နိုင်ငံရေးလောကမှ ထင်ရှားသူအချို့ကို ပါတီအတွင်းဝင်ရောက်ရန် NDF က ချိတ်ဆက်နေ

 423

Pearl(NP News)ဩဂုတ်၁၈
နိုင်ငံရေးလောကမှ ထင်ရှားသူအချို့ကို ပါတီအတွင်း ဝင်ရောက်ရန် အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီ (NDF) က ချိတ်ဆက်နေကြောင်း အဆိုပါ ပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးထက်အောင်ကျော်က NP News သို့ ပြောသည်။
ထွက်ပေါ်နေသော သတင်းများအရ ပြီးခဲ့သည့်ရက်ပိုင်းတွင် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) မှ နုတ်ထွက်ခဲ့သူ ဒေါက်တာ မျိုးဆက်သွေး၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်စန္ဒာမင်း၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ညို ညိုသင်း တို့ကို ချိတ်ဆက်နေကြောင်း သိရသည်။
‘ကျွန်တော်တို့ကတော့ ပြောဆိုဆွေးနွေး နေဆဲပေါ့လေ။ စည်းရုံးနေဆဲပါပဲ။ သေချာသွား ရင်တော့ သတင်းစာ ရှင်းလင်းပွဲသော်လည်းကောင်း လုပ်ပါမယ်။ ကျွန်တော်တို့ ချိတ်ဆက်နေပါတယ်။ ကျွန်တော်တို့ဘက်က ကမ်းလှမ်း တာပါ’ ဟု NDF ပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးထက်အောင်ကျော်က NP News သို့ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ပြည်သူ့ရှေ့ဆောင် ပါတီ (PPP)၏ အတွင်းရေးမှူးအဖြစ်မှနုတ် ထွက်ခဲ့သည့် ဒေါက်တာ မျိုးဆက်သွေးကိုလည်း NDF ပါတီမှ ဆက်သွယ်ကမ်းလှမ်းထားပြီး ၎င်းအနေဖြင့် NDF ပါတီနှင့် ပူးတွဲ၍ နိုင်ငံရေး လုပ် ငန်းများဆောင်ရွက်ရန် အလားအလာရှိကြောင်းလည်း သိရသည်။
“NDF က ကျွန်တော့်ကို ဆက်သွယ်ထား တဲ့အထဲမှာတော့ပါပါတယ်။ ကျွန်တော်လည်း စဉ်းစားနေပါတယ်။ NDF ကနေ ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ အလားအလာ တော်တော်လေး ရှိပါတယ်။ ကျွန်တော်က မူလကတည်းက အမျိုးသားရေး သမား မဟုတ်ဘူးပေါ့နော်။ ဒီမိုကရက်တစ်ဘက်တော်သားပေါ့။ ဖြတ်သန်းခဲ့တဲ့ ကျွန်တော်ရဲ့ သမိုင်းကြောင်းလည်း အဲဒီ ဘက်ကို ပိုပြီးအားသန်ခဲ့တဲ့လူပေါ့။ PPP နဲ့ ပေါင်းခဲ့တာလည်း မသက်လည်း NLD ကလူပဲလေ။ ဒီမိုကရေစီစံနှုန်းနဲ့ ဒီမို ကရေစီအသွင်းကူးပြောင်းရေးကို ကျွန်တော်တို့က တန်ဖိုးထားတာကိုး။ အခု ပြန်စဉ်းစားတဲ့အခါမှာလည်း အဲဒီလိုမျိုး ပါတီတွေကိုပဲ စဉ်းစားတာပေါ့။ စဉ်းစားတဲ့အခါမှာ ကျွန်တော်အစိုးရဝန်ထမ်းလုပ်ကတည်းက NDF ကတော့ အရင် တုန်းကတည်းက အန်ကယ် ဦးခင်မောင်ဆွေတို့နဲ့ ခင်မင်တယ်။ အခု ဒုဥက္ကဋ္ဌလုပ်နေတဲ့ ကိုထက်အောင်ကျော်တို့နဲ့ ခင်ခဲ့တယ်ပေါ့နော်။ ပုဂ္ဂိုလ်ရေးအရ ခင်မင်ခဲ့ပြီးတော့ သူတို့ပါတီအတွက်လည်း အကြံပေး ခဲ့ဖူးတာလေးတွေ ရှိတယ်။ အခုချိန်ပြန်စဉ်းစားတဲ့ အခါမှာ ခေါင်းဆောင်မှုပိုင်းမှာလည်း ကျွန်တော်နဲ့ ပုဂ္ဂိုလ်ရေးအရခင်မင်တဲ့လူရှိတယ် တခြား အပိုင်းတွေမှာလည်းရှိတယ်။ နိုင်ငံရေးဖြတ်သန်းမှု အသိုင်းအဝိုင်းအရလည်းပဲ NDF ဘက်က ဒီမိုကရေစီ အသွင်ကူး ပြောင်းရေးကို မယိမ်းမယိုင်ဘဲနဲ့ တစိုက်မတ်မတ်လုပ်လာခဲ့တဲ့ ပါတီပေါ့နော်။ ယုံကြည်တယ်။ အဓိကကတော့ ပါတီရဲ့ သမိုင်းကြောင်းနဲ့ အစဉ်တစိုက် လုပ်ခဲ့တာတွေအပေါ်မှာလည်း ယုံကြည်တယ်၊ နောက်ပြီး လက်တွဲလုပ်ရမယ့်လူတွေ အပေါ်မှာလည်း ပုဂ္ဂိုလ်ရေးခင်မင်ရင်းစွဲရှိတယ်ပေါ့လေ။ အဲဒါကြောင့်ပဲ အဓိက ပိုပြီးစဉ်းစားဖြစ်တာပါ’ ဟု ဒေါက်တာ မျိုးဆက်သွေးက NP News သို့ပြောသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်းကိုလည်း NDF အပါအဝင် နိုင်ငံရေးပါတီအချို့က ကမ်းလှမ်းထားပြီး ဒေါ်ညိုညိုသင်းအနေဖြင့် လက်ရှိ တွင် မည်သည့်ပါတီနှင့်မျှ ပူးပေါင်းရန်မရှိ ကြောင်းလည်း သိရသည်။
“NDF မှမဟုတ်ဘူး။ တော်တော်များများက ကမ်းလှမ်းပါတယ်။ မပူးပေါင်းပါဘူး။ မဟုတ်ပါဘူး” ဟု ဒေါ်ညိုညို သင်းက ပြောသည်။
(NDF) ပါတီသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ခွဲထွက်၍ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) အဖြစ်ထူထောင်ပြီး (၂၀၁၀) ပြည့်နှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသား လွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ်နေရာ အချို့တွင် အနိုင်ရရှိခဲ့သည်။
လာမည့် ရွေးကောက်ပွဲတွင်လည်း NDF အနေဖြင့် ပြည်ထောင်စုအဆင့်ယှဉ်ပြိုင်မည့် ပါတီတစ်ခုအဖြစ် မှတ်ပုံ တင်ထားပြီး ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က (၂၀၂၃)ခုနှစ် နိုဝင်ဘာလ (၂၃)ရက်တွင် မှတ်ပုံတင်အမှတ် (၄၃) ဖြင့် ခွင့်ပြုခဲ့ကြောင်း သိရသည်။

Zawgyi Version:
ႏိုင္ငံေရးေလာကမွ ထင္ရွားသူအခ်ိဳ႕ကို ပါတီအတြင္းဝင္ေရာက္ရန္ NDF က ခ်ိတ္ဆက္ေန
Pearl(NP News)ဩဂုတ္၁၈
ႏိုင္ငံေရးေလာကမွ ထင္ရွားသူအခ်ိဳ႕ကို ပါတီအတြင္း ဝင္ေရာက္ရန္ အမ်ိဳးသားဒီမိုကေရစီ အင္အားစု ပါတီ (NDF) က ခ်ိတ္ဆက္ေနေၾကာင္း အဆိုပါ ပါတီ၏ ဒုတိယ ဥကၠ႒ ဦးထက္ေအာင္ေက်ာ္က NP News သို႔ ေျပာသည္။
ထြက္ေပၚေနေသာ သတင္းမ်ားအရ ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ျပည္သူ႔ေရွ႕ေဆာင္ပါတီ (PPP) မွ ႏုတ္ထြက္ခဲ့သူ ေဒါက္တာ မ်ိဳးဆက္ေသြး၊ လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ေဒၚစႏၵာမင္း၊ လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ေဒၚညိဳ ညိဳသင္း တို႔ကို ခ်ိတ္ဆက္ေနေၾကာင္း သိရသည္။
‘ကြၽန္ေတာ္တို႔ကေတာ့ ေျပာဆိုေဆြးေႏြး ေနဆဲေပါ့ေလ။ စည္း႐ုံးေနဆဲပါပဲ။ ေသခ်ာသြား ရင္ေတာ့ သတင္းစာ ရွင္းလင္းပြဲေသာ္လည္းေကာင္း လုပ္ပါမယ္။ ကြၽန္ေတာ္တို႔ ခ်ိတ္ဆက္ေနပါတယ္။ ကြၽန္ေတာ္တို႔ဘက္က ကမ္းလွမ္း တာပါ’ ဟု NDF ပါတီ၏ ဒုတိယ ဥကၠ႒ ဦးထက္ေအာင္ေက်ာ္က NP News သို႔ေျပာသည္။
ၿပီးခဲ့သည့္ ရက္ပိုင္းက ျပည္သူ႔ေရွ႕ေဆာင္ ပါတီ (PPP)၏ အတြင္းေရးမႉးအျဖစ္မွႏုတ္ ထြက္ခဲ့သည့္ ေဒါက္တာ မ်ိဳးဆက္ေသြးကိုလည္း NDF ပါတီမွ ဆက္သြယ္ကမ္းလွမ္းထားၿပီး ၎အေနျဖင့္ NDF ပါတီႏွင့္ ပူးတြဲ၍ ႏိုင္ငံေရး လုပ္ ငန္းမ်ားေဆာင္႐ြက္ရန္ အလားအလာရွိေၾကာင္းလည္း သိရသည္။
“NDF က ကြၽန္ေတာ့္ကို ဆက္သြယ္ထား တဲ့အထဲမွာေတာ့ပါပါတယ္။ ကြၽန္ေတာ္လည္း စဥ္းစားေနပါတယ္။ NDF ကေန ေ႐ြးေကာက္ပြဲ ဝင္ၿပိဳင္ဖို႔ အလားအလာ ေတာ္ေတာ္ေလး ရွိပါတယ္။ ကြၽန္ေတာ္က မူလကတည္းက အမ်ိဳးသားေရး သမား မဟုတ္ဘူးေပါ့ေနာ္။ ဒီမိုကရက္တစ္ဘက္ေတာ္သားေပါ့။ ျဖတ္သန္းခဲ့တဲ့ ကြၽန္ေတာ္ရဲ႕ သမိုင္းေၾကာင္းလည္း အဲဒီ ဘက္ကို ပိုၿပီးအားသန္ခဲ့တဲ့လူေပါ့။ PPP နဲ႔ ေပါင္းခဲ့တာလည္း မသက္လည္း NLD ကလူပဲေလ။ ဒီမိုကေရစီစံႏႈန္းနဲ႔ ဒီမို ကေရစီအသြင္းကူးေျပာင္းေရးကို ကြၽန္ေတာ္တို႔က တန္ဖိုးထားတာကိုး။ အခု ျပန္စဥ္းစားတဲ့အခါမွာလည္း အဲဒီလိုမ်ိဳး ပါတီေတြကိုပဲ စဥ္းစားတာေပါ့။ စဥ္းစားတဲ့အခါမွာ ကြၽန္ေတာ္အစိုးရဝန္ထမ္းလုပ္ကတည္းက NDF ကေတာ့ အရင္ တုန္းကတည္းက အန္ကယ္ ဦးခင္ေမာင္ေဆြတို႔နဲ႔ ခင္မင္တယ္။ အခု ဒုဥကၠ႒လုပ္ေနတဲ့ ကိုထက္ေအာင္ေက်ာ္တို႔နဲ႔ ခင္ခဲ့တယ္ေပါ့ေနာ္။ ပုဂၢိဳလ္ေရးအရ ခင္မင္ခဲ့ၿပီးေတာ့ သူတို႔ပါတီအတြက္လည္း အႀကံေပး ခဲ့ဖူးတာေလးေတြ ရွိတယ္။ အခုခ်ိန္ျပန္စဥ္းစားတဲ့ အခါမွာ ေခါင္းေဆာင္မႈပိုင္းမွာလည္း ကြၽန္ေတာ္နဲ႔ ပုဂၢိဳလ္ေရးအရခင္မင္တဲ့လူရွိတယ္ တျခား အပိုင္းေတြမွာလည္းရွိတယ္။ ႏိုင္ငံေရးျဖတ္သန္းမႈ အသိုင္းအဝိုင္းအရလည္းပဲ NDF ဘက္က ဒီမိုကေရစီ အသြင္ကူး ေျပာင္းေရးကို မယိမ္းမယိုင္ဘဲနဲ႔ တစိုက္မတ္မတ္လုပ္လာခဲ့တဲ့ ပါတီေပါ့ေနာ္။ ယုံၾကည္တယ္။ အဓိကကေတာ့ ပါတီရဲ႕ သမိုင္းေၾကာင္းနဲ႔ အစဥ္တစိုက္ လုပ္ခဲ့တာေတြအေပၚမွာလည္း ယုံၾကည္တယ္၊ ေနာက္ၿပီး လက္တြဲလုပ္ရမယ့္လူေတြ အေပၚမွာလည္း ပုဂၢိဳလ္ေရးခင္မင္ရင္းစြဲရွိတယ္ေပါ့ေလ။ အဲဒါေၾကာင့္ပဲ အဓိက ပိုၿပီးစဥ္းစားျဖစ္တာပါ’ ဟု ေဒါက္တာ မ်ိဳးဆက္ေသြးက NP News သို႔ေျပာသည္။
အလားတူ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ေဒၚညိဳညိဳသင္းကိုလည္း NDF အပါအဝင္ ႏိုင္ငံေရးပါတီအခ်ိဳ႕က ကမ္းလွမ္းထားၿပီး ေဒၚညိဳညိဳသင္းအေနျဖင့္ လက္ရွိ တြင္ မည္သည့္ပါတီႏွင့္မွ် ပူးေပါင္းရန္မရွိ ေၾကာင္းလည္း သိရသည္။
“NDF မွမဟုတ္ဘူး။ ေတာ္ေတာ္မ်ားမ်ားက ကမ္းလွမ္းပါတယ္။ မပူးေပါင္းပါဘူး။ မဟုတ္ပါဘူး” ဟု ေဒၚညိဳညိဳ သင္းက ေျပာသည္။
(NDF) ပါတီသည္ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ (NLD) မွ ခြဲထြက္၍ အမ်ိဳးသားဒီမိုကေရစီ အင္အားစုပါတီ (NDF) အျဖစ္ထူေထာင္ၿပီး (၂၀၁၀) ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ရာ အမ်ိဳးသား လႊတ္ေတာ္၊ ျပည္သူ႔လႊတ္ေတာ္ႏွင့္ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္အမတ္ေနရာ အခ်ိဳ႕တြင္ အႏိုင္ရရွိခဲ့သည္။
လာမည့္ ေ႐ြးေကာက္ပြဲတြင္လည္း NDF အေနျဖင့္ ျပည္ေထာင္စုအဆင့္ယွဥ္ၿပိဳင္မည့္ ပါတီတစ္ခုအျဖစ္ မွတ္ပုံ တင္ထားၿပီး ျပည္ေထာင္စုေ႐ြး ေကာက္ပြဲေကာ္မရွင္က (၂၀၂၃)ခုႏွစ္ ႏိုဝင္ဘာလ (၂၃)ရက္တြင္ မွတ္ပုံတင္အမွတ္ (၄၃) ျဖင့္ ခြင့္ျပဳခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.