မိုးနဲတွင် TNLAနှင့် MNDAA အဖွဲများ အလိုမရှိကြောင်းနှင့် ရှမ်းပြည်မှ ထွက်သွားရန် ဒေသခံမျာ ဆန္ဒထုတ်ဖော်

 2225

သန့်ဇင်(NP News)-ဩဂုတ် ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့တွင် TNLAနှင့် MNDAA အဖွဲများ အလိုမရှိကြောင်းနှင့် ရှမ်းပြည်မှ ထွက်သွားရန် ဒေသခံများ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ခြင်းကို ယနေ့(ဩဂုတ်လ ၁၈ရက်) နံနက်ပိုင်းက မိုးနဲမြို့တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်

“မနက်က ဆန္ဒဖော်ထုတ်တာပါ။ ဆန္ဒဖော်ထုတ်တဲ့ လူအင်အားက (၅၀)၊ (၁၀၀)လောက်ပါပဲ။ မိုးနဲတို့ လင်းခေးတို့က RCSS နယ်မြေ တွေပါ”ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

ဒေသခံပြည်သူများက TNLAနှင့် MNDAA သောင်းကျန်းသူအဖွဲများ အလိုမရှိ၊ ရှမ်းပြည်နယ်မှ အမြန်ဆုံးထွက်သွားဆိုသော ကြွေးကြော် သံများနဲ့အတူ၊ “ရှမ်းပြည်သူလူထုအေးချမ်းစွာနေနိုင်ရေး TNLA၊ MNAA ရှမ်းဒေသမှ အမြန်ဆုံးထွက်ခွာပေး”နှင့် “ပြည်နယ်ငြိမ်းချမ်း ရေးကို ထိခိုက်စေသည့် အကြမ်းဖက်မှုများ အလို့မရှိ”ဟုသော ဆိုင်းဘုတ်များကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

(၁၀၂၇) စစ်ဆင်ရေးအမည်ဖြင့် TNLA၊ MNDAAနှင့် AA အဖွဲ့တို့သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများဖော်ဆောင်ခဲ့ပြီး လက်ရှိအချိန် ထိ ကျောက်မဲ၊ သီပေါနှင့် သိန္နီမြို့တို့ကို ထိန်းချုပ်ထားသည့်အတွက် ဒေသခံများစွာသည် ရှမ်းတောင်ပိုင်းနှင့် အခြားသော ဒေသများသို့ နေရပ်စွန့်ခွာနေရဆဲဖြစ်ကြောင်း သိရသည်။

Zawgyi Version:
မိုးနဲတြင္ TNLAႏွင့္ MNDAA အဖြဲမ်ား အလိုမရွိေၾကာင္းႏွင့္ ရွမ္းျပည္မွ ထြက္သြားရန္ ေဒသခံမ်ာ ဆႏၵထုတ္ေဖာ္
သန႔္ဇင္(NP News)-ဩဂုတ္ ၁၈

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ မိုးနဲၿမိဳ႕တြင္ TNLAႏွင့္ MNDAA အဖြဲမ်ား အလိုမရွိေၾကာင္းႏွင့္ ရွမ္းျပည္မွ ထြက္သြားရန္ ေဒသခံမ်ား ဆႏၵထုတ္ေဖာ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ ဆႏၵထုတ္ေဖာ္ျခင္းကို ယေန႔(ဩဂုတ္လ ၁၈ရက္) နံနက္ပိုင္းက မိုးနဲၿမိဳ႕တြင္ လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္

“မနက္က ဆႏၵေဖာ္ထုတ္တာပါ။ ဆႏၵေဖာ္ထုတ္တဲ့ လူအင္အားက (၅၀)၊ (၁၀၀)ေလာက္ပါပဲ။ မိုးနဲတို႔ လင္းေခးတို႔က RCSS နယ္ေျမ ေတြပါ”ဟု ေဒသခံအမ်ိဳးသားတစ္ဦးက ဆိုသည္။

ေဒသခံျပည္သူမ်ားက TNLAႏွင့္ MNDAA ေသာင္းက်န္းသူအဖြဲမ်ား အလိုမရွိ၊ ရွမ္းျပည္နယ္မွ အျမန္ဆုံးထြက္သြားဆိုေသာ ေႂကြးေၾကာ္ သံမ်ားနဲ႔အတူ၊ “ရွမ္းျပည္သူလူထုေအးခ်မ္းစြာေနႏိုင္ေရး TNLA၊ MNAA ရွမ္းေဒသမွ အျမန္ဆုံးထြက္ခြာေပး”ႏွင့္ “ျပည္နယ္ၿငိမ္းခ်မ္း ေရးကို ထိခိုက္ေစသည့္ အၾကမ္းဖက္မႈမ်ား အလို႔မရွိ”ဟုေသာ ဆိုင္းဘုတ္မ်ားကိုင္ေဆာင္ကာ ၿငိမ္းခ်မ္းစြာ ဆႏၵေဖာ္ထုတ္ခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။

(၁၀၂၇) စစ္ဆင္ေရးအမည္ျဖင့္ TNLA၊ MNDAAႏွင့္ AA အဖြဲ႕တို႔သည္ ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ တိုက္ပြဲမ်ားေဖာ္ေဆာင္ခဲ့ၿပီး လက္ရွိအခ်ိန္ ထိ ေက်ာက္မဲ၊ သီေပါႏွင့္ သိႏၷီၿမိဳ႕တို႔ကို ထိန္းခ်ဳပ္ထားသည့္အတြက္ ေဒသခံမ်ားစြာသည္ ရွမ္းေတာင္ပိုင္းႏွင့္ အျခားေသာ ေဒသမ်ားသို႔ ေနရပ္စြန႔္ခြာေနရဆဲျဖစ္ေၾကာင္း သိရသည္။

Picture

Tha Lwin

20/08/2025 08:58

👍👍👍

Related news

© 2021. All rights reserved.