မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ကမ်းဘေးတွင် ရှုခင်းသာ အပန်းဖြေစခန်းတည်ဆောက်အကောင်အထည်ဖော်မည်

287
သန့်ဇင် (NP News) - ဩဂုတ် ၁၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်၊ မနောကွင်းအရှေ့ဘက် ဧရာဝတီမြစ်ကမ်းဘေးရှိ မြေ(၂၄)ဧကခန့်ရှိ နေရာတွင် ဧရာဝတီရှုခင်းသာ အပန်းဖြေစခန်းတည်ဆောက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း အဆိုပါပြည်နယ်အစိုးရအဖွဲ့၏ အချက်အလက်များအရ သိရသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးဌာန ကချင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့က ယင်းအပန်းဖြေစခန်းအား အများပြည်သူအပန်းဖြေ အနားယူနိုင်ရေးအတွက် ရည်ရွယ်ကာ အကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဧရာဝတီရှုခင်းသာ အပန်းဖြေစခန်းအား တည်ဆောက်ဖွင့်လှစ်၍ နှစ်ရှည်ငှားရမ်းလုပ်ကိုင်လိုသူ တိုင်းရင်းသားလုပ်ငန်းရှင်များအား စိတ်ဝင်စားမှု အဆိုပြုလွှာ (Expression of Interest, EOI) ခေါ်ယူထားကြောင်းလည်း သိရသည်။
အဆိုပြုလျှောက်လွှာများကို ကချင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး အဆိုပြု လျှောက်လွှာများကို လာမည့် စက်တင်ဘာ ၁၅ ရက်၊ ညနေ (၄)နာရီနောက်ဆုံးထား၍ ကချင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ရုံးသို့ တင်သွင်းရမည် ဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version:
ျမစ္ႀကီးနားၿမိဳ႕ ဧရာဝတီျမစ္ကမ္းေဘးတြင္ ရႈခင္းသာ အပန္းေျဖစခန္းတည္ေဆာက္အေကာင္အထည္ေဖာ္မည္
သန႔္ဇင္ (NP News) - ဩဂုတ္ ၁၈
ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕၊ စီတာပူရပ္ကြက္၊ မေနာကြင္းအေရွ႕ဘက္ ဧရာဝတီျမစ္ကမ္းေဘးရွိ ေျမ(၂၄)ဧကခန႔္ရွိ ေနရာတြင္ ဧရာဝတီရႈခင္းသာ အပန္းေျဖစခန္းတည္ေဆာက္အေကာင္အထည္ေဖာ္သြားမည္ျဖစ္ေၾကာင္း အဆိုပါျပည္နယ္အစိုးရအဖြဲ႕၏ အခ်က္အလက္မ်ားအရ သိရသည္။
ကခ်င္ျပည္နယ္အစိုးရအဖြဲ႕ သယံဇာတေရးရာဝန္ႀကီးဌာန ကခ်င္ျပည္နယ္ စည္ပင္သာယာေရးအဖြဲ႕က ယင္းအပန္းေျဖစခန္းအား အမ်ားျပည္သူအပန္းေျဖ အနားယူႏိုင္ေရးအတြက္ ရည္႐ြယ္ကာ အေကာင္အထည္ေဖာ္ေနျခင္းျဖစ္ေၾကာင္းလည္း သိရသည္။
ဧရာဝတီရႈခင္းသာ အပန္းေျဖစခန္းအား တည္ေဆာက္ဖြင့္လွစ္၍ ႏွစ္ရွည္ငွားရမ္းလုပ္ကိုင္လိုသူ တိုင္းရင္းသားလုပ္ငန္းရွင္မ်ားအား စိတ္ဝင္စားမႈ အဆိုျပဳလႊာ (Expression of Interest, EOI) ေခၚယူထားေၾကာင္းလည္း သိရသည္။
အဆိုျပဳေလွ်ာက္လႊာမ်ားကို ကခ်င္ျပည္နယ္ စည္ပင္သာယာေရးအဖြဲ႕႐ုံးတြင္ ႐ုံးခ်ိန္အတြင္း ဝယ္ယူႏိုင္ၿပီး အဆိုျပဳ ေလွ်ာက္လႊာမ်ားကို လာမည့္ စက္တင္ဘာ ၁၅ ရက္၊ ညေန (၄)နာရီေနာက္ဆုံးထား၍ ကခ်င္ျပည္နယ္ စည္ပင္သာယာေရးအဖြဲ႕႐ုံးသို႔ တင္သြင္းရမည္ ျဖစ္ေၾကာင္းလည္း သိရသည္။