အင်တာနက်တွင် ပျံ့နှံ့နေသော ယာယီတင်သွင်းခွင့်မပြုသည့် ကုန်ပစ္စည်း (၃၅)မျိုးစာရင်း ဆိုခြင်းမှာ ဈေးကွက်မတည်ငြိမ်စေရန် ဖန်တီးခြင်းဖြစ်နိုင်

 15895

စော (NP News) - ဩဂုတ် ၂၀
လူမှုကွန်ရက်အင်တာနက်စာမျက်နှာများတွင် ပျံ့နှံ့နေသော ယာယီတင်သွင်းခွင့်မပြုသည့် ကုန်ပစ္စည်း (၃၅)မျိုးစာရင်းဆိုခြင်းမှာ ဈေးကွက်မတည်ငြိမ်စေရန် ဖန်တီးခြင်းဖြစ်နိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက Facebook အပါအဝင် လူမှုကွန်ရက်စာမျက်နှာများတွင် မြန်မာနိုင်ငံကို တင်သွင်းနေသော ကုန်ပစ္စည်းများအနက် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၏ လမ်းညွှန်ချက်အရ ယာယီတင်သွင်းခွင့်မပြုသည့် ကုန်ပစ္စည်း (၃၅) မျိုးစာရင်းဟူ၍ ပုံနှင့်တကွ ပျံ့နှံ့နေသောခဲ့သည်ကို တွေ့ရသည်။
ပျံ့နှံ့ခဲ့သော ကုန်ပစ္စည်း (၃၅) မျိုးသည် လတ်တလောထုတ်ပြန်ချက်မဟုတ်ဘဲ အချက်အလက်အဟောင်းဟု ယူဆရကြောင်း သတင်းရင်းမြစ်အချို့က ဆိုသည်။
အဆိုပါ ကုန်ပစ္စည်း (၃၅)မျိုးအနက် ဓာတ်လှေကား၊ ခြေညှပ်ဖိနပ်၊ ဘတ္တရီ၊ ဆေးဝါး၊ လက်ကိုင်တယ်လီဖုန်း၊ ခေါက်ဆွဲ၊ ကြာဇံ၊ ကားတာယာ၊ ဘီစကစ်နှင့် လုပ်ငန်းလိုအပ်ချက်ရှိသော လုပ်ငန်းသုံးယန္တရား၊ ဒိုက်ဘာ၊ တစ်ရှူး၊ အင်ဂျင်ဝိုင်၊ မီးလုံး၊ ပလပ်စတစ်လူသုံးကုန်ပစ္စည်း စသည့်တို့ကို သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ သွင်းကုန်လိုင်စင် ခွင့်ပြုပေး နေကြောင်း သိရသည်။
ထို့ပြင် ဈေးကွက်တွင်လည်း ယင်းပစ္စည်းများကို အလွယ်တကူ ဝယ်ယူရရှိနိုင်သည်ကို တွေ့ရှိရသည့်အပြင် Shopping Mall များ၊ ဈေးများနှင့် ကုန်ပစ္စည်းသိုလှောင်ရုံများတွင် ပစ္စည်း လက်ကျန်များစွာ ရှိနေကြောင်း သိရသည်။
“အဲဒီလို လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖော်ပြခဲ့တာဟာ ကျင့်ဝတ်နဲ့မလျော်ညီတဲ့ ဝိသမလောဘသားတွေက သူတို့လက်ထဲမှာရှိနေတဲ့ ကုန်ပစ္စည်းတွေကို ဈေးတင်ရောင်းချချင်လို့ လုပ်တာဖြစ်နိုင်သလို၊ ကုန်ဈေးနှုန်းတက်လာအောင်လုပ်ပြီး ဈေးကွက်မတည်မငြိမ်ဖြစ်အောင် ဖန်တီးတာလည်းဖြစ်နိုင်ပါတယ်။ ဒါ့အပြင် နိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေတွေကို အခွင့်ကောင်းယူပြီး နိုင်ငံရေးမတည်မငြိမ်ဖြစ်အောင် မသမာသူတွေက လှုံ့ဆော်တာလည်း ဖြစ်နိုင်တယ်” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

Zawgyi Version:
အင္တာနက္တြင္ ပ်ံ႕ႏွံ႔ေနေသာ ယာယီတင္သြင္းခြင့္မျပဳသည့္ ကုန္ပစၥည္း (၃၅)မ်ိဳးစာရင္း ဆိုျခင္းမွာ ေဈးကြက္မတည္ၿငိမ္ေစရန္ ဖန္တီးျခင္းျဖစ္ႏိုင္
ေစာ (NP News) - ဩဂုတ္ ၂၀
လူမႈကြန္ရက္အင္တာနက္စာမ်က္ႏွာမ်ားတြင္ ပ်ံ႕ႏွံ႔ေနေသာ ယာယီတင္သြင္းခြင့္မျပဳသည့္ ကုန္ပစၥည္း (၃၅)မ်ိဳးစာရင္းဆိုျခင္းမွာ ေဈးကြက္မတည္ၿငိမ္ေစရန္ ဖန္တီးျခင္းျဖစ္ႏိုင္ေၾကာင္း စီးပြားေရးလုပ္ငန္းရွင္မ်ားထံမွ သိရသည္။
ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္းက Facebook အပါအဝင္ လူမႈကြန္ရက္စာမ်က္ႏွာမ်ားတြင္ ျမန္မာႏိုင္ငံကို တင္သြင္းေနေသာ ကုန္ပစၥည္းမ်ားအနက္ ႏိုင္ငံျခားသုံးေငြႀကီးၾကပ္မႈေကာ္မတီ၏ လမ္းၫႊန္ခ်က္အရ ယာယီတင္သြင္းခြင့္မျပဳသည့္ ကုန္ပစၥည္း (၃၅) မ်ိဳးစာရင္းဟူ၍ ပုံႏွင့္တကြ ပ်ံ႕ႏွံ႔ေနေသာခဲ့သည္ကို ေတြ႕ရသည္။
ပ်ံ႕ႏွံ႔ခဲ့ေသာ ကုန္ပစၥည္း (၃၅) မ်ိဳးသည္ လတ္တေလာထုတ္ျပန္ခ်က္မဟုတ္ဘဲ အခ်က္အလက္အေဟာင္းဟု ယူဆရေၾကာင္း သတင္းရင္းျမစ္အခ်ိဳ႕က ဆိုသည္။
အဆိုပါ ကုန္ပစၥည္း (၃၅)မ်ိဳးအနက္ ဓာတ္ေလွကား၊ ေျခညႇပ္ဖိနပ္၊ ဘတၱရီ၊ ေဆးဝါး၊ လက္ကိုင္တယ္လီဖုန္း၊ ေခါက္ဆြဲ၊ ၾကာဇံ၊ ကားတာယာ၊ ဘီစကစ္ႏွင့္ လုပ္ငန္းလိုအပ္ခ်က္ရွိေသာ လုပ္ငန္းသုံးယႏၲရား၊ ဒိုက္ဘာ၊ တစ္ရႉး၊ အင္ဂ်င္ဝိုင္၊ မီးလုံး၊ ပလပ္စတစ္လူသုံးကုန္ပစၥည္း စသည့္တို႔ကို သတ္မွတ္လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ သြင္းကုန္လိုင္စင္ ခြင့္ျပဳေပး ေနေၾကာင္း သိရသည္။
ထို႔ျပင္ ေဈးကြက္တြင္လည္း ယင္းပစၥည္းမ်ားကို အလြယ္တကူ ဝယ္ယူရရွိႏိုင္သည္ကို ေတြ႕ရွိရသည့္အျပင္ Shopping Mall မ်ား၊ ေဈးမ်ားႏွင့္ ကုန္ပစၥည္းသိုေလွာင္႐ုံမ်ားတြင္ ပစၥည္း လက္က်န္မ်ားစြာ ရွိေနေၾကာင္း သိရသည္။
“အဲဒီလို လူမႈကြန္ရက္စာမ်က္ႏွာေတြမွာ ေဖာ္ျပခဲ့တာဟာ က်င့္ဝတ္နဲ႔မေလ်ာ္ညီတဲ့ ဝိသမေလာဘသားေတြက သူတို႔လက္ထဲမွာရွိေနတဲ့ ကုန္ပစၥည္းေတြကို ေဈးတင္ေရာင္းခ်ခ်င္လို႔ လုပ္တာျဖစ္ႏိုင္သလို၊ ကုန္ေဈးႏႈန္းတက္လာေအာင္လုပ္ၿပီး ေဈးကြက္မတည္မၿငိမ္ျဖစ္ေအာင္ ဖန္တီးတာလည္းျဖစ္ႏိုင္ပါတယ္။ ဒါ့အျပင္ ႏိုင္ငံမွာ လက္ရွိႀကဳံေတြ႕ေနရတဲ့ အေျခအေနေတြကို အခြင့္ေကာင္းယူၿပီး ႏိုင္ငံေရးမတည္မၿငိမ္ျဖစ္ေအာင္ မသမာသူေတြက လႈံ႕ေဆာ္တာလည္း ျဖစ္ႏိုင္တယ္” ဟု စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက ဆိုသည္။

Picture

nyein chan kyaw

21/08/2025 18:18

ပိတ်တဲ့ အမျိုးအစားတွေကော မှားနေလို့လား ။ ပိတ်တဲ့ မအလ ကိုတော့ မဆဲရဲဘူး ။ 😅😅

Picture

Win Myint

21/08/2025 22:36

သတင်းမှာတယ်ဆိုရင်လည်း ဖေါ်ထုပ်အရေးယူရမှာမဟုတ်ဘူးလား။

Picture

Moesate Sate

21/08/2025 13:10

‌မအေလု မျိုးများသက်သက်မဲ့ သတင်းမှားတွေနဲ့ပြည်သူကို ဒုက္ခပေးနေတာ

Picture

Aung Aung

21/08/2025 09:17

အကြောင်းမရှိဘဲ အကျိုးမဖြစ်နိုင်ပါဘူး ☝️

Picture

nyein chan kyaw

21/08/2025 18:18

ပိတ်တဲ့ အမျိုးအစားတွေကော မှားနေလို့လား ။ ပိတ်တဲ့ မအလ ကိုတော့ မဆဲရဲဘူး ။ 😅😅

Related news

© 2021. All rights reserved.