မြန်မာ့သမိုင်းစဉ်စာအုပ် ပုံနှိပ်ထုတ်ဝေနိုင်ရန် (မူကြမ်း)များကို တည်းဖြတ်ပြုစုထားပြီးဖြစ်

286

ချယ်ရီ (NP News) - ဩဂုတ် ၂၂
တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်စာအုပ် ပုံနှိပ်ထုတ်ဝေနိုင်ရန်အတွက် (မူကြမ်း)များကို တည်းဖြတ်ပြုစုထားပြီးဖြစ်ရာ အဆိုပါ တည်းဖြတ်ထားမှုများအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် ထပ်မံပြင်ဆင်ဖြည့်စွက်ရန် လိုအပ်သည့်အချက်များအား ဆွေးနွေးတင်ပြရန် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ပြောသည်။
အထက်ပါ စကားကို ယမန်နေ့ (ဩဂုတ်လ ၂၁ ရက်)က သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်အစည်းအဝေးခန်းမတွင် ကျင်းပသည့်် မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်စာအုပ်ပုံနှိပ်ထုတ်ဝေနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး အဆိုပါဆွေးနွေးပွဲသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် တက်ရောက်ခဲ့သည်။
သမိုင်းစဉ်စာအုပ် (မူကြမ်း) များကို ပုံနှိပ်ထုတ်ဝေနိုင်ရန် သမိုင်းကြောင်းအချက်အလက်များ မှားယွင်းမှုမရှိစေရေးနှင့် အယူအဆများ လွဲချော်မှု မရှိစေရေးတို့အတွက် မြန်မာ့သမိုင်းအဖွဲ့မှ ပညာရှင်များပါဝင်သည့် စာမူတည်းဖြတ်ရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး အဆိုပါအဖွဲ့နှင့်ပူးပေါင်း၍ လိုအပ်သည့် အချက်အလက်၊ မှတ်တမ်းဓာတ်ပုံများ၊ မြေပုံများရှာဖွေရေးသား ပြုစုထောက်ပံ့ခြင်းနှင့် ပုံနှိပ်ရန်ပြင်ဆင်ခြင်း လုပ်ငန်းများကို ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြတိုက်များ) က ဦးဆောင်ကာ အထောက်အကူပြုအဖွဲ့ဖွဲ့စည်း၍ ရန်ကုန်ဌာနခွဲတွင် ဆောင်ရွက်ခဲ့ပါကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်စာအုပ် ပုံနှိပ်ထုတ်ဝေနိုင်ရေးနှင့်ပတ်သက်၍ ပညာရှင်များ၏ အကြံပြုလမ်းညွှန်ချက်များဖြင့် တည်းဖြတ်ပြင်ဆင်ရေးသားပြုစုထားသည့် “မြန်မာ့မြေလွှာဖြစ်တည်မှုနှင့် မြန်မာ့ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းရှာဖွေတွေ့ရှိမှု”၊ “မြန်မာ့ကျောက်ခေတ်”၊ “မြန်မာ့ကြေးခေတ်၊ သံခေတ်” နှင့် “ပျူခေတ်ရှေးဦး မြို့ပြယဉ်ကျေးမှု” စသည့် သမိုင်းစဉ်စာအုပ် (မူကြမ်း)များကို တည်းဖြတ်ပြုစုထားပြီးဖြစ်ကာ၊ အဆိုပါ တည်းဖြတ်ထားသည့် စာအုပ် (မူကြမ်း)များအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် ထပ်မံပြင်ဆင်ဖြည့်စွက်ရန် လိုအပ်သည့်အချက်များကို ဆွေးနွေးတင်ပြရန် ဒုတိယဝန်ကြီးက ထပ်မံပြောကြားသည်။

Zawgyi Version:
ျမန္မာ့သမိုင္းစဥ္စာအုပ္ ပုံႏွိပ္ထုတ္ေဝႏိုင္ရန္ (မူၾကမ္း)မ်ားကို တည္းျဖတ္ျပဳစုထားၿပီးျဖစ္
ခ်ယ္ရီ (NP News) - ဩဂုတ္ ၂၂
တစ္ဆက္တစ္စပ္တည္းေသာ ျမန္မာ့သမိုင္းစဥ္စာအုပ္ ပုံႏွိပ္ထုတ္ေဝႏိုင္ရန္အတြက္ (မူၾကမ္း)မ်ားကို တည္းျဖတ္ျပဳစုထားၿပီးျဖစ္ရာ အဆိုပါ တည္းျဖတ္ထားမႈမ်ားအေပၚ သက္ဆိုင္ရာက႑အလိုက္ ထပ္မံျပင္ဆင္ျဖည့္စြက္ရန္ လိုအပ္သည့္အခ်က္မ်ားအား ေဆြးေႏြးတင္ျပရန္ သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ေဒၚႏုျမဇံက ေျပာသည္။
အထက္ပါ စကားကို ယမန္ေန႔ (ဩဂုတ္လ ၂၁ ရက္)က သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန၊ ေလာကနတ္အစည္းအေဝးခန္းမတြင္ က်င္းပသည့္္ ျမန္မာႏိုင္ငံ၏ တစ္ဆက္တစ္စပ္တည္းေသာ ျမန္မာ့သမိုင္းစဥ္စာအုပ္ပုံႏွိပ္ထုတ္ေဝႏိုင္ေရးအတြက္ ညႇိႏႈိင္းေဆြးေႏြးပြဲ၌ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ၿပီး အဆိုပါေဆြးေႏြးပြဲသို႔ သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးတင္ဦးလြင္ တက္ေရာက္ခဲ့သည္။
သမိုင္းစဥ္စာအုပ္ (မူၾကမ္း) မ်ားကို ပုံႏွိပ္ထုတ္ေဝႏိုင္ရန္ သမိုင္းေၾကာင္းအခ်က္အလက္မ်ား မွားယြင္းမႈမရွိေစေရးႏွင့္ အယူအဆမ်ား လြဲေခ်ာ္မႈ မရွိေစေရးတို႔အတြက္ ျမန္မာ့သမိုင္းအဖြဲ႕မွ ပညာရွင္မ်ားပါဝင္သည့္ စာမူတည္းျဖတ္ေရးအဖြဲ႕ကို ဖြဲ႕စည္းတာဝန္ေပးအပ္ခဲ့ၿပီး အဆိုပါအဖြဲ႕ႏွင့္ပူးေပါင္း၍ လိုအပ္သည့္ အခ်က္အလက္၊ မွတ္တမ္းဓာတ္ပုံမ်ား၊ ေျမပုံမ်ားရွာေဖြေရးသား ျပဳစုေထာက္ပံ့ျခင္းႏွင့္ ပုံႏွိပ္ရန္ျပင္ဆင္ျခင္း လုပ္ငန္းမ်ားကို ေရွးေဟာင္း သုေတသနႏွင့္ အမ်ိဳးသားျပတိုက္ ဦးစီးဌာန၊ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ (ျပတိုက္မ်ား) က ဦးေဆာင္ကာ အေထာက္အကူျပဳအဖြဲ႕ဖြဲ႕စည္း၍ ရန္ကုန္ဌာနခြဲတြင္ ေဆာင္႐ြက္ခဲ့ပါေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
တစ္ဆက္တစ္စပ္တည္းေသာ ျမန္မာ့သမိုင္းစဥ္စာအုပ္ ပုံႏွိပ္ထုတ္ေဝႏိုင္ေရးႏွင့္ပတ္သက္၍ ပညာရွင္မ်ား၏ အႀကံျပဳလမ္းၫႊန္ခ်က္မ်ားျဖင့္ တည္းျဖတ္ျပင္ဆင္ေရးသားျပဳစုထားသည့္ “ျမန္မာ့ေျမလႊာျဖစ္တည္မႈႏွင့္ ျမန္မာ့ပ႐ိုင္းမိတ္ေက်ာက္ျဖစ္႐ုပ္ႂကြင္းရွာေဖြေတြ႕ရွိမႈ”၊ “ျမန္မာ့ေက်ာက္ေခတ္”၊ “ျမန္မာ့ေၾကးေခတ္၊ သံေခတ္” ႏွင့္ “ပ်ဴေခတ္ေရွးဦး ၿမိဳ႕ျပယဥ္ေက်းမႈ” စသည့္ သမိုင္းစဥ္စာအုပ္ (မူၾကမ္း)မ်ားကို တည္းျဖတ္ျပဳစုထားၿပီးျဖစ္ကာ၊ အဆိုပါ တည္းျဖတ္ထားသည့္ စာအုပ္ (မူၾကမ္း)မ်ားအေပၚ သက္ဆိုင္ရာက႑အလိုက္ ထပ္မံျပင္ဆင္ျဖည့္စြက္ရန္ လိုအပ္သည့္အခ်က္မ်ားကို ေဆြးေႏြးတင္ျပရန္ ဒုတိယဝန္ႀကီးက ထပ္မံေျပာၾကားသည္။