သီးနှံအထွက်နှုန်းပန်းတိုင်မပြည့်မီခြင်းကြောင့် အောင်လံခရိုင် နှစ်စဉ်ဝင်ငွေ ကျပ်ဘီလျံလေးရာကျော် လျော့နည်းနေကြောင်း ဥက္ကဌက ဆို

329

ချယ်ရီ (NP News)- ဩဂုတ် ၂၁
မကွေးတိုင်းဒေသကြီးအတွင်း သီးနှံအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက်မပြည့်မီခြင်းကြောင့် အောင်လံခရိုင်၏ နှစ်စဉ်ဝင်ငွေမှာ ကျပ်ဘီလျံလေးရာကျော်အထိ လျော့နည်းလျက်ရှိကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
အထက်ပါစကားကို ယမန်နေ့(ဩဂုတ်လ ၂၀ ရက်) က အောင်လံမြို့ရှိ အောင်လံခရိုင်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ ၌ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆွေးနွေးမှာကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
အောင်လံမြို့ရှိ ဆေးရုံကြီးကို သတ်မှတ်ချက်များနှင့်အညီ အဆင့်မြှင့်တင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အောင်လံနယ်မြေဒေသ လုံခြုံတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်၊ အောင်လံမြို့ရှိ မြို့နယ်ခန်းမကို စနစ်တကျထိန်းသိမ်းဆောင်ရွက်ရန်နှင့် တာဝန်ရှိသူများအနေဖြင့် မြို့သန့်ရှင်းသာယာလှပစေရေး စနစ်တကျကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ကော်မရှင်ဥက္ကဌက ဆိုသည်။
ထို့ပြင် မကွေးတိုင်းဒေသကြီး၌ စိုက်ပျိုးရေးနှင့် ပတ်သက်၍ ယာမြေများကို အသွင်ပြောင်းလယ်မြေများအဖြစ် ဖော်ဆောင်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပြီး သီးနှံအထွက်နှုန်းနှင့် ပတ်သက်၍ မကွေးတိုင်းဒေသကြီးအတွင်း ပန်းတိုင်ရည်မှန်းချက်ပြည့်မီမှုမရှိခြင်းကြောင့် အောင်လံခရိုင်တွင် နှစ်စဉ်ဝင်ငွေ ကျပ် (၄၆၅) ဘီလီယံခန့် လျော့နည်းလျက်ရှိသည်ကို တွေ့ရှိရသည့်အတွက် ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင် ဆောင်ရွက်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုများ တိုးတက်လာမည်ဖြစ်ပြီး ဒေသတွင်းဝယ်လိုအားနှင့် ရောင်းလိုအားများ တိုးတက်ကောင်းမွန်လာကာ ဒေသစီးပွားကို များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဌက ပြောကြားထားသည်။

Zawgyi Version:
သီးႏွံအထြက္ႏႈန္းပန္းတိုင္မျပည့္မီျခင္းေၾကာင့္ ေအာင္လံခ႐ိုင္ ႏွစ္စဥ္ဝင္ေငြ က်ပ္ဘီလ်ံေလးရာေက်ာ္ ေလ်ာ့နည္းေနေၾကာင္း ဥကၠဌက ဆို
ခ်ယ္ရီ (NP News)- ဩဂုတ္ ၂၁
မေကြးတိုင္းေဒသႀကီးအတြင္း သီးႏွံအထြက္ႏႈန္း ပန္းတိုင္ရည္မွန္းခ်က္မျပည့္မီျခင္းေၾကာင့္ ေအာင္လံခ႐ိုင္၏ ႏွစ္စဥ္ဝင္ေငြမွာ က်ပ္ဘီလ်ံေလးရာေက်ာ္အထိ ေလ်ာ့နည္းလ်က္ရွိေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
အထက္ပါစကားကို ယမန္ေန႔(ဩဂုတ္လ ၂၀ ရက္) က ေအာင္လံၿမိဳ႕ရွိ ေအာင္လံခ႐ိုင္၊ အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံး အစည္းအေဝးခန္းမ ၌ ဌာနဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံၿပီး ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းမ်ား ေဆြးေႏြးမွာၾကားစဥ္ ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။
ေအာင္လံၿမိဳ႕ရွိ ေဆး႐ုံႀကီးကို သတ္မွတ္ခ်က္မ်ားႏွင့္အညီ အဆင့္ျမႇင့္တင္ေဆာင္႐ြက္ေပးသြားမည္ျဖစ္ၿပီး ေအာင္လံနယ္ေျမေဒသ လုံၿခဳံတည္ၿငိမ္ေအးခ်မ္းေရးအတြက္ ပူးေပါင္းေဆာင္႐ြက္ရန္၊ ေအာင္လံၿမိဳ႕ရွိ ၿမိဳ႕နယ္ခန္းမကို စနစ္တက်ထိန္းသိမ္းေဆာင္႐ြက္ရန္ႏွင့္ တာဝန္ရွိသူမ်ားအေနျဖင့္ ၿမိဳ႕သန႔္ရွင္းသာယာလွပေစေရး စနစ္တက်ၾကပ္မတ္ေဆာင္႐ြက္သြားရန္ လိုအပ္ေၾကာင္း ေကာ္မရွင္ဥကၠဌက ဆိုသည္။
ထို႔ျပင္ မေကြးတိုင္းေဒသႀကီး၌ စိုက္ပ်ိဳးေရးႏွင့္ ပတ္သက္၍ ယာေျမမ်ားကို အသြင္ေျပာင္းလယ္ေျမမ်ားအျဖစ္ ေဖာ္ေဆာင္ႏိုင္ရန္ စီမံေဆာင္႐ြက္လ်က္ရွိၿပီး သီးႏွံအထြက္ႏႈန္းႏွင့္ ပတ္သက္၍ မေကြးတိုင္းေဒသႀကီးအတြင္း ပန္းတိုင္ရည္မွန္းခ်က္ျပည့္မီမႈမရွိျခင္းေၾကာင့္ ေအာင္လံခ႐ိုင္တြင္ ႏွစ္စဥ္ဝင္ေငြ က်ပ္ (၄၆၅) ဘီလီယံခန႔္ ေလ်ာ့နည္းလ်က္ရွိသည္ကို ေတြ႕ရွိရသည့္အတြက္ ပန္းတိုင္ရည္မွန္းခ်က္ ျပည့္မီေအာင္ ေဆာင္႐ြက္ျခင္းျဖင့္ ကုန္ထုတ္လုပ္မႈမ်ား တိုးတက္လာမည္ျဖစ္ၿပီး ေဒသတြင္းဝယ္လိုအားႏွင့္ ေရာင္းလိုအားမ်ား တိုးတက္ေကာင္းမြန္လာကာ ေဒသစီးပြားကို မ်ားစြာအေထာက္အကူျပဳေစမည္ျဖစ္ေၾကာင္း ေကာ္မရွင္ဥကၠဌက ေျပာၾကားထားသည္။