ကျပ်သိန်းပေါင်း (၁၂) သိန်းကျော်တန်ဖိုးရှိ ဖားကန့် ကျောက်စိမ်းတုံးကို KIA က တစ်ဝက်ဈေးပင် မပေးဘဲ ခေါင်းပုံဖြတ်ယူဆောင်

587

သက်ပိုင် (NP News) - သြဂုတ် ၁၈
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံခင်းကျေးရွာအုပ်စု ဝှေခါကျေးရွာ၊ (၇)ရပ်ကွက်တွင် ဒေသခံများ တူးဖော်ရ ရှိခဲ့သည့် ကာလတန်ကြေး ကျပ်သိန်းပေါင်း (၁၂)သိန်းကျော် တန်ဖိုးရှိ ကျောက် စိမ်းတုံး တစ်တုံးကို KIA က ခေါင်းပုံ ဖြတ်ကာ ယူဆောင်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်က ဝှေခါ ကျေးရွာအနီးရှိလုပ်အကွက်အတွင်း ပြည်သူများက KIA ထံ ငွေပေး ကာ တူးဖော်ခဲ့ကြသည့် လုပ်ကွက်မှ သိန်းပေါင်း (၁၂)သိန်းကျော်တန်ကြေးရှိ ကျောက်စိမ်းတုံးတစ်တုံးကို ရရှိခဲ့ကြသော် လည်း KIA က သိန်းပေါင်း (၂)သိန်း (၆) သောင်းကျပ်ဖြင့်ဈေးဖြတ် ကာ ပြည်သူများကို ကျပ်သိန်း ပေါင်း (၁)သိန်း (၆) သောင်းကျော်သတ်မှတ်၍ အိမ်ထောင်စု (၂၀ဝ) ခန့် ကို တစ်အိမ်လျှင် ကျပ်သိန်း (၆၈၀)ပေးကာယူ ဆောင်သွားကြောင်း ဒေသခံများကဆိုသည်။
‘ကုမ္ပဏီကြီးတွေက မိုးတွင်းနားထားတော့ ဒေသခံတွေက တစ်အိမ်ထောင်ဆယ်သိန်းနှုန်းနဲ့စုပြီး KIA ဆီက လုပ်ကွက်ဝယ်ပြီးတူးကြတာ။ ကျောက်ရတာနဲ့ KIA က မတန်တဆပေးပြီးယူသွားတာ။ ကျောက်က အရည်တုံး တော်တော်ကောင်းတယ် ပြောတယ်။ မန်ကျည်းစေ့တစ်စေ့စာကိုတောင် သိန်း ခုနစ်ရာကျော် ရှစ်ရာလောက်ပေးရမယ်။ အခုက တစ်တန်လောက်ရှိတော့ အများကြီးတန်ဖိုးကြီးမှာ’ဟု အဆိုပါဒေသခံက ရှင်းပြသည်။ ထိုသို့မတန်တဆ ဈေးပေး ကာ ယူဆောင်သွားသည့် ကျောက်စိမ်းတုံးကို လက်ရှိ ဝှေခါကျေးရွာရှိ KIA အခြေစိုက်ရာနေရာ တွင်ထားရှိထားပြီး လိုင်ဇာသို့ပို့ဆောင်ရန် ပြုလုပ်နေကြောင်းနှင့် တရုတ်လောပန်းအချို့မှ ဝယ်ယူရန် ကြိုးပမ်းလျက်ရှိကြောင်း သိရှိသူ တစ်ဦးက ဆိုသည်။
‘တရုတ်လောပန်းတွေကတော့ အဲဒါကို သိန်းပေါင်း (၁၂)သိန်းအထိပေးတယ်လို့ပြောတယ်။ ဒါပေမဲ့ မရောင်းဘူး လို့ ကြားတယ်’ဟု ၎င်းက ဆိုသည်။ KIA အနေဖြင့် ဖားကန့်မြို့နယ်အတွင်းမှ ၎င်းတို့ထိန်းချုပ်ရာ ဒေသများတွင် ရေမဆေး ကျောက်ရှာဖွေသူများကို အကန့်အသတ်ဖြင့်သာ ရှာဖွေခွင့်ပြုပြီး အဖိုးတန်ကျောက် ရရှိလာပါက ငွေကြေး အနည်းငယ်ပေးကာ ကျောက်ကို သိမ်းယူခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

Zawgyi Version:
က်ပ္သိန္းေပါင္း (၁၂) သိန္းေက်ာ္တန္ဖိုးရွိ ဖားကန႔္ ေက်ာက္စိမ္းတုံးကို KIA က တစ္ဝက္ေဈးပင္ မေပးဘဲ ေခါင္းပုံျဖတ္ယူေဆာင္
သက္ပိုင္ (NP News) - ၾသဂုတ္ ၁၈
ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္၊ လုံခင္းေက်း႐ြာအုပ္စု ေဝွခါေက်း႐ြာ၊ (၇)ရပ္ကြက္တြင္ ေဒသခံမ်ား တူးေဖာ္ရ ရွိခဲ့သည့္ ကာလတန္ေၾကး က်ပ္သိန္းေပါင္း (၁၂)သိန္းေက်ာ္ တန္ဖိုးရွိ ေက်ာက္ စိမ္းတုံး တစ္တုံးကို KIA က ေခါင္းပုံ ျဖတ္ကာ ယူေဆာင္သြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ၿပီးခဲ့သည့္ ဩဂုတ္လ ပထမပတ္က ေဝွခါ ေက်း႐ြာအနီးရွိလုပ္အကြက္အတြင္း ျပည္သူမ်ားက KIA ထံ ေငြေပး ကာ တူးေဖာ္ခဲ့ၾကသည့္ လုပ္ကြက္မွ သိန္းေပါင္း (၁၂)သိန္းေက်ာ္တန္ေၾကးရွိ ေက်ာက္စိမ္းတုံးတစ္တုံးကို ရရွိခဲ့ၾကေသာ္ လည္း KIA က သိန္းေပါင္း (၂)သိန္း (၆) ေသာင္းက်ပ္ျဖင့္ေဈးျဖတ္ ကာ ျပည္သူမ်ားကို က်ပ္သိန္း ေပါင္း (၁)သိန္း (၆) ေသာင္းေက်ာ္သတ္မွတ္၍ အိမ္ေထာင္စု (၂၀ဝ) ခန႔္ ကို တစ္အိမ္လွ်င္ က်ပ္သိန္း (၆၈၀)ေပးကာယူ ေဆာင္သြားေၾကာင္း ေဒသခံမ်ားကဆိုသည္။
‘ကုမၸဏီႀကီးေတြက မိုးတြင္းနားထားေတာ့ ေဒသခံေတြက တစ္အိမ္ေထာင္ဆယ္သိန္းႏႈန္းနဲ႔စုၿပီး KIA ဆီက လုပ္ကြက္ဝယ္ၿပီးတူးၾကတာ။ ေက်ာက္ရတာနဲ႔ KIA က မတန္တဆေပးၿပီးယူသြားတာ။ ေက်ာက္က အရည္တုံး ေတာ္ေတာ္ေကာင္းတယ္ ေျပာတယ္။ မန္က်ည္းေစ့တစ္ေစ့စာကိုေတာင္ သိန္း ခုနစ္ရာေက်ာ္ ရွစ္ရာေလာက္ေပးရမယ္။ အခုက တစ္တန္ေလာက္ရွိေတာ့ အမ်ားႀကီးတန္ဖိုးႀကီးမွာ’ဟု အဆိုပါေဒသခံက ရွင္းျပသည္။ ထိုသို႔မတန္တဆ ေဈးေပး ကာ ယူေဆာင္သြားသည့္ ေက်ာက္စိမ္းတုံးကို လက္ရွိ ေဝွခါေက်း႐ြာရွိ KIA အေျခစိုက္ရာေနရာ တြင္ထားရွိထားၿပီး လိုင္ဇာသို႔ပို႔ေဆာင္ရန္ ျပဳလုပ္ေနေၾကာင္းႏွင့္ တ႐ုတ္ေလာပန္းအခ်ိဳ႕မွ ဝယ္ယူရန္ ႀကိဳးပမ္းလ်က္ရွိေၾကာင္း သိရွိသူ တစ္ဦးက ဆိုသည္။
‘တ႐ုတ္ေလာပန္းေတြကေတာ့ အဲဒါကို သိန္းေပါင္း (၁၂)သိန္းအထိေပးတယ္လို႔ေျပာတယ္။ ဒါေပမဲ့ မေရာင္းဘူး လို႔ ၾကားတယ္’ဟု ၎က ဆိုသည္။ KIA အေနျဖင့္ ဖားကန႔္ၿမိဳ႕နယ္အတြင္းမွ ၎တို႔ထိန္းခ်ဳပ္ရာ ေဒသမ်ားတြင္ ေရမေဆး ေက်ာက္ရွာေဖြသူမ်ားကို အကန႔္အသတ္ျဖင့္သာ ရွာေဖြခြင့္ျပဳၿပီး အဖိုးတန္ေက်ာက္ ရရွိလာပါက ေငြေၾကး အနည္းငယ္ေပးကာ ေက်ာက္ကို သိမ္းယူျခင္းမ်ား ျပဳလုပ္လ်က္ရွိေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။