ဆိုလာရောင်းအား တက်နေပြီး ဘဏ်များနှင့်ချိတ်ဆက်ကာ စက်ရုံ၊ အလုပ်ရုံများ၌ တပ်ဆင်သူများနေ

 3263

စော (NP News) - သြဂုတ် ၂၃

ဆိုလာရောင်းအား တက်နေပြီး ဘဏ်များနှင့်ချိတ်ဆက်ကာ စက်ရုံ၊ အလုပ်ရုံများ၌ တပ်ဆင်သူများနေကြောင်း YOMA Micro Power Myanmar Limited မှ တာဝန်ရှိသူတစ်ဦးက NP News သို့ ပြောသည်။
ယခုအခါတွင် ဆိုလာများကို နေအိမ်သုံးအပြင် စက်မှုလုပ်ငန်းများသာမက ဆေးရုံများတွင်လည်း တပ်ဆင် အသုံးပြုလျက်ရှိကြောင်း သိရသည်။
“မီတာခတွေရော၊ မီးမမှန်တာတွေရော၊ ဒီဇယ်ဈေးနှုန်းတွေက တက်နေတယ်။ စက်ရုံတွေ တော်တော်များများ ကတော့ လိုအပ်နေတဲ့အဲဒါကြောင့်မို့လို့ ရောင်းအားကတော့ တက်နေတယ်။ အခုလည်း တော်တော်များများ Enquiry တော့ များတယ်။ ကျွန်တော်တို့လည်း တစ်ခုပဲ ရောင်းအားတက်တဲ့အလျောက် ပစ္စည်းရဲ့ Supply ကလည်း နည်းနေတယ်။ ပစ္စည်း Supply ရှိသလောက်တော့ ရောင်းနိုင်တယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် လုပ်ငန်းရှင်များအနေဖြင့် ဆိုလာတပ်ဆင်ရန်အတွက် လိုအပ်သည့် ငွေကြေးလည်ပတ်မှုလုံလောက်မှု မရှိသည့်အတွက် ဘဏ်များနှင့်ချိတ်ဆက်ကာ တပ်ဆင်မှုများရှိလာကြောင်း ၎င်းကဆိုသည်။
“ဘဏ်ကိုချိတ်ပြီးတော့ ဥပမာ ဆန်စက်တစ်ခုက သူ့ရဲ့ဆန်စက်နေရာက မီးအားမမှန်တဲ့နေရာ သူဆိုလာလည်း တပ်ရမယ်။ ဘတ္ထရီလည်းတပ်ရမယ်။ ဒါပေမဲ့ သူ့ရဲ့ Investment တပ်နိုင်တဲ့ ဘက်ဂျက်က အဲဒီလောက်ထိမရှိဘူး။ ပိုက်ဆံရနိုင်တဲ့နှုန်းက သုံးနှစ်လောက်မှ ဒါကို အရင်းကြေပြန်ပြီးတော့ လည်ပတ်နိုင်မှာဆိုတော့ သူသည်ဘဏ်နဲ့ ချိတ်လို့ရတယ်။ ဘဏ်နဲ့ချိတ်ပြီးတော့ ဆန်စက်ပိုင်လား။ ဘာပိုင်လဲ ။ ကြည့်ပြီးတော့ Financing လုပ်ပေးတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် အသေးစားစက်ရုံ၊ အလုပ်ရုံများတွင်လည်း ဆိုလာကို ၅ ကီလိုဝပ်မှ ၁မဂ္ဂါဝပ်ခန့်အထိ တပ်ဆင်လာ ကြကြောင်း သိရသည်။

Zawgyi Version:
ဆိုလာေရာင္းအား တက္ေနၿပီး ဘဏ္မ်ားႏွင့္ခ်ိတ္ဆက္ကာ စက္႐ုံ၊ အလုပ္႐ုံမ်ား၌ တပ္ဆင္သူမ်ားေန
ေစာ (NP News) - ၾသဂုတ္ ၂၃
ဆိုလာေရာင္းအား တက္ေနၿပီး ဘဏ္မ်ားႏွင့္ခ်ိတ္ဆက္ကာ စက္႐ုံ၊ အလုပ္႐ုံမ်ား၌ တပ္ဆင္သူမ်ားေနေၾကာင္း YOMA Micro Power Myanmar Limited မွ တာဝန္ရွိသူတစ္ဦးက NP News သို႔ ေျပာသည္။
ယခုအခါတြင္ ဆိုလာမ်ားကို ေနအိမ္သုံးအျပင္ စက္မႈလုပ္ငန္းမ်ားသာမက ေဆး႐ုံမ်ားတြင္လည္း တပ္ဆင္ အသုံးျပဳလ်က္ရွိေၾကာင္း သိရသည္။
“မီတာခေတြေရာ၊ မီးမမွန္တာေတြေရာ၊ ဒီဇယ္ေဈးႏႈန္းေတြက တက္ေနတယ္။ စက္႐ုံေတြ ေတာ္ေတာ္မ်ားမ်ား ကေတာ့ လိုအပ္ေနတဲ့အဲဒါေၾကာင့္မို႔လို႔ ေရာင္းအားကေတာ့ တက္ေနတယ္။ အခုလည္း ေတာ္ေတာ္မ်ားမ်ား Enquiry ေတာ့ မ်ားတယ္။ ကြၽန္ေတာ္တို႔လည္း တစ္ခုပဲ ေရာင္းအားတက္တဲ့အေလ်ာက္ ပစၥည္းရဲ႕ Supply ကလည္း နည္းေနတယ္။ ပစၥည္း Supply ရွိသေလာက္ေတာ့ ေရာင္းႏိုင္တယ္” ဟု ၎က ေျပာသည္။
ထို႔ျပင္ လုပ္ငန္းရွင္မ်ားအေနျဖင့္ ဆိုလာတပ္ဆင္ရန္အတြက္ လိုအပ္သည့္ ေငြေၾကးလည္ပတ္မႈလုံေလာက္မႈ မရွိသည့္အတြက္ ဘဏ္မ်ားႏွင့္ခ်ိတ္ဆက္ကာ တပ္ဆင္မႈမ်ားရွိလာေၾကာင္း ၎ကဆိုသည္။
“ဘဏ္ကိုခ်ိတ္ၿပီးေတာ့ ဥပမာ ဆန္စက္တစ္ခုက သူ႔ရဲ႕ဆန္စက္ေနရာက မီးအားမမွန္တဲ့ေနရာ သူဆိုလာလည္း တပ္ရမယ္။ ဘတၳရီလည္းတပ္ရမယ္။ ဒါေပမဲ့ သူ႔ရဲ႕ Investment တပ္ႏိုင္တဲ့ ဘက္ဂ်က္က အဲဒီေလာက္ထိမရွိဘူး။ ပိုက္ဆံရႏိုင္တဲ့ႏႈန္းက သုံးႏွစ္ေလာက္မွ ဒါကို အရင္းေၾကျပန္ၿပီးေတာ့ လည္ပတ္ႏိုင္မွာဆိုေတာ့ သူသည္ဘဏ္နဲ႔ ခ်ိတ္လို႔ရတယ္။ ဘဏ္နဲ႔ခ်ိတ္ၿပီးေတာ့ ဆန္စက္ပိုင္လား။ ဘာပိုင္လဲ ။ ၾကည့္ၿပီးေတာ့ Financing လုပ္ေပးတယ္” ဟု ၎က ဆက္လက္ေျပာသည္။
လက္ရွိတြင္ အေသးစားစက္႐ုံ၊ အလုပ္႐ုံမ်ားတြင္လည္း ဆိုလာကို ၅ ကီလိုဝပ္မွ ၁မဂၢါဝပ္ခန႔္အထိ တပ္ဆင္လာၾကေၾကာင္း သိရသည္။

Picture

nyein chan kyaw

26/08/2025 22:13

ဂုဏ်ယူစရာလို့ ထင်နေတာလား 😅😅😅

Related news

© 2021. All rights reserved.