသင္းအတြက္ သူ႔စိတ္ႀကိဳက္ကစားကြက္ကို အေကာင္အထည္ေဖာ္လာဖို႔ရွိေနတဲ့ အျပင္ ဒီရာသီမွာ ကစားသမားသစ္ေတြနဲ႔ အံဝင္ခြင္က်ျဖစ္ဖို႔ျပင္ဆင္ရဦးမယ့္ သေဘာလည္းျဖစ္ပါတယ္။ ဒါေၾကာင့္ လီဗာပူးလ္အသင္းကို ဒီရာသီခ်န္ပီယံေလာင္းစာရင္းထဲမွာ မျဖစ္မေနထည့္သြင္းထားရမွာျဖစ္ၿပီး လက္ရွိအစုအဖြဲ႕အရ တိုက္စစ္နဲ႔ကြင္းလယ္ပိုင္းအျပင္ ေနာက္တန္းခံစစ္ေရာ ဂိုးသမားေနရာမွာပါ ေတာင့္တင္းမႈရွိတဲ့အသင္း လည္းျဖစ္ပါ တယ္။ ဒါေပမဲ့ လီဗာပူးလ္အသင္း သန္း (၃၀ဝ)နီးပါးသုံးစြဲထားတဲ့ လူေခၚယူမႈထဲမွာ ဗဟိုခံစစ္မႉး ဗာဂ်ယ္ဗန္ဒိုက္ရဲ႕ေနရာ မွာအစားထိုးႏိုင္မယ့္ကစားသမားမ်ိဳးမေတြ႕ရေသးတာေၾကာင့္ ဗန္ဒိုက္ရဲ႕ အသက္အ႐ြယ္အရ ဒဏ္ရာရသြားရင္ပဲျဖစ္ျဖစ္ ၊ ေျခစြမ္းပိုင္းက်ဆင္း သြားခဲ့ရင္ပဲျဖစ္ျဖစ္ လီဗာပူးလ္အသင္းအတြက္ စိုးရိမ္စရာျဖစ္ပါတယ္။ ဒါ့ျပင္ ကိုနာေတးကိုလည္း စာခ်ဳပ္သက္ တမ္းမတိုးရေသးတဲ့အေနအထားမွာ လီဗာပူးလ္အသင္းအတြက္ ထိုးႏွက္ခ်က္တစ္ခုျဖစ္လာႏိုင္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ လီဗာပူးလ္အသင္းရဲ႕ လူစာရင္းအရ ဒီရာသီမွာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ကာကြယ္ႏိုင္ဖို႔ အေကာင္းဆုံး လုပ္ေဆာင္လာႏိုင္ဖို႔ရွိေနၿပီး နည္းျပ အာနဲစေလာ့အေနနဲ႔ အားနည္းခ်က္ေတြကိုျပင္ဆင္ၿပီး လက္ရွိလူစာ ရင္းကိုသာ အေကာင္းဆုံးကိုင္တြယ္ႏိုင္ခဲ့ရင္ လီဗာပူးလ္အသင္းအတြက္ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ကာကြယ္ႏိုင္ဖို႔ အေကာင္းဆုံးအေျခအေနတစ္ရပ္မွာ ရွိေနပါတယ္။
အာဆင္နယ္
အာဆင္နယ္အသင္းက ၿပီးခဲ့တဲ့ရာသီမွာလည္း ေျခစြမ္းပိုင္းအေကာင္းဆုံးအေနအထားတစ္ရပ္မွာရွိ ခဲ့ေပမယ့္ လီဗာပူးလ္အသင္းနဲ႔အၿပိဳင္ ခ်န္ပီယံဆုကို ရယူႏိုင္မႈမွာေတာ့ ဒုတိယေနရာနဲ႔သာ ေက်နပ္ခဲ့ရပါတယ္။ ဒါ့ျပင္ အာဆင္နယ္အသင္းဟာ ၿပီးခဲ့တဲ့ရာသီမွာ ရႈံးပြဲနည္းခဲ့ေပမယ့္ သေရက်တဲ့ပြဲစဥ္ဟာ (၁၄)ပြဲအထိရွိခဲ့တာေၾကာင့္ လီဗာပူးလ္အသင္းနဲ႔ ရမွတ္ကြာဟမႈႀကီးမားသြားခဲ့တာျဖစ္ၿပီး အေရးႀကီးတဲ့ပြဲစဥ္ေတြမွာ အႏိုင္မရတာက အာဆင္နယ္ အသင္းရဲ႕ အဓိကအားနည္းခ်က္တစ္ခုလည္းျဖစ္ပါတယ္။ ဒီအခ်က္ေတြကို မျပင္ဆင္ႏိုင္ေသးသေ႐ြ႕ အာဆင္နယ္ အသင္းဟာ ခ်န္ပီယံဆုေတြကို စိန္ေခၚႏိုင္ဖို႔ အလားအလာနည္းႏိုင္ၿပီး နည္းျပ အာတီတာအေပၚ ပရိသတ္ေတြရဲ႕ ၿငိဳျငင္ လာမႈေတြကိုပါ ရင္ဆိုင္ရဖို႔ရွိေနပါတယ္။ ဒါေပမဲ့ အာဆင္နယ္ အသင္းဟာ ဒီရာသီလူေခၚယူမႈအျဖစ္ တိုက္စစ္ပိုင္းမွာ မက္ဒူရက္ေဂးနဲ႔ ဗစ္တာေယာဂရက္ဇ္တို႔ကို ေခၚယူအားျဖည့္ထားသလို ကြင္းလယ္ပိုင္းမွာလည္း ရီးရဲလ္ဆိုစီဒက္စ္က မာတင္ဇူဗယ္မန္ဒီကို ေခၚယူထားတာေၾကာင့္ မႏွစ္ကထက္စာရင္ ပိုေကာင္းတဲ့လူစာရင္းကို ပိုင္ဆိုင္လာခဲ့ၿပီး ခ်န္ပီယံ ဆုကိုစိန္ေခၚဖို႔ လုံေလာက္တဲ့ လူစာရင္းကိုရရွိထားတယ္လို႔ဆိုႏိုင္ပါတယ္။ ဒါေပမဲ့ အာဆင္နယ္အသင္းရဲ႕ အဓိကလို အပ္ခ်က္ျဖစ္တဲ့ တိုက္စစ္ပိုင္းက အဆုံးအျဖတ္သြင္းဂိုးေတြရယူႏိုင္ဖို႔နဲ႔ အေရးႀကီးတဲ့ပြဲစဥ္ေတြမွာ ေျခမေခ်ာ္ဖို႔ကို အာ႐ုံစိုက္ရမွာျဖစ္ၿပီး ဗစ္တာေယာဂရက္ဇ္ရဲ႕ အဆုံးသတ္ပိုင္းနဲ႔ မက္ဒူရက္ေဂးနဲ႔ မာတင္နယ္လီတို႔ရဲ႕ အဆုံးသတ္ပိုင္း ေတြသာ သြင္းဂိုးေတြရခဲ့ရင္ အာဆင္နယ္အသင္းကို ဒီရာသီပရီးမီးယားလိဂ္ခ်န္ပီယံဆုဖလားကို စိန္ေခၚႏိုင္မယ့္ စာရင္းထဲမွာထည့္သြင္းစဥ္းစားထားရမွာျဖစ္ပါတယ္။ ဒါ့ျပင္ ဒီရာသီမွာမွ အာဆင္နယ္အသင္း ဆုဖလားမရရွိခဲ့ဘူး ဆိုရင္လည္း နည္းျပအာတီတာနဲ႔ ကစားသမားေတြရဲ႕ အလိုမက်မႈေတြနဲ႔ရင္ဆိုင္ရမွာျဖစ္တာေၾကာင့္ အာဆင္နယ္ အသင္း ဒီရာသီမွာဘာေတြလုပ္ျပႏိုင္မလဲဆိုတာကို ဆက္လက္ေစာင့္ၾကည့္ရဖို႔ရွိေနပါတယ္။
မန္စီးတီး
မန္စီးတီးအသင္းဟာ ၿပီးခဲ့တဲ့ရာသီမွာ က်ဆင္းသြားတဲ့ ေျခစြမ္းပိုင္းနဲ႔ ေအာင္ျမင္မႈေတြကို ဒီရာသီမွာ ျပန္လည္ ရွာေဖြဖို႔လိုအပ္ေနၿပီး ျပင္ဆင္မႈေတြကိုလည္း အေကာင္းဆုံးလုပ္ေဆာင္ေနပါတယ္။ မန္စီးတီးအသင္းဟာ ၿပီးခဲ့တဲ့ ရာသီမွာ ႐ိုဒရီ မပါဝင္ႏိုင္တာေၾကာင့္ ခက္ခဲတဲ့ရာသီတစ္ခုကို ျဖတ္သန္းခဲ့ရသလို အသင္းရဲ႕ တိုက္စစ္ပိုင္းမွာ ဟာလန္းရွိ ေနသည့္တိုင္ေအာင္ဖန္တီးႏိုင္မႈအ ပိုင္းမွာ ဒီဘ႐ိုင္းနဲ႔ ဖိုဒန္တို႔ရဲ႕ေျခစြမ္းပိုင္းက်ဆင္းမႈေတြဟာ မန္စီးတီးအသင္းအတြက္ အေျဖတစ္ခုျဖစ္ခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာလည္း ဒီဘ႐ိုင္း ထြက္ခြာသြားမႈနဲ႔အတူ အသင္းရဲ႕ ကြင္းလယ္ပိုင္းမွာ ေဆးဗာလ္ရဲ႕ ေျခစြမ္းပိုင္းနဲ႔အသက္အ႐ြယ္ေၾကာင့္ ကစားအားက်ဆင္းသြားသလို ဖိုဒန္ရဲ႕ပုံမွန္ေျခစြမ္းျပႏိုင္ပါ့မလားဆိုတဲ့ ေမးခြန္းေတြအျပင္ ေတာင္ပံတိုက္စစ္မွာ ဒိုကူတစ္ေယာက္တည္းနဲ႔ လုံေလာက္ပါ့မလားဆိုတဲ့ ေမးခြန္းကလည္း ရွိေနျပန္ ပါတယ္။ ဒါေပမဲ့ ကြင္းလယ္ပိုင္းမွာေတာ့ အဆင္ေျပေနၿပီး ကိုဗာဆစ္၊ ဂြန္ဆာလက္နဲ႔ ဂမ္ဒိုဂမ္ တို႔ရွိေနတာေၾကာင့္ ႐ိုဒရီမပါဝင္ႏိုင္ေသးတဲ့ ပထမတစ္လအတြင္းမွာ အဆင္ေျပေျပ ကစားႏိုင္ဖို႔ရွိေနပါတယ္။ ေနာက္တန္းနဲ႔ ခံစစ္ပိုင္းမွာ ေတာ့ ျပႆနာအမ်ားႀကီးမရွိေပမယ့္ ညာေနာက္ခံကစား သမားေနရာအတြက္ကေတာ့ အနည္းငယ္စိတ္ပူရဦး မယ့္ အေနအထားရွိေနပါတယ္။ ေျပာရရင္ မန္စီးတီးအသင္းဟာ Generation တစ္ခုကို ျပန္လည္တည္ေဆာက္ရမယ့္ အခ်ိန္ ကာလတစ္ခုကို ေရာက္ရွိေနၿပီျဖစ္ၿပီး ကစားသမားေတြရဲ႕ အသက္အ႐ြယ္ပိုင္းနဲ႔ အစားထိုးျဖည့္တင္းရမယ့္အရာေတြ မ်ားစြာရွိေနေသးတာကိုေတြ႕ရပါတယ္။ ဒါေၾကာင့္ မန္စီးတီးအသင္းဟာ အရင္လို ေအာင္ျမင္မႈေတြကို ျပန္ရဖို႔ဆိုရင္ အသင္းမွာရွိေနတဲ့ ကစားသမားေတြအျပင္ ေနာက္ထပ္ Generation တစ္ခုကို ထည့္သြင္းအေကာင္ အထည္ေဖာ္ႏိုင္ မွသာ ေအာင္ျမင္မႈေတြဆီကို အေရာက္တက္လွမ္းႏိုင္မွာ ျဖစ္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ မန္စီးတီးအသင္းဟာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို နည္းျပ ဂြာဒီယိုလာလက္ထက္မွာ ေလးႀကိမ္ ဆက္တိုက္ရရွိထားတဲ့အသင္းျဖစ္တဲ့အျပင္ ပြဲတစ္ပြဲခ်င္းစီကို ဘယ္လိုအႏိုင္ယူေက်ာ္ျဖတ္ရမလဲဆိုတဲ့ အေတြ႕ အႀကဳံေကာင္းေတြရွိေနတာေၾကာင့္ ခ်န္ပီယံဆုကို ျပန္ လည္စိန္ေခၚႏိုင္တဲ့အသင္းေတြထဲမွာ မျဖစ္မေန ထည့္သြင္းထားရမယ့္အျပင္ ဒီရာသီမွာ အေကာင္းဆုံးေသာ အစုအဖြဲ႕ တစ္ခုနဲ႔ မန္စီးတီးအသင္းျပန္လာႏိုင္မလားဆိုတာကိုလည္း ေစာင့္ၾကည့္သြားရဖို႔ရွိေနပါတယ္။ ဒါ့ျပင္ မန္စီးတီးအသင္း ဟာ လီဗာပူးလ္၊ အာဆင္နယ္အသင္းတို႔နဲ႔အၿပိဳင္ ခ်န္ပီယံဆုကို စိန္ေခၚႏိုင္ဖို႔ရွိေနၿပီး ခ်ဲလ္ဆီးအသင္းထက္ ပိုေကာင္းတဲ့ စိန္ေခၚမႈေတြလုပ္ေဆာင္လာႏိုင္ဖို႔ရွိေနပါတယ္။
ခ်ဲလ္ဆီး
ခ်ဲလ္ဆီးအသင္းဟာ လက္ရွိအခ်ိန္ ပရီးမီးယားလိဂ္ကလပ္အသင္းေတြထဲမွာ အေပ်ာ္႐ႊင္ရဆုံး အခ်ိန္ အခါတစ္ခု ကိုရရွိေနတဲ့အသင္းျဖစ္ၿပီး ကလပ္ကမာၻ႔ဖလားကိုရရွိခဲ့ၿပီးေနာက္ပိုင္းကတည္းက ကစားသမားေတြရဲ႕ ယုံၾကည္မႈျမင့္ တက္ေနသလို လက္ရွိရာသီမွာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကိုရရွိႏိုင္ဖို႔ ႀကိဳးစားလာဖြယ္ရွိေနတဲ့အျပင္ ဥေရာပၿပိဳင္ပြဲ ေတြမွာလည္း ခ်ဲလ္ဆီးအသင္းရဲ႕ အေကာင္း ဆုံးပုံစံေတြကို ျပန္လည္ျမင္ေတြ႕ရဦးမွာျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ၿပီးခဲ့တဲ့ရာသီမွာ ယူ႐ိုကြန္ဖရန႔္ဖလား ကိုရရွိခဲ့သလို ပုံစံေျပာင္းလဲက်င္းပခဲ့တဲ့ ကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲမွာလည္း အျခားေသာ ဥေရာပအသင္းႀကီးေတြ အျပင္ ခ်န္ပီယံလိဂ္မွာဗိုလ္စြဲခဲ့တဲ့ PSG အသင္းကို ဗိုလ္လုပြဲမွာ (၃)ဂိုးျပတ္နဲ႔ အႏိုင္ရရွိခဲ့တဲ့ စိတ္ဓာတ္ ပိုင္းဆိုင္ရာေတြဟာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲအထိ သယ္ေဆာင္လာႏိုင္ဖို႔ရွိေနပါတယ္။ ဒါ့ျပင္ တိုက္စစ္ပိုင္းမွာ မႏွစ္ကထက္ပိုေကာင္း လာဖို႔ရွိေနၿပီး လီယန္ဒီလပ္ ၊ ဂ်ာအိုပတ္ထ႐ိုတို႔က ခ်ဲလ္ဆီးအသင္းမွာ မႏွစ္က မေတြ႕ခဲ့ရ တဲ့သြင္းဂိုးေတြလည္း တာဝန္ယူေျဖရွင္းေပးႏိုင္မယ့္ အလားအလာေကာင္းေတြကို ျမင္ေတြ႕ရပါတယ္။ ဒါ့ျပင္ ဘရာဇီးၾကယ္ပြင့္ အက္စတာပို ဝီလ်ံရဲ႕ ေျခစြမ္းပိုင္းေကာင္းမြန္မႈနဲ႔ ကိုးလ္ပါးမားတို႔ရဲ႕ အတြဲအဖက္ကလည္း ခ်ဲလ္ဆီး အသင္းရဲ႕ ႏိုင္ပြဲေတြဆီကိုေခၚေဆာင္သြားဖို႔ လုံေလာက္တဲ့အရည္အေသြးေတြရွိေနသလို ကြင္းလယ္ ပိုင္းမွာ ကိုင္စီဒိုနဲ႔ အန္ဇိုဖာနန္ဒက္စ္တို႔ရဲ႕အတြဲအဖက္ကိုပါေပါင္းစပ္လိုက္ရင္ ခ်ဲလ္ဆီးအသင္းဟာ ဒီရာသီမွာ ေစာင့္ၾကည့္ခ်င္စရာအသင္း တစ္သင္းအျဖစ္ရွိေနပါတယ္။ ျပႆနာတစ္ခုကေတာ့ ၿပီးခဲ့တဲ့ရာသီမွာ ေျခစြမ္းျပေနတဲ့ အသင္းရဲ႕ဗဟိုခံစစ္မႉး လီပိုင္း ကိုးလ္ဝဲ ဒဏ္ရာရရွိၿပီး ေျခာက္လေလာက္နားလိုက္ရတာက ခ်ဲလ္ဆီးအသင္းအတြက္ ထိုးႏွက္ခ်က္တစ္ခုျဖစ္ၿပီး ေနာက္တန္းခံစစ္ေနရာမွာ အရင္ကတည္းက စိတ္မခ်ရတဲ့ ခ်ဲလ္ဆီးအသင္းအတြက္ ေသခ်ာေပါက္ရင္ဆိုင္ေျဖရွင္း ရမယ့္ျပႆနာတစ္ခုလည္းျဖစ္ပါတယ္။ ဒါ့ျပင္ ဂိုးသမားေနရာက ေရာဘတ္ဆန္း ခ်က္ဇ္ရဲ႕ မတည္ၿငိမ္တဲ့စြမ္း ေဆာင္ရည္ေတြကိုလည္း ထည့္သြင္းစဥ္းစားရမွာျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းရဲ႕ျပႆ နာဟာ ေနာက္တန္းနဲ႔ဂိုးသမား ေနရာျဖစ္ပါတယ္။ အားလုံးကို ၿခဳံငုံတြက္ၾကည့္မယ္ဆိုရင္ေတာ့ ခ်ဲလ္ဆီးအ သင္းဟာ ခ်န္ပီယံဆုေတြကို စိန္ေခၚလာႏိုင္ တဲ့အသင္းအျဖစ္ လက္ခံရမွာျဖစ္ၿပီး ပရီးမီး ယားလိဂ္ဖလားကိုေရာ ခ်န္ပီယံလိဂ္ဖလားအျပင္ အျခားေသာဆုဖလား ေတြကိုပါ ၿခိမ္းေျခာက္လာႏိုင္ေျခရွိတဲ့ အသင္းတစ္သင္းျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီက အမွားေတြကို အေကာင္းဆုံးျပင္ဆင္ၿပီး ခ်န္ပီယံဆုေတြကို စိန္ေခၚလာႏိုင္ဖို႔ရွိေနပါတယ္။