တောင်ငူနည်းပညာတက္ကသိုလ်မှ စတုတ္ထနှစ်ကျောင်းသား (၂)ဦး အတွင်းအဆောင်(၃)လွှာမှ ပြုတ်ကျသေဆုံး

1996
သန့်ဇင်(NP News)-ဩဂုတ် ၂၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့သစ်၊ တောင်ငူနည်းပညာတက္ကသိုလ်မှ စတုတ္ထနှစ်ကျောင်းသား (၂)ဦး ကျောင်းအတွင်းအဆောင်(၃)လွှာမှ ပြုတ်ကျသေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် (ဩဂုတ်လ ၁၉ရက်)၊ ညနေပိုင်းက တောင်ငူနည်းပညာတက္ကသိုလ်၊ ကျောင်းတွင်းအမျိုးသားအဆောင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
"ပြုတ်ကျတဲ့ကလေး (၂)ယောက်က MC မေဂျာကလို့သိရတယ်။ ကလေးတွေက အချင်းချင်းဆော့ရင်းနဲ့ ပြုတ်ကျတာ။ ပြုန်ကျတာက လည်း (၃)လွှာကကျတာ"ဟု သိရှိသူတစ်ဦးက NP News ကိုပြောသည်။
ပြုတ်ကျသေဆုံးခဲ့သည့် ကျောင်းသား (၂)ဦးသည် တောင်းငူနည်းပညာတက္ကသိုလ် Mechatronic MC မေဂျာမှ စတုတ္ထနှစ်ကျောင်းသားများ ဖြစ်ကြောင်းသိရသည်။
ထို့နောက် သေဆုံးသူကျောင်းသား (၂) ဦး၏ ရုပ်အလောင်းများကို တောင်ငူပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ပြီးခဲသည့် ဩဂုတ်လ ၁၂ရက်ကလည်း မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့တွင် သူနာပြုသင်တန်းကျောင်းသူတစ်ဦး အဆောင်အိမ် သာအတွင်း မိမိကိုယ်ကို မီးရှို့အဆုံးစီရင်မှုဖြစ်ပွားခဲ့ဖူးသည်။
Zawgyi Version:
ေတာင္ငူနည္းပညာတကၠသိုလ္မွ စတုတၳႏွစ္ေက်ာင္းသား (၂)ဦး အတြင္းအေဆာင္(၃)လႊာမွ ျပဳတ္က်ေသဆုံး
သန႔္ဇင္(NP News)-ဩဂုတ္ ၂၁
ပဲခူးတိုင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕သစ္၊ ေတာင္ငူနည္းပညာတကၠသိုလ္မွ စတုတၳႏွစ္ေက်ာင္းသား (၂)ဦး ေက်ာင္းအတြင္းအေဆာင္(၃)လႊာမွ ျပဳတ္က်ေသဆုံးသြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ (ဩဂုတ္လ ၁၉ရက္)၊ ညေနပိုင္းက ေတာင္ငူနည္းပညာတကၠသိုလ္၊ ေက်ာင္းတြင္းအမ်ိဳးသားအေဆာင္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
"ျပဳတ္က်တဲ့ကေလး (၂)ေယာက္က MC ေမဂ်ာကလို႔သိရတယ္။ ကေလးေတြက အခ်င္းခ်င္းေဆာ့ရင္းနဲ႔ ျပဳတ္က်တာ။ ျပဳန္က်တာက လည္း (၃)လႊာကက်တာ"ဟု သိရွိသူတစ္ဦးက NP News ကိုေျပာသည္။
ျပဳတ္က်ေသဆုံးခဲ့သည့္ ေက်ာင္းသား (၂)ဦးသည္ ေတာင္းငူနည္းပညာတကၠသိုလ္ Mechatronic MC ေမဂ်ာမွ စတုတၳႏွစ္ေက်ာင္းသားမ်ား ျဖစ္ေၾကာင္းသိရသည္။
ထို႔ေနာက္ ေသဆုံးသူေက်ာင္းသား (၂) ဦး၏ ႐ုပ္အေလာင္းမ်ားကို ေတာင္ငူျပည္သူ႔ေဆး႐ုံႀကီးသို႔ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။
ၿပီးခဲသည့္ ဩဂုတ္လ ၁၂ရက္ကလည္း မႏၲေလးတိုင္းေဒသႀကီး၊ မိတၳီလာၿမိဳ႕တြင္ သူနာျပဳသင္တန္းေက်ာင္းသူတစ္ဦး အေဆာင္အိမ္ သာအတြင္း မိမိကိုယ္ကို မီးရႈိ႕အဆုံးစီရင္မႈျဖစ္ပြားခဲ့ဖူးသည္။