နယ်စပ်ကုန်သွယ်ရေးမှ သွင်းကုန်တင်သွင်းသူများအနေဖြင့် ပို့ကုန်မှရရှိငွေ (Export Earning) ရှိပါက သွင်းကုန် လိုင်စင် ခွင့်ပြုပေးမည်ဟု သိရ

326
ပီယ (NP News) - ဩဂုတ် ၁၉
နယ်စပ်ကုန်သွယ်ရေးမှ သွင်းကုန်တင်သွင်းသူများအနေဖြင့် ပို့ကုန်မှရရှိငွေ (Export Earning) ရှိပါက သွင်းကုန် လိုင်စင် ခွင့်ပြုပေးမည် ဖြစ်ကြောင်း NP News သတင်းဌာနက စုံစမ်း သိရှိရသည်။
ယင်းသို့ ခွင့်ပြုပေးမည်ဟု သိရကာ တင်သွင်းလိုသည့် ကုန်ပစ္စည်းအားလုံး အတွက် သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်ကြောင်း၊ ယခုကာလတွင် ရနောင်း - ကော့သောင်း - ရန်ကုန် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ သင်္ဘောများဖြင့် တင်သွင်းခြင်းသည် ပိုမိုအဆင်ပြေ နေသည်ဟု လည်း သိရသည်။
ရနောင်းဆိပ်ကမ်းမှ တင်သွင်းမည့်ကုမ္ပဏီများအား သွင်းကုန် လိုင်စင်များ ဦးစားပေး၍ ပိုမိုခွင့်ပြုပေးမည်ဖြစ်ပြီး သင်္ဘောများ လုံလောက်စွာရှိနေကြောင်း၊ သင်္ဘော ပိုင်ရှင်များ၊ ကုန်ပစ္စည်းပိုင်ရှင်များမှ သွင်းကုန်လိုင်စင်ယူ၍ တရားဝင်ကုန်သွယ်ရေးဆောင်ရွက်ရန်နှင့် ပုံမှန်အတိုင်း ကော့သောင်းကဲ့သို့ Check Point များတွင် စစ်ဆေးခံရန် လိုအပ်ကြောင်းလည်းစုံစမ်း သိရှိရသည်။
Zawgyi Version:
နယ္စပ္ကုန္သြယ္ေရးမွ သြင္းကုန္တင္သြင္းသူမ်ားအေနျဖင့္ ပို႔ကုန္မွရရွိေငြ (Export Earning) ရွိပါက သြင္းကုန္ လိုင္စင္ ခြင့္ျပဳေပးမည္ဟု သိရ
ပီယ (NP News) - ဩဂုတ္ ၁၉
နယ္စပ္ကုန္သြယ္ေရးမွ သြင္းကုန္တင္သြင္းသူမ်ားအေနျဖင့္ ပို႔ကုန္မွရရွိေငြ (Export Earning) ရွိပါက သြင္းကုန္ လိုင္စင္ ခြင့္ျပဳေပးမည္ ျဖစ္ေၾကာင္း NP News သတင္းဌာနက စုံစမ္း သိရွိရသည္။
ယင္းသို႔ ခြင့္ျပဳေပးမည္ဟု သိရကာ တင္သြင္းလိုသည့္ ကုန္ပစၥည္းအားလုံး အတြက္ သြင္းကုန္လိုင္စင္ေလွ်ာက္ထားရန္ လိုအပ္ေၾကာင္း၊ ယခုကာလတြင္ ရေနာင္း - ေကာ့ေသာင္း - ရန္ကုန္ နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းမွ သေဘၤာမ်ားျဖင့္ တင္သြင္းျခင္းသည္ ပိုမိုအဆင္ေျပ ေနသည္ဟု လည္း သိရသည္။
ရေနာင္းဆိပ္ကမ္းမွ တင္သြင္းမည့္ကုမၸဏီမ်ားအား သြင္းကုန္ လိုင္စင္မ်ား ဦးစားေပး၍ ပိုမိုခြင့္ျပဳေပးမည္ျဖစ္ၿပီး သေဘၤာမ်ား လုံေလာက္စြာရွိေနေၾကာင္း၊ သေဘၤာ ပိုင္ရွင္မ်ား၊ ကုန္ပစၥည္းပိုင္ရွင္မ်ားမွ သြင္းကုန္လိုင္စင္ယူ၍ တရားဝင္ကုန္သြယ္ေရးေဆာင္႐ြက္ရန္ႏွင့္ ပုံမွန္အတိုင္း ေကာ့ေသာင္းကဲ့သို႔ Check Point မ်ားတြင္ စစ္ေဆးခံရန္ လိုအပ္ေၾကာင္းလည္းစုံစမ္း သိရွိရသည္။