၂၀၂၅ အာဆီယံ အမျိုးသမီး ချန်ပီယံဆုတံဆိပ်နဲ့လွဲချော်ခဲ့ရတဲ့ မြန်မာ့လက်ရွေးစင်အမျိုးဘောလုံးအသင်း

8464

သန့်ဇင် (NP News) - ဩဂုတ် ၂ဝ
၂၀၂၅ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဗိုလ်လုပွဲတွင် မြန်မာ့လက်ရွေးစင်အမျိုးဘောလုံးအသင်း ၁ ဂိုး၊ ဂိုးမရှိဖြင့် ဩစတြေးလျအမျိုးသမီးအသင်းကို ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် ဩဂုတ်လ ၁၉ ရက် မြန်မာစံတော်ချိန် ည ၇ နာရီ ၃ဝ မိနစ်က ဗီယက်နမ်နိုင်ငံရှိ Lach Tray Stadium၌ ဩစတြေးလျအသင်းနှင့် ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်အတွက် မြန်မာအမျိုးသမီးဘောလုံးအသင်း၏ ပွဲထွက်လူစာရင်းတွင် ဖြူဖွေး၊ ဇွန်ယုယဦး၊ ဖြူဖြူဝင်း၊ နော်ထက်ထက်ဝေ၊ ဝင်းသိင်္ဂီထွန်း၊ စန်းသော်သော်၊ ခင်မိုမိုထွန်း၊ ရူပါခင်၊လင်းလဲ့ဦး၊ မေထက်မွန်မြင့် နှင့် မျိုးမြမြငြိမ်းတို့ ပါဝင်လာခဲ့ကြောင်း သိရသည်။
ယင်းလူစာရင်းဖြင့် အင်အားကြီး ဩစတြေးလျအသင်းကို ယှဉ်ပြိုင်ရာတွင် နည်းစနစ်ပိုင်းအရ မြန်မာ့ လက်ရွေးစင်အမျိုးဘောလုံးအသင်းနည်းပြ Tetsuro Uki က ခံစစ်ကိုသာ အားပြုခဲ့ခြင်းကို မြင်တွေ့ခဲ့ရသည်။
သို့သော် ပွဲကစကားချိန် ဒုတိယပိုင်း ၆၅ မိနစ်တွင် ဩစတြေးလျအသင်းက ရရှိခဲ့သော တစ်လုံးတည်းသောဂိုးဖြင့် မြန်မာအသင်းရှုံးနိမ့်ခဲ့ရကာ ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ယခင်က အာဆီယံအမျိုးသမီးချန်ပီယံရှစ် (၂) ကြိမ် ဗိုလ်စွဲခဲ့ဖူးသော်လ လည်း (၁၀) နှစ်ကြာသည်အထိ အဆိုပါဆုဖလားနှင့် ဝေးကွာနေဆဲဖြစ်သည်။