မြန်မာနိုင်ငံမှ အရပ်အရှည်ဆုံးအမျိုးသား ကိုကောင်းညွှန့်ဝေက ဂျာမန်ဖိနပ်ထုတ်လုပ်သူထံမှ ဖိနပ်အသစ်တစ်ရံရရှိ

 28244

စော(NP News)-ဩဂုတ် ၁၈
မြန်မာနိုင်ငံမှ အရပ်အရှည်ဆုံး ကိုကောင်းညွှန့်ဝေက ဂျာမန်ဖိနပ်ထုတ်လုပ်သူ Georg Wessels ထံမှ ဖိနပ်အသစ်တစ်ရံရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးက ယနေ့ (ဩဂုတ် ၁၈ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် အရပ်အရှည်ဆုံးဖြစ်သည့်အပြင် ဘော်လီဘော ကစားသမားတစ်ဦးလည်းဖြစ်သည့် ကိုကောင်းညွှန့်ဝေဿည် အရပ် ၂ မီတာကျော် (၇ ပေ ၁ လက်မ)ရှိပြီး ဖိနပ်ဆိုဒ် ၅၂ ရှိသောကြောင့် ၎င်းအတွက် သင့်လျော်သောဖိနပ်ကိုရှာဖွေရန် မလွယ်ကူခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် ကိုကောင်းညွန့်ဝေအတွက် ဂျာမန်ဖိနပ်ထုတ်လုပ်သူ Georg Wessels ထံမှ စိတ်ကြိုက်ပြုလုပ်ပေးထားသော ဖိနပ်အသစ်တစ်ရံကို ရရှိခဲ့ကြောင်း ဂျာမနီသံရုံးက ဆိုသည်။
Georg Wesselsဆိုသူသည် ကမ္ဘာတစ်ဝှမ်းလုံးက အရပ်ရှည်သူများအတွက် အရွယ်အစားကြီးသော ဖိနပ်များကို ထုတ်လုပ်ရာတွင် ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး လွန်ခဲ့သည့် နှစ်အနည်းငယ်ကတည်းက မြန်မာနိုင်ငံရှိ အရပ်ရှည်သူများအတွက် အထူးဖိနပ်များကို ပံ့ပိုးပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version:
ျမန္မာႏိုင္ငံမွ အရပ္အရွည္ဆုံးအမ်ိဳးသား ကိုေကာင္းၫႊန႔္ေဝက ဂ်ာမန္ဖိနပ္ထုတ္လုပ္သူထံမွ ဖိနပ္အသစ္တစ္ရံရရွိ
ေစာ(NP News)-ဩဂုတ္ ၁၈
ျမန္မာႏိုင္ငံမွ အရပ္အရွည္ဆုံး ကိုေကာင္းၫႊန႔္ေဝက ဂ်ာမန္ဖိနပ္ထုတ္လုပ္သူ Georg Wessels ထံမွ ဖိနပ္အသစ္တစ္ရံရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ာမနီသံ႐ုံးက ယေန႔ (ဩဂုတ္ ၁၈ရက္)တြင္ အသိေပးထုတ္ျပန္ထားသည္။
ျမန္မာႏိုင္ငံတြင္ အရပ္အရွည္ဆုံးျဖစ္သည့္အျပင္ ေဘာ္လီေဘာ ကစားသမားတစ္ဦးလည္းျဖစ္သည့္ ကိုေကာင္းၫႊန႔္ေဝႆည္ အရပ္ ၂ မီတာေက်ာ္ (၇ ေပ ၁ လက္မ)ရွိၿပီး ဖိနပ္ဆိုဒ္ ၅၂ ရွိေသာေၾကာင့္ ၎အတြက္ သင့္ေလ်ာ္ေသာဖိနပ္ကိုရွာေဖြရန္ မလြယ္ကူခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။
ထို႔ေၾကာင့္ ကိုေကာင္းၫြန႔္ေဝအတြက္ ဂ်ာမန္ဖိနပ္ထုတ္လုပ္သူ Georg Wessels ထံမွ စိတ္ႀကိဳက္ျပဳလုပ္ေပးထားေသာ ဖိနပ္အသစ္တစ္ရံကို ရရွိခဲ့ေၾကာင္း ဂ်ာမနီသံ႐ုံးက ဆိုသည္။
Georg Wesselsဆိုသူသည္ ကမာၻတစ္ဝွမ္းလုံးက အရပ္ရွည္သူမ်ားအတြက္ အ႐ြယ္အစားႀကီးေသာ ဖိနပ္မ်ားကို ထုတ္လုပ္ရာတြင္ ကြၽမ္းက်င္သူတစ္ဦးျဖစ္ၿပီး လြန္ခဲ့သည့္ ႏွစ္အနည္းငယ္ကတည္းက ျမန္မာႏိုင္ငံရွိ အရပ္ရွည္သူမ်ားအတြက္ အထူးဖိနပ္မ်ားကို ပံ့ပိုးေပးလ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

Picture

Tha Lwin

20/08/2025 17:29

😀😀😀👍👍👍

Picture

Tha Lwin

20/08/2025 17:30

😀😀😀👍👍👍

Related news

© 2021. All rights reserved.