ဗိုလ်လုပွဲသို့ ရောက်ရှိသွားသော မြန်မာအမျိုးသမီးဘောလုံးအသင်းကို နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဒေါ်လာ(၃၀၀၀၀)ချီးမြှင့်

 31982

သန့်ဇင်(NP News)-ဩဂုတ် ၁၇
၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ် ဗိုလ်လုပွဲသို့ ရောက်ရှိသွားသော မြန်မာအမျိုးသမီးဘောလုံးအသင်းကို နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂုဏ်ပြုဆုငွေ ဒေါ်လာ (၃၀၀၀၀) ချီးမြှင့်ခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF)၏ ထုတ်ပြန်ချက်အရ သိရသည်။
ယမန်နေ့ (ဩဂုတ်လ ၁၆ ရက်)ညနေပိုင်းက ဗီယက်နမ်နိုင်ငံတွင် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မြန်မာအမျိုးသမီးဘောလုံးအသင်းနှင့် ထိုင်းအမျိုးသမီးဘောလုံး အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက (၂)ဂိုး၊ (၁) ဂိုးဆိုသော ရလဒ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အနိုင်ပွဲနှင့်အတူ မြန်မာလက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းအနေဖြင့် ၂၀၂၅ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့သည့်အတွက်နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ဂုဏ်ပြုငွေ ဒေါ်လာ (၃၀၀၀၀) ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဗိုလ်လုပွဲတက်ရောက်ခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် လက်ရှိတွင် အမေရိကန်ဒေါ်လာ (၃၀၀၀၀)နှင့် မြန်မာကျပ် သိန်း (၂၀၀၀) ဆုငွေရရှိထားကြောင်းလည်း MFF၏ ထုတ်ပြန်ချက်အရ သည်။
မြန်မာလက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းနှင့် ဩစတြေးလျအသင်းတို့သည် လာမည့် ဩဂုတ်လ ၁၉ရက်၊ မြန်မာစံတော်ချိန် ည ၇ နာရီခွဲတွင် ဗီယက်နမ်နိုင်ငံရှိ Lach Tray Stadium၌ ဗိုလ်လုပွဲစဉ်အား ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ဗိုလ္လုပြဲသို႔ ေရာက္ရွိသြားေသာ ျမန္မာအမ်ိဳးသမီးေဘာလုံးအသင္းကို ႏိုင္ငံေတာ္ လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒က ေဒၚလာ(၃၀၀၀)ခ်ီးျမႇင့္
သန႔္ဇင္(NP News)-ဩဂုတ္ ၁၇
၂၀၂၅ အာဆီယံအမ်ိဳးသမီးခ်န္ပီယံရွစ္ ဗိုလ္လုပြဲသို႔ ေရာက္ရွိသြားေသာ ျမန္မာအမ်ိဳးသမီးေဘာလုံးအသင္းကို ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဂုဏ္ျပဳဆုေငြ ေဒၚလာ (၃၀၀၀၀) ခ်ီးျမႇင့္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံ ေဘာလုံးအဖြဲ႕ခ်ဳပ္(MFF)၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ယမန္ေန႔ (ဩဂုတ္လ ၁၆ ရက္)ညေနပိုင္းက ဗီယက္နမ္ႏိုင္ငံတြင္ ဆီမီးဖိုင္နယ္ပြဲစဥ္အျဖစ္ ျမန္မာအမ်ိဳးသမီးေဘာလုံးအသင္းႏွင့္ ထိုင္းအမ်ိဳးသမီးေဘာလုံး အသင္းတို႔ ယွဥ္ၿပိဳင္ကစားခဲ့ရာ ျမန္မာအသင္းက (၂)ဂိုး၊ (၁) ဂိုးဆိုေသာ ရလဒ္ျဖင့္ အႏိုင္ရရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါ အႏိုင္ပြဲႏွင့္အတူ ျမန္မာလက္ေ႐ြးစင္အမ်ိဳးသမီးေဘာလုံးအသင္းအေနျဖင့္ ၂၀၂၅ အာဆီယံ အမ်ိဳးသမီး ခ်န္ပီယံရွစ္ ဗိုလ္လုပြဲ တက္ေရာက္ႏိုင္ခဲ့သည့္အတြက္ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရး ေကာ္မရွင္ ဥကၠဌ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကလည္း ဂုဏ္ျပဳေငြ ေဒၚလာ (၃၀၀၀၀) ခ်ီးျမႇင့္ခဲ့ေၾကာင္း သိရသည္။
ဗိုလ္လုပြဲတက္ေရာက္ခဲ့သည့္ ျမန္မာ့လက္ေ႐ြးစင္ အမ်ိဳးသမီးအသင္းသည္ လက္ရွိတြင္ အေမရိကန္ေဒၚလာ (၃၀၀၀၀)ႏွင့္ ျမန္မာက်ပ္ သိန္း (၂၀၀၀) ဆုေငြရရွိထားေၾကာင္းလည္း MFF၏ ထုတ္ျပန္ခ်က္အရ သည္။
ျမန္မာလက္ေ႐ြးစင္အမ်ိဳးသမီးေဘာလုံးအသင္းႏွင့္ ဩစေၾတးလ်အသင္းတို႔သည္ လာမည့္ ဩဂုတ္လ ၁၉ရက္၊ ျမန္မာစံေတာ္ခ်ိန္ ည ၇ နာရီခြဲတြင္ ဗီယက္နမ္ႏိုင္ငံရွိ Lach Tray Stadium၌ ဗိုလ္လုပြဲစဥ္အား ယွဥ္ၿပိဳင္ကစားသြားၾကမည္ျဖစ္ေၾကာင္း သိရသည္။

Picture

Tha Lwin

18/08/2025 09:33

👍👍👍ကောင်းလိုက်တာ အားရကျေနပ်မှုအပြည့်နှင့် ပီတိဖြာဝေရပါတယ်💪💪💪 ပထမဆုဖလားကြီးသာရလို့ကတော့😀😀😀

Related news

© 2021. All rights reserved.