ထိန်းချုပ်ဒေသတွင် တအာင်း (ပလောင်) (၁၉) ရာခိုင်နှုန်းကျော်သာရှိသော TNLA တို့ ကျည်ဝယ် ခက်နေသည့်အပြင် မီးဝိုင်းနေ

2935

သုတကျော်၊ သန့်ဇင် (NP News) - သြဂတ် ၁၉
ထိန်းချုပ်ဒေသတွင် တအာင်း (ပလောင်) တိုင်းရင်းသား (၁၉)ရာခိုင်နှုန်းကျော်သာရှိသော TNLA တို့ ကျည်ဆန်ဝယ်ခက်နေသည့်အပြင် နယ်မြေအရလည်း မီးဝိုင်းနေပြီဖြစ်ကြောင်း NP News က စုံစမ်း မေးမြန်းချက်များနှင့် အချက် အလက်များအရသိရသည်။
ယခင် မိတ်ဖက်အဖွဲ့အစည်းများနှင့် နယ်မြေအငြင်းပွားကာ အချိန်မရွေး လက်နက်ကိုင်ပဋိပက္ခ အဆင့် ရောက်နိုင်သည့်အပြင် TNLA ထိန်းချုပ်ဒေသများတွင် တိုင်းရင်းသားပေါင်းစုံရှိနေပြီး ယင်းအဖွဲ့၏ ကျောရိုးဖြစ်သော တအာင်း (ပလောင်) တိုင်းရင်းသားမှာ (၁၉ ဒသမ ၉)ရာခိုင်နှုန်းသာရှိနေပြီး တအာင်း စာကို ရုံးသုံးဘာသာပြောင်းလိုက်ခြင်းနှင့် အခြားတိုင်းရင်းသားများ၏ လက်ခံအသိအမှတ်ပြုမှုကလည်း စိန်ခေါ်မှုဖြစ်နေသည်ဟု ISP Myanmar ၏ အချက်အလက်များအရ သိရသည်။ တစ်ဖက်တွင်လည်း TNLA တို့ထိန်းချုပ်ရာ နောင်ချိုမြို့ကို တပ်မတော်ကသိမ်းပိုက်နိုင်ခဲ့သည့် အပြင် တပ်မတော်၏ ထိုးစစ် ကြောင့် အခက်တွေ့နေရသည်သာမက မန္တလေးတိုင်းဒေသကြီးအတွင်းက ၎င်းတို့ လက်ဝေခံတပည့် ဖြစ် သော MDY-PDF နှင့် လည်း သပိတ်ကျင်းမြို့ကို ထိန်းချုပ်ခြင်းအပါအဝင် အခြားထိုးစစ်များဖြင့် ပိတ်ဆို့ ထားနိုင်ခဲ့သည်။
လက်ရှိ တပ်မတော်၏ထိုးစစ် အားကောင်းလာခြင်းနှင့်အတူ လူထုထောက်ခံမှုကျဆင်းနေသည့် TNLA အနေဖြင့် ၎င်းတို့ထိန်းချုပ်ထားသောမြို့များကိုစွန့်လွှတ်ကာ လာရင်းဒေသသို့ပြန်ရတော့မည် ဖြစ် ကြောင်း သုံးသပ်ခြင်းများလည်းရှိနေသည်။ ထို့ပြင် TNLA ထောက်ခံသူများဘက်မှ ထွက်ပေါ်လာသော သတင်းအချို့အရ ရှေ့တန်းတွင် တိုက်ပွဲဝင်နေသော ၎င်းတို့၏ တပ်ဖွဲ့ဝင်များအတွက် လက်နက်ဖြည့် တင်းမှု မလုပ်နိုင်တော့ကြောင်း သိရသည်။
ယင်းသို့ အခြေအနေကြားတွင် ယခင်လက်နက်ဝယ်လက်ဖြစ်သော MNDAA နှင့် UWSA တို့ထံမှ လက်နက်ဝယ်မရတော့သည့် အခြေအနေကိုရင်ဆိုင်နေရကြောင်း TNLA နှင့်ပတ်သက် ၍ NP News သို့ အစဉ်တစိုက် သုံးသပ်ပြောကြားပေးခဲ့သူ တပ်မတော်အရာရှိဟောင်း ဦးခိုင်ဇော်ကပြောသည်။ “တစ် အချက်က ကျည်ဆန်မရှိဘူး။ ခဲယမ်းပြတ်နေပြီ။ အရင်တုန်းက ကိုးကန့်ကရောင်းတာ။ ကိုးကန့်ကို တရုတ်က ဖိအားပေးလိုက်တဲ့အခါ ကျတော့ ပြီးခဲ့တဲ့ တစ်လခွဲ နောင်ချိုမသိမ်းခင်က ကိုးကန့် က သူ့ကို (ခဲယမ်း) ပေးလိုက်တယ်။ တော်တော်များများပေးလိုက်တယ်။ သို့သော် အခုဒီတစ်ခေါက် ထပ်တောင်း တော့ ကိုးကန့်က သူ့ကိုမပေးတော့ဘူး။ ပေးတယ်ဆိုတာက မရောင်းချင်လို့။ ဟေ့ကောင် ယူသွားကွာ ဆိုပြီး ပေးလိုက်တာ။ ဒီတစ်ခါတော့ ဘာမှကို မပေးတော့ဘူး။ ကိုးကန့်ရော၊ “ဝ”ရော ခဲယမ်းမရောင်း တော့ဘူး”ဟု ၎င်းက ပြောသည်။
တစ်ဖက်တွင် လက်နက်စက်ရုံရှိသည်ဟု ဆိုသော KIA ထံမှ လက်နက်ဝယ်ယူရန် စဉ်းစားပါ ကလည်း PDF များနှင့် AA ကို လက်နက်မျှပေးနေရ သည့်အပြင် ဗန်းမော်တွင် မီးကုန်ယမ်းကုန် ကျည် ဆန်သုံးထားရသည့်အခြေအနေဖြစ်ကြောင်း ဦးခိုင် ဇော်ကပြောသည်။
“ဒီကောင် ဆုတ်မှာ၊ ဆုတ်မှာ။ အေးဆေး ဆုတ်ရမှာပါ” ဟု ၎င်းကဆိုသည်။ တစ်ဖက်တွင် TNLA တပ်ဖွဲ့ ဝင်များအတွင်း စိတ်ဓာတ်ကျဆင်းမှုများရှိနေပြီး အလင်းဝင်လိုသူလည်း များပြားနေကြောင်း ဦးခိုင်ဇော် ကပြောသည်။ “ကျွန်တော့် စည်းရုံးရေးနယ်မြေမှာကို လက်ခံထားတာ (၁၈)ယောက်ရှိတယ်။ နောက်ထပ် (၁၃)ယောက်ကလည်းစောင့်နေတယ်။ မသွားနိုင်သေးလို့။ ကျွန်တော်တစ်ယောက်တည်းကို အယောက် (၃၀)လောက်ဖြစ်နေပြီ”ဟု ဦးခိုင်ဇော်ကဆိုသည်။ ယခုလအတွင်း တပ်မတော်နှင့် TNLA တို့ တရုတ် နိုင်ငံ တွင် ဆွေးနွေးဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်နေပြီး ငြိမ်းချမ်းရေးကို တရုတ်နိုင်ငံက ကမကထ ပြု နေသော်လည်း TNLA ခေါင်းဆောင် တာဘုန်းကျော် ကိုယ်တိုင်ကပင် တရုတ်ကို ဝေဖန်ပြောကြားချက် များကို ၎င်း၏ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင်ရေးသားထားသည်။ ထို့ပြင် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများမဖြစ်ပွားစေရေးအတွက် TNLA အပေါ် တရုတ်၏ဖိအားပေးခြင်းကလည်း ကြီးမားနေကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက သတင်း စာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ဖူး သော်လည်း ၎င်းတို့ ၏ စိတ်ဓာတ်ပျက်ပြားနေခြင်းနှင့် ထိန်းချုပ်နယ်မြေတွင် ဒေသခံတိုင်းရင်းသားများ ကို အနိုင်အထက်ပြုနေခြင်းကို ထုတ်ဖော်ပြောကြားခြင်းမရှိပေ။

Zawgyi Version:
ထိန္းခ်ဳပ္ေဒသတြင္ တအာင္း (ပေလာင္) (၁၉) ရာခိုင္ႏႈန္းေက်ာ္သာရွိေသာ TNLA တို႔ က်ည္ဝယ္ ခက္ ေနသည့္အျပင္ မီးဝိုင္းေန
သုတေက်ာ္၊ သန႔္ဇင္ (NP News) - ၾသဂတ္ ၁၉
ထိန္းခ်ဳပ္ေဒသတြင္ တအာင္း (ပေလာင္) တိုင္းရင္းသား (၁၉)ရာခိုင္ႏႈန္းေက်ာ္သာရွိေသာ TNLA တို႔ က်ည္ဆန္ဝယ္ခက္ေနသည့္အျပင္ နယ္ေျမအရလည္း မီးဝိုင္းေနၿပီျဖစ္ေၾကာင္း NP News က စုံစမ္း ေမးျမန္းခ်က္မ်ားႏွင့္ အခ်က္ အလက္မ်ားအရသိရသည္။
ယခင္ မိတ္ဖက္အဖြဲ႕အစည္းမ်ားႏွင့္ နယ္ေျမအျငင္းပြားကာ အခ်ိန္မေ႐ြး လက္နက္ကိုင္ပဋိပကၡ အဆင့္ ေရာက္ႏိုင္သည့္အျပင္ TNLA ထိန္းခ်ဳပ္ေဒသမ်ားတြင္ တိုင္းရင္းသားေပါင္းစုံရွိေနၿပီး ယင္းအဖြဲ႕၏ ေက်ာ႐ိုးျဖစ္ေသာ တအာင္း (ပေလာင္) တိုင္းရင္းသားမွာ (၁၉ ဒသမ ၉)ရာခိုင္ႏႈန္းသာရွိေနၿပီး တအာင္း စာကို ႐ုံးသုံးဘာသာေျပာင္းလိုက္ျခင္းႏွင့္ အျခားတိုင္းရင္းသားမ်ား၏ လက္ခံအသိအမွတ္ျပဳမႈကလည္း စိန္ေခၚမႈျဖစ္ေနသည္ဟု ISP Myanmar ၏ အခ်က္အလက္မ်ားအရ သိရသည္။ တစ္ဖက္တြင္လည္း TNLA တို႔ထိန္းခ်ဳပ္ရာ ေနာင္ခ်ိဳၿမိဳ႕ကို တပ္မေတာ္ကသိမ္းပိုက္ႏိုင္ခဲ့သည့္ အျပင္ တပ္မေတာ္၏ ထိုးစစ္ ေၾကာင့္ အခက္ေတြ႕ေနရသည္သာမက မႏၲေလးတိုင္းေဒသႀကီးအတြင္းက ၎တို႔ လက္ေဝခံတပည့္ ျဖစ္ ေသာ MDY-PDF ႏွင့္ လည္း သပိတ္က်င္းၿမိဳ႕ကို ထိန္းခ်ဳပ္ျခင္းအပါအဝင္ အျခားထိုးစစ္မ်ားျဖင့္ ပိတ္ဆို႔ ထားႏိုင္ခဲ့သည္။
လက္ရွိ တပ္မေတာ္၏ထိုးစစ္ အားေကာင္းလာျခင္းႏွင့္အတူ လူထုေထာက္ခံမႈက်ဆင္းေနသည့္ TNLA အေနျဖင့္ ၎တို႔ထိန္းခ်ဳပ္ထားေသာၿမိဳ႕မ်ားကိုစြန႔္လႊတ္ကာ လာရင္းေဒသသို႔ျပန္ရေတာ့မည္ ျဖစ္ ေၾကာင္း သုံးသပ္ျခင္းမ်ားလည္းရွိေနသည္။ ထို႔ျပင္ TNLA ေထာက္ခံသူမ်ားဘက္မွ ထြက္ေပၚလာေသာ သတင္းအခ်ိဳ႕အရ ေရွ႕တန္းတြင္ တိုက္ပြဲဝင္ေနေသာ ၎တို႔၏ တပ္ဖြဲ႕ဝင္မ်ားအတြက္ လက္နက္ျဖည့္ တင္းမႈ မလုပ္ႏိုင္ေတာ့ေၾကာင္း သိရသည္။
ယင္းသို႔ အေျခအေနၾကားတြင္ ယခင္လက္နက္ဝယ္လက္ျဖစ္ေသာ MNDAA ႏွင့္ UWSA တို႔ထံမွ လက္နက္ဝယ္မရေတာ့သည့္ အေျခအေနကိုရင္ဆိုင္ေနရေၾကာင္း TNLA ႏွင့္ပတ္သက္ ၍ NP News သို႔ အစဥ္တစိုက္ သုံးသပ္ေျပာၾကားေပးခဲ့သူ တပ္မေတာ္အရာရွိေဟာင္း ဦးခိုင္ေဇာ္ကေျပာသည္။ “တစ္ အခ်က္က က်ည္ဆန္မရွိဘူး။ ခဲယမ္းျပတ္ေနၿပီ။ အရင္တုန္းက ကိုးကန႔္ကေရာင္းတာ။ ကိုးကန႔္ကို တ႐ုတ္က ဖိအားေပးလိုက္တဲ့အခါ က်ေတာ့ ၿပီးခဲ့တဲ့ တစ္လခြဲ ေနာင္ခ်ိဳမသိမ္းခင္က ကိုးကန႔္ က သူ႔ကို (ခဲယမ္း) ေပးလိုက္တယ္။ ေတာ္ေတာ္မ်ားမ်ားေပးလိုက္တယ္။ သို႔ေသာ္ အခုဒီတစ္ေခါက္ ထပ္ေတာင္း ေတာ့ ကိုးကန႔္က သူ႔ကိုမေပးေတာ့ဘူး။ ေပးတယ္ဆိုတာက မေရာင္းခ်င္လို႔။ ေဟ့ေကာင္ ယူသြားကြာ ဆိုၿပီး ေပးလိုက္တာ။ ဒီတစ္ခါေတာ့ ဘာမွကို မေပးေတာ့ဘူး။ ကိုးကန႔္ေရာ၊ “ဝ”ေရာ ခဲယမ္းမေရာင္း ေတာ့ဘူး”ဟု ၎က ေျပာသည္။
တစ္ဖက္တြင္ လက္နက္စက္႐ုံရွိသည္ဟု ဆိုေသာ KIA ထံမွ လက္နက္ဝယ္ယူရန္ စဥ္းစားပါ ကလည္း PDF မ်ားႏွင့္ AA ကို လက္နက္မွ်ေပးေနရ သည့္အျပင္ ဗန္းေမာ္တြင္ မီးကုန္ယမ္းကုန္ က်ည္ ဆန္သုံးထားရသည့္အေျခအေနျဖစ္ေၾကာင္း ဦးခိုင္ ေဇာ္ကေျပာသည္။
“ဒီေကာင္ ဆုတ္မွာ၊ ဆုတ္မွာ။ ေအးေဆး ဆုတ္ရမွာပါ” ဟု ၎ကဆိုသည္။ တစ္ဖက္တြင္ TNLA တပ္ဖြဲ႕ ဝင္မ်ားအတြင္း စိတ္ဓာတ္က်ဆင္းမႈမ်ားရွိေနၿပီး အလင္းဝင္လိုသူလည္း မ်ားျပားေနေၾကာင္း ဦးခိုင္ေဇာ္ ကေျပာသည္။ “ကြၽန္ေတာ့္ စည္း႐ုံးေရးနယ္ေျမမွာကို လက္ခံထားတာ (၁၈)ေယာက္ရွိတယ္။ ေနာက္ထပ္ (၁၃)ေယာက္ကလည္းေစာင့္ေနတယ္။ မသြားႏိုင္ေသးလို႔။ ကြၽန္ေတာ္တစ္ေယာက္တည္းကို အေယာက္ (၃၀)ေလာက္ျဖစ္ေနၿပီ”ဟု ဦးခိုင္ေဇာ္ကဆိုသည္။ ယခုလအတြင္း တပ္မေတာ္ႏွင့္ TNLA တို႔ တ႐ုတ္ ႏိုင္ငံ တြင္ ေဆြးေႏြးဖြယ္ရွိေၾကာင္း သတင္းမ်ားထြက္ေပၚေနၿပီး ၿငိမ္းခ်မ္းေရးကို တ႐ုတ္ႏိုင္ငံက ကမကထ ျပဳ ေနေသာ္လည္း TNLA ေခါင္းေဆာင္ တာဘုန္းေက်ာ္ ကိုယ္တိုင္ကပင္ တ႐ုတ္ကို ေဝဖန္ေျပာၾကားခ်က္ မ်ားကို ၎၏ လူမႈကြန္ရက္ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာထက္တြင္ေရးသားထားသည္။ ထို႔ျပင္ ရွမ္းျပည္နယ္ ေျမာက္ပိုင္းတြင္ တိုက္ပြဲမ်ားမျဖစ္ပြားေစေရးအတြက္ TNLA အေပၚ တ႐ုတ္၏ဖိအားေပးျခင္းကလည္း ႀကီးမားေနေၾကာင္း TNLA ေျပာေရးဆိုခြင့္ရွိသူ ေလြးေယဦးက သတင္း စာရွင္းလင္းပြဲတြင္ ေျပာဆိုခဲ့ဖူး ေသာ္လည္း ၎တို႔ ၏ စိတ္ဓာတ္ပ်က္ျပားေနျခင္းႏွင့္ ထိန္းခ်ဳပ္နယ္ေျမတြင္ ေဒသခံတိုင္းရင္းသားမ်ား ကို အႏိုင္အထက္ျပဳေနျခင္းကို ထုတ္ေဖာ္ေျပာၾကားျခင္းမရွိေပ။