မြန်မာအသင်း နိုင်ငံတကာအဆင့် ဘောလုံးချန်ပီယံဖြစ်ဖို့ ဘာတွေ လိုအပ်နေသလဲ(သုံးသပ်ဆောင်းပါး)

 508

#HtayOung #OungMarine(NP News)

===
ကျွန်တော် နှပ်ချေးတွဲလောင်းအရွယ် အကိုတွေ ဦးလေးတွေ စကားပြောတဲ့အခါ “ဗဟာဒူး” “အေးမောင်ကြီး” “အေးမောင်လေး” “ ဂိုးတင်အောင်” ဆိုတာ မကြာခဏ ကြားရတယ်။ အာရှချန်ပီယံ မြန်မာ့လက်ရွေးစင် ဘောလုံးသမားတွေ တဲ့။

နောင် အသက်မွေးမှုအရ နိုင်ငံတကာ လှည့်လည် သွားလာရင်း အင်ဒိုနီးရှား-တောင်ကိုရီးယားကို ရောက်လို့ ကျွန်တော် မြန်မာမှန်းသိတဲ့ သူတို့ လူကြီးပိုင်းတွေက “ဗဟာဒူးကြီးတို့ ကျန်းမာကြရဲ့လား“ အခု သူတို့ဘာတွေ လုပ်နေလဲ” စသဖြင့် မေးမြန်းခံရတယ်။ တစ်ချိန်က အာရှဘော်လုံးဝါသနာရှင်များ စွဲမက်ခဲ့ရတဲ့ ပတ်ချွန်ဟီး ဖလား၊ မာဒေးကား ချန်ပီယံ မြန်မာဘောလုံးဟီးရိုးတွေ ဆိုပဲ။
..
မကြာသေးခင်အချိန် မြန်မာ့လက်ရွေးစင် ဘော်လုံးအသင်းဟာ မှေးမှိန်နေပါတယ်။ ကန်လိုက်တဲ့ ပြည်ပပွဲတိုင်း ခွက်ခွက်လန် ရှုံးလွန်းလို့ “မြန်မာအသင်း ဂိုးအလှူကြီး ပေးပြန်ပြီ” လို့ စာစောင်တွေမှာ ရေးခံရတဲ့အထိပါ။
.
ဗဟာဒူး၊ အေးမောင်ကြီး၊ အေးမောင်လေး တို့အကြောင်း ကြားဖူးတဲ့ ကျွန်တော့်အနေနဲ့ “ တစ်ချိန်က အာရှ ချန်ပီယံဖြစ်ခဲ့တဲ့ ငါတို့တိုင်းပြည် ဘော်လုံးလောကကြီး ဘယ်နှယ့်ဖြစ်ကုန်ပါလိမ့်” လို့ ဦးနှောက်ခြောက်မိတယ်။ လူဦးရေ သန်း ၅၀ ကျော်ခန့် ရှိတဲ့ တိုင်းပြည်မှာ နိုင်ငံ့ကိုယ်စားပြု ဘော်လုံးကန်မယ့် လူ ၅၀ လောက်တော့ ဘယ်အချိန် ဘယ်နေရာ ဆွဲခေါ် ခေါ် အသာလေး ရနိုင်တယ်လို့ စဉ်းစားမိတယ်။ ဒါပေမယ့် နည်းနည်းကြာ လာတဲ့အခါ ကျွန်တော့်အမြင် မှားယွင်းကြောင်း ကိုယ့်ဖာသာ သိလာတယ်။

အားကစားနည်းတစ်ရပ်ရပ် နိုင်ငံတကာသိ ထင်ရှားအောင်မြင်ဖို့ဆိုတာ အဲ့ဒီတိုင်းပြည်ရဲ့ နိုင်ငံရေး စီးပွားရေး အခြေအနေနဲ့ အများကြီး သက်ဆိုင်ပါတယ်။ တစ်ချိန်က အားကစားပြိုင်ပွဲဆိုတာ အဲ့ဒီတိုင်းပြည်ဟာ လူမျိုး မြင့်မြတ်ကြောင်း၊ အင်အားကြီးမားကြောင်း နိုင်ငံရေးဝါဒဖြန့်ဖို့ လက်နက်ဖြစ်ခဲ့ဖူးတယ်။ နောက်ပိုင်းတော့ အား ကစားပွဲဆိုတာ နိုင်ငံရေး-စီးပွားရေး-ယဉ်ကျေးမှုနဲ့ အများကြီးသက်ဆိုင်လာတယ်။ ဆိုလိုတာ ကိုယ့်ပစ္စည်း ရောင်းကောင်းဖို့ ရပ်ကွက်ထဲက အချောဆုံးဆိုတဲ့ ကောင်မလေးနဲ့ ကြော်ညာရင် ရပ်ကွက်ထဲလောက်ပဲ ရောင်း ရမယ်။ အခြားရပ်ကွက်က မိန်းကလေး ခပ်ချောချောလေးတွေ အကုန်စုပြီး မြို့နယ်အလှမယ်ပြိုၤင်ပွဲနဲ့ သရဖူချီး မြှင့်မယ်။ ဒီလိုနည်းနဲ့ လူပိုသိအောင်လုပ်ပြီး ကိုယ့်ပစ္စည်းကို ကြော်ငြာခိုင်းရင် တစ်မြို့လုံးသာမက အခြား မြို့ ရွာများမှာလည်း ရောင်းရပါလိမ့်မယ်။ ဒါတင်မက ကူးစက်ရောဂါ ကာကွယ်ဆေးထိုးနှံဖို့၊ အသက် ၅-နှစ်အောက် ကလေးတွေ ပိုလီယိုဆေး တိုက်ကျွေးဖို့၊ ဟိုရပ်ကွက်မှာ ရေမြောင်းဖော်ဖို့ သူတို့ကို ကားပေါ်တင် လှည့်လည် စည်းရုံးလိုက်ရင် အုပ်ကြီးတွေ ဆင့်ခေါ်တာထက် လူပိုရ/ပိုထိရောက်ပါတယ်။

မျက်မှောက်ခေတ် ဘော်လုံးအပါအဝင် အားကစားပွဲတွေဟာ အသင်း-အားကစားသမား-အဖွဲ့ချုပ်တွေအတွက် ဒေါ်လာသန်းချီပြီး ဝင်ငွေရရှိနိုင်တယ်။ ပွဲကြည့်လက်မှတ်ခ၊ ရုပ်သံပေါင်းစုံက ကြော်ငြာဝင်ငွေ ခပ်မျက်မျက် လေးရရှိတတ်လို့ စီးပွားရေးကုမ္ပဏီကြီးတွေက စပွန်ဆာပေးတတ်ကြတယ်။ အဲ့ဒီတိုင်းပြည်အတွက်လည်း ခရီး သွားလုပ်ငန်း-သယ်ယူပို့ဆောင်ရေးနဲ့အစားအသောက်စသဖြင့် ရောင်းချနိုင်လို့ လူတန်းစား အလွှာအသီးသီး အတွက် အကျိုးရှိပါတယ်။

မိမိတိုင်းပြည် အားကစားသမားတွေရဲ့ အရည်အချင်း၊ အားကစားအဆင့်အတန်း၊ လူ့စွမ်းအားရင်းမြစ်ကို ပြသ ပြီး နာမည်ကောင်းရတယ်။ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးဖို့၊ အပြန်အလှန်နားလည်ဖို့ ပြည်ပရင်း နှီးမြှုပ်နှံဖို့ ဆွဲဆောင်နိုင်တယ်။ အားကစားအောင်မြင်ခြင်းကြောင့် တိုင်းပြည်အတွင်း လူ့အဖွဲ့အစည်းကြီး တစ်ခုလုံး စည်း လုံးသွားတတ်တယ်။

ဒုတိယကမ္ဘာစစ်အပြီး ပြာပုံထဲက ရုန်းထွက်ဖို့-နိုင်ငံသားများ ကျန်းမာကြံခိုင်ဖို့ ၁၉၆၄-ခုနှစ် ဂျပန်နိုင်ငံဟာ အား ကစားကို အသုံးချခဲ့တယ်။ ၁၉၉၄-ခုနှစ် လူမျိုးဘာသာ ခွဲခြားမှု မရှိတဲ့ ရာ့ဂ်ဘီအားကစားပွဲများနဲ့ နယ်လ်ဆင် မင်ဒဲလ်လားဟာ အသားအရောင် ခွဲခြားမှု တိုက်ဖျက်ရေးတွန်းအားပေးနိုင်ခဲ့တယ်။ ၂၀၀၅-ခုနှစ် ကမ္ဘာ့ဖလားပွဲ အိုင်ဗရီကို့စ်ဘောလုံးအသင်းခြေစစ်ပွဲအောင်မြင်ခြင်း၊ အာဖရိကနိုင်ငံများဖလားပွဲမှာ အိုင်ဗရီကို့စ်အသင်း အောင်မြင်ခြင်းနဲ့ ဘော်လုံးသမား “ဒရော့ဗာ” ထင်ရှားလာခြင်းတို့ဟာ သူ့ပြည်တွင်းနိုင်ငံရေးအယူအဆကွဲ လွဲ ပြီး လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေခြင်းကို စေ့စပ်ညှိနှိုင်းကြဖို့ တွန်းအားပေးနိုင်ခဲ့ပါတယ်။

၁၉၉၀-ပြည့်လွန် ယူဂိုဆလားဗီးယားနိုင်ငံဟာ လူမျိုးရေးပဋိပက္ခများနဲ့ အချင်းချင်းစစ်ခင်းပြီး ဘော်လကန်နိုင်ငံ ငယ် ၆-ခု အဖြစ် ပြိုကွဲသွားခဲ့တယ်။ ပြန်လည်ထူထောင်စ ခရိုအေးရှားနိုင်ငံသစ်ဟာ ၂၀၁၈-ခုနှစ် ကမ္ဘာ့ဖလား ပွဲမှာ ဖိုင်နယ် ဗိုလ်လုပွဲထိတက်ရောက်နိုင်ခဲ့ပါတယ်။ ပြင်သစ်ကို ၄-ဂိုး ၂-ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ယခင် အုပ်စုအ ဆင့်မှာတင် ဖျလိပ် အိမ်ပြန်ခဲ့ရတဲ့ ခရိုအေးရှားတို့အတွက် အကြီးအကျယ်ဂုဏ်ယူစရာဖြစ်ခဲ့ရတယ်။ ပြည်တွင်း နိုင်ငံရေး မညီညွတ်မှုတွေကို ညှိနှိုင်းစေခဲ့ပြီး စီးပွားရေးပြန်လည်ထူထောင်နိုင်ခဲ့တယ်။

မိတ်ဆွေ သတိထားကြည့်လိုက်ပါ နိုင်ငံတကာဘော်လုံးပွဲများမှာ ဘရာဇီး-အာဂျင်တီးနားကလွဲရင် ဥရောပ အ သင်းတွေက ထိပ်တန်းဖြစ်နေတယ်။ အဲ့ဒီတိုင်းပြည်တွေဟာ အခြားတိုင်းပြည်တွေထက် (၁) နိုင်ငံရေး တည် ငြိမ်တယ်၊ ဘာသာရေး/လူမျိုးရေးပဋိပက္ခအလွန်နည်းတယ်။ (၂) ဘော်လုံးယဉ်ကျေးမှုထွန်းကားပြီး အားပေး သူပရိဿတ်အလွန်များတယ်။ (၃) လူငယ်ဘော်လုံးအစီအစဉ်များ-အဆင့်မြင့် လေ့ကျင့်ရေးစင်တာများ ကောင်းမွန်ပြည့်စုံတယ် (၄) ပြိုင်ဆိုင်နေကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ သူ့လုပ်ငန်းအောင်မြင်အောင် ကြော်ညာဖို့ အားကစားပွဲတွေကို စပွန်ဆာပေးနေကြတယ်။ ကလပ်အသင်းအချင်းချင်း ခြေစမ်းပွဲတွေ ကစား နိုင်ဖို့ သာမက ပြည်ပတိုင်းပြည်များအထိ သွားရောက်ကစားနိုင်အောင် ထောက်ပံ့ပေးနေကြတယ်။ (၅) သူတို့ ဘော်လုံးအဖွဲ့ချုပ်တွေဟာ အလွန်တည်ငြိမ် လွတ်လပ်ပြီး ပရိုဖက်ရှင်နယ်ကျတဲ့ စီမံခန့်ခွဲမှုရှိတယ်။ အားကစား သမားတွေ ရုပ်ပိုင်း/စိတ်ဓါတ်ပိုင်းမှာ ကြံ့ခိုင်ဖို့နဲ့ နည်းဗျူဟာနားလည်ပြီး စွမ်းရည်ပြည့်ဝဖို့ ပျိုးထောင်ပေးနိုင် ကြတယ်။ မြေဆီမြေလွှာရင်းမြစ်ကောင်းလို့ ပန်းမာလ်ကောင်း သီးနှံကောင်း ထွန်းပေါ်တယ်။

အဲ့ဒါကြောင့် FIFA ကမ္ဘာ့ဘော်လုံးအဖွဲ့ချုပ်အသိအမှတ်ပြု ပွဲစဉ်များနဲ့ အာရှပွဲစဉ်များမှာ ဆက်တိုက်အောင် မြင် မှုများရရှိနေတဲ့ ဂျပန်-တောင်ကိုရီးယားတို့ဟာ အထက်ပါအချက်များနဲ့ ပြည့်စုံနေလို့ဖြစ်ကြောင်း သက်သေ ပြ နိုင်ပါတယ်။ အာရှမှာ ထိပ်တန်းဖြစ်ယုံမက ကမ္ဘာအဆင့် ဝင်ရောက်ယှဉ်ပြိုင်နေပြီး နာမည်ကျော်ဘော်လုံး သ မားများ ထွန်းပေါ်နေတယ်။

၂၀၂၅-ခုနှစ် အာဆီယံအမျိုးသမီးချန်ပီယံရှစ် ဘောလုံးပွဲကို စပွန်ဆာပေးတဲ့ ဂျပန်နဲ့အာဆီယံအခြေစိုက် MSIG Serenity အာမခံလုပ်ငန်းစုက စပွန်ဆာပေးပါတယ်။ ဖိတ်ခေါ်ခြင်း ခံရတဲ့ သြစတြေးလျဟာ ဥရောပအားကစား အဆင့်ရှိပြီး U-23 အမျိုးသမီးလူငယ်အသင်းက လာရောက်ယှဉ်ပြိုင်တယ်။ အုပ်စုပွဲမှာ မြန်မာကို ၂ ဂိုး ၁-ဂိုးနဲ့ ရှုံးပြီး ဖိလစ်ပိုင်ကို ၁-ဂိုး ဂိုးမရှိ၊ တီမောကို ၉-ဂိုး ဂိုးမရှိ ဆီမီးဖိုင်နယ်မှာ အာဆီယံနာမည်ကြီး ဗီယက်နမ်ကို ၂-ဂိုး ၁-ဂိုးနဲ့အနိုင်ရရှိတယ်။ သြဇီအသင်းဟာ လူကောင်ထွား ကြိုင်းပြီး ရုပ်ပိုင်းဆိုင်ရာ အသာစီးနဲ့ ဖိအားပေး က စားတတ်တယ်။ နောက်တန်းကောင်းပြီး တိုက်စစ်၊ ဖရီးကစ်နဲ့ ဒေါင်းကန်ဘောတွေကို ထိထိရောက်ရောက် အ သုံးချတတ်တယ်။ ပွဲစဉ်အားလုံးမှာ သြဇီဟာ တစ်ပွဲ ထက်တစ်ပွဲ ပိုမိုကောင်းမွန်လာကြောင်း ပြိုင်ဘက်အသင်း အားလုံးက ဝန်ခံကြရပါတယ်။

အဲ့ဒါကြောင့် သြဇီအသင်း ချန်ပီယံဖလားရရှိသွားခြင်းဟာ ထိုက်ထိုက်တန်တန်ပဲလို့ ပြောရပါမယ်။ ဒိုင်ညစ် လို့ လည်း မဟုတ်၊ နည်းပြချုပ် တက်ဆူရိုယူကီနဲ့ အုပ်ချုပ်သူနည်းပြ ဦးကြည်လွင်တို့ လူထုတ် မမှား၊ မေထက်လူ ဝင်မကန်ခြင်းနဲ့ ဘာမှ မဆိုင်ပါ။ ဒုတိယပိုင်း ၈၆-မိနစ် ဂိုးပေါက်ဝမှာ လင်းလဲ့ထွန်း (ကျောနံပတ်-၁၄) ဒဏ်ရာ ရတာ အတော်နာပါလိမ့်မယ်။ “မင်း အိုကေရဲ့လား” လို့ မေးတဲ့ ဒိုင်လူကြီးကို လက်ကာပြပြီး ပွဲပြီးကာနီး မိနစ် ပိုင်းအလို သူ့အသင်းအတွက် အတတ်နိုင်ဆုံး ဆက်ကစားဖို့ ရွေးချယ်ခဲ့တယ်။ ပွဲစဉ်အားလုံး နောက်တန်းကို အကောင်းဆုံးခုခံခဲ့တဲ့ လင်းလဲ့ထွန်းကို လူစားလဲသင့်တာ ခင်မာလာထွန်း (ကျောနံပတ်-၂၀) သာလျှင် သင့် လျော်ပါတယ်၊ အခြားကစားသမားဆို အတော်ဝေဖန်ခံရမယ်။ မြန်မာ့လက်ရွေးစင်အမျိုးသမီး အသင်းခေါင်း ဆောင်ဟောင်း ခင်မာလာထွန်းဟာ ဒူးဒဏ်ရာကြောင့် ကာလအတော်ကြာ အနားယူနေရာမှ သုဝဏ္ဏကွင်းမှာ လေ့ကျင့်ရေးဆင်းခဲ့တာ သိပ်မကြာသေးပါ။ လက်ရှိ အမျိုးသမီးအသင်းနဲ့အတူ ခြေစမ်းပွဲ တစ်ပွဲမှ မကစားရ သေးပါ။ တစ်သင်းလုံးကောင်းဖို့လိုတဲ့ ဘော်လုံး ကစားပွဲဆိုတာ တစ်ယောက်ခြေ တစ်ယောက်သိဖို့ အရေးကြီး ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၇၀ ကျော်ပြည်တွင်းစစ်ဖြစ်နေပြီး ကိုဗစ်ကူးစက်ကပ်ရောဂါ ကျရောက် စဉ် အသေအပျောက်များပြားခဲ့တယ်။ နှစ်စဉ် ရေကြီးရေလျံခြင်းများနဲ့ တကမ္ဘာလုံး သိမ့်သိမ့်တုန်သွားခဲ့ရတဲ့ ကြောက်မက်ဖွယ် “မန္တလေးငလျင်ကြီး” ကိုလည်း ခံစားခဲ့ရတယ်။ သဘာဝဘေး သေကြေပျက်စီးခြင်းများနဲ့ စစ်ဒဏ်သင့် တိုင်းပြည်ကို ပြန်လည်ထူထောင်ဖို့ လူ့အဖွဲ့အစည်းတွင်း ဘာသာ/လူမျိုး လူတန်းစားအလွှာအ သီးသီးတို့က ရုန်းကန်နေရဆဲဖြစ်ပါတယ်။

ပွဲစဉ်တိုင်းမှာ အကောင်းဆုံး ကျားကုတ်ကျားခဲ ကစားခဲ့တဲ့ မြန်မာအမျိုးသမီးအသင်းဟာ တာဝန်ကျေပွန် တယ်ဆိုတာထက် အများကြီးပိုမိုခဲ့ပါတယ်။ အာဆီယံပွဲမှာ ဒုတိယဆုနဲ့အတူ အကောင်းဆုံး ဂိုးသမားဆု၊ ဂိုးအများဆုံးသွင်းယူပေးခဲ့သူ ဆုကို မြန်မာက သိမ်းကြုံးရရှိလိုက်ခြင်းဟာ ပြုပြင်မွန်းမံဆဲ မြေဆီမြေလွှာမှ အဖိုးတန် လှပတဲ့ ပန်းမာလ်ကောင်းများ ပွင့်လန်းလာပြီဖြစ်ကြောင်း ပြသလိုက်ခြင်းပါ။
မြန်မာတို့ နိုးထလာပြီဖြစ်ကြောင်း ကြွေးကြော်လိုက်ခြင်းဖြစ်ပါတယ်။
.

Zawgyi Version:
ျမန္မာအသင္း ႏိုင္ငံတကာအဆင့္ ေဘာလုံးခ်န္ပီယံျဖစ္ဖို႔ ဘာေတြ လိုအပ္ေနသလဲ(သုံးသပ္ေဆာင္းပါး)
#HtayOung #OungMarine(NP News)

===
ကြၽန္ေတာ္ ႏွပ္ေခ်းတြဲေလာင္းအ႐ြယ္ အကိုေတြ ဦးေလးေတြ စကားေျပာတဲ့အခါ “ဗဟာဒူး” “ေအးေမာင္ႀကီး” “ေအးေမာင္ေလး” “ ဂိုးတင္ေအာင္” ဆိုတာ မၾကာခဏ ၾကားရတယ္။ အာရွခ်န္ပီယံ ျမန္မာ့လက္ေ႐ြးစင္ ေဘာလုံးသမားေတြ တဲ့။

ေနာင္ အသက္ေမြးမႈအရ ႏိုင္ငံတကာ လွည့္လည္ သြားလာရင္း အင္ဒိုနီးရွား-ေတာင္ကိုရီးယားကို ေရာက္လို႔ ကြၽန္ေတာ္ ျမန္မာမွန္းသိတဲ့ သူတို႔ လူႀကီးပိုင္းေတြက “ဗဟာဒူးႀကီးတို႔ က်န္းမာၾကရဲ႕လား“ အခု သူတို႔ဘာေတြ လုပ္ေနလဲ” စသျဖင့္ ေမးျမန္းခံရတယ္။ တစ္ခ်ိန္က အာရွေဘာ္လုံးဝါသနာရွင္မ်ား စြဲမက္ခဲ့ရတဲ့ ပတ္ခြၽန္ဟီး ဖလား၊ မာေဒးကား ခ်န္ပီယံ ျမန္မာေဘာလုံးဟီး႐ိုးေတြ ဆိုပဲ။
..
မၾကာေသးခင္အခ်ိန္ ျမန္မာ့လက္ေ႐ြးစင္ ေဘာ္လုံးအသင္းဟာ ေမွးမွိန္ေနပါတယ္။ ကန္လိုက္တဲ့ ျပည္ပပြဲတိုင္း ခြက္ခြက္လန္ ရႈံးလြန္းလို႔ “ျမန္မာအသင္း ဂိုးအလႉႀကီး ေပးျပန္ၿပီ” လို႔ စာေစာင္ေတြမွာ ေရးခံရတဲ့အထိပါ။
.
ဗဟာဒူး၊ ေအးေမာင္ႀကီး၊ ေအးေမာင္ေလး တို႔အေၾကာင္း ၾကားဖူးတဲ့ ကြၽန္ေတာ့္အေနနဲ႔ “ တစ္ခ်ိန္က အာရွ ခ်န္ပီယံျဖစ္ခဲ့တဲ့ ငါတို႔တိုင္းျပည္ ေဘာ္လုံးေလာကႀကီး ဘယ္ႏွယ့္ျဖစ္ကုန္ပါလိမ့္” လို႔ ဦးေႏွာက္ေျခာက္မိတယ္။ လူဦးေရ သန္း ၅၀ ေက်ာ္ခန႔္ ရွိတဲ့ တိုင္းျပည္မွာ ႏိုင္ငံ့ကိုယ္စားျပဳ ေဘာ္လုံးကန္မယ့္ လူ ၅၀ ေလာက္ေတာ့ ဘယ္အခ်ိန္ ဘယ္ေနရာ ဆြဲေခၚ ေခၚ အသာေလး ရႏိုင္တယ္လို႔ စဥ္းစားမိတယ္။ ဒါေပမယ့္ နည္းနည္းၾကာ လာတဲ့အခါ ကြၽန္ေတာ့္အျမင္ မွားယြင္းေၾကာင္း ကိုယ့္ဖာသာ သိလာတယ္။

အားကစားနည္းတစ္ရပ္ရပ္ ႏိုင္ငံတကာသိ ထင္ရွားေအာင္ျမင္ဖို႔ဆိုတာ အဲ့ဒီတိုင္းျပည္ရဲ႕ ႏိုင္ငံေရး စီးပြားေရး အေျခအေနနဲ႔ အမ်ားႀကီး သက္ဆိုင္ပါတယ္။ တစ္ခ်ိန္က အားကစားၿပိဳင္ပြဲဆိုတာ အဲ့ဒီတိုင္းျပည္ဟာ လူမ်ိဳး ျမင့္ျမတ္ေၾကာင္း၊ အင္အားႀကီးမားေၾကာင္း ႏိုင္ငံေရးဝါဒျဖန႔္ဖို႔ လက္နက္ျဖစ္ခဲ့ဖူးတယ္။ ေနာက္ပိုင္းေတာ့ အား ကစားပြဲဆိုတာ ႏိုင္ငံေရး-စီးပြားေရး-ယဥ္ေက်းမႈနဲ႔ အမ်ားႀကီးသက္ဆိုင္လာတယ္။ ဆိုလိုတာ ကိုယ့္ပစၥည္း ေရာင္းေကာင္းဖို႔ ရပ္ကြက္ထဲက အေခ်ာဆုံးဆိုတဲ့ ေကာင္မေလးနဲ႔ ေၾကာ္ညာရင္ ရပ္ကြက္ထဲေလာက္ပဲ ေရာင္း ရမယ္။ အျခားရပ္ကြက္က မိန္းကေလး ခပ္ေခ်ာေခ်ာေလးေတြ အကုန္စုၿပီး ၿမိဳ႕နယ္အလွမယ္ၿပိဳငၤ္ပြဲနဲ႔ သရဖူခ်ီး ျမႇင့္မယ္။ ဒီလိုနည္းနဲ႔ လူပိုသိေအာင္လုပ္ၿပီး ကိုယ့္ပစၥည္းကို ေၾကာ္ျငာခိုင္းရင္ တစ္ၿမိဳ႕လုံးသာမက အျခား ၿမိဳ႕ ႐ြာမ်ားမွာလည္း ေရာင္းရပါလိမ့္မယ္။ ဒါတင္မက ကူးစက္ေရာဂါ ကာကြယ္ေဆးထိုးႏွံဖို႔၊ အသက္ ၅-ႏွစ္ေအာက္ ကေလးေတြ ပိုလီယိုေဆး တိုက္ေကြၽးဖို႔၊ ဟိုရပ္ကြက္မွာ ေရေျမာင္းေဖာ္ဖို႔ သူတို႔ကို ကားေပၚတင္ လွည့္လည္ စည္း႐ုံးလိုက္ရင္ အုပ္ႀကီးေတြ ဆင့္ေခၚတာထက္ လူပိုရ/ပိုထိေရာက္ပါတယ္။

မ်က္ေမွာက္ေခတ္ ေဘာ္လုံးအပါအဝင္ အားကစားပြဲေတြဟာ အသင္း-အားကစားသမား-အဖြဲ႕ခ်ဳပ္ေတြအတြက္ ေဒၚလာသန္းခ်ီၿပီး ဝင္ေငြရရွိႏိုင္တယ္။ ပြဲၾကည့္လက္မွတ္ခ၊ ႐ုပ္သံေပါင္းစုံက ေၾကာ္ျငာဝင္ေငြ ခပ္မ်က္မ်က္ ေလးရရွိတတ္လို႔ စီးပြားေရးကုမၸဏီႀကီးေတြက စပြန္ဆာေပးတတ္ၾကတယ္။ အဲ့ဒီတိုင္းျပည္အတြက္လည္း ခရီး သြားလုပ္ငန္း-သယ္ယူပို႔ေဆာင္ေရးနဲ႔အစားအေသာက္စသျဖင့္ ေရာင္းခ်ႏိုင္လို႔ လူတန္းစား အလႊာအသီးသီး အတြက္ အက်ိဳးရွိပါတယ္။

မိမိတိုင္းျပည္ အားကစားသမားေတြရဲ႕ အရည္အခ်င္း၊ အားကစားအဆင့္အတန္း၊ လူ႔စြမ္းအားရင္းျမစ္ကို ျပသ ၿပီး နာမည္ေကာင္းရတယ္။ ႏိုင္ငံအခ်င္းခ်င္း ခ်စ္ၾကည္ရင္းႏွီးဖို႔၊ အျပန္အလွန္နားလည္ဖို႔ ျပည္ပရင္း ႏွီးျမႇဳပ္ႏွံဖို႔ ဆြဲေဆာင္ႏိုင္တယ္။ အားကစားေအာင္ျမင္ျခင္းေၾကာင့္ တိုင္းျပည္အတြင္း လူ႔အဖြဲ႕အစည္းႀကီး တစ္ခုလုံး စည္း လုံးသြားတတ္တယ္။

ဒုတိယကမာၻစစ္အၿပီး ျပာပုံထဲက ႐ုန္းထြက္ဖို႔-ႏိုင္ငံသားမ်ား က်န္းမာႀကံခိုင္ဖို႔ ၁၉၆၄-ခုႏွစ္ ဂ်ပန္ႏိုင္ငံဟာ အား ကစားကို အသုံးခ်ခဲ့တယ္။ ၁၉၉၄-ခုႏွစ္ လူမ်ိဳးဘာသာ ခြဲျခားမႈ မရွိတဲ့ ရာ့ဂ္ဘီအားကစားပြဲမ်ားနဲ႔ နယ္လ္ဆင္ မင္ဒဲလ္လားဟာ အသားအေရာင္ ခြဲျခားမႈ တိုက္ဖ်က္ေရးတြန္းအားေပးႏိုင္ခဲ့တယ္။ ၂၀၀၅-ခုႏွစ္ ကမာၻ႔ဖလားပြဲ အိုင္ဗရီကို႔စ္ေဘာလုံးအသင္းေျခစစ္ပြဲေအာင္ျမင္ျခင္း၊ အာဖရိကႏိုင္ငံမ်ားဖလားပြဲမွာ အိုင္ဗရီကို႔စ္အသင္း ေအာင္ျမင္ျခင္းနဲ႔ ေဘာ္လုံးသမား “ဒေရာ့ဗာ” ထင္ရွားလာျခင္းတို႔ဟာ သူ႔ျပည္တြင္းႏိုင္ငံေရးအယူအဆကြဲ လြဲ ၿပီး လက္နက္ကိုင္ပဋိပကၡျဖစ္ပြားေနျခင္းကို ေစ့စပ္ညႇိႏႈိင္းၾကဖို႔ တြန္းအားေပးႏိုင္ခဲ့ပါတယ္။

၁၉၉၀-ျပည့္လြန္ ယူဂိုဆလားဗီးယားႏိုင္ငံဟာ လူမ်ိဳးေရးပဋိပကၡမ်ားနဲ႔ အခ်င္းခ်င္းစစ္ခင္းၿပီး ေဘာ္လကန္ႏိုင္ငံ ငယ္ ၆-ခု အျဖစ္ ၿပိဳကြဲသြားခဲ့တယ္။ ျပန္လည္ထူေထာင္စ ခ႐ိုေအးရွားႏိုင္ငံသစ္ဟာ ၂၀၁၈-ခုႏွစ္ ကမာၻ႔ဖလား ပြဲမွာ ဖိုင္နယ္ ဗိုလ္လုပြဲထိတက္ေရာက္ႏိုင္ခဲ့ပါတယ္။ ျပင္သစ္ကို ၄-ဂိုး ၂-ဂိုးနဲ႔ ရႈံးနိမ့္ခဲ့ေပမယ့္ ယခင္ အုပ္စုအ ဆင့္မွာတင္ ဖ်လိပ္ အိမ္ျပန္ခဲ့ရတဲ့ ခ႐ိုေအးရွားတို႔အတြက္ အႀကီးအက်ယ္ဂုဏ္ယူစရာျဖစ္ခဲ့ရတယ္။ ျပည္တြင္း ႏိုင္ငံေရး မညီၫြတ္မႈေတြကို ညႇိႏႈိင္းေစခဲ့ၿပီး စီးပြားေရးျပန္လည္ထူေထာင္ႏိုင္ခဲ့တယ္။

မိတ္ေဆြ သတိထားၾကည့္လိုက္ပါ ႏိုင္ငံတကာေဘာ္လုံးပြဲမ်ားမွာ ဘရာဇီး-အာဂ်င္တီးနားကလြဲရင္ ဥေရာပ အ သင္းေတြက ထိပ္တန္းျဖစ္ေနတယ္။ အဲ့ဒီတိုင္းျပည္ေတြဟာ အျခားတိုင္းျပည္ေတြထက္ (၁) ႏိုင္ငံေရး တည္ ၿငိမ္တယ္၊ ဘာသာေရး/လူမ်ိဳးေရးပဋိပကၡအလြန္နည္းတယ္။ (၂) ေဘာ္လုံးယဥ္ေက်းမႈထြန္းကားၿပီး အားေပး သူပရိႆတ္အလြန္မ်ားတယ္။ (၃) လူငယ္ေဘာ္လုံးအစီအစဥ္မ်ား-အဆင့္ျမင့္ ေလ့က်င့္ေရးစင္တာမ်ား ေကာင္းမြန္ျပည့္စုံတယ္ (၄) ၿပိဳင္ဆိုင္ေနၾကတဲ့ စီးပြားေရးလုပ္ငန္းရွင္ေတြဟာ သူ႔လုပ္ငန္းေအာင္ျမင္ေအာင္ ေၾကာ္ညာဖို႔ အားကစားပြဲေတြကို စပြန္ဆာေပးေနၾကတယ္။ ကလပ္အသင္းအခ်င္းခ်င္း ေျခစမ္းပြဲေတြ ကစား ႏိုင္ဖို႔ သာမက ျပည္ပတိုင္းျပည္မ်ားအထိ သြားေရာက္ကစားႏိုင္ေအာင္ ေထာက္ပံ့ေပးေနၾကတယ္။ (၅) သူတို႔ ေဘာ္လုံးအဖြဲ႕ခ်ဳပ္ေတြဟာ အလြန္တည္ၿငိမ္ လြတ္လပ္ၿပီး ပ႐ိုဖက္ရွင္နယ္က်တဲ့ စီမံခန႔္ခြဲမႈရွိတယ္။ အားကစား သမားေတြ ႐ုပ္ပိုင္း/စိတ္ဓါတ္ပိုင္းမွာ ႀကံ့ခိုင္ဖို႔နဲ႔ နည္းဗ်ဴဟာနားလည္ၿပီး စြမ္းရည္ျပည့္ဝဖို႔ ပ်ိဳးေထာင္ေပးႏိုင္ ၾကတယ္။ ေျမဆီေျမလႊာရင္းျမစ္ေကာင္းလို႔ ပန္းမာလ္ေကာင္း သီးႏွံေကာင္း ထြန္းေပၚတယ္။

အဲ့ဒါေၾကာင့္ FIFA ကမာၻ႔ေဘာ္လုံးအဖြဲ႕ခ်ဳပ္အသိအမွတ္ျပဳ ပြဲစဥ္မ်ားနဲ႔ အာရွပြဲစဥ္မ်ားမွာ ဆက္တိုက္ေအာင္ ျမင္ မႈမ်ားရရွိေနတဲ့ ဂ်ပန္-ေတာင္ကိုရီးယားတို႔ဟာ အထက္ပါအခ်က္မ်ားနဲ႔ ျပည့္စုံေနလို႔ျဖစ္ေၾကာင္း သက္ေသ ျပ ႏိုင္ပါတယ္။ အာရွမွာ ထိပ္တန္းျဖစ္ယုံမက ကမာၻအဆင့္ ဝင္ေရာက္ယွဥ္ၿပိဳင္ေနၿပီး နာမည္ေက်ာ္ေဘာ္လုံး သ မားမ်ား ထြန္းေပၚေနတယ္။

၂၀၂၅-ခုႏွစ္ အာဆီယံအမ်ိဳးသမီးခ်န္ပီယံရွစ္ ေဘာလုံးပြဲကို စပြန္ဆာေပးတဲ့ ဂ်ပန္နဲ႔အာဆီယံအေျခစိုက္ MSIG Serenity အာမခံလုပ္ငန္းစုက စပြန္ဆာေပးပါတယ္။ ဖိတ္ေခၚျခင္း ခံရတဲ့ ၾသစေၾတးလ်ဟာ ဥေရာပအားကစား အဆင့္ရွိၿပီး U-23 အမ်ိဳးသမီးလူငယ္အသင္းက လာေရာက္ယွဥ္ၿပိဳင္တယ္။ အုပ္စုပြဲမွာ ျမန္မာကို ၂ ဂိုး ၁-ဂိုးနဲ႔ ရႈံးၿပီး ဖိလစ္ပိုင္ကို ၁-ဂိုး ဂိုးမရွိ၊ တီေမာကို ၉-ဂိုး ဂိုးမရွိ ဆီမီးဖိုင္နယ္မွာ အာဆီယံနာမည္ႀကီး ဗီယက္နမ္ကို ၂-ဂိုး ၁-ဂိုးနဲ႔အႏိုင္ရရွိတယ္။ ၾသဇီအသင္းဟာ လူေကာင္ထြား ႀကိဳင္းၿပီး ႐ုပ္ပိုင္းဆိုင္ရာ အသာစီးနဲ႔ ဖိအားေပး က စားတတ္တယ္။ ေနာက္တန္းေကာင္းၿပီး တိုက္စစ္၊ ဖရီးကစ္နဲ႔ ေဒါင္းကန္ေဘာေတြကို ထိထိေရာက္ေရာက္ အ သုံးခ်တတ္တယ္။ ပြဲစဥ္အားလုံးမွာ ၾသဇီဟာ တစ္ပြဲ ထက္တစ္ပြဲ ပိုမိုေကာင္းမြန္လာေၾကာင္း ၿပိဳင္ဘက္အသင္း အားလုံးက ဝန္ခံၾကရပါတယ္။

အဲ့ဒါေၾကာင့္ ၾသဇီအသင္း ခ်န္ပီယံဖလားရရွိသြားျခင္းဟာ ထိုက္ထိုက္တန္တန္ပဲလို႔ ေျပာရပါမယ္။ ဒိုင္ညစ္ လို႔ လည္း မဟုတ္၊ နည္းျပခ်ဳပ္ တက္ဆူ႐ိုယူကီနဲ႔ အုပ္ခ်ဳပ္သူနည္းျပ ဦးၾကည္လြင္တို႔ လူထုတ္ မမွား၊ ေမထက္လူ ဝင္မကန္ျခင္းနဲ႔ ဘာမွ မဆိုင္ပါ။ ဒုတိယပိုင္း ၈၆-မိနစ္ ဂိုးေပါက္ဝမွာ လင္းလဲ့ထြန္း (ေက်ာနံပတ္-၁၄) ဒဏ္ရာ ရတာ အေတာ္နာပါလိမ့္မယ္။ “မင္း အိုေကရဲ႕လား” လို႔ ေမးတဲ့ ဒိုင္လူႀကီးကို လက္ကာျပၿပီး ပြဲၿပီးကာနီး မိနစ္ ပိုင္းအလို သူ႔အသင္းအတြက္ အတတ္ႏိုင္ဆုံး ဆက္ကစားဖို႔ ေ႐ြးခ်ယ္ခဲ့တယ္။ ပြဲစဥ္အားလုံး ေနာက္တန္းကို အေကာင္းဆုံးခုခံခဲ့တဲ့ လင္းလဲ့ထြန္းကို လူစားလဲသင့္တာ ခင္မာလာထြန္း (ေက်ာနံပတ္-၂၀) သာလွ်င္ သင့္ ေလ်ာ္ပါတယ္၊ အျခားကစားသမားဆို အေတာ္ေဝဖန္ခံရမယ္။ ျမန္မာ့လက္ေ႐ြးစင္အမ်ိဳးသမီး အသင္းေခါင္း ေဆာင္ေဟာင္း ခင္မာလာထြန္းဟာ ဒူးဒဏ္ရာေၾကာင့္ ကာလအေတာ္ၾကာ အနားယူေနရာမွ သုဝဏၰကြင္းမွာ ေလ့က်င့္ေရးဆင္းခဲ့တာ သိပ္မၾကာေသးပါ။ လက္ရွိ အမ်ိဳးသမီးအသင္းနဲ႔အတူ ေျခစမ္းပြဲ တစ္ပြဲမွ မကစားရ ေသးပါ။ တစ္သင္းလုံးေကာင္းဖို႔လိုတဲ့ ေဘာ္လုံး ကစားပြဲဆိုတာ တစ္ေယာက္ေျခ တစ္ေယာက္သိဖို႔ အေရးႀကီး ပါတယ္။

ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံဟာ ႏွစ္ေပါင္း ၇၀ ေက်ာ္ျပည္တြင္းစစ္ျဖစ္ေနၿပီး ကိုဗစ္ကူးစက္ကပ္ေရာဂါ က်ေရာက္ စဥ္ အေသအေပ်ာက္မ်ားျပားခဲ့တယ္။ ႏွစ္စဥ္ ေရႀကီးေရလ်ံျခင္းမ်ားနဲ႔ တကမာၻလုံး သိမ့္သိမ့္တုန္သြားခဲ့ရတဲ့ ေၾကာက္မက္ဖြယ္ “မႏၲေလးငလ်င္ႀကီး” ကိုလည္း ခံစားခဲ့ရတယ္။ သဘာဝေဘး ေသေၾကပ်က္စီးျခင္းမ်ားနဲ႔ စစ္ဒဏ္သင့္ တိုင္းျပည္ကို ျပန္လည္ထူေထာင္ဖို႔ လူ႔အဖြဲ႕အစည္းတြင္း ဘာသာ/လူမ်ိဳး လူတန္းစားအလႊာအ သီးသီးတို႔က ႐ုန္းကန္ေနရဆဲျဖစ္ပါတယ္။

ပြဲစဥ္တိုင္းမွာ အေကာင္းဆုံး က်ားကုတ္က်ားခဲ ကစားခဲ့တဲ့ ျမန္မာအမ်ိဳးသမီးအသင္းဟာ တာဝန္ေက်ပြန္ တယ္ဆိုတာထက္ အမ်ားႀကီးပိုမိုခဲ့ပါတယ္။ အာဆီယံပြဲမွာ ဒုတိယဆုနဲ႔အတူ အေကာင္းဆုံး ဂိုးသမားဆု၊ ဂိုးအမ်ားဆုံးသြင္းယူေပးခဲ့သူ ဆုကို ျမန္မာက သိမ္းႀကဳံးရရွိလိုက္ျခင္းဟာ ျပဳျပင္မြန္းမံဆဲ ေျမဆီေျမလႊာမွ အဖိုးတန္ လွပတဲ့ ပန္းမာလ္ေကာင္းမ်ား ပြင့္လန္းလာၿပီျဖစ္ေၾကာင္း ျပသလိုက္ျခင္းပါ။
ျမန္မာတို႔ ႏိုးထလာၿပီျဖစ္ေၾကာင္း ေႂကြးေၾကာ္လိုက္ျခင္းျဖစ္ပါတယ္။
.

Related news

© 2021. All rights reserved.