မှတ်ပုံတင်အတုများဖြင့်ပင် K Pay အကောင့်ဖွင့်နိုင်နေသောကြောင့် ပိုမိုလုံခြုံသောစနစ်ကို ဖော်ဆောင်သင့်

286

သက်ပိုင် (NP News) - သြဂုတ် ၂၂
မှတ်ပုံတင်အတုများဖြင့် K Pay အကောင့်များဖွင့်ကာ ဒုစရိုက်လုပ်ငန်းများနှင့် လိမ်လည်မှုတို့ ပြုလုပ်ခြင်းများ ရှိလာနေသည့်အတွက် ပိုမိုလုံခြုံသော စနစ်ကိုဖော်ဆောင်သင့်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများက NP News သို့ အကြံပြုပြောကြားသည်။ လက်ရှိတွင် မှတ်ပုံတင်အတုတစ်ခုလျှင် ငွေကျပ် နှစ်သိန်းဝန်းကျင်ခန့်သာ ပေါက်ဈေးရှိနေပြီး Online မှတစ်ဆင့် အရောင်းအဝယ်ပြုလုပ်နေကြခြင်းဖြစ် ကြောင်းနှင့် ထိုမှတ်ပုံတင်အတုကို အသုံးပြုကာ K Pay အကောင့်ဖွင့်ပြီး ရာဇဝတ်မှုများပြုလုပ်လာနေ ကြကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ “ပြီးခဲ့တဲ့တစ်ခေါက် မန္တလေးမြို့က ရွှေ ဆိုင် ဓားပြ မှုမှာ ကျူးလွန်တဲ့သူက K pay ကို မှတ်ပုံ တင်အတုနဲ့ ဖွင့်ထားတယ်။ K pay က ကိုယ့်ဟာကိုယ် ဖွင့်လို့ရ တာကိုး။ ဒီတော့ မှတ်ပုံတင်အတုအစစ် ကိစ္စ လေးတွေကို မီးမောင်းသွားထိုးတာပေါ့။ K pay က မှတ်ပုံ တင်အတုအစစ်ကို မသိတော့ဘူးလေ။ K pay က မှတ်ပုံတင် တုတုစစ်စစ် မှတ်ပုံတင်ဖြစ် ပြီးရောဆိုတာ မျိုး ဖြစ်နေတယ်” ဟု ၎င်းကပြောသည်။
လွန်ခဲ့သည့် (၁၀)နှစ်ခန့်က နယ်စပ်တွင် မှတ်ပုံတင်အတုတစ်ခုလျှင် ငွေကျပ် သိန်း(၂၀) အထိ ပေါက်ဈေးရှိခဲ့ပြီး ထိုစဉ်ကတည်းကပင် နိုင်ငံသား စိစစ်ရေးကတ်ပြားများ၏ လုံခြုံရေး အားနည်းချက်ကို အခွင့်ကောင်းယူ၍ မှတ်ပုံတင်အတုများ ပေါ်ပေါက်နေပြီဖြစ်သော်လည်း လက်ရှိတွင် ပိုများလာခြင်းဖြစ် နိုင်ကြောင်း အငြိမ်းစားရဲအရာရှိကြီးတစ်ဦးက ဆိုသည်။ “အရေးကြီးစာရွက်စာတမ်းတွေရဲ့ လုံခြုံမှု စနစ်နိမ့်လေလေ အတုထွက်လေပေါ့နော်။ နောက်ပြီး ဒီဟာတွေကို ဒုစရိုက်လုပ်ငန်းကလူတွေသုံးမယ်၊ အိမ် နီးချင်းနိုင်ငံက လူတွေသုံးမယ်။ တချို့နိုင်ငံသားတွေ ဆိုရင်လည်း မြန်မာကတ်ပြားတွေနဲ့ အမျိုးမျိုး လိမ် စားနေကြတာပဲလေ။ နောက်ပြီး ဒီကတ်ပြားနဲ့ Mobile Banking ပိုင်းတွေမှာလည်း လုပ်လာကြတာ ကိုတွေ့ရတယ်။ ဒီတော့ Mobile Banking ကုမ္ပဏီ တွေအနေနဲ့လည်း ဒါကိုဘယ်လိုကာကွယ်ရမလဲ ဆို တာကိုစဉ်းစားဖို့လိုမယ်” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် လူသုံးအများဆုံး Mobile Banking တစ်ခုဖြစ်သော K pay အကောင့် အမျိုးမျိုး ဖြင့် လိမ်လည်မှုများနှင့် K pay အကောင့် ခိုးယူခံရမှုများမှာ ပိုမို များပြားလာသည်ကို တွေ့မြင်ရ နေပြီး အဆိုပါအချက်များတွင် K pay ၏ အားနည်းချက်ကို အခွင့်ကောင်းယူကာ ပြုလုပ်လျက်ရှိသည်ကို တွေ့ မြင်နေရကြောင်း လေ့လာသူများကဆိုသည်။ ထိုသို့ လိမ်လည်ခံလိုက်ရသူများအနေဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံ လာရောက်တိုင်ကြားပြီး အဆိုပါ K pay ဖွင့်ထားသော မှတ်ပုံတင်နံပါတ်နှင့် လိမ်လည်သူကို လိုက်လံစုံစမ်းရာတွင် မှတ်ပုံတင်အတုဖြစ်နေခြင်း၊ အခြားလူတစ်ယောက် ဖြစ်နေခြင်းတို့နှင့် ကြုံတွေ့ရ လေ့ရှိကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများကဆိုသည်။

Zawgyi Version:
မွတ္ပုံတင္အတုမ်ားျဖင့္ပင္ K Pay အေကာင့္ဖြင့္ႏိုင္ေနေသာေၾကာင့္ ပိုမိုလုံၿခဳံေသာ စနစ္ကို ေဖာ္ေဆာင္သင့္
သက္ပိုင္ (NP News) - ၾသဂုတ္ ၂၂
မွတ္ပုံတင္အတုမ်ားျဖင့္ K Pay အေကာင့္မ်ားဖြင့္ကာ ဒုစ႐ိုက္လုပ္ငန္းမ်ားႏွင့္ လိမ္လည္မႈတို႔ ျပဳလုပ္ျခင္းမ်ား ရွိလာေနသည့္အတြက္ ပိုမိုလုံၿခဳံေသာ စနစ္ကိုေဖာ္ေဆာင္သင့္ေၾကာင္း ရဲတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားက NP News သို႔ အႀကံျပဳေျပာၾကားသည္။ လက္ရွိတြင္ မွတ္ပုံတင္အတုတစ္ခုလွ်င္ ေငြက်ပ္ ႏွစ္သိန္းဝန္းက်င္ခန႔္သာ ေပါက္ေဈးရွိေနၿပီး Online မွတစ္ဆင့္ အေရာင္းအဝယ္ျပဳလုပ္ေနၾကျခင္းျဖစ္ ေၾကာင္းႏွင့္ ထိုမွတ္ပုံတင္အတုကို အသုံးျပဳကာ K Pay အေကာင့္ဖြင့္ၿပီး ရာဇဝတ္မႈမ်ားျပဳလုပ္လာေန ၾကေၾကာင္း ရဲတပ္ဖြဲ႕ႏွင့္ နီးစပ္သူတစ္ဦးက ဆိုသည္။ “ၿပီးခဲ့တဲ့တစ္ေခါက္ မႏၲေလးၿမိဳ႕က ေ႐ႊ ဆိုင္ ဓားျပ မႈမွာ က်ဴးလြန္တဲ့သူက K pay ကို မွတ္ပုံ တင္အတုနဲ႔ ဖြင့္ထားတယ္။ K pay က ကိုယ့္ဟာကိုယ္ ဖြင့္လို႔ရ တာကိုး။ ဒီေတာ့ မွတ္ပုံတင္အတုအစစ္ ကိစၥ ေလးေတြကို မီးေမာင္းသြားထိုးတာေပါ့။ K pay က မွတ္ပုံ တင္အတုအစစ္ကို မသိေတာ့ဘူးေလ။ K pay က မွတ္ပုံတင္ တုတုစစ္စစ္ မွတ္ပုံတင္ျဖစ္ ၿပီးေရာဆိုတာ မ်ိဳး ျဖစ္ေနတယ္” ဟု ၎ကေျပာသည္။
လြန္ခဲ့သည့္ (၁၀)ႏွစ္ခန႔္က နယ္စပ္တြင္ မွတ္ပုံတင္အတုတစ္ခုလွ်င္ ေငြက်ပ္ သိန္း(၂၀) အထိ ေပါက္ေဈးရွိခဲ့ၿပီး ထိုစဥ္ကတည္းကပင္ ႏိုင္ငံသား စိစစ္ေရးကတ္ျပားမ်ား၏ လုံၿခဳံေရး အားနည္းခ်က္ကို အခြင့္ေကာင္းယူ၍ မွတ္ပုံတင္အတုမ်ား ေပၚေပါက္ေနၿပီျဖစ္ေသာ္လည္း လက္ရွိတြင္ ပိုမ်ားလာျခင္းျဖစ္ ႏိုင္ေၾကာင္း အၿငိမ္းစားရဲအရာရွိႀကီးတစ္ဦးက ဆိုသည္။ “အေရးႀကီးစာ႐ြက္စာတမ္းေတြရဲ႕ လုံၿခဳံမႈ စနစ္နိမ့္ေလေလ အတုထြက္ေလေပါ့ေနာ္။ ေနာက္ၿပီး ဒီဟာေတြကို ဒုစ႐ိုက္လုပ္ငန္းကလူေတြသုံးမယ္၊ အိမ္ နီးခ်င္းႏိုင္ငံက လူေတြသုံးမယ္။ တခ်ိဳ႕ႏိုင္ငံသားေတြ ဆိုရင္လည္း ျမန္မာကတ္ျပားေတြနဲ႔ အမ်ိဳးမ်ိဳး လိမ္ စားေနၾကတာပဲေလ။ ေနာက္ၿပီး ဒီကတ္ျပားနဲ႔ Mobile Banking ပိုင္းေတြမွာလည္း လုပ္လာၾကတာ ကိုေတြ႕ရတယ္။ ဒီေတာ့ Mobile Banking ကုမၸဏီ ေတြအေနနဲ႔လည္း ဒါကိုဘယ္လိုကာကြယ္ရမလဲ ဆို တာကိုစဥ္းစားဖို႔လိုမယ္” ဟု ၎က ေျပာသည္။
ျမန္မာႏိုင္ငံတြင္ လူသုံးအမ်ားဆုံး Mobile Banking တစ္ခုျဖစ္ေသာ K pay အေကာင့္ အမ်ိဳးမ်ိဳး ျဖင့္ လိမ္လည္မႈမ်ားႏွင့္ K pay အေကာင့္ ခိုးယူခံရမႈမ်ားမွာ ပိုမို မ်ားျပားလာသည္ကို ေတြ႕ျမင္ရ ေနၿပီး အဆိုပါအခ်က္မ်ားတြင္ K pay ၏ အားနည္းခ်က္ကို အခြင့္ေကာင္းယူကာ ျပဳလုပ္လ်က္ရွိသည္ကို ေတြ႕ ျမင္ေနရေၾကာင္း ေလ့လာသူမ်ားကဆိုသည္။ ထိုသို႔ လိမ္လည္ခံလိုက္ရသူမ်ားအေနျဖင့္ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ထံ လာေရာက္တိုင္ၾကားၿပီး အဆိုပါ K pay ဖြင့္ထားေသာ မွတ္ပုံတင္နံပါတ္ႏွင့္ လိမ္လည္သူကို လိုက္လံစုံစမ္းရာတြင္ မွတ္ပုံတင္အတုျဖစ္ေနျခင္း၊ အျခားလူတစ္ေယာက္ ျဖစ္ေနျခင္းတို႔ႏွင့္ ႀကဳံေတြ႕ရ ေလ့ရွိေၾကာင္း ရဲတပ္ဖြဲ႕ႏွင့္နီးစပ္သူမ်ားကဆိုသည္။