တရုတ်နိုင်ငံက ဆောက်လုပ်ဆဲတံတားတစ်ခုမှာ မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၁၂)ဦး သေဆုံး

 333

Pika (NP News) - သြဂုတ် ၂၃
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက ဆောက်လုပ်ဆဲတံတားတစ်ခုမှာ ဆက်သွယ်ထားတဲ့ကြိုးတစ်ချောင်း ပြတ်ကျသွားခဲ့ပြီးနောက် အနည်းဆုံးလူ(၁၂)ဦးသေဆုံးခဲ့ပြီး အခြားလူ(၄)ဦးပျောက်ဆုံးနေတယ်လို့ နိုင်ငံပိုင်မီဒီယာ တွေက ရေးသားဖော်ပြခဲ့ပါတယ်။
အဲဒီဖြစ်ရပ်ဟာ Qinghai ပြည်နယ် မြစ်ဝါမြစ်ပေါ်မှာရှိတဲ့ ဆောက်လုပ်ဆဲတံတားတစ်စင်းပေါ်မှာဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် ကြိုးပြတ်ကျမှုဖြစ်ပွားတဲ့အချိန်မှာ အလုပ်သမား(၁၅)ဦး နဲ့ ပရောဂျက်မန်နေဂျာတစ်ဦးတို့ဟာ အခင်း ဖြစ်ပွားရာနေရာမှာ ရှိနေခဲ့တယ်လို့လည်း People’s Daily သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။
People’s Daily ဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ဓါတ်ပုံတွေမှာ အလယ်အပိုင်းအထိ မပြီးသေးဘဲ တစ်စိတ်တစ်ပိုင်း သာပြီးဆုံးသေးတဲ့ တံတားကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ဒါ့ပြင် ပျောက်ဆုံးနေတဲ့လူတွေကို ရှာဖွေဖို့အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ မရေရာတဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့ ဘေးကင်းရေးစံနှုန်းတွေလျော့ပါးမှုကြောင့် တရုတ်နိုင်ငံမှာ စက်မတော်တဆမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
တ႐ုတ္ႏိုင္ငံက ေဆာက္လုပ္ဆဲတံတားတစ္ခုမွာ မေတာ္တဆမႈတစ္ခုျဖစ္ပြားခဲ့ၿပီး အနည္းဆုံးလူ(၁၂)ဦး ေသဆုံး
Pika (NP News) - ၾသဂုတ္ ၂၃
တ႐ုတ္ႏိုင္ငံ အေနာက္ေျမာက္ပိုင္းက ေဆာက္လုပ္ဆဲတံတားတစ္ခုမွာ ဆက္သြယ္ထားတဲ့ႀကိဳးတစ္ေခ်ာင္း ျပတ္က်သြားခဲ့ၿပီးေနာက္ အနည္းဆုံးလူ(၁၂)ဦးေသဆုံးခဲ့ၿပီး အျခားလူ(၄)ဦးေပ်ာက္ဆုံးေနတယ္လို႔ ႏိုင္ငံပိုင္မီဒီယာ ေတြက ေရးသားေဖာ္ျပခဲ့ပါတယ္။
အဲဒီျဖစ္ရပ္ဟာ Qinghai ျပည္နယ္ ျမစ္ဝါျမစ္ေပၚမွာရွိတဲ့ ေဆာက္လုပ္ဆဲတံတားတစ္စင္းေပၚမွာျဖစ္ပြားခဲ့တာ ျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ ႀကိဳးျပတ္က်မႈျဖစ္ပြားတဲ့အခ်ိန္မွာ အလုပ္သမား(၁၅)ဦး နဲ႔ ပေရာဂ်က္မန္ေနဂ်ာတစ္ဦးတို႔ဟာ အခင္း ျဖစ္ပြားရာေနရာမွာ ရွိေနခဲ့တယ္လို႔လည္း People’s Daily သတင္းစာက ေရးသားေဖာ္ျပခဲ့ပါတယ္။
People’s Daily ဝက္ဘ္ဆိုက္မွာ တင္ထားတဲ့ဓါတ္ပုံေတြမွာ အလယ္အပိုင္းအထိ မၿပီးေသးဘဲ တစ္စိတ္တစ္ပိုင္း သာၿပီးဆုံးေသးတဲ့ တံတားကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။ ဒါ့ျပင္ ေပ်ာက္ဆုံးေနတဲ့လူေတြကို ရွာေဖြဖို႔အတြက္ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြကို ဆက္လက္လုပ္ေဆာင္ေနတယ္လို႔လည္း အာဏာပိုင္ေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ မေရရာတဲ့စည္းမ်ဥ္းစည္းကမ္းေတြနဲ႔ ေဘးကင္းေရးစံႏႈန္းေတြေလ်ာ့ပါးမႈေၾကာင့္ တ႐ုတ္ႏိုင္ငံမွာ စက္မေတာ္တဆမႈေတြ မၾကာခဏျဖစ္ပြားေလ့ရွိတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.