ချန်ပီယံဖလားကိုင်မြှောက်ကာ အိမ်ပြန်နိုင်ရန် တစ်သင်းလုံးအကောင်းဆုံးကြိုးစားသွားမည်ဟု ခင်မာလာထွန်းကတိပေး

 6770

သန့်ဇင်(NP News)-ဩဂုတ် ၁၈
ချန်ပီယံဆုဖလားကိုင်မြှောက်ကာ အိမ်ပြန်နိုင်ရန် တစ်သင်းလုံးအကောင်းဆုံးကြိုးစားသွားမည်ဖြစ်ကြောင်း မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းခေါင်းဆောင်ခင်မာလာထွန်းက ကတိပေးပြောကြားခဲ့ကြောင်း သိရသည်။
ခင်မာလာထွန်းက ယနေ့(ဩဂုတ်လ ၁၈ရက်) မွန်းလွဲပိုင်းက ဗီယက်နမ်နိုင်ငံ၊ Haiphong မြို့ရှိ Pullman ဟိုတယ်တွင်ပြုလုပ်ခဲ့သော ၂၀၂၅ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဗိုလ်လုပွဲစဉ်၏ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ကြောင်း သိရသည်။
“မနက်ဖြန် ကစားရမယ့် ဗိုလ်လုပွဲက အလွန်အရေးကြီးတဲ့ ပွဲတစ်ပွဲဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာအသင်းဟာ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်မှာ ၂ ကြိမ် ဗိုလ်စွဲခဲ့ဖူးပေမယ့် ဗိုလ်လုပွဲနဲ့ ဝေးကွာနေတာ ၁၀ နှစ်ရှိနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဗိုလ်လုပွဲဟာ နိုင်ငံအတွက်၊ ပြည်သူ့အတွက်၊ ကစားသမားတွေအတွက် အလွန်အရေးပါတာမို့ ချန်ပီယံဆုဖလား ကိုင်မြှောက်ပြီး အိမ်ပြန်နိုင်ဖို့ တစ်သင်းလုံး အကောင်း ဆုံး ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ချန်ပီယံဆု ရခဲ့ရင် ပြည်သူတွေ၊ လူငယ်မျိုးဆက်သစ် ကစားသမားတွေအတွက် စိတ်ဓာတ်ခွန်အား ဖြစ်စေမှာမို့ အလေးအနက်ထား ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ် ”ဟု ခင်မာလာထွန်းက ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ဗိုလ်လုပွဲတွင် မြန်မာအသင်းနှင့်တွေ့ဆုံမည့် သြစတြေးလျအသင်းသည် အသင်းကောင်းတစ်သင်းဖြစ်သည့်အတွက် ဗိုလ်လုပွဲသည် ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်မည်ဖြစ်ကြောင်းလည်း မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းနည်းပြ Tetsuro Ukiကဆိုသည်။
“ သြစတြေးလျဟာ အသင်းကောင်းတစ်သင်းဖြစ်ပြီး တစ်ပွဲထက်တစ်ပွဲ ပိုကောင်းလာတာကြောင့် မနက်ဖြန် ကစားရမယ့် ဗိုလ်လုပွဲက ပွဲကြီးပွဲကောင်း ဖြစ်လာမှာပါ။ နောက်ပြီး သြစတြေးလျဟာ ဆီမီးဖိုင်နယ်မှာအိမ်ရှင် ဗီယက်နမ်ကို ပုံစံကောင်းပြပြီး အနိုင်ရခဲ့တာကြောင့် သူတို့အသင်းက ကစားသမားအားလုံးကို သတိထား သွားရမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကျွန်တော့်အသင်းက ကစားသမားတွေ ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝလာဖို့နဲ့ ဗိုလ်လုပွဲအတွက် အသင့်ဖြစ်အောင် လုပ်ဆောင်နေပါတယ်။ ဝင်းသိင်္ဂီထွန်းဟာ အသင်းအတွက် အလွန်အရေးပါတဲ့ ကစားသမားပါ။ ဒီပြိုင်ပွဲမှာ သွင်းဂိုး ၇ ဂိုးနဲ့ ဂိုးအများဆုံးသွင်းယူထားပါတယ်။ ဝင်းသိင်္ဂီထွန်းရဲ့ စွမ်းဆောင်ရည်ကို အထူး ကျေနပ်မိပါတယ်။ ထို့အတူ အသင်းရှိ အခြားကစားသမားတွေရဲ့ ကြိုးစား အားထုတ်မှုကိုလည်း အသိအမှတ်ပြု ချီးကျူးပါတယ်။ ကစားသမားအားလုံး ဗိုလ်လုပွဲမှာ အကောင်းဆုံး လုပ်နိုင်မယ်လို့ ယုံကြည်ထားပါတယ် ”ဟု Tetsuro Ukiကပြောသည်။
ဆီမီးဖိုင်နယ်တွင် ထိုင်းအသင်းအား အနိုင်ယူနိုင်ခဲ့သော မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် မနက်ဖြန်(ဩဂုတ်လ ၁၉ရက်) မြန်မာစံတော်ချိန် ည ၇ နာရီခွဲတွင် ဗီယက်နမ်နိုင်ငံရှိ Lach Tray Stadium၌ ဩစတြေးလျအသင်းနှင့် ၂၀၂၅ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ဖလားကိုင္ေျမႇာက္ကာ အိမ္ျပန္ႏိုင္ရန္ တစ္သင္းလုံးအေကာင္းဆုံးႀကိဳးစားသြားမည္ဟု ခင္မာလာထြန္းကတိေပး
သန႔္ဇင္(NP News)-ဩဂုတ္ ၁၈
ခ်န္ပီယံဆုဖလားကိုင္ေျမႇာက္ကာ အိမ္ျပန္ႏိုင္ရန္ တစ္သင္းလုံးအေကာင္းဆုံးႀကိဳးစားသြားမည္ျဖစ္ေၾကာင္း ျမန္မာ့လက္ေ႐ြးစင္ အမ်ိဳးသမီးေဘာလုံးအသင္းေခါင္းေဆာင္ခင္မာလာထြန္းက ကတိေပးေျပာၾကားခဲ့ေၾကာင္း သိရသည္။
ခင္မာလာထြန္းက ယေန႔(ဩဂုတ္လ ၁၈ရက္) မြန္းလြဲပိုင္းက ဗီယက္နမ္ႏိုင္ငံ၊ Haiphong ၿမိဳ႕ရွိ Pullman ဟိုတယ္တြင္ျပဳလုပ္ခဲ့ေသာ ၂၀၂၅ အာဆီယံ အမ်ိဳးသမီး ခ်န္ပီယံရွစ္ ဗိုလ္လုပြဲစဥ္၏ ပြဲႀကိဳသတင္းစာ ရွင္းလင္းပြဲတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ေၾကာင္း သိရသည္။
“မနက္ျဖန္ ကစားရမယ့္ ဗိုလ္လုပြဲက အလြန္အေရးႀကီးတဲ့ ပြဲတစ္ပြဲျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ ျမန္မာအသင္းဟာ အာဆီယံ အမ်ိဳးသမီး ခ်န္ပီယံရွစ္မွာ ၂ ႀကိမ္ ဗိုလ္စြဲခဲ့ဖူးေပမယ့္ ဗိုလ္လုပြဲနဲ႔ ေဝးကြာေနတာ ၁၀ ႏွစ္ရွိေနၿပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီဗိုလ္လုပြဲဟာ ႏိုင္ငံအတြက္၊ ျပည္သူ႔အတြက္၊ ကစားသမားေတြအတြက္ အလြန္အေရးပါတာမို႔ ခ်န္ပီယံဆုဖလား ကိုင္ေျမႇာက္ၿပီး အိမ္ျပန္ႏိုင္ဖို႔ တစ္သင္းလုံး အေကာင္း ဆုံး ႀကိဳးစားသြားမွာ ျဖစ္ပါတယ္။ ခ်န္ပီယံဆု ရခဲ့ရင္ ျပည္သူေတြ၊ လူငယ္မ်ိဳးဆက္သစ္ ကစားသမားေတြအတြက္ စိတ္ဓာတ္ခြန္အား ျဖစ္ေစမွာမို႔ အေလးအနက္ထား ယွဥ္ၿပိဳင္ကစားသြားမွာ ျဖစ္ပါတယ္ ”ဟု ခင္မာလာထြန္းက ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ဗိုလ္လုပြဲတြင္ ျမန္မာအသင္းႏွင့္ေတြ႕ဆုံမည့္ ၾသစေၾတးလ်အသင္းသည္ အသင္းေကာင္းတစ္သင္းျဖစ္သည့္အတြက္ ဗိုလ္လုပြဲသည္ ပြဲႀကီးပြဲေကာင္းတစ္ပြဲျဖစ္မည္ျဖစ္ေၾကာင္းလည္း ျမန္မာ့လက္ေ႐ြးစင္အမ်ိဳးသမီးေဘာလုံးအသင္းနည္းျပ Tetsuro Ukiကဆိုသည္။
“ ၾသစေၾတးလ်ဟာ အသင္းေကာင္းတစ္သင္းျဖစ္ၿပီး တစ္ပြဲထက္တစ္ပြဲ ပိုေကာင္းလာတာေၾကာင့္ မနက္ျဖန္ ကစားရမယ့္ ဗိုလ္လုပြဲက ပြဲႀကီးပြဲေကာင္း ျဖစ္လာမွာပါ။ ေနာက္ၿပီး ၾသစေၾတးလ်ဟာ ဆီမီးဖိုင္နယ္မွာအိမ္ရွင္ ဗီယက္နမ္ကို ပုံစံေကာင္းျပၿပီး အႏိုင္ရခဲ့တာေၾကာင့္ သူတို႔အသင္းက ကစားသမားအားလုံးကို သတိထား သြားရမွာျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ ကြၽန္ေတာ့္အသင္းက ကစားသမားေတြ ႀကံ့ခိုင္မႈ ျပန္လည္ျပည့္ဝလာဖို႔နဲ႔ ဗိုလ္လုပြဲအတြက္ အသင့္ျဖစ္ေအာင္ လုပ္ေဆာင္ေနပါတယ္။ ဝင္းသိဂႌထြန္းဟာ အသင္းအတြက္ အလြန္အေရးပါတဲ့ ကစားသမားပါ။ ဒီၿပိဳင္ပြဲမွာ သြင္းဂိုး ၇ ဂိုးနဲ႔ ဂိုးအမ်ားဆုံးသြင္းယူထားပါတယ္။ ဝင္းသိဂႌထြန္းရဲ႕ စြမ္းေဆာင္ရည္ကို အထူး ေက်နပ္မိပါတယ္။ ထို႔အတူ အသင္းရွိ အျခားကစားသမားေတြရဲ႕ ႀကိဳးစား အားထုတ္မႈကိုလည္း အသိအမွတ္ျပဳ ခ်ီးက်ဴးပါတယ္။ ကစားသမားအားလုံး ဗိုလ္လုပြဲမွာ အေကာင္းဆုံး လုပ္ႏိုင္မယ္လို႔ ယုံၾကည္ထားပါတယ္ ”ဟု Tetsuro Ukiကေျပာသည္။
ဆီမီးဖိုင္နယ္တြင္ ထိုင္းအသင္းအား အႏိုင္ယူႏိုင္ခဲ့ေသာ ျမန္မာ့လက္ေ႐ြးစင္အမ်ိဳးသမီးေဘာလုံးအသင္းသည္ မနက္ျဖန္(ဩဂုတ္လ ၁၉ရက္) ျမန္မာစံေတာ္ခ်ိန္ ည ၇ နာရီခြဲတြင္ ဗီယက္နမ္ႏိုင္ငံရွိ Lach Tray Stadium၌ ဩစေၾတးလ်အသင္းႏွင့္ ၂၀၂၅ အာဆီယံ အမ်ိဳးသမီး ခ်န္ပီယံရွစ္ ဗိုလ္လုပြဲစဥ္ ယွဥ္ၿပိဳင္ကစားရမည္ျဖစ္ေၾကာင္း သိရသည္။

Picture

Tha Lwin

18/08/2025 21:28

တိုင်းပြည် အတွက် ပတမဆုကြီးမုချရရှိကြပါစေ💪💪💪

Picture

Nadi Sis Mhoo

19/08/2025 23:21

ဖင္ခံေလ

Picture

Nadi Sis Mhoo

19/08/2025 23:23

ဖင္ကို အႀကီးႀကီးခံ

Related news

© 2021. All rights reserved.