မြဝတီ နယ်စပ်ဂိတ် ဆက်လက် ပိတ်မှုကြောင့် ထိုင်းနိုင်ငံဘက်မှ ဘတ် ၁၃၀ ဘီလီယံအထိ ဆုံးရှုံးနိုင်

637

ပြည့်ဖြိုး- သြဂုတ် (၂၀)ရက်
ထိုင်းကုန်စည်များ မြန်မာဘက်သို့ ဝင်ရောက်ခွင့်ပိတ်ထားခြင်းကြောင့် ထိုင်းဘက်နယ်စပ်ကုန်သွယ်ရေးတွင် ဘတ်ငွေ ၁၃၀ ဘီလီယံအထိ ဆုံးရှုံးနိုင်ကြောင်းထိုင်းမီဒီယာများမှ ခန့်မှန်းဖေါ်ပြထားသည်။
ဩဂုတ် ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံဘက်မှ နယ်စပ်အာဏာပိုင်များက မြဝတီ–မဲဆောက် ချစ်ကြည်ရေးတံတား အမှတ် (၂) ကို ရုတ်တရက် ပိတ်ဆို့လိုက်ပြီး ထိုင်းဘက် အကောက်ခွန်တာဝန်ရှိသူများထံ အကြောင်းကြားချက်မပေးခဲ့ဘဲ ကုန်ကားအဝင်အထွက်များ တားမြစ်ခဲ့ကြောင်း သိရသည်။
တံတားအမှတ် (၂) သည် မြန်မာ–ထိုင်းကုန်သွယ်ရေး အဓိကကျသော နယ်စပ်ဂိတ်ဖြစ်ပြီး လက်ရှိအချိန်အထိ ပိတ်ထားခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေးကဏ္ဍ တစ်ခုလုံးအတွက် ဂယက်ကြီးမားစွာ ဖြစ်ပေါ်စေမည်ဟု စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ထားသည်။
“ချစ်ကြည်ရေးတံတားဖြစ်လို့ သိပ်အကြာကြီးပိတ်ထားမယ်မထင်ပါဘူး။ ရက်အနည်းငယ် ဆက်စောင့်ကြည့်ရမှာပါ။နယ်စပ်ကုန်သွယ်ရေးမှာပို့ကုန်ရငွေတင်ပြနိုင်ရင်သွင်းကုန်ခွင့်ပြုမယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။ လက်တလောအခြေအနေအရ ပြည်မဘက်ကို သွားမယ့်ကုန်စည် တွေကတော့ အဓိကနစ်နာမည့်သဘောပါဘဲ”ဟု မြဝတီမြို့ဒေသခံတစ်ဦးကပြောသည်။
တံတားအမှတ် (၁) တွင် နယ်စပ်ဖြတ်ကျော်သွားလာမှုနှင့် အသေးစားကုန်သွယ်မှုများ ဆက်ရှိနေဆဲဖြစ်သော်လည်း အဓိကကုန်သွယ်ရေးပမာဏများပြားသော တံတားအမှတ် (၂) ဖြစ်သော ကြောင့် ထိခိုက်မှုဆိုးရွားနိုင် ကြောင်းသိရသည်။
ထိုင်းဘက်တွင် မဲဆောက်မြို့ တက်ခ်ခရိုင် စီးပွားရေးအဖွဲ့က ဩဂုတ် ၁၈ ရက်နေ့မှာ အရေးပေါ်အစည်းအဝေး ခေါ်ယူပြီး နယ်စပ်ကုန်သွယ်ရေးရပ်ဆိုင်းမှု နောက်ဆက်တွဲ အကျိုးဆက်များအား ဆန်းစစ်နေကြောင်းသိရသည်။

Zawgyi Version:
ျမဝတီ နယ္စပ္ဂိတ္ ဆက္လက္ ပိတ္မႈေၾကာင့္ ထိုင္းႏိုင္ငံဘက္မွ ဘတ္ ၁၃၀ ဘီလီယံအထိ ဆုံးရႈံးႏိုင္
ျပည့္ၿဖိဳး- ၾသဂုတ္ (၂၀)ရက္
ထိုင္းကုန္စည္မ်ား ျမန္မာဘက္သို႔ ဝင္ေရာက္ခြင့္ပိတ္ထားျခင္းေၾကာင့္ ထိုင္းဘက္နယ္စပ္ကုန္သြယ္ေရးတြင္ ဘတ္ေငြ ၁၃၀ ဘီလီယံအထိ ဆုံးရႈံးႏိုင္ေၾကာင္းထိုင္းမီဒီယာမ်ားမွ ခန႔္မွန္းေဖၚျပထားသည္။
ဩဂုတ္ ၁၈ ရက္ေန႔တြင္ ျမန္မာႏိုင္ငံဘက္မွ နယ္စပ္အာဏာပိုင္မ်ားက ျမဝတီ–မဲေဆာက္ ခ်စ္ၾကည္ေရးတံတား အမွတ္ (၂) ကို ႐ုတ္တရက္ ပိတ္ဆို႔လိုက္ၿပီး ထိုင္းဘက္ အေကာက္ခြန္တာဝန္ရွိသူမ်ားထံ အေၾကာင္းၾကားခ်က္မေပးခဲ့ဘဲ ကုန္ကားအဝင္အထြက္မ်ား တားျမစ္ခဲ့ေၾကာင္း သိရသည္။
တံတားအမွတ္ (၂) သည္ ျမန္မာ–ထိုင္းကုန္သြယ္ေရး အဓိကက်ေသာ နယ္စပ္ဂိတ္ျဖစ္ၿပီး လက္ရွိအခ်ိန္အထိ ပိတ္ထားျခင္းေၾကာင့္ နယ္စပ္ကုန္သြယ္ေရးက႑ တစ္ခုလုံးအတြက္ ဂယက္ႀကီးမားစြာ ျဖစ္ေပၚေစမည္ဟု စီးပြားေရးလုပ္ငန္းရွင္မ်ားက သုံးသပ္ထားသည္။
“ခ်စ္ၾကည္ေရးတံတားျဖစ္လို႔ သိပ္အၾကာႀကီးပိတ္ထားမယ္မထင္ပါဘူး။ ရက္အနည္းငယ္ ဆက္ေစာင့္ၾကည့္ရမွာပါ။နယ္စပ္ကုန္သြယ္ေရးမွာပို႔ကုန္ရေငြတင္ျပႏိုင္ရင္သြင္းကုန္ခြင့္ျပဳမယ္ဆိုတဲ့သတင္းေတြလည္းထြက္ေပၚေနပါတယ္။ လက္တေလာအေျခအေနအရ ျပည္မဘက္ကို သြားမယ့္ကုန္စည္ ေတြကေတာ့ အဓိကနစ္နာမည့္သေဘာပါဘဲ”ဟု ျမဝတီၿမိဳ႕ေဒသခံတစ္ဦးကေျပာသည္။
တံတားအမွတ္ (၁) တြင္ နယ္စပ္ျဖတ္ေက်ာ္သြားလာမႈႏွင့္ အေသးစားကုန္သြယ္မႈမ်ား ဆက္ရွိေနဆဲျဖစ္ေသာ္လည္း အဓိကကုန္သြယ္ေရးပမာဏမ်ားျပားေသာ တံတားအမွတ္ (၂) ျဖစ္ေသာ ေၾကာင့္ ထိခိုက္မႈဆိုး႐ြားႏိုင္ ေၾကာင္းသိရသည္။
ထိုင္းဘက္တြင္ မဲေဆာက္ၿမိဳ႕ တက္ခ္ခ႐ိုင္ စီးပြားေရးအဖြဲ႕က ဩဂုတ္ ၁၈ ရက္ေန႔မွာ အေရးေပၚအစည္းအေဝး ေခၚယူၿပီး နယ္စပ္ကုန္သြယ္ေရးရပ္ဆိုင္းမႈ ေနာက္ဆက္တြဲ အက်ိဳးဆက္မ်ားအား ဆန္းစစ္ေနေၾကာင္းသိရသည္။